အညာဒေသ ရဲ့ မရိုးနိုင်သောမြင်ကွင်းများ (ဓါတ်ပုံပိုစ်)     အညာဒေသ ကို ဓါတ်ဖမ်းထွက်ကြတုံးက ရလာ တဲ ့ အမှတ်တရ ပုံလေးတွေကို တင်ပေးလိုက်ပါတယ.်   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ 29-8-2014  


မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်မှာ မန်ယူအသင်းခရေဇီဖြစ်ကြောင်း The Mirror သတင်းစာက ဖော်ပြခဲ့ပြီးနောက် ယခုအခါ အခြားအာဏာရှင်ကြီးများ၏ ခရေဇီအသင်းများကိုပါ ဆက်လက် ဖော်ပြခဲ့သည်။ ဇင်ဘာတွေအား နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် အာဏာရှင် ရောဘတ် မူဂါဘီမှာ ချဲလ်ဆီးအသင်းကို အားပေးသူဟု ဆိုသည်။ သူပြောခဲ့ဘူးသောစကားမှာ “ကျွန်တော် ဘောလုံးပွဲကြည့်နေတဲ့ အချိန်မှာ ဘယ်သူကမှ လာရှုပ်တာမျိုး မကြိုက်ပါဘူး။ ကျွန်တော့် မိန်းမဆိုရင် သူဘယ်မှာ ထိုင်သင့်တယ်ဆိုတာ သူသိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့အသင်း ဂိုးသွင်းပြီး ဆိုတာနဲ့ ကျွန်တော်လဲ အိမ်မှာ ဂိုးသွင်းတော့တာပဲ။ ကြည့်နေတဲ့နေရာကထပြီး ကျွန်တော့ရှေ့မှာ မြင်သမျှကို ကန်ထည့်လိုက်တာပဲ” ဟု ဆိုသည်။ ယူဂန္ဒာ အာဏာရှင် အီဒီအာမင်မှာ သူအုပ်ချုပ်စဉ် ကာလအတွင်း လူပေါင်း ၅ သိန်းကျော် […]


ခင္ခAugust 29, 20141min833
” အမြဲအစဉ် သာနေမြဲ”   နေမင်းကြီးရဲ့ အလင်းရောင် ထွန်းလင်းတောက်လို့ ပူပူလောင် လောကတခွင် သူမရှိ မဖြစ်ကြလို့ သူ့မျှော်၏ သူကနေ့အခါ လာသာလာ တစ်ခါတလေ ပုန်းလို့သွား တိမ်နောက်ထဲကို ရောက်ပါလား သို့သော်ညအခါ သူမရှိ နောက်မနက်မှ ထွက်လာ၏။   လမင်းကြီးရဲ့ အလင်းရောင် ကြည်လင်လှလို့ အေးမြဆောင် အပြည့်အဝ ထွန်းသည်ကား ရက်အနည်းငယ် ရှိသည်ပ ကျန်ရက်များမှာ လျော့ကာသွား တစ်ချို့ရက်မှာ မှောင်လို့ထား သို့သော်နေ့အခါ သူမရှိ ညအခါမှ ထွက်လာ၏။   မိဘတို့ရဲ့ မေတ္တာရောင် နေလိုလဲဘဲ ထွန်းသည်မောင် လလိုလည်းဘဲ အေးတယ်ကွယ် နေ့နေ့ညည ပျောက်မသွားဘဲ အမြဲအစဉ် သာနေမြဲ။   ခင်ခ။


Ko chogyiAugust 29, 20141min26211
(၁ ) စတင်တွေရှိသူကတော့ ထူးခြားစွာ လုံးဝန်းချောမွတ်နေသော ကျောက်တုံးတစ်တုံးအမှတ်နှင့် ကောက်ယူကြည့်မိခြင်း ဖြစ်လေသည်။ လက်ထဲရောက်သော အခါမှ အချိန်အဆနှင့် အနှစ်အသားအရ သူ့လက်ထဲမှ အရာသည် ကျောက်တုံး မဟုတ်ကြောင်း ခံစားသိရှိလိုက်၏။ ဘာမှ မဟုတ်သော လောကကြီးအတွင်းမှ ဘာမှမဟုတ်သော အရာတစ်ခုအဖြစ် ပြန်လည်လွှင့်ပစ်ခဲ့လျှင် ရသော်လည်း လူ့သဘာဝအရ စူးစမ်းလိုစိတ်ကလေးက ရှိနေပြန်သေး၏။ ထိုသို့ဖြင့် ထို “တစ်စုံတစ်ရာ”လေး ကို လူနေရပ်ကွက်အတွင်းသို့ ယူလာကာ အားလုံးထံ အထင်အမြင်တောင်ခံကြည့်ရေတော့၏။ ထိုသို့ဖြင့်…. (၂ ) “ငါ့အထင်တော့ ဒါဟာ “ကျောက်ဥ” ဖြစ်ရမယ်…” ထိုလူကြီးက သူ့စကားကို ဆက်ရှင်းလေသည်။ “ဆေးဆရာတွေ တောနင်းရှာတတ်တဲ့ ကျောက်သွေးလိုမျိုးပေါ့။ ကျောက်ကရတဲ့ ကျောက်ဥ ဖြစ်ရမယ်။ ကျောက်သွေးလိုပဲ အကြီးအကျယ် ဆေးဖက်ဝင်နိုင်တယ်။ အနီးအနားမှာ […]


