alinsettFebruary 26, 20161min29710
                              ဝက်သားဒုတ်ထိုးဆိုင်ကို တွေ့တယ်။   ညစ်ညစ်ပတ်ပတ်မဟုတ် သပ်သပ်ရပ်ရပ်လည်း ရှိလို့ စားကောင်းမယ့်ပုံလည်း ပေါက်တယ်။   အားရပါးရ တမုန်းဝင်ဆွဲမယ်ကွ လို့ တွေးပြီး ထိုင်ခုံကို ဆွဲထိုင်ဖို့လုပ်တယ်။ ထိုင်ခါနီးမှ ဖျတ်ခနဲ စဉ်းစားမိတာက. . .     ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံဘယ်လောက် ရှိလဲ?       ဘုရားရေ. .  . ပိုက်ဆံအိတ်ထဲမှာ အကြွေ ခြောက်ရာ(မြန်မာငွေ ၆၀ဝ တိတိ)ပဲ ရှိတော့ပါလား။   ဟုတ်သားပဲ။ ငါ့နှယ်. […]


kaiFebruary 26, 20161min1975
ဗိုလ်အောင်ကျော်ဆိုတာ ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာက တချို့လူငယ် လေးများ မသိကြတော့ပါ၊ မသိအောင်လုပ်ထားခဲ့ကြလို့ မသိခဲ့တော့တာကို အပြစ်တင်လို့လဲမဖြစ်ပါ။ စစ်အာဏာရှင် အစိုးရများခေတ် တလျှောက်လုံးမှာကျောင်းသားခေါင်းဆောင်၊ ကျောင်းသားအရေးအခင်း၊ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသပိတ် ဆိုတဲ့စကားလုံးတွေကို မကြားလို၊နားခါးတယ်။ဒါကြောင့် အတတ်နိုင်ဆုံး ဖုံးကွယ်ဖိနိပ်ထားခဲ့ကြပါတယ်။ တကယ်တော့ ဗမာ့လွတ်လပ်ရေးသမိုင်းကို မပြောလို့မသင်ကြားလို့မရနိုင်ပါ။ လွတ်လပ်ရေးသမိုင်းကိုပြောတိုင်း ကျောင်းသားလှုပ်ရှားမှုသမိုင်းကလည်း မပါလို့မဖြစ်ပါ။ ၁၉၂ဝ ပထမကျောင်း သားသပိတ်၊၁၉၃၆-ဒုတိယကျောင်းသားသပိတ်၊၁၉၃၈-တတိယကျောင်းသားသပိတ်။ သမိုင်းဆက်သွားတဲ့ ရဲဘော်သုံးကျိပ်မှာလဲ၊ဗိုလ်တေဇ၊ ဗိုလ်ဇေယျာ၊ ဗိုလ်လကျ်ာ၊ ဗိုလ်စကြာတို့က ကျောင်း သားခေါင်းဆောင်တွေ။ရဲဘော်သုံးကျိပ်ခေါင်းဆောင်တွေ၊ဗိုလ်အောင်ကျော် ၁၉၃၈မှာမကျဆုံးခဲ့ရင် ရဲဘော်သုံးကျိပ်ထဲတောင်ပါသွားမယ် ထင်ပါရဲ့။တချို့ကလေးတွေက ဗိုလ်အောင်ကျော်ကို ရဲ ဘော်သုံးကျိပ်ဝင်ထင်လိုထင်။ ဗိုလ်အောင်ကျော်ဆိုတာ ရဲဘော်သုံးကျိပ်ဝင် မဟုတ်ပါဘူး၊ “ဗိုလ်”ကလဲ စစ်တပ်ထဲကရတဲ့ ဗိုလ်ဘွဲ့ ဗိုလ်ရာထူးလဲမဟုတ်ပါဘူး၊ပြည်သူလူထုက “နေမျိုးသီဟသူရ”ဘွဲ့နဲ့တကွ ကြံတောသုဿာန် မှာ ပေးလိုက်တဲ့ဘွဲ့ပါ။ ကြံတောသုဿာန်မှာပဲ ဗိုလ်အောင်ကျော်ရဲ့အုတ်ဂူ တည်ဆောက်ခဲ့ကြပါတယ်။ ဗိုလ်အောင်ကျော်ကြည်ညိုတဲ့ […]


