မစုဥာဏ္October 8, 20141min75315
အမေရိကန်ပြည်ထောင်စုရဲ ့ ဆောင်းဦးကာလ ကို ရောက်လာတဲ့အခါ မူလက တပင်လုံးစိမ်းစိုနေတဲ့ သစ်ရွက်တွေက အဝါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင် အမျိုးမျိုးပြောင်းလို ့လာတယ်။ သဘာဝ ရောင်စုံပန်းချီကားချပ် တစ်ချပ် ကြည့်ရသလို လှနေတဲ့ အပင်တွေ ကို မြင်တော့ အမေ့ ကို သတိရ မိတယ်။ ရှမ်းပြည်မှာ သစ်ရွက်ဆိုရင် အစိမ်းရောင်လို ့ သာ မြင်ထားဖူးတဲ့ အမေက နယူးယောက်မှာ ဆောင်းဦးရောက်ရင် အရွက်တွေ အရောင်ပြောင်းတယ်လို ့ ကြားတော့ တအံ့တဩဖြစ်လို ့ နေခဲ့တယ်လေ။ အရွက်ရောင်စုံတွေကို မြင်ဖူးချင်ပေမယ့် ရှမ်းပြည်ကို ကြာကြာမခွဲနိုင်တဲ့ အမေက နယူးယောက် ရဲ ့ ဆောင်းဦးအလှကို စောင့်မကြည့်နိုင်ပဲ ပြန်သွားခဲ့ပါတယ်။ အသက် […]


ခင္ခOctober 8, 20141min3898
” သံဝေဂ ”   ဖယောင်းတိုင်လေး ထွန်းကာပေးတော့ တစ်စတစ်စလောင် တိုသွားသည့်တိုင် အလင်းရောင်ပေး ဖြန့်ကျက်သေးလည်း နောက်ဆုံးကုန်လော့ ငြိမ်းပါပြီပေါ့ အလင်းရောင်ပျယ် မှောင်သွားပြီဟယ် ချုပ်ငြိမ်းနောက်ဆုံး ဖြစ်လေသည်။   ခင်ခ။


Kyaw LayOctober 8, 20142min2552
စိတ်တူကိုယ်တူပရဟိတ သူငယ်ချင်းများနှင့် မိတ်ဆွေ အပေါင်းအသင်းများခင်ဗျား.. ကျွန်တော်တို့အဖြူရောင်မိသားစုမှ (၁၆ ) ကြိမ်မြောက် လှူဒါန်းမည့် စစ်ကိုင်းတောင်ရိုး အမှတ်(၂၁) တောင်ဗီလာ ဘုန်းတော်ကြီးသင် အခမဲ့မူလတန်းပညာရေးကျောင်းအတွက် လိုအပ်သော စာသင်သာမဏေလေးများ၏ ချိုးရေအတွက် မိမိတို့မှ ရေမော်တာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်လှူဒါန်းလျှက်ရှိပါသည် ။ ထို့ပြင် ကျောင်းစာသင် ရှင်သာမဏေလေးများ မှာ ဖြစ်သလို သီတင်းသုံးနေကြပြီး တကိုယ်ရေသန့်ရှင်းမှုအားနည်း သဖြင့် အရေပြားရောဂါများလည်း ဖြစ်ပွားနေကြပါသည်။ ထိုကြောင့် မိမိတို့သူငယ်ချင်းများစုပေါင်း၍ အောက်ပါ အသုံးအဆောင်တို့အား လှူဒါန်းကုသိုလ်ယူကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည် ။ 1 / ခေါင်းအုံး 2 / စောင် 3 / ခြင်ထောင် 4 / ဖျာ 5 / ဆပ်ပြာခဲ ၊ […]