ခင္ခAugust 29, 20141min28118
” ကိုယ့်အိုးကိုယ်ဆန် တန်ရုံပေါ့ “     ငါသား ဘီဒိုထဲမှာ ငွေကြိုက်သလောက်ယူသွား ကားသော့က တိုင်မှာချိတ်ထားတယ် သူငယ်ချင်းတွေလည်း ခေါ်လိုက်အုံးကွယ် သူဌေးကြီက ပေးရှာတယ်။ ငါ့သား ငွေနှစ်ထောင်ယူသွား မင်းညီမနဲ့နှစ်ယောက်စား ဗိုက်ပြည့်တာလဲစားအုံးနော် အဖေပွဲစား ပေးရှာတယ်။ ငါ့သား လမ်းထိပ်အကြော်ဆိုင်ဝယ် ကောင်းညင်းပေါင်းနဲ့ ငါးရာဖိုးဝယ် ငါ့တို့မိသားစု စားကြမယ် အဖေဝန်ထမ်း ပေးရှာတယ်။ ပဲပြုတ်သယ်ရေ လာပါအုံးကွယ် ပဲပြုတ်တစ်ရာဖိုး ထဲ့ကာပေးပါ ကလေးတွေကို ထမင်ကြမ်းနဲ့နယ်ကြွေးမယ် ကုန်ထမ်းအဖေက ပဲပြုတ်ဝယ်။ ကိုယ့်အိုးကိုယ့်ဆန် တိုင်းထွာကာလုပ် မနက်စာကို ကျွေးကြတယ် အဖေများရဲ့ morning ကွယ်။ ခင်ခ။


“ငါးဆယ်….ငါးဆယ် ငါးဆယ်”   ဘဝဆိုတာအသက် ၁၀ဝ မနေရပေမယ့် အမူ့ ၁၀ဝ မက ပွေရတယ်ဆိုတာ အသေအချာ။ မသိသူ နှစ်ဦးက  ခေါ်လာလို့ မရေမရာနဲ့ရောက်ခဲ့တဲ့ ဘုမသိ ဘမသိ ဘဝထဲက ၅ဝဆိုတဲ့နှစ်များအတွင်းမှာ   ပျော်ရွှင်ခြင်းတခဏ ဆင်းရဲခြင်းအမြဲအစဉ် သွေလွှဲခြင်းမကြာခဏ မှန်ကန်ခြင်းဆိုတာကတော့ ရေပွက်ပမာ။ တက်တစ်ကြိမ် နိမ့်အခါခါ   မခေါ်ဘဲရောက်တတ်တာက များစွာသော ဒုက္ခ။ မလိုချင်ဘဲအမြဲရနေတာက သောက။ မကြိုဆိုဘဲ အလည်လာသူက ဒေါသ။ မသိမသာ အောင်းနေတာက မောဟ။ အဆုံးသတ်မှာ သိမ်းကြုံးပြီး ရတတ်တာ  နောင်တ။   ဘဝဆိုတာ သေချင်လို့လဲ သေမရ မသေချင်လို့လဲနေမရ။ ရှည်ချင်လို့လဲရှည်မရ။ ကံပေးသမျှ သာနေပေတော့။ လေ ချင် စရာတွေကတော့ များမှများ။ […]