ခုတလော ဆိတ်မပါလို့ ပို့စ်မတင် စဉ်းစားထားပေမဲ့ ယဉ်ထဲ က ျ လိက ျ လိ ဖြစ်လွန်းလို့ တိုတိုတုတ်တုတ် ရေးလိုက်တယ်။ ကခ ျင်မှာ ဘိန်းခင်း သွားဖ ျက်တဲ့လူအုပ်ကို ဦးစခုံတိန့်ယိန်း နယ်ခြားစောင့်တပ်က မိုင်းခွဲ၊ သေနတပစ်လို့ လူ၃ဝကေ ျာ် ထိခိုက်ဒဏ်ရာ ရတဲ့သတင်း။ အဲဒီ နယ်ခြားစောင့်ဗိုလ် သားအဖ၂ယောက်စလုံး ဖွတ်ပါတီက အမ ျ ိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော ်အမတ်တွေ။ ရွေးကောက်ပွဲကာလ အန်အယ်လ်ဒီပါတီ စည်းရုံးရေးဆင်းတော့ ပေးမဝင်ဘဲ ရိုက်လွှတ်တဲ့ မဲခိုးသားအဖ ဘိန်းဓါးပြ အမတ်တွေပေါ့ဂ ျာ။ နိုင်ငံဒေါ်ကို ကာကွယ်စောင့်ရှောက်နေတယ်၊ ငါတို့မရှိလ ျင် တိုင်းပြည်ဘာဖစ်သွားမလဲ အော်နေတဲ့စစ်တပ်က မအားဘူး၊ ရှမ်းပြည်မှာ သူပုန်ခြင်း ပစ်ကြခတ်ကြတော့ […]


black chawFebruary 25, 20161min45126
ဝင်းဦး အတု ပေါ်ခဲ့ဖူးတယ်။ ကောလိပ်ဂျင်နေဝင်း အတု ပေါ်ခဲ့ဖူးတယ်။ မြတ်လေး အတု ပေါ်ခဲ့ဖူးတယ်။ ကျော်ဟိန်း အတု ပေါ်ခဲ့ဖူးတယ်။ ရာဇာနေဝင်း အတု ပေါ်ခဲ့ဖူးတယ်။ ကိုယ်ပိုင်စတိုင် ရှိသော မင်းသားတွေသည် တုပခြင်းကို ခံကြရပါတယ် ခင်ဗျာ။ အတုတွေ ထဲမှာတော့ ကျော်ဟိန်းအတု မြို့တော်ချစ်ဖွယ်ကို အတော် ကြိုက်ခဲ့ဖူးတယ်။ အင်းမ ကျောင်းကြီးပွဲတော်မှာ ကြည့်ဖူးတယ်။ ကျော်ဟိန်း ကို အရမ်းကြိုက်နေချိန်မှာ ကျော်ဟိန်း ပို့စ် တွေနဲ့ ဟာသတွေ လုပ် လုပ်သွားတာ အရမ်းမိုက်တယ်လို့ ခံစားရပါတယ်။ အောင်မယ် သီချင်းဆိုတာတောင် ကျော်ဟိန်းသီချင်းကို ကျော်ဟိန်း နဲ့ အတော်တူအောင် ဆိုနိုင်သော ချစ်ဖွယ်ပါဗျာ။ ကျော်ဟိန်း ပို့စ်တွေပါ ပေါင်းထည့်လိုက်တော့ ချစ်ဖွယ်သီချင်းဆိုရင် လက်ခုတ်သံတွေ လက်ခေါက်မှုတ်သံတွေ […]


