မျှစ်ကြော် ဆယ်ကျော်သက်အရွယ်ကတည်းကနေ ဒီကနေ့ထိ  ကြွေခဲ့ရတဲ့  ကမာ္ဘကျော် အချစ်ကဗျာလေး တစ်ပုဒ်။ ရွာသူ ရွာသားတွေကိုလေ  အဲဒီကဗျာစာလုံးလေးတွေကို ဇွန်းလေးနဲ့ ခွံ့ခွံ့ ပြီး ကျွေးချင်တာရယ်။ ကဗျာကတော့ အားလုံး သိပြီးသားလို့ ထင်ပါတယ်။ How do I love you?  တဲ့။  ကဗျာဆရာမကလည်း အားလုံးသိထားပြီးသား။ Elizabeth Barrett Browning  ပါ။  အယ်လီဇဘက်သ်  ဟာ သူ့ခင်ပွန်း  ရောဘတ် ဘရောင်းနင်း ကို ဘယ်လောက်ချစ်တဲ့ အကြောင်း ဖွဲ့ဆိုထားတဲ့ ကဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝ ခန့်က စပ်ခဲ့တဲ့ ကဗျာ ဖြစ်လျက်နဲ့ ဒီကနေ့အထိ ခေတ်မတိမ်သေးတဲ့ ကမာ္ဘကျော်ကဗျာ။ ပြီးတော့ abstract  စစ်စစ်။ အင်္ဂလန်မှာကတော့  ဒီကဗျာကို […]


“ငါ့ ကြောင့် ငါ အခါ ခါ သေ ရ ၏” နေ့စဉ်နဲ့အမျှ ဘဝမှာ ကြုံဆုံ ဖြစ်ပုံပျက်ပုံ အလုံးစုံကို ရှောင်လွှဲမရ ဖြေရှင်းရသောအခါ   မနိုင်၍ သည်းခံရခြင်း သည်းခံထိုက်၍ သည်းခံရခြင်း ချစ်ခြင်း မုန်းခြင်း နာကျည်းခြင်း မနာလိုခြင်း အနိုင်ယူလိုခြင်း ခြင်းပေါင်း အကြောင်းများစွာတို့ကို အခြေပြု၍ ဖြစ်တည်လာသော   ဒေါသ လောဘ မောဟ သောက ဗျာပါဒ တို့ကြောင့် ကိုယ့်ဘာသာကိုယ်လောင်မြိုက် စိတ်လောင်တိုက်သွင်းမိခြင်းကြောင့် ငါကြောင့် ငါကိုယ်တိုင် နေ့စဉ်နှင့်အမျှ အကြိမ်ကြိမ် အခါခါ သေရလေတော့၏။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၅၁၁၁၆


ရွာကွပ်ပျစ်မှာ.. ယူနီကုတ် နဲ့ ညဈေးတန်းနဲ့ကို ဆက်စပ်ကြရင်း ညဈေးတန်းနဲ့ ပတ်သက်တဲ့အမြင်တွေကို မှတ်တမ်းတင်ချင်တာကြောင့် ရွာထဲကို ဆွဲခေါ်လာပါတယ်.. တိမ်မည်း ။ စဉ်းစားကြည့်တာပါ….အစိုးရက ယူနီကုတ် ပြောင်းခိုင်းတယ် လို ့ဆိုပါစို ့…. ပြည်သူတချို ့။ ။ ဘာလို ့ပြောင်းခိုင်းရမှာလဲ… အရင်ရှင်းပြသင့်တယ်… ဒီလိုမျိုးအတင်းပြောင်းခိုင်းလို ့ရမလား… ဘယ်လောက် အခက်အခဲရှိတယ် ထင်လဲ…. အစိုးရက လမ်းဘေးဈေးသည်တွေ ပြောင်းခိုင်းတယ်…. ပြည်သူတချို ့။ ။ အစိုးရကို နားလည်သင့်တယ်… တချိန်ကျရင် အဆင်ပြေမှာ… အစကတော့ နာမှာပေါ့… နဲနဲသည်းခံရင် အဆင်ပြေမှာပါ…. အတင်းပြောင်းခိုင်းတာ ကောင်းစားဖို ့ဆိုတာ နားလည်သင့်တယ်…. ကျနော်ပဲမှားတာနေမှာပါ…   ဆူး ။ အခုတော့ ကမ်းနားလမ်း ကားရပ်ပြီး ဈေးဝယ်နေတာ […]


