Kyi LwinFebruary 4, 20161min930
မင်္ဂလာပါ ။ မြန်ဂေဇက်ရွာသူကြီးနဲ့တကွ ရွာသူရွာသားအားလုံးကျန်းခန့်သာလို့ မာကြရဲ့နော။ တမြန်နေ့ဆီက နေပူတော်က စာတစောင်ရောက်လာလို့ဖတ်မိပါတယ်။ သူကြီး ကိုယ့်တူလည်း ကိုယ်အကွပ်အညပ်လုပ်ထားအုံးတော့။ ပြောချင်ရာတွေပြော ၊ဆိုချင်ရာတွေဆိုနဲ့ သူကြီးမျက်နှာအိုးမည်းသုတ်နေလေရဲ့။ သူကြီးတူ ပြောင်ကြီးကတော့ အတော်ပြောင်ပါပေတယ်နော်။ အတိတ်မေ့ရောဂါများဖြစ်နေလေသလားထင်ရဲ့။ သူ့ညီတော်မောင်တစ်ကောင် သွားပြတဲ့ ခြင်္သေ့ဆေးရုံတော်ကြီးဆီသွားပြခိုင်းရကောင်းလေမလား။ အဲလေ ပြချင်မယ်မထင်ပါဘူး။ ဟိုတကောင်လို ဆန့်ဆန့်ကြီးပြန်လာရမှာကြောက်မှာပ။ ဘာတဲ့ …လွန်ခဲ့တဲ့ ၄ /၅ လလောက်ကတော့ ဒီတခါ ရွာပြန်ရင် ဆိုင်းထမ်းနဲ့ ရောင်းရ ရောင်းရ မုန့်ဟင်းခါးပဲရောင်းစားမယ်လေး..။ စိုုက်ခင်းထဲပဲ သရက်သီးအဆွတ်လိုက်တော့မယ်လေး..။ နွားနို့ပဲ အခစားညှစ်တော့မယ်လေးနဲ့ ..ခုတော့ ရွာ့အနောက်ပိုင်း ထတော (ထန်းတော) မှာ ခွက်ကပ်သောက်ပြီး အမြည်းအတွက် တောထဲ ဖွတ်လိုက်တော့မယ်ဆိုပါလား….။ အကြံကြီးကြံ ၊ အလုပ်ကြီးလုပ်ရှာပါပေရဲ့တော်။ ဟိုကနေလည်း ပုဆိုးမနိုင် ပုဝါမနိုင်နဲ့ […]


“ဆုံမှတ်   လမ်းခွဲ” သွားသူ နဲ့ လာသူ   တူညီ စုံရပ်   ဆုံမှတ်လို့ အမည်တွင်   ပျော်ရွှင်ခြင်းနေရာ။   ပြန်သူ နဲ့ ကျန်ရစ်သူ   မတူ စိတ်ဝမ်း   ကိုယ့်လမ်းကိုယ်သွား   ဝမ်းနည်းခြင်းအမှတ်သား   လမ်းခွဲ သောနေရာ။       သက်မဲ့သစ်ပင်   သူဘာသူနေသဟာ   အမူ့ပွေလာအောင်   လူတွေကဘဲလုပ်ကြသည်။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၃၂၁၆  


alinsettFebruary 2, 20164min42216
ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်                                 ======================== DASSK -ဟလို…. RFA -အစ်မရေ…နေကောင်းလား… DASSK -ဟုတ်ကဲ့ နေကောင်းပါတယ်။ RFA -အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး  ညီလာခံအပေါ် အစ်မရဲ့ သဘောထား …သိပါရစေခင်ဗျ ။ DASSK – ဒီငြိမ်းချမ်းရေး ညီလာခံကပေါ့နော်… ၊ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘာပါပဲ။ ဒီလိုပဲ အစ်မ နားလည်တယ်။ တကယ့်ငြိမ်းချမ်းရေး ညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီး လုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ယူနိုင်မလဲ […]