နွေဦးFebruary 25, 20165min23210
ခုမှဘဲ ဘာတွေဖြစ်နေလဲ ဆိုတာ သဘောပေါက်ခါစမို့ …. … အရင်ကလဲ စာမေးပွဲ မေးခွန်းတွေမှာ မှားတတ်ကြတာဘဲ..။ မေးခွန်းမှားနေရင် တာဝန်ခံ ဆရာ တွေက စာမေးပွဲ အခန်းထဲ ဝင် အမှားကို တာဝန်ခံပြီး ပြင်ပေးကြတယ်..။ ဘယ်လောက် မှားမှား မေးခွန်းထုတ်တဲ့ ဆရာ ကိုယ်တိုင် မသိသေးခင်မှာဘဲ နီးစပ်ရာ ဆရာတွေက တာဝန်ယူ ပြီးပြင်ပေးကြတယ်..။ ကောင်းတဲ့ တာဝန်ယူမှုပေါ့ဗျာ.. ။ ခုကျမှ ဘာလို့ ဟိုလူ့ အပြစ်ပြော ဒီလူ့ အပြစ်ပြော.. ဘာလို့ ဖြစ်ရတာလဲ..။ ……. အကျင့် ဖြစ်သွား ပြီလေ.. တာဝန်မယူရဲ တာဝန်မခံရဲ အောင် နှိပ်ကွပ် ခံကြရတော့ သာမန်ကိစ္စတွေကိုလဲ ဟိုလူ့ အပြစ်ပြော ဒီလူ့ အပြစ်ပြော […]


ဇီဇီFebruary 24, 201611min76534
ဒီ တစ်ခေါက် ပြန်တော့ ၃ ပတ်။ စားခဲ့တာလည်း အများကြီးပဲ။ ကြုံသလိုစားခဲ့တာမို့ ကက်တဂိုရီ ခွဲပြီး ရေးမို့ ဘယ်လိုမှ စဉ်းစားမရ။ ဆိုတော့ အစဉ်အလိုက်ပဲ ရေးသွားမယ်နော့။ ပုံနဲ့ တကွ။ :mrgreenn: ဂျန် ၃ဝ ရက်နေ့ညနေ ရောက်တော့ ကိုယ့် အဖွဲ့တွေ မွသဲတို့ မက်စေ့လှမ်းပို့ပြီး တားတယ်။ အပြင်စာမစားနဲ့အူးတဲ့။ ကိုယ်က ကျောက်ဖြူရခိုင် ဆိုင် ခြေလှမ်းပြင်နေမှကိုးးး။ :mrgreenn: ဟုတ် .. မစားပါဘူးပေါ့။ အာ့နဲ့ တောင်ဥက္ကလာရပ်ကွက် အတွင်းထဲ တောင်ဥက္ကလာ စာတိုက် နားက”ဥက္ကလာ ခေါက်ဆွဲဆိုင်” ကနေ ခေါက်ဆွဲကြော် ထမင်းကြော် နံကင် မှာစားလိုက်တယ်။ မီးခိုးနံ့သင်းတဲ့ ခေါက်ဆွဲကြော် ငတ်နေတာမို့ စားလို့ကောင်းတာ။ (ရပ်ကွက် အပြင်က […]


kaiFebruary 23, 20161min1523
ဖေဖော်ဝါရီလကို ချစ်သူများရဲ့လလို့သတ်မှတ်ထားလို့ရမယ်ထင်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် valentine ကို ယခုဆို ကမ္ဘာတဝှမ်းလုံးနီးနီးကျင်းပကြပါတယ်။ ဒီတော့ ဒီလအတွက် ‘ မေတ္တာ ‘ နဲ့ပတ်သက်တဲ့ တနည်းအားဖြင့် ‘အချစ်’ နဲ့ပတ်သက်တဲ့ English expressions တွေကိုလေ့လာကြရအောင်။ နာမည်ကျော်စာရေးဆရာကြီးShakespeare ကတော့ “Love is blind ” လို့ဆိုတယ်။ အော်အချစ်မှာ မျက်စေ့မရှိဘူးပေါ့ ။ ဒီတော့လည်း ကိုယ့်ချစ်သူရဲ့အပြစ်အနာ အဆာလေးတွေကို မမြင်နိုင်တာ မထူးဆန်းလှဘူးပေါ့ ။ ဘေးလူက “အော် အမဲရိုးနှယ် ဟင်းအိုးမှအားမနာ” လို့ထင်ကောင်းထင်နေလိမ့်မယ်။ ကိုယ့်စိတ်ထဲမှာတော့ ချစ်သူဟာ အပြစ်အနာစာကင်းမဲ့နေမှာပဲ။”My Love is perfect ” ပေါ့နော်။ ပညာရှင်တယောက်က ပြောသေးတယ် ။ “It’s better […]