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး သူ၏တိုင်းပြည်အတွင်း မန်ယူကစားသည့်ပွဲတိုင်းကို ရုပ်သံမှထုတ် လွှင့်ပြသရန် အမိန့်ပေးထားကြောင်း သိရသည်။ အသက် ၃၁ နှစ်သာ ရှိသေးသော မြှောက်ကိုရီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင် ကင်ဂျုံအန်မှာ မန်ယူကို ကာလရှည်ကြာ အားပေးခဲ့ သူတစ်ဦးဖြစ်ပြီး အခြားဘောလုံးပွဲစဉ်များတွင်မူ ဂျာမနီဘွန်ဒစ်လီဂါပွဲစဉ်များကို လည်း နှစ်သက်သည်ဟု ဆိုသည်။ သူ၏ အမိန့်ကြောင့် မန်ယူပွဲ လာမည့်အချိန်တွင် နိုင်ငံတော်ပိုင်ရုပ်သံမှ အခြားအစီအစဉ်များကို အချိန်ပြောင်းခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရကြောင်းလည်း သိရသည်။ မြင်းပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများကိုလည်း ကြည့်ရှုတတ်သည့် ကင်ဂျုံအန်မှာ မန်ယူ၏ MK ဒွန်းစ်ကို ၄းဝ နှင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်တွင်မူ ဒေါသတကြီးဖြင့် မန်ယူပွဲစဉ်များ ထုတ်လွှင့်ခြင်းကို ပိတ်ပင်လိုက်ပြန်သည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာ မူ မြောက်ကိုရီးယားပြည်သူများမှာ […]


ခင္ခAugust 28, 20141min1738
” ပန်းနဲ့ပေါက်တာ နာစရာဖြစ်”     ပန်းနဲ့ပေါက်တာ နာစရာလား ပြောဘဲပြောတတ် ပေတယ်။ ရာဇဝင်ဝယ် စာတင်ခဲ့ပ သုပဒ္ဒါကို ကြည်ဇယ်ပေါက် ပန်း တွယ်ကပ်ကာ ခါချဉ်လွှမ်းတော့ စိတ်တော်ညိုး ဆိုးတော်ပြုတယ် ကျိမ်စာဆို မုန်းပွားရက်ပြီ ကြုံလာဘုံ မိဖုရားခေါင်ဘဝ ပူစာတယ် ဆင်စွယ်ကိုမှ နားဋောင်းအဖြစ် ပန်ဆင်ချင်တယ် မိန့်တော်မှတ်တဲ့ ဘုရင်ရယ် အစွယ်ရရေး ဆင်သတ်ပေးဖို့ မုဆိုးခိုင်းကာ စေလွှတ်လေသည် ကိုယ့်စွယ်ကိုဖြတ် အသက်ပေးအပ် ဆဒ္ဒါန်ဆင်မင်း ချစ်ကြီးရှာကာ သေပွဲဝင်သတင်း ကြားသိပြီးလျှင် ယူကြုံးမရ သုပဒ္ဒါရယ် ငိုပွဲနွဲသလို မဖြစ်လိုတယ် ပန်းနဲ့မပေါက်ရက် ချစ်ပါ့မယ်။     ခင်ခ။


ဘာာ!!!!!!!!!!!!!! တစ်ကယ်လား အဲ့ဒါ တစ်ကယ်လား….. ကျွန်မ ထပ်ခါထပ်ခါ မေးနေမိတယ်…. ကိုယ့်နားကိုယ်မယုံနိုုင်ဘူး… ဖုန်းထဲက မသွယ်အသံက ထပ်ထွက်လာတယ်… “သေချာနားထောင် .. အခုငါတို့ရောက်နေတဲ့ ဆေးရုံမှာဘဲ.. နင်လာခဲ့..စိတ်တွေသိပ်မလှုပ်ရှားနဲ့..ဆိုင်ကယ်ကို ဖြေးဖြေးစီးခဲ့.. ငါစောင့်နေမယ်.. “ ကျွန်မ ဖုန်းကိုပစ်ချပြီး ပြေးထွက်လာခဲ့တယ်… လက်တွေရော ခြေထောက်တွေရော တဆတ်ဆတ်တုန်နေတယ်… … ကျွန်မသူ့ကို သိပ်တွေ့ချင်နေတယ်….. ကျွန်မသူ့ကို ရှာနေခဲ့တာအကြာကြီး.. မျှော်လင့်ချက်တွေရော အိမ်မက်တွေရော အကုန်ရိုက်ချိုးဖျက်ဆီးပြီး ကျွန်မသူ့ကို ရှာနေခဲ့တာ… အမေနဲ့ အမျိုးတွေကို တစ်ယောက်ထဲ ရင်ဆိုင်ပြီးသူ့အတွက်ကျွန်မရပ်တည်ခဲ့တာ…. တစ်ရက်ကလေးမှမမေ့ဘူး… အကုန်လုံးရဲ့ ဥပက္ခာတွေ ရယူပြီး အပင်ပန်းခံပြီး ကျွန်မရှာနေခဲ့တာပါ… လက်လျှော့ဖို့ဆိုတာ တစ်ခါလေးမှမတွေးမိဘူး… သူ့အတွက်နဲ့ လိုချင်တာလေးတစ်ခုအတွက် ရပြီးသား ဆယ်ခုလောက်ကို ကျွန်မစွန့်လွှတ်ပစ်ခဲ့တယ်… သူမရှိကတည်းက ကျွန်မအိမ်မက်တွေ ပြောင်းပြန်လှန်ပစ်လိုက်တယ်.. […]


