Baiyoke Sky dinner 🌃🍽️ လို့ပြောလိုက်တာနဲ့ 🇹🇭 Bangkok 🇹🇭 မြို့ကြီးရဲ့ 🌇 ညနေပိုင်းသာယာလှပနေတဲ့ Skyline၊ စိတ်ကျေနပ်မှုကို အတိုင်းထက်အလွန် ပေးစွမ်းနိုင်မဲ့ buffet ညစာကိုပဲ မြင်ရောင်မိလိမ့်မယ်လို့ထင်ပါတယ်။ Baiyoke Sky hotel မှာ အထပ်ပေါင်း (၈၄) ရှိပြီး Buffet Dinner ကိုတော့ အထပ် ၇၅ မှာ စားလို့ရကာ ဘန်ကောက်တစ်မြို့လုံးရဲ့ ညအလှအပကို ခံစားကြည့်ရှုရပါတယ်။ သူကဟိုတယ်ပေါ့နော်။ ဒါမဲ့ buffet dinner က အမျိုးစုံပြီး စားကောင်းတဲ့အပြင် နာမည်ပါကြီး တော့ မြန်မာတိုးတွေတော်တော်များများ ဒီဟိုတယ်မှာ ညစာကျွေးလေ့ရှိပါတယ်။ မွန်လေး ပထမ ဆုံးစ စားဖူးတာတော့ Royal Active Travel က တိုးလီဒါလုပ်ရင်း စစားဖူးခဲ့တာပါ။ နေရာကတော့ 120, 359 Soi Ratchaprarop 3, Makkasan, Ratchathewi , အနီးစပ်ဆုံးပြောရရင် Pratunam market နားတ၀◌ိုက်မှာပါ ဟိုတယ် lobby က အထပ်(၁၈)ထပ်မှာရှိပါတယ်။ ဒါပေမဲ့ မွန်လေးတို့ကတော့ (၁၉) ထပ်ကို တိုက်ရိုက်သွားပြီး dinner booking ကို စစ်ပါတယ်။ အထပ်ကမြင့်တော့ ဓါတ်လှေကားဆိုတာ နားအူတတ်တယ်။ ဒါပေမဲ့ ကိုယ်တွေရဲ့ဂိုက်မက အဲ့နေရာမှာတော်တယ်။ ကိုယ်တွေအဲ့လိုဖြစ်မှာဆိုးလို့ တောက်လျှောက် အကြာကြီး မစီးခိုင်းဘဲ…ဓါတ်ဖမ်းလို့ရတဲ့နေရာမျိုးဆို..ဓါတ်ဖမ်းရအောင် ခဏရပ်ပေးခဲ့တယ်။ ပြီးတော့မှ နောက်ဓါတ်လှေကားထပ်စီးခိုင်းတယ်။ အဲ့လိုလုပ်ပေးတာတောင် အထပ်မြင့်လာလေလေ ဓါတ်လှေကားစီးတာ ကနားအူတာပါပဲ…သက်တော့သက်သာပါတယ်လေ။ […]