Tawwin PanFebruary 23, 20161min42729
သူမရဲ့ဘဝမှာ အားအကျဆုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ Management ပိုင်းမှာ အလုပ်လုပ်နေနိုင် ကြတဲ့သူတွေပဲ။ တခါတလေကျတော့လည်း အဲလိုရာထူး အဲလိုနေရာမျိုး သူမအခုထိ ဘာလို့ မရောက် နိုင်လဲဆိုတာ စဉ်းစားနေမိတယ်။ သူမကပဲ အရည်အချင်း မပြည့်ဝခဲ့တာလား။ ဒါမှမဟုတ် သူမလုပ်ခဲ့တဲ့ လုပ်ငန်းတွေက အဆက်အစပ်မရှိလို့လားပေါ့လေ။ သေချာတာတခုကတော့ သူမ အလွန်ညံ့နေသေးတယ် ဆိုတာပါပဲ။ ဒီနှစ် 2016 ဆိုတော့ အလုပ်လုပ်ခဲ့တာ ဘာလိုလိုနဲ့ ဆယ်နှစ်ကျော်သွားခဲ့ပြီပေ့ါလေ။ ရပ်ကွက်ထဲက ဆေးခန်းလေး တစ်ခုမှာ အချိန်ပိုင်း ဝိုင်းကူပြီးအလုပ် လုပ်နေတဲ့အချိန်၊ အမျိုးမကင်းတဲ့ အစ်မ တစ်ယောက်က သူမရဲ့အလုပ်မှာ အလုပ်ခေါ်တယ်။ အလုပ်လာလျှောက်ပါဆိုပြီး စာလွှာပါးလိုက်တော့ ဝမ်းသာအားရနဲ့ သွားလျှောက်ပါလေရော။ အလုပ်သာသွားလျှောက်တာ ဘာအလုပ်အတွက်ခေါ်မှန်း မသိ။ သူများတွေလိုလည်း လည်လည်ဝယ်ဝယ် မမေးတတ်။ အစ်မကတော့ ပြောပါတယ်။ […]


^sai^ ^sai^February 22, 20161min37919
နိုင်ငံခြားသားဧည့်သည်တွေတွေ့ရင် ခပ်တည်တည် ခပ်တန်းတန်းပဲနေတယ် excuse me!!!! နောက်လှည့်ကျိလိုက်တော့ နိုင်ငံခြားသား လင်မယား ၂ ေယောက် ဖစ်ချင်တော့ ဒီနားတဝိုက်မှာ သူတို့စုံတွဲရယ် ေနောက်ပီး ထောင့်နားမှာ ခေါင်းချင်းပူးနေတဲ့ စုံတွဲတတွဲရယ် ကိုယ်ရယ်ပဲ ရှိတာဆိုတော့ အရင်လို ရူးချင်ယောင်ဆောင်နေလို့မရတော့ ဒီတော့လဲ သူတို့နားသွားပီး ဘာကူညီရမလဲပေါ့ #^€>~\}#>€€£+*<|\_|,€%£+•£ ဘာပြောလို့ ေပြောလိုက်မှန်းကို မသိတာ ဒါမယ့် သိတယ်မှတ်လား နားမလည်ဘူးဆိုရင် လကားနေ လကား ကိုယ့်ထမင်းကိုယ်စားပီး အထင်သေးခံရဦးမယ် နောက်ပီး ခုလေးတင် ကောင်မလေး ၃ ၄ ယောက်လောက်ဝင်လာပီး ကိုယ်တွေကို ကွက်ကျိကွက်ကျိနဲ့ တိုးဂိုက်က ငယ်ငယ်လေးနော်ဆိုတဲ့ အသံလေး နားစွန်နားဖျားကြားလိုက်တော့ ခပ်တည်တည်ပဲ ခေါင်းလေးမော့ မျက်လုံးလေးလှန် မုတ်ဆိတ်မွှေးမရှိတဲ့ မေးစေ့ခေးကိုပွတ်ရင်း စဉ်းစားနေသလိုလိုနဲ့ ဘာလိုလို ဖမ်းလုပ်ပလိုက်တာ […]


