ဖေဖော်ဝါရီ(၁)ရက်မနက်ဝေလီဝေလင်းအချိန်တွင် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးတက်၍ သမ္မတသစ်တင်မြောက်ရန်အသင့်ဖြစ်နေပြီးဖြစ်သည့် NLD အမတ် (၃၉၆)ဦး အပါအဝင် တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်များအားလုံးကို နေထိုင်ရာနေပြည်တော်ရိပ်သာအသီးသီး၌ အကျယ်ချုပ်ထိန်းသိမ်းလိုက်ခြင်းဖြင့် စစ်အာဏာသိမ်းမှုဖြစ်ပါသည်။တနိုင်ငံလုံးကျယ်ပြန့်စွာ တပြိုင်တည်းဖမ်းဆီးထိမ်းချုပ်ပြုလုပ်ခြင်းဖြစ်သဖြင့် ရွေးကောက်ပွဲမတိုင်မှီကထဲက နှစ်ချီအကြံကြီးကြံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဟု ထုတ်ဖေါ်ဖွဲ့စည်းခြင်းတည်း။ “မိဘလူထု တုံ့ပြန်မှု”Silent, Boomer, X, Y, Z မျိုးဆက်ဟူသမျှ ၁၉၅၈,၁၉၆၂,၁၉၈၈ စစ်အာဏာသိမ်းတို့ခြင်း၏ခါးသီးမှုကို ကိုယ်တိုင်စီကခံစားဖူးကြသဖြင့် ယခု၂၀၂၁လူထုအုံကြွမှုသည် ပြင်းထန်ပါ၏။အီစွတ်ပုံပြင်များထဲမှ “The Wasp and the Snake”ကိုသတိရစရာဖြစ်သည်။ “Kill you I will, even at the cost of my own life,” အမုန်းတရားသည် မိမိအသက်ပါရင်း၍ရန်သူကိုအပါခေါ် အလုံးစုံပျက်သုဥ်းရေးရောက်သည်အထိချိန်ဆလုပ်ကြခြင်းပါ။နောင်ဘဝများရှိသည်ဟု ရိုးရာဓလေ့အရယုံကြည်သော မြန်မာအများစုကြီးသည် ဤသို့ဤနှယ် တဆုံးလက်စားချေရေးအထိ တွေးထားကြပြီဖြစ်ပုံရသည်။ သမ္မတဘိုင်ဒင်၏ […]