ပစ္စည်းတွေ ရောင်းလာတဲ့သက်တန်းတလျှောက် စိတ်မဆင်းရဲဖူးဘူး။ ဒီလောက် ဖောင်းထုနေတဲ့ facebook socialမှာ Complain ပြောတာတို့ ဝိုင်း Blame တာတို့၆နှစ်လုံးမခံရဖူးဘူး။ကျွန်မ ဘာရောင်းရောင်း အေးအေးဆေးဆေး စိတ်ချမ်းသာစွာလုပ်ရတယ်။ အဲဒါ အဓိက ဆရာတော်ကြီးတွေဟောတဲ့ အအေးစာကို စားလို့ ဘဝမှ စျေးသည်ဟာ စျေးရောင်းရင်အမြတ်ယူရတယ်။ဒါပေမဲ့ ရသင့်သလောက် စားသင့်သလောက်အမြတ်သာလျှင် အအေးစာဖြစ်တယ်။အအေးစာ စားရင် တစ်သက်လုံး အေးချမ်းတယ်။ရောက်လေရာအရပ် ဒုက္ခပေးမယ့်သူမရှိဘူး။ တချို့ စီးပွားရေးသမားတွေ အလှူတန်းတွေဘယ်လောက်လုပ်လုပ် အပူစာ စားမိရင် ပူလောင်ရတယ်။ရန်ဖြစ်ရတယ်။အနောက်မှ ပြသနာရှာမယ့်သူကအဆင့်သင့် အလိမ်ခံရတတ်တယ်။မိတ်ဆွေကောင်းရှားတယ်။မိမိဘာဝယ်လိုက် ဝယ်လိုက် စျေးကြီးမိတယ်။ဘဝမှ ကောင်းတဲ့ဆိုတဲ့အရာတွေဝေးတတ်တယ်။အိမ်ထောင်ဖက်ဆိုးတွေ့တတ်တယ်တဲ့ မိမိရဲ့ ရုပ်မှာပါ အကြည်ဓာတ်ပျက်ပြီး လောဘကြီးတဲ့ ရုပ် သောက ဝေတဲ့ ရုပ် ဖြစ်တတ်တယ်။ တစ်ဘဝလုံး ရောဂါ ထူးပြောတယ်။သေရင် ငရဲ ကျတတ်တယ်။ […]