ခင္ခAugust 28, 20141min1328
” စာတစ်စောင်က ဗုံးထက်ပြင်းသတဲ့ “   “သာယာလှတဲ့ လယ်ကွင်းပြင် ပတ်ဝန်းကျင်တွင် တည်ရှိနေသော အိမ်လေးတစ်ခုတွင် နေထိုင်ဖြစ်ခဲ့ကြတယ်။ ပျော်စရာတွေ ရယ်မောစရာတွေ နဲ့ သာသာယာယာနေခဲ့ကြတဲ့ အချိန်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာ အဲဒီ အိမ်လေးတည်ရှိနေတဲ့ ပတ်ဝန်းကျင်ဆီ ဌက်တစ်ကောင်လို ဝေဟင်မှာပျံလာပြီး သူ့ထံကနေ အမဲရောင်လိုလို အစိမ်းရောင်လိုလို အရာကြီးတွေထွက်ကျလာတာ တွေ့လိုက်ပြီး ခဏတာ အချိန်လေးမှာဘဲ ထိုထွက်ကျလာတဲ့ အရာကြီးတွေဟာ မြေကြီးနဲ့ထိလိုက်ပြီဆိုရင်ဘဲ မြေကြီးတုန်ခါသွားပြီး မီးလျှံမီးခိုးတွေထွက်လာတယ်၊ လှမ်းမြင်မိရုံနဲ့တင် ကျောချမ်းစရာကြောက်လာပြီး အနီးနားက အုတ်ပုံကြား ဒို့တွေဝင်ပုန်းလိုက်စဉ်မှာဘဲ ဒို့အိမ်လေးပေါ်ကို ခုန အစိမ်းလိုလို အမဲလိုလို အရာကြီးတစ်ခုကျကာ ဒို့အိမ်လေး မီးစတင်လောင်ခဲ့ပြီ၊ ဌက်လိုလိုအကောင်ကြီးတွေလည်း ဝေဟင်မှာ တစ်ကောင်ပြီး တစ်ကောင် ပျံဝဲကာဆက်တိုက်သွားနေလို့ ဝပ်ပုန်းနေရာကနေ မထွက်ရဲတာနဲ့ မီးစွဲတဲ့ […]


ムラカミAugust 28, 20141min1427
                အင်မတန် ပြောင်ပြတတ်သော မျက်နှာ တည့်တည့်ကြည့်တဲ့အခါ … အလွန် စ-နောက်တတ်သော အလစ်ချောင်းရိုက်ရသော ညီမလေးတယောက်ရဲ့မှတ်တမ်းပါ                     P.S သူက ကျော့်ထက် တတန်းကြီးသဗျ… အုံးသွားစားဂျဘာဂုန်…   အားးးး ဟိ..  


ko sixAugust 27, 20141min1344
ငှက်​​တွေလို ပျံရင်​းနဲ့ကြံဆ​နေခဲ့တာ မိ​ထွေးက ငှက်​တစ်​​သောင်​းလန်​့ပျံကြရုံလား ​ရွှေအိမ်​စည်​ ခင်​ဗျားကို ​လေးစားခဲ့တယ်​ အတန်​းထဲမှာ ဆံပင်​အရှည်​ဆုံးနဲ့မြစ်​ကို ခင်​ဗျားစိတ်​နဲ့ ​မေ့ပစ်​ခဲ့တယ်​ ခုထိ ဟိုလိုဂရမ်​မှာ တလက်​လက်​ထ​နေတုန်​း စာမတတ်​တာပဲ ခပ်​​ကောင်​း​ကောင်​း​ရယ်​ အကျင်​့က ဝါကျများတဲ့ ဗလာစာအုပ်​ကို လန်​့လွန်​းလို့။ ကိုစစ်​


မြောက်ကျုံးဒေါင့်(ဓါတ်ပုံပိုစ်)           ပြီးခဲ့တဲ့ရက် က မြောက်ကျုံးဒေါင့်ရောက်တော့ မှတ်တမ်းတင်ထားတာပါ။   နောင်ဆို  တယ်လီဖုန်းတိုင်တွေထောင် တော့ မယ် ဆို တော့ အခု လို မြင်ကွင်းရချင်မှ ရနိုင်တော့ မယ်လေ။   းဒါကြောင့်မှတ်တမ်းတင်ထားတာပါ     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   27-8-2014