အားတက်စေမယ့် စာစုများ ၂၇

Mon LayDecember 10, 20201min2370

Fashion La Princesse Online Shop ကို သိပ်ကျေးဇူးတင်ပါတယ်။
ကျွန်မဘဝ နွံထဲကနေ ရှုန်းထွက်နိုင်ခဲ့လို့
သူများ မျက်နှာကြည့် ပေးမှ ကမ်းမှ မိဘတွေပေးနိုင်တဲ့
ဘဝ က လွှတ်မြှောက်ခဲ့ ဘီ။
မိသားစုအတွက် နှလုံးသားတွေပါရင်းပြီး မပျော်မရွှင်
ပဲ နေခဲ့ရတဲ့ ဘဝက ရှုန်းထွက်နိုင်ခဲ့တယ်။
ကျွန်မ နှစ်ပေါင်းများစွားမွှန်းကျပ်ခဲ့ရတယ်။
ကိုယ်ဝမ်းနာ ကိုယ်သာသိ မသာယာခဲ့ရတဲ့
ဘဝနဲ့ ရှင်သန်ခဲ့ရတယ်။
မောက်မာမူတွေ အနိုင့်ကျင့် အထင်သေးမူတွေ
ငွေမရှာနိုင်တော့ ခေါင်းငုံခံခဲ့ရတယ်။
Fashion La Princesse Online Shop ကို စဖောက်တဲ့အချိန်မှ ကိုယ့်မာန နဲ့ ဘဝကို ရှုန်း
ထွက်ဖို့ စတင်နေ့ညမပျက် ကြိုးစားခဲ့တယ်။
ငါ အောင်မြင်တဲ့နေ့ ငါ မနေချင်တဲ့ ဘဝက ရအောင်
ရှုန်းထွက်မယ်လို အကြိမ်ကြိမ် ကျုံးဝါးခဲ့တယ်။
မိဘကို ကိုယ်ပိုက်ဆံ ကိုယ်ထောက်ပံ့ချင်တယ်။
ကိုယ်ငွေကြေးနဲ့ လှူချင်တယ်။
လွတ်လပ်စွာအချုပ်အနှာင်မဲ့ ရှင်သန်ချင်တယ်။
ပိုက်ဆံမရှိရင် ဘဝဆိုတာ ဘာလုပ်လုပ် အပြစ်ပြော
စရာတွေကြီးပဲ။
ဒါကြောင့်ပိုက်ဆံရှာတယ် ကိုယ်နာမည် ကို အကောင်းဆုံး
တည်ဆောက်တယ်။
မိဘတွေလက်ခံနိုင်လောက်တဲ့အထိ ကြိုးစားခဲ့တယ်။
လွယ်လွယ်ကူကူ ရှုန်းထွက်ခဲ့ရတာမဟုတ်
တစ်ယောက်ထဲဘဝကို ဒဏ်ရာများနဲ့ ရပ်တည်ခဲ့တယ်။
အကြောမာ ကိုယ်မှန်တယ်ထင်ရင် အစွမ်းကုန်ကြိုးစားခဲ့
တယ်။
ဘေးစကား သွေးစကားတွေ အကုန်အားအဖြစ်အသုံးချ
တယ်။
ဘုရားမှာလဲ အကြိမ်ကြိမ် တောင်းဆုပန်တယ်။
ခွန်အားတွေပေးဖိူ့ တောင်းဆိုတယ်။
လောကမှ ဖြစ်ချင်တာကို ရအောင်ယူတယ်။
အခုတော့အရမ်းစိတ်ချမ်းသာရတယ်။
ကျွန်မ ဘဝ ကျွန်မ ရှင်သန်နိုင်နေဘီ။
ဘဝကြီးက ဘယ်သူမဆ်ု အကောင်းပဲလိုချင်တာပဲ
တစ်ခါ တလေ ကံပါသလို ခံရ စံရ တာပဲ။
ကိုယ်ခံရတဲ့အခါ လှလှကြီး ပြုံးကြီးကြီး ခံနိုင်ပါစေ။
ကျွန်မ ကတော့ အားလုံးကို ခက်ပြုံးပြုံးပဲ
ကြည့်နေလိုက်မယ်။🥰