Kyi LwinFebruary 2, 20161min35113
မင်္ဂလာပါ။ မြန် ဂေဇက်သူကြီးနဲ့တကွ ရွာသူ/ရွာသားအားလုံး ကျန်းမာတော်မူကြပါစဗျာ..။ ဒီရက်ပိုင်းတော့ မြန်ရွှေပြည်ပေါ် မင်္ဂလာစည်တော်သံတွေတဝေဝေနဲ့မို့ အားလုံးလည်း စိတ်ရွှင်လန်းနေကြမယ်ထင်ပါရဲ့။ ရာသီဥတုကလည်းဘောလုံးသမားများအကြိုက် အဲလေ.. ဆွေမျိုးပေါက်ဖေါ်တို့ဖက်က ဝင်လာတဲ့ လေအေးစီးကြောင်းကြောင့် ရန်ကုန်အပြင်နိုင်ငံတလွှားချမ်းလိုက်တာ ခိုက်ခိုက်တုန်ပေါ့။ မြို့တော်ရန်ကုန်တော့ အဲလိုဆို နေပူစာလှုံသူတွေ ၊ မနက်ခင်းကျန်းမာရေးလေ့ကျင့်သူတွေဟာ စည်ပင်သာယာရဲ့ လှပတဲ့ ပန်းခြံတွေထဲမှာ တက်ကြွစွာ ရှိနေကြတာတွေ့ရတော့ ငယ်ငယ်က ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွေကိုအမှတ်ရမိပြန်တယ်။ ဒါနဲ့ ရုံးပိတ်တဲ့ တနင်္ဂနွေနေ့တော့ အပျင်းကြီးပြီးအိပ်နေရာက .. အင်း…မဟာရန်ကုန်မှာ စောစောစီးစီးမင်္ဂလာရှိတဲ့ သူငယ်မတွေ ပန်းခြံထဲပြေးနေတာလေး လိုက်ကြည့်ရင်း မင်္ဂလာယူအုံးမှပါလေဆိုပြီး…..။ မဟာဗန္ဓုလပန်းခြံထောင့် ဧမာနွေလဘုရားကျောင်းဘေးနားက လက်ဖက်ရည်ဆိုင်ထိုင် မနက်စာဖြည့်ပြီးသကာလ နာရီကြည့်မိမှ ..ဘယ့်နှယ်စောတော့မလဲ ။ ၁ဝ နာရီလောက်တောင်ရှိပေါ့.. သေဟဲ့နန္ဒိယ။ ဒီအချိန်မှတော့ ပြေးနေတဲ့ ပေါင်တိုမလေးတွေ အိမ်ပြန်ပြီး ကွေးနေလောက်ပြီ။ […]


လတ်တလော မြန်တြံ့နိုင်ငံရေး အခင်းအက ျင်းမှာ လူ့သဘော ဆင်ခြင်မိတယ်။ ငယ်တုံးက သူငယ်ခြင်းနဲ့ သင်တန်းတခုခုတက်၊ ကိုယ်က ရပ်လိုက်.. သူက ဆက်သွား.. နောင်မှ အကောင်ဖြစ်နေတဲ့သူ့ကို ကြည့်ရင်း အခြင်းခြင်းကြား ငါနဲ့ အတူတူ တက်ခဲ့တာ… ကွိကွိကွကွ။ သဘောက ငါလည်း မညံ့ပါလို့ ဆိုခြင်း။ အစပိုင်း အားလုံး တူသယောင်ယောင်… အဲဒါ မမှား.. စကထဲက ဦးက ျ ိုးရင် ဘယ်လို အမြင့်တက်မည်နည်း၊ သို့သော ် ကြာလာတာနဲ့ ကွဲပြားမှုကို သတိမမူမိ (သို့) လက်ခံဖို့ခက်တယ်။ သိသူက နောက်ဆုတ်ပေးတယ်၊ သိပြီးလည်သူ ပူးပေါင်းတယ်။ ခါးသီးတဲ့ အမှန်တရားက သူ့ကို လိုက်မမှီတော့တာပဲ။ သမိုင်းမှာကြည့်ရင် စစ်ကြိုခေတ် သခင်အောင်ဆန်းဘဝ တန်းတူရည်တူ အမ […]