KyaemonNovember 25, 201617min6692
  ကြိုဆိုတုန်းဘဲ နံမယ်ကျော်နိုင်ငံရေးသတင်းထောက်စာရေးဆရာBertil Lintner   ကပြောတယ်၊လူမှုအခွင့်အရေးနဲ့ဒီမိုကရေစီအရေး နှစ်ရပ် ဟာ အမေရိကန်ရဲ့အဓိကအရေးတွေမဟုတ်ပါ၊(ပထဝီနိုင်ငံရေးပါ) အာရှမှာ စစ်အေးတိုက်ပွဲအသစ် တရပ်ဝင်နေတယ်၊တချိန်ကရန်သူဗီယက်နမ်ကိုစည်းရုံးပြီးတရုပ်ကိုဝိုင်းရံ ( Contain) ဘို့လုပ်နေတယ်၊ ကချင် ဒေသခံတွေဆန္ဒပြတာကိုငွေတွေနဲ့ထောက်ပံ့ခဲ့တယ်။ (တရုပ်လုပ်တာကိုကောင်းတယ်လို့ဘယ်ပြောမလဲ?) အနောက်မီဒီယာနဲ့ ဩဇာခံတွေ NGOတွေ ကမြစ်ဆုံရေကာတာမကောင်းကြောင်း ရးတာတွေကိုဆန်းစစ်ရမှာပါ၊  (ဖီလစ်ပိုင်သမတသစ်လို)ကိုယ့်အတွက်အကျိုးရှိဘို့ကပိုအရေးကြီးတယ်၊ ‘ ‘There is a New Cold War in Asia’: Bertil Lintner Do you think the US’s engagement in Burma has more to do with countering rising Chinese influence than anything else? We […]


alinsettNovember 25, 20161min2572
                                                  ”ဓါးတွေကို ထိုင်မျှားမိတဲ့သူ”   ——————————— ငါ့ဘက်အခြမ်းဆီကိုမှ ဓါးနဲ့ ပစ်ပေါက်ရတာ ကြိုက်တယ်ဆိုတဲ့သူတွေ ရှိလာလို့. . . ဓါးဖမ်းနည်းကိုပဲ ငါသင်ထားလိုက်ရတယ်။ ဓါးနဲ့ပေါက်မယ့်သူတွေ မရှိအောင် နေထိုင်နည်းက. . . ငါ့အတွက်တော့. . . သိပ်ခက်လွန်းတယ်လေ။ ——————————– သင့်အေးရိပ် ၂၀၁၆၊နိုဝင်ဘာ ၂၄         […]


KyaemonNovember 24, 20168min3481
ကြိုဆိုပါတယ် —– ငလျင်လှုပ်ရင်ရေကာတာပြိုမယ်၊ရေတွေကြောင့်အောက်ပိုင်းကလူတွေသေမယ်၊ ရေကာတာလုပ်လို့မြစ်ကောမယ်၊ရေငါးလုပ်ငန်းပျက်မယ်၊လူတွေဒုက္ခရောက်မယ်၊ စတဲ့ ဖေ့ဗုက်ကစိုးရိမ်မှုတွေကိုရှေ့ဆောင်းပါးမှာဖော်ပြရှင်းလင်း ချေပပြီးပါပြီ၊ —— ခုဆွေးနွေးမှာကတော့ မြစ်ဆုံစီမံကိန်း ရေကာတာ ရ လုံးမှပေါ်ထွက်လာမဲ့ အကျိုးအမြတ်ကို ခွဲဝေပုံပါ၊ ——- စာချုပ်မပြ ——– စစ်အစိုးရက မြစ်ဆုံစာချုပ်ကိုပြည်သူ့ထံချမပြခဲ့ပါ၊စီပီအိုင်ကိုလဲနှုတ်ပိတ်ဘို့တားထားခဲ့တယ် လို့စီပီအိုင်ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်၊ —- အချောက်တိုက် —- သို့ပင်ငြားလည်း၊ဆရာဦးထွန်းလွင်ကစီပီအိုင်ကဘဲချမပြခဲ့သလို၊ CPI စီပီအိုင်ကဘဲ စစ်အစိုးရ ကိုလိုက်ပြီးနှုတ်ပိတ် တားမြစ်ခဲ့သလိုပြောခဲ့ပါတယ်၊ ဆရာကြီးက ကုလားမနိုင်ရခိုင်မဲ (မေး) ပြန်ပြီလို့ပြောရမလား၊တံခါးမှားခေါက်ပြန်ပြီလို့ပြောရ မလား၊ ကိုယ့်သိက္ခာနဲ့လိုက်အောင် တပ်အပ်သေချာမှပြောဘို့ကောင်းတယ်မဟုတ် ဖူးလား ဆရာကြီး? —- စဉ်းစားကြည့်လေ၊ကလေးတောင်နားလည်တယ်၊ အလုပ်အပ်သူ အလုပ်ရှင် စစ်အစိုးရ ရဲ့ဆန္ဒလား? အလုပ်ရသူရဲ့ဆန္ဒလား? အလုပ်သမားကအလုပ်ရှင်ကိုပြန်ခိုင်းနေကျလား? လျှို့ဝှက်လုပ်နေကြ၊ လုပ်ဘို့အကြောင်းရှိသူကဘယ်သူလဲ? မတရားနည်းနဲ့အာဏာယူထားသူစစ်အစိုးရပါ ဆရာကြီး? ဟိုလူ့မယုံ ဒီလူ့မယုံ သူ့လက်ထဲကအာဏာ လုသွားမှာစိုးလို့၊ပြည်သူတွေပုန်ကန်မှာကြောက် […]


