ကိုဗစ်-၁၉ကပ်ဘေးအပါအဝင် ကိစ္စများမြှောင်တို့တွင် အမေရိကပြည်ထောင်စုသည် ရှေ့ဆုံးမှခါးစည်းခံရသည်။ တနည်းအားဖြင့်ကမ္ဘာလူမျိုးပေါင်းစုံအခြေချနေထိုင်ပြီးစုစည်းတည်ဆောက်ထားသော United States ပြည်ထောင်များ၏အစုနိုင်ငံကြီးဖြစ်သောကြောင့်ဟုဆိုရပေမည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူမျိုးတစ်သောင်းခြောက်ထောင်လာရောက်အခြေချ အမေရိကန်အဖြစ်မျိုးဆက်၁-၄-၆-၈မကတော့ပြီဖြစ်လေရာ ထိုမတူညီသည့်အမျိုး၊ဘာသာ၊သာသနာများကိုစုစည်းထားသော အင်အားသည် အပြိုင်ကြမ်းသလောက် ကမ္ဘာ့ထိပ်တန်းရောက်စေသည်သာမက လူသားမျိုးနွယ်နှင့်ပါတ်သက်လျှင်လည်း အရင်ဆုံး/အများဆုံးထိထိဖြစ်လေ့ရှိ၏။ကိုဗစ်ရောဂန္တရကပ်ဆိုက်ချိန်တွင် သေကြေကြသည်မှာ ယခုထိလူ၄၀.၇သန်းကူးစက်၊ ၆၅၆၀၀၀+ဦးသေထားခြင်းဖြင့် ကမ္ဘာ့အများဆုံးပါ။ယခု ကမ္ဘာဥတုရာသီအစွန်းရောက်လာသည်ဟု သိပ္ပံပညာရှင်များမှန်းဆထားသည့်အတိုင်း မြေကမ္ဘာသို့သဘာဝဘေးအန္တရာယ်ကျရောက်လာခဲ့ပေပြီ။တနည်းအားဖြင့် ကမ္ဘာမြေလက်စားချေပါပြီ။ အမေရိကားက ထိပ်ဆုံးမှအခံတည်း။ သမ္မတဘိုင်ဒင်သည်ပင် ကမ္ဘာနှင့်အမေရိကားအတွက် Code Red ဟုပြောနေရ၏။“Code Red”၂၀၂၁နွေရာသီအမေရိကား၏အနောက်မြောက်ဒေသတို့တွင်မကြုံစဖူး ဒစ်ဂျစ်၃လုံးသို့ရောက်အပူချိန်မြင့်ကြုံရသကဲ့သို့ အနောက်တောင်ပိုင်းတွင် မိုးခေါင်ရေရှား တောမီးကြီးများ ဆင့်ဆက်စံချိန်တင်လောင်သည်။ လောင်သည်မှမနှစ်ကအမြင့်ဆုံးစံချိန်ကိ ဒီတနှစ်နှင့်ဆက်ချိုးသည်ပါပေ။ သက်တမ်းနှစ်ရှည်သစ်ကြီးဝါးကြီးတို့၏တောကြိုးဝိုင်းနှင့် လူနေအိမ်များလည်းမီးထဲပါကုန်သည်။ မိုးခေါင်ဆီးနှင်းပျောက်၍ရေချိုလှောင်ရာကန်မြစ်ကြီးများ ရေခန်းခြောက်ကုန်သည်။အရှေ့တောင်နှင့်မြောက်ပိုင်းသို့အထိလည်း မုန်တိုင်းကြီးများဝင်လေရာ ၂၀၀၅ ကက်တရီနာမုန်တိုင်းနောက်ထက် ပိုမိုကြီးမားပြင်းထန်သော အိုင်ဒါသည် သြဂုတ်လ၂၉၌အရှေ့မြောက်ဖက်သို့ဝိုက်ဝင်သွားရာတွင် လူသားအချို့ကိုပင်အသက်ချွေသွားခဲ့သည်။လူဝီစီယားနားပြည်နယ်/နယူးအိုလင်းမြို့သည် လွန်ခဲ့သော ၁၆နှစ်တိတိ၏ကက်တရီနာမုန်တိုင်းနောက်ပိုင်းသင်ခန်းစာယူ ဘီလီယံ၅၀ကျော်ပစ်ထည့်ကာကြိုတင်ပြင်ဆင်မှုများလုပ်ထားသဖြင့် အနည်းငယ်သက်သာရာရာသွားသော်ငြား […]