“ကျနော်ပျောက်ဆုံးနေတဲ့အရာ”   စားရေး နေရေး သွားရေး လာရေး အချိန်တွေးပေး အေးဆေးနေမရ ထိစပ် ပါတ်သက်သမျှကို မပြုံးချင်လဲ ပြုံး ပြုံး ချင်လဲပြုံး အဲလိုပြုံးပြုံးနေရင်း ပြုန်းတီးပြီး ပျောက်ဆုံးသွားတာက ဟော့ဒီကလေးပြုံးသလို ရိုးသားတဲ့အပြုံးတွေပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် 31-1-2016  


“ မိုးကျရွှေကိုယ်များနဲ့ဆာသော်”   ဘောစချုပ် မိတ်ဆွေရဲ့သားလေးကို ပြီးခဲ့တဲ့တစ်ပါတ်က အလုပ်သွင်းထားတာ အလုပ်မလာတာ နှစ်ရက် ရှိသွားလို့ ဖုန်းနဲ့လှမ်းမေးလိုက်တဲ့အခါ “မလုပ်တော့ဘူး”လို့ ဖြေသံကြားလိုက်တော့ ဆာသော်အတော်လေးစိတ်တိုသွားပါတယ်။ သူ အလုပ်လိုချင်တုံးက သူ့အဖေရော အမေရော ဘောစချုပ်ဆီ အကြိမ်ကြိမ်လာ ဖုန်းတွေ အခါခါ ဆက်ပြီး အလုပ်တောင်းတာကို မှတ်မိနေတော့ ပိုစိတ်တိုပါတယ်။ အဲဒီတုံးက သူ့ပုံစံ ညှင်းသိုးသိုးနဲ့ နေတဲ့ထိုင်တဲ့အချိုးကိုမြင်ကတည်းက အလုပ်ထဲကိုမခေါ်ချင်ပါဘူး။ “ ကောင်လေးပုံစံကို ဆာသော် သိပ်မကြိုက်တာ ‘မမ’ သိပါတယ်။ သူ့မိဘတွေနဲ့ ‘ မမ ‘တို့ အရင်တုံးက အတော်လေး ရင်းနှီးခဲ့တာရယ် သူတို့ မသောင်သာတာ သိတာရယ်ကြောင့်ခေါ်ထားလိုက်တာပါ” လို့ လေချိုသွေးပြန်တော့ ဆာသော်လည်းဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ သူလဲ မိုးကျရွှေကိုယ် တစ်ပါးပေါ့။   […]


တိမ်တောင်သဖွယ် မင်းရေးကြွယ် စကားပုံ ကြားဖူးကြမည်.. ရာဇပရိယာယ် အလွန်နက်နဲတယ်၊ သာမန်လူ လိုက်မမှီ။ ခုခေတ်မှာ နိုင်ငံရေးကစားကွက် ခေါ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖွတ်ပါတီတွင်း အာဏာသိမ်းပွဲမှာ ပြောင်ဂိုဏ်းနိုင် မန်းဂိုဏ်း ရှုံးသည်.. နောက်ဆက်တွဲ ဘာမှ ထွေထူးဖြစ်မလာ။ ဒါလည်း အဆန်းမဟုတ်… ၂၀၀၃ခုနှစ်မှာ အာဏာလ ျှမ်းလ ျှမ်းတောက် ဗိုလ်ခင်ညွန့် စစ်ထောက်လှမ်းရေးတဖွဲ့လုံး ဖြုတ်ထုတ်သတ် ခံရတာတောင် အားလုံးအေးဆေး။ အကြောင်းဇစ်မြစ်က စစ်ဗိုလ်တွေမှာ ရာထူးအာဏာပဲ ရှိသည်၊ မင်းခစား ကမ်းနားသစ်ပင် ရေလဲတိုက်ေရာ အမြစ်ကျွတ်ရော..။။ နိုင်ငံရေးသမားကြတော့ ဩဇာ၊ လူထုထောက်ခံမှု ရှိသည်။ ဖြုတ်လို့မပြုတ် သတ်လို့မသေ.. ဘယ်လောက်ဖိဖိ အခြေအနေပေး ပြန်ထောင်တက်လာသည်။ ဒီလိုတွေးရင် ပြီးခဲ့တဲ့ ဖွတ်ပါတီတွင်း အကွဲအပြဲ တကယ်ဖြစ်ဟန်ရှိတယ် […]