“ဲစိတ်သုဉ်းခြင်း”   သူမှန်တာ ကိုယ်မှား။   ကိုယ်မှားတာ သူမှန်။   သူဖြူတာ ကိုယ်မဲ။   ကိုယ်မဲတာ သူဖြူ။         အယူတွေ မတူလေသောအခါ   ပြုံးရာကမဲ့ ချစ်ရာကမုန်း လမ်းဆုံး ရောက်ကြလေကုန်၏။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၂၁၁၁၆


  “မော တဲ့ နေ့”      ၂ဝရက်၁၁လ တနင်္ဂနွေနေ့။ အလုပ်ပိတ်တော့ မူဆယ်ဘက်ထွက်စရာမလို။ ထုံးစံအတို်င်း မနက်ငါးနာရီခွဲအိပ်ယာထ။ ဖွဘုတ်လေးဖွင့် ပြီးစာတွေဖတ်တာပေါ့။ အဲ့မှာ ခြောက်နာရီခွဲကျော်ကျော်မှာ ၁၀၅မိုင်မှာဆော်ကြပြီဆိုတဲ့သတင်းတက်လာပါတယ်။ လူတွေပိတ်မိနေတာ အမျိုးသမီးတစ်ယောက်ကားမောင်းလာရင်းသေနတ်မှန်ပြီး အသက်ပျောက်သွားတာ လက်နက်ကြီးနဲ့ထုထားလို့ ပျက်စီးနေတာ မီးခိုးတွေလုံးတက်နေတာကိုပုံတွေနဲ့တက်လာပါတယ်။ ပိုစ်တွေတက်ပြီဆိုတော့ ကော်မင်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်။ နောက်တော့ ဖွဘုတ်မှာသတင်းပေါင်းစုံတက်လာပါတယ်။ ၁၀၅မိုင်ကထွက်ခွာဘို့ ဆယ်မိနစ်ဘဲအချိန်ပေးတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ကားတွေထော်လာဂျီတွေသုံးဘီးတွေဆိုင်ကယ်တွေနဲ့မူဆယ်ဘက်ကိုလူတွေ တဖွဲဖွဲဝင်လာပါတယ်။ လားရှိးအဝင်ပိတ်ထားတယ် သန္နီက တံတားကျိုးသွားပြီ။ အသွားအလာတွေရပ်သွားပြီ။ ကွတ်ခိုင်ကစ ပိတ်ပြီဆိုတဲ့ သီတင်းတွေက ဆောင်းလေအေးများနဲ့အတူ ပျံ့လွင့်လို့လာပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာ မူဆယ်ဘက်ကနေ တရုပ်ပြည်ကျယ်ခေါင်ဘက်အဝင်ကို ပိတ်လို်က်တယ်လို့ သတင်းစကားကြားပေမယ့် အားလုံးအသွားအလာမပျက်ရှိနေပါသေးတယ်။   ၂၂ရက်၁၁လ တနင်္လာနေ့   မနက်ခြောက်ခွဲလောက် မူဆယ်ဘက်ထွက်တော့ ရာသီဥတုကလဲအေး။ မြို့ကလဲကြည်လင်သန့်ရှင်းစွာ […]