ခင္ခOctober 7, 20141min4689
” တန်သလောက်ဘဲ လုပ်ကြမယ်ဆို ”   သဒ္ဒါကြည်ဖြူ လောင်းတဲ့ဆွမ်းက ပိုလေမျှတော့ သွားရောက်ယူကာ ဝေကာမျှပေး ပရဟိလေးတို့ အိမ်မဲ့ရာနေ ကျုးတွေဆီသို့ ပို့ကြလို့ကွယ် သာဓုခေါ်မယ်။   ပြန်လှန်စဉ်းစား ဗိုလ်ချုပ်ပြောစကား ဗုန်းဗောလအော် သုံးကြဗမာ မချွေတာရင် အလဟတ်သတ် ကုန်ကျစရိတ်ပင် အတော်များမယ်ထင်။   မော်စီတုန်းက တရုတ်ပြည်ကြီး ထူထောင်ခဲ့စဉ် ထမင်းပုဂံထဲ ထမင်းစေ့ကျန် ထိုမြို့အတွင်း ကျန်သည့်ထမင်း စုမိခဲ့ရင် နောင်တစ်ရွာအတွက် စားလောက်လိမ့်မယ် တိုင်းထွာချက်ပြုတ် စားသောက်ဖို့ကို မိန့်ခွန်းချွေတာ ဖတ်ဖူးပါတယ်။   အဲဒီတော့ကာ သဒ္ဒါကြည်ဖြူ လှုလေသူကို မတားမကောင်း တားမကောင်းသော်လည်း မျှတစွာလေး လူခံလောင်းရင် ကောင်းလေမလား တွေးမိသွားတယ် မကျေနပ်လည်း ဆဲပေတော့။     ခင်ခ။


ကာရံOctober 7, 20141min3363
အရိပ်အသွင် ငါ၏စိတ်အစဉ် အရိပ်အသွင်ဖြစ်ဖန်ဆင်း နွယ်လိုရစ်ပတ်ရင်း အမြစ်တွယ်ခဲ့သည် ထိန်းထားခဲ့ပါသည် ဖိတ်ကျသွားတဲ့ ချစ်ရေစဉ်လေးက အေးမြစေသလားတဲ့ နွေးထွေးတာပေါ့ မေတ္တာဆိုသော အရိပ်အောက်မှာ မင်းနဲ့ငါ ရပ်တည်နေလို့လေ မိုးစက်များခြွေကာကျလာတယ် ဒါပေမယ့် သူတို့မြေမခသေးခင်လေး ပန်းကလေးများ အလွမ်းပြေသောက်သုံးရင်း ရနံ့လေး မွေးဖွားကြပြန်သေးတယ် အဖူးအငုံ ပွင့်ဖတ်စုံပါလျှက်ကယ်နဲ့ လမ်းနံဘေးက ရပ်တည်သူမို့ ငြိုးငယ်နေသယောင် ဒါကိုကြင်သူမသိပါဘူးလေ တန်ဖိုးဆိုတာ သိသူထက် ထိုက်သူက စံရတာလား ထိုက်သူထက် သိသူက ပန်ရတာလား အဖန်တစ်ရာအတွေးများထဲမှာ မင်းနဲ့ငါ ရပ်တည်ချက်က နားလည်မှုလေးပါ ကာရံ ရ ့၁ဝ ့၂၀၁၄