“ ဆာသော်နှင့် အူးတာဗျင် ”       ဒီနေ့မနက် စောစောစီးစီး “ဘောစမီးလေး”ဆီက ဖုန်းဝင်လာပါတယ်။ “ဆာသော်ရေ ဒီနေ့ခါတိုင်းထက်စောလာခဲ့နော် အင်တာဗျူး မထိုင်ခင် ပြောစရာရှိတယ်” ဒါနဲ့ဘဲ အိမ်မှာတင် မနက်စာစား ခါတိုင်းသွားနေကျဆိုင်မှာ လက်ဖက်ရည်မသောက်ဘဲ ရုံးကိုအသော့နှင်ခဲ့ရပါတယ်။ ဆာသော်ရုံးရောက်တော့ “ဘောစမီး “လေးရုံးခန်းဘက်လှမ်းကြည့်လိုက်တဲ့အခါ CV ဖောင်တွေနဲ့ အလုပ်ရှုပ်နေတာကိုလှမ်းတွေ့လို်က်ရပါတယ်။ ကိုယ့်အခန်းထဲမှာကိုယ့်ပစ္စည်းပစ္စယတွေထားပြီး သူ့အခန်းဘက်ကိုဝင်လာလိုက်ပါတယ်။ “ဆာသော် ရောက်ပြီလား အင်တာဗျူးမယ့် ကလေးတွေရဲ့ ဖိုင်တွေ ဖတ်ကြည့်နေတာ “ “  မီးမီး လိုချင်တာနဲ့ ကိုက်တဲ့လူရောတွေ့လား  “ “   တွေ့သလိုလို ပါဘဲ ဒါပေမယ့် တင်ထားတဲ့ လျှောက်လွှာတွေက မပြည့်စုံဘူး ရဲစခန်းထောက်ခံချက်တွေ ဘာတွေလဲမပါဘူးနော် “ “ အဲဒါက […]


ဇီဇီJanuary 29, 20162min192547
အဟွတ်။ အဟွတ် အဟမ်း အဟမ်းးး :k:   :k:           မြန်မာစာရယ်လို့ ပြောမယ်ဆို အရမ်းသိတဲ့ထဲ တော့ ကိုယ် မပါပါဘူးးး။  :mrgreenn: ဒါမဲ့ ခုလောလောဆယ် ဟို အက္ခရာတွေကို ဖြုတ်သင့်မဖြုတ်သင့် ငြင်းနေကြလို့ သူ့ အမြင် ကိုယ့် အမြင်ကို ပြောလို့ရအောင် တင်လိုက်တယ်။ ကိုယ့်သဘောဆိုရင်တော့ ဖြုတ်ဖြုတ်, ဆက်သင်သင် သူငယ်တန်း တစ်တန်းထဲ ဖြုတ်မှာတော့ သဘောမတွေ့။ ဖြုတ်လို့ရော ဘာထူးခြားမတုန်းး။ မဖြုတ်လို့ရော ဘာပိုတတ်မတုန်း တော့ မသိဘူးပေါ့နော့။ ကိုယ်တုန်း ကတော့ ၅ တန်းလောက်ထိ ဋ ဌ ဍ (၃) ကောင်ကို ရေးဖို့ ဖတ်ဖို့ […]


တက္ကသိုလ်ကျောင်းသားဘဝကို ကျတော်ဟာ သေသေချာချာ မခံစားရခဲ့ဘူး။ နေ့မတက်ရလို့ အဝေးသင်တက်ခဲ့ရပေမယ့် အနီးကပ် (၁၀)ရက်ကို ပြည့်ပြည့်ဝဝခံစားရပေမယ့် သူတို့လောက် ကျတော်တို့ ကံမကောင်းခဲ့တာ အမှန်ပါ။ အခု ကျတော်နဲ့ရွယ်တူ ကျတော့်သူငယ်ချင်း တွေက အစပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ မြင်ရချိန်မှာသော သူတို့လို ကျတော့်မှာလည်း သူငယ်ချင်းတွေ ရှိပါသေးလား ဆိုတာကို တွေးရင်း။   တိုက်ဆိုင်တာက သူတို့လည်း စီးပွားရေးကျောင်းသား ကျတော်လည်း စီးပွားရေးကျောင်းသား။   လေးစားစွာဖြင့် အောင်မိုးသူ