kaiFebruary 22, 20161min30415
“ရတနာသုံးပါးကို ကိုးကွယ်ရာလို့ ဗုဒ္ဓက ချမှတ်ခဲ့ပြီးသည့်နောက် အနန္တောအနန္တငါးပါးကို ထပ်ထည့်လာတယ်။ ဘယ်သူတွေထည့်လဲဆိုရင် ဖြူးဆရာတော်ကြီးစကားနဲ့ ပြောရရင်တော့ ဝါဇိတ်-ဂါဆရိုင်းတွေကထပ်ထည့်လာတယ်။ ဂိုဏ်းဆရာတွေ –။ သူတို့က ရတနာသုံးပါးနဲ့ တန်းတူနေရာလိုချင်တယ်။ ရတနာသုံးပါးကို သူတို့ဝင်လို့မရဘူး။ ဒါဆို ငါတို့ ရတနာငါးပါးဆိုလဲ ကြည့်မကောင်းဘူး။ လုပ်ကြစို့ဟေ့အနန္တောအနန္တငါးပါး ဆိုပြီးတော့။ သူတို့စင်ပေါ်ရောက်ချင်တာနဲ့ မိဘကိုပါဆွဲထည့်တော့ မိဘပါ ပါလာတယ်။ အဲဒါ အနန္တောအနန္တငါးပါး ဖြစ်လာတာ။” – မေတ္တာရှင်(ရွှေပြည်သာ) မဟာဆရာ ဗြဟ္မဏ လူသားဟူသည် မွေးဖွားလာသည်နှင့် ပညာကြိုးအကုန်အလိုလို တတ်ကျွမ်းနားလည်နေနိုင်ခြင်းမရှိ၊ လေ့လာဆန်းစစ်သင်ပေး/သင်ယူကြရသည်။ ရှေးအိနိ္ဒယအခါကမူ မဟာဆရာတန်းဝင် ဗြဟ္မဏ တို့သည် လူ့ဘဝရေးရာကို နိမိတ်ဖတ်၊လမ်းညွှန်သည်။ ဝေဒ၊ ဗေဒင်တို့ဖြင့် မင်းနှင့်အုပ်ချုပ်သူများကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်။ သို့နှင့်အမြတ်ဆုံးဇာတိနွယ်ဖြစ်ကာ ပူဇော်မှုအထူထူးကို ခံယူကြရပေသည်။ ခေတ်တို့ပြောင်းခဲ့သောအခါ လူသားတို့တွင် ပညာ/ဆရာစုံခဲ့သည်။ […]


ဇီဇီFebruary 21, 20161min113537
ဖေဖော်ရီ ၁၂ ရက်နေ့ က စစ်ကိုင်းးတောင်ဘက်သွားးရင်းး အမြင့်ဆုံးး ပတ္တမြားစေတီ ပေါ်က ရှုခင်းတွေ က လှ တယ်ဆိုတာနဲ့ ရောက်သွားးတယ်.. သောင်ကျွန်းးအစွယ်စွယ်နဲ့ ဧရာဝတီ ကို မြင်ရတာ စိတ်မချမ်းသာခဲ့ဘူးးး ရှေ့ လျှောက် အရမ်းပူရင် ပိုဆိုးမယ်ထင်တယ်.. လူလူချင်းးတောင် အဆက်မပြတ် ကယ်နေရတဲ့ အချိန်မှာ ဧရာဝတီကို ကယ်ဖို့ ဘယ် အပူကပ်ရပါ့…!! ကိုယ်လည်းး မကယ်နိုင်မယ့် တူတူ တောင်ပေါ်ကဆင်းး သောင်ပြင်ပေါ်သွားး ပြီးး ဓာတ်ပုံ ရိုက်ခဲ့သေးးးး… ဒီပို့ စ်မတော့ မပြတော့ပါဘူးးနော့ ..!! ဧရာဝတီ က ပို သနားးစရာကောင်းးသွားးမစိုးးလို့ ???                        


“ရှုပ်ဇယား” ရှုပ်ထွေး ပွေလီ မညီ  မမျှ ဒီလောကကြီးထဲမှာ ရှူပ် ပါတယ်ဆိုမှ ပိုပို သာသာ ကန့်လန့်ခံတာတွေ ဝင်ဝင်ပါနေတော့ ခက်မှခက် လို့ဘဲ ဆိုချင်မိပါတယ်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၂၁၆