alinsettNovember 22, 20161min63216
                    “မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ——————————————————- (ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းကြီးနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ ကိုယ့်အမြင်တွေ ရှိပါတယ်။ ဘယ်နှစ်ကြိမ်မှန်း မရေတွက်နိုင်အောင် ကိုယ်တိုင် ကားမောင်းပြီး ဖြတ်သွား ဖြတ်လာ လုပ်အပြီးမှာ … ဒီလမ်းကြီးနဲ့ ပတ်သက်ပြီး တွေးမိတာတွေ/မြင်မိတာတွေကို မှတ်တမ်းကျန်အောင် စာတစ်ပုဒ် ရေးထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ဒီစာကို ရေးပါတယ်။) ရန်ကုန်ကနေ နေပြည်တော်- ဒါ့အပြင် နေပြည်တော်ကနေ တောင်တွင်းကြီး-မကွေး-နတ်မောက်- မိတ္ထီလာ စသည်ဖြင့် မြို့တွေ မြို့တွေကို သွားတာရော ပြန်တာရောမှာ … နီးစပ်ရာ အလျဉ်းသင့်တဲ့နေရာကနေ အမြန်လမ်းပေါ်ကို ဖြတ်တက်ပြီး […]


Mon LayNovember 22, 20162min1976
ဆာဟာရာ ကို မေ့လိုက်ပါ။ အာရှမှာတင် သင် တွေ့ကြုံနိုင်တဲ့ သဲသောင်ပြင်နဲ့ သဲကန္တာရပုံစံတွေ ရှိပါတယ်။ သဲသောင်ပြင်တွေဆီ သွားလည်ဖို့ စိတ်ကူးဟာ စင်္ကာပူမြို့ရဲ့ အဲယားကွန်းနဲ့ သက်သောင့်သက်သာ ရှိနေမှု ကနေ ဝေးကွာတဲ့ ပူပြင်းတဲ့ နေနဲ့ အထီးကျန်တဲ့ သဲကန္တာရ ဆီ ကို ခေါ်ဆောင်သွားမှာပါ။ ဒါပေမယ့် အာရှမှာတင် စွန်းမိုက်တဲ့ သဲသောင်ပြင်တွေ ရှိတာ သင်သိပါသလား။ သူတို့က အာဖရိက က ဆာဟာရာ (ဒါမှမဟုတ်) ဂိုဘီ သဲကန္တာရ လောက် နာမည်မကြီးပေမယ့် သွားလာရလွယ်ကူပါတယ်။ ယခု ဖော်ပြမှာကတော့ မြို့ပြကနေ သိပ်မဝေးဘဲ သင် သွားနိုင်တဲ့ အာရှက သဲသောင်ပြင် ၆ ခုပါဘဲ။ သေချာတာကတော့ သင် အပူဒဏ်ကနေ ထွက်ပြေးလို့မရဘူးဆိုတာဘဲ။ […]


Mon LayNovember 22, 20162min1785
နေရာတိုင်းမှာ ရှိနေပြီဖြစ်တဲ့ အိမ်သေးသေးလေး လှုပ်ရှားမှု တွေက လွန်ခဲ့တဲ့နှစ်အနည်းငယ် က စပြီး နိုင်ငံအနှံ့အပြား က ဟိုတယ် လုပ်ငန်း တစ်ခု လုံးကို လှုပ်ခတ်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း Oregon ပြည်နယ်၊ Colorado ပြည်နယ် စတဲ့ နေရာတော်တော်များများ မှာ ပတ်ဝန်းကျင်အကျိုးပြုနိုင်ပြီး ရိုးရှင်းတဲ့ သဘာဝအလှအပ ကို ခံစားစေနိုင်မယ့်  အိမ်သေးသေးလေး ဟိုတယ်တွေနေရာ အနှံ့ထွက်ပေါ် ထွက်လာတာပေါ့။ လုပ်ရဲကိုင်ရဲတဲ့ ဟိုတယ်ပိုင်ရှင်တွေ၊ စွန့်ဦးတီထွင် သူတွေနဲ့  ကျောင်းသားတွေ ဆောက်လုပ်ခဲ့တဲ့ ဒီဟိုတယ်လေးတွေဟာ အိမ်သေးသေးလေး မှာတည်းခိုခြင်း ဖြင့် ဇိမ်ခံအနားယူနိုင်တဲ့ အတွေ့အကြုံမရစေဘူး ဆိုတဲ့အချက်ဟာ မမှန်ကန်ကြောင်း သက်သေပြ နိုင်ခဲ့ပါတယ်။ Oregon ပြည်နယ် Portland မြို့ က Caravan အိမ်သေးသေးလေး […]