ပိတ်ထားတဲ့တံခါး ************** မိုးလေကင်းလွတ်သော အခါသမဖြစ်သည်နှင့်အညီ သီတင်းကျွတ်လေပြီဟု လူတို့ပြောနေသံကို ကြားနေရ၏။ ဆောင်းအငွေ့အသက်ဖြင့် လွှမ်းခြုံစပြုလာပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင်ခြုံနွယ်များထက်တွင် နှင်းစက်ပါးပါးတို့ စွတ်စိုစပြုနေသည်။ ခုမှလောကသဘာဝသည် လန်းဆန်းခြင်း အတိနှင့်ပြည့်နေသည်ဟု ထင်လာရသည်။ လွန်ခဲ့သော လများအတွင်း မိုးရေစွတ်စွတ်စို နေခဲ့သဖြင့် မြေအောင်းနေရသောသူ့ ဘဝသည် မွမ်းကျပ်လွန်းလှသည်။ ယခုမူ ဆောင်းနှင်းငွေ့ငွေ့ကြား တရွေ့ရွေ့သွားနေရခြင်းအရသာကို သူမက်မောခုံမင်စွာဖြင့် တစိမ့်စိမ့်ခံစားကြည်နူးနေမိ၏။ သူ့လိုပင်တချို့သော အမျိုးတူ သူငယ်ချင်းများကလည်း မြေပြင်တွင်တွားသွား ဝပ်ဆင်းရင်း တစ်ကောင်နှင့်တစ်ကောင် ကျော်ကျ တက်ကျနှင့် ပျော်ရွှင်နေကြသည်။ တချို့က နံရံများထက် တွယ်ကပ်ရင်း သူ့ကိုအော်ပြီး နုတ်ဆက်ကြသည်။ တချို့က အေးမြသော နံရံများ၏ ထောင့်တစ်နေရာတွင် ဝပ်ဆင်းရင်း နုတ်ဆက်ကြသည်။ သူကတော့ တစ်နေရာနှင့်တစ်ရောကို ကူးလူးသွားလာနေရသည်ကို နှစ်ခြိုက်နေမိသဖြင့် နေကုန်နေခမ်း တွားသွားနေမိသည်။ […]


maung TTNOctober 7, 20141min3335
အလွမ်းသည် ချိုမြိန်ပါသည်… အချစ်သည် ခါးခဲ့ပါလိမ့်မည်…. အတိတ်သည် အလွမ်းကိုပိုချိုမြိန်စေခဲ့သည်… သူမသည် အချစ်ထက် ဆန္ဒကိုဦးစားပေးခဲ့သူဖြစ်သည်.. သူမသည် အချစ်ထက် အတ္တကိုဦးစားပေးခဲ့သူဖြစ်သည်.. မကြားရသောစကားကို မလှုပ်သောပါးစပ်မှပြောသည်ကို မထောင်သောနားကကြားသည် လုံးဝမရှိသော အသည်းနှလုံးမှ လွန်စွာနာကျင်လေသည်


Kyaw LayOctober 7, 20141min2813
(6-10-2014)11:00AM ပန်းပျိုးသူစာသင်ဝိုင်းမှအကိုအမများနှင့် မန္တလေးမြို့ကင်ဆာဆေးရုံဌာနရှိသားသားမီးမီးများအား ဗူဖေါင်းအရုပ်များနှင့်အလူငွေများအား သွားရောက်လူဒါန်းခဲ့ပါသည်


Burmese RoseOctober 7, 20141min51210
ဒီမြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးမှာ လုံးဝအပြစ်မရှိဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဒီအမှုကို ဥပဒေဘောင်ထဲကအတိုင်း သက်သေခိုင်ခိုင်လုံလုံနဲ့ တရားမျှတစွာ စစ်ဆေးစေချင်တာပါ။ တရားခံနှစ်ဦးက မြန်မာနိုုင်ငံသားတွေမို့လို့ အပြစ်ကင်းရှင်းတယ်လို့ ယုံကြည်တာမဟုတ်ပါဘူး။ ဘာသက်သေအထောက်အထားမှ မရှိခင်ကတည်းက မြန်မာလုပ်သားတွေဘက်ကို လက်ညှိုးထိုးချင်တာရယ်၊ သတင်းစထွက်ထွက်ချင်းကတည်းက မြန်မာနိုင်ငံသားပါဆိုတာကို အလေးပေးပြီးရေးတာရယ်၊ အပြစ်ကို ဝန်ခံတဲ့ သူနှစ်ဦးလုံးက ရှေ့နေတောင်ငှားဖို့စိတ်ကူးမရှိဘူး ဆိုတာကြောင့် ဖတ်ဖတ်ချင်း စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ ဒါပေမယ့် ဒါက ကိုယ့်ခံယူချက်ပဲရှိသေးတာပါ။ နောက်တော့ သက်သေပစ္စည်းတွေ၊ ထွက်ဆိုချက်တွေမှာ ရှေ့နောက်မညီတာတွေကို တွေ့ရတော့ ကိုယ်ထင်တဲ့အတိုင်းပဲ ဒီမြန်မာလေးနှစ်ယောက်ကို ခြိမ်းခြောက်ပြီးတော့၊ ဒါမှမဟုတ် မက်လုံးပေးပြီးတော့ (အမှုကို ဝန်ခံပေးရင် မိသားစုကို ထောက်ပံမယ်ဆိုတာမျိုး) ဝန်ခံစေတာမျိုးဖြစ်မလားလို့ တွေးမိလိုက်တယ်။ (သတင်းတွေဖတ်ရတာတော့ အားလုံးက ခြိမ်းခြောက်တယ်လို့ပဲ မှန်းနေကြပါတယ်။ ခိုတောင်ကျွန်းမှာ မြန်မာလုပ်သားတွေနဲ့ ထိုင်းရဲတွေ အဆင်မပြေတဲ့အကြောင်းကလည်း […]