”  ငြိမ်းချမ်းရေး   ရေ”   လူငယ်တွေက   “စစ်ပွဲတွေရပ်” ဆိုင်းဘုတ်တွေကိုင် အသံထွက်အော် လမ်းမပေါ်တန်းစီ သီချင်းတွေဆို ငှက်ဖြူလေးတွေလွှတ် ဆုတွေတောင်း ပါဖော့မင်းတွေပြ တကယ့်ကိုအားရစရာ။   လူကြီးတွေကလည်း   “အပစ်အခတ်ရပ်”ရေး ဆွေးနွေးပွဲတွေလုပ် အပြုံးခြင်းဖလှယ် လက်ဆွဲနုတ်ဆက် ထမင်းတွေအတူစား တကယ့် ကိုအားရစရာ။   ၂၁ ၁၁  ၁၆ ရှမ်းမြောက်မှာတော့ လွမ်းလောက်စရာ အေးလာပြီဆိုမှ ပြေးစရာမြေ မရှိ နေစရာ ဘုံပျောက် ကဲ “ငြိမ်းချမ်းရေး  “ရေ   မင်းဘယ်မှာလဲဟေ စာအုပ်ထဲမှာလား သီချင်းတွေထဲမှလား စားပွဲခုံပေါ်မှလား ဝါးရုံတောထဲမှာလား ဖွဘုတ်ပေါ်မှာလား ကောင်းကင်ပေါ်မှလား မြေကြီးထဲမှာလား   လားလားလားလား   လားလားလားလား ????????????????? ?????????????????? […]


Mon LayNovember 21, 20161min2312
ကျုံထော်ရေတံခွန်ကို တန်ဆောင်မုန်းလပြည့်ကျော် ၁၁ရက်နေ့ 25-11-2016 သောကြာနေ့တွင်ဖွင့်လှစ်မည်။ ကျုံထော်ရေတံခွန်ကို မြိုင်ကြီးငူဆရာတော်ကြီး၏ အစီမံဖြင့် ဖွင့်လှစ်တော့မည်ဟု ကျုံထော်ရေတံခွန်ကို တာဝန်ယူပြုပြင်ပေးနေသော ဆရာတော်ဦးခေမိကထံမှ သိရှိရပါသည်။ ကျုံထော်ရေတံခွန် သာယာလှပရေးနှင့် အပန်းဖြေသူများအတွက် နားနေနိုင်ရန် ရွှေသံလွင်ကုမ္ပဏီမှ နားနေဆောင်များကို တာဝန်ယူ ဆောက်လုပ်ပေးသွားမည်ဟု ကျုံထော်ရေတံခွန်ကျောင်းဆရာတော်ထံမှ သိရှိရပါသည်။ ကျုံထော်ရေတံခွန်ဟာ သဘာဝအလှတရားများကို ဦးစားပေး ဖော်ဆောင်ထားတာကြောင့် အပန်းဖြေပြည်သူတွေကလည်း အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ကူညီပေးပါရန်လည်း လိုအပ်ပါသည်။ ကျုံထော်ရေတံခွန်သို့ အပန်းဖြေရန် လာရောက်ကြမည့်သူများ မိမိတို့လာရာ ကတ္တရာလမ်းပေါ်တွင်သာ သွားလာကြပါရန်လည်း လိုအပ်ပါသည်။ ကျုံထော်ရေတံခွန်သို့ လာရောက်ကြမည့် မော်တော်ယာဉ်များကို စနစ်တကျ ထားရှိနိုင်ရေးအတွက် ရေတံခွန်မရောက်မီ ၂ဖာလုံခန့်အကွာ လမ်းမကြီးဘေးတွင် ယာဉ်ရပ်နားကွင်းလည်း ဖောက်လုပ်ပေးထားပါသည်။ credit