“ နှလုံးသား မဲ့ တဲ့ သူ ………..”     သူဟာလေ ………………………………………………………….. တစ်ခါ တစ်ခါ မှာ                     ချစ်တတ်သူ တစ်ခါ တစ်ခါ မှာတော့               ညစ်တတ်သူ တစ်ခါတစ်ခါမှာ                     ရစ်တတ်သူ တစ်ခါတစ်ခါမှတော့                လစ်တတ်သူ တစ်ခါ တစ်ခါ မှာ                    သနားတတ်သူ တစ်ခါ တစ်ခါ မှာ တော့            စားတတ်တဲ့သူ တစ်ခါတစ်ခါမှာ                     ပါးနပ်သူ တစ်ခါတစ်ခါမှာတော့              မှားတတ်သူ တစ်ခါ တစ်ခါ မှာ                    ညှာတဲ့သူ တစ်ခါ တစ်ခါ မှာ  တော့                    […]


padonmarOctober 6, 20141min74114
သူ့ကို ကျမစသိခဲ့တာ သူငယ်တန်းတုံးကပါ။ ကျမတို့ခေတ်က သူငယ်တန်းလေး၊သူငယ်တန်းကြီးဆိုပြီး ၂နှစ်နေကြရပါတယ်။ သူငယ်တန်းလေးမှာ ပထမအစမ်းစာမေးပွဲဖြေအပြီး ကျမအပါအဝင် ၃ ယောက်ကို ဆရာမက သူငယ်တန်းကြီးကို အတန်းတင်ပေးလိုက်ပါတယ်။ အဲဒီမှာ ဒုက္ခနဲ့ လှလှနဲ့ စတွေ့တာပါပဲ။ သူငယ်တန်းကြီးရဲ့ကျောက်သင်ပုန်းပေါ်မှာ ရေးထားတဲ့ သချင်္ာတွေကို ကျမ မဖတ်တတ်ပါဘူး။ သူငယ်တန်းလေးမှာ သင်တာ (+) နဲ့ (-) ပဲ ရှိသေးတယ်။ ကျောက်သင်ပုန်းပေါ်မှာ ဆရာမရေးပေးထားတာက (x)တဲ့၊အဲဒါ ဘာကြီးမှန်းမသိဘူး။ဘေးက ဂဏန်းတွေတော့ ဖတ်တတ်ပါရဲ့။အဲဒီဟာကြီးက ဘာလုပ်ရမှန်းကိုမသိဘူး။ဘယ်လိုရေးရ၊ဘယ်လိုအသံထွက်ရမှန်းလည်းမသိဘူး။ ဒါနဲ့ အတန်းသစ်မှာ ဆရာမ နေရာချပေးထားတဲ့ ရှေ့ဆုံးခုံကနေ ဘေးဘယ်ညာကို အားကိုးရှာလိုက်တော့ သူ့ကိုတွေ့ပါတယ်။ သူက ကျမကို သူ့စာအုပ်လေးထိုးပြတော့ သူရေးထားတဲ့အတိုင်း ကူးရေးလိုက်ပါတယ်။ (အဲဒီနေ့က အိမ်ရောက်မှ အကိုတွေ အမတွေကိုမေးကြည့်တော့ အဲဒါ […]