နောင် ရိုးAugust 17, 20141min71314
ခင်ပြီးနောက်မှာ…ကောင်မလေးရဲ့ စိတ်ရင်းကောင်းတာလေးတွေ၊ စိတ်မာချင်သယောင် ဆောင်ပြီး စိတ်အားငယ်တတ်တာတွေ….၊ ကျနော့်အပေါ် တစ်ခါတစ်လေတော့ သဘောကောင်းပြီး…တစ်ခါတစ်လေတော့ ချောက်ချတတ်တာတွေ…ခင်ဗျားတို့ကို ပြောပြဦးမယ်….။ အရင် ပိုစ့်မှာ ကျနော်…အဲ့ဒီလို ပြောခဲ့ပါတယ်…. သုံးနှစ်ကျော် ခင်ခဲ့တဲ့ထဲမှာ..သူမနဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ ဖြစ်ခဲ့တာတွေ ကျနော့်အမှတ်တရပိုစ့်တွေအနေနဲ့ ပြောပြချင်တယ်….။ ကဲ………ကျနော်…စ ပြောတော့မယ်နော်.. ကျနော် ပြောပြမယ်…။ ခင်ဗျားတို့သာ စဉ်းစားကြည့်ကြပါတော့…။ သူမဟာ…ဘယ်လိုမိန်းခလေးမျိုးဆိုတာ………..   ****************************************************************   တကယ်လို့…အဲ့ဒီကောင်မလေးကို နာမည်တစ်ခုသာ ပေးရမယ်ဆိုရင် သူ့ကို ကျနော်…”မိန်း” လို့ နာမည်ပေးချင်ပါတယ်…။ တကယ်လဲ သူဟာ ကျနော့်အတွက် Main ပါပဲ…။   ကျနော်တို့ ခင်ပြီးတဲ့နောက်…..   ဒီနေ့ ကျနော့်ကားလဲပြီး စိတ်တိုင်းကျတဲ့ ကားသစ်လေးနဲ့ မြောက်ကြွကြွဖြစ်နေတယ်…။ ရွှေညောင်ပင်ဘိုးဘိုးကို ဦးမတိုက်ရသေးခင်…အဲ့ကလေးမကို သွားကြွားမယ်ဆိုပြီး…ဖုန်းဆက်ကြည့်လိုက်တော့ […]


“ဖေစ်ဘုတ်ပေါ်က ကျနော်ရဲ့ မျက်နှာစာ ဓါတ်ပုံလေးများ  ထဲမှကျနော်နှစ်သက်သော (ဓါတ်ပုံပိုစ်)”                   ကျနော် ရိုက်ထားတာလေးတွေ ထဲက ကျနော် နှစ်သက် လို ့ ဖေစ်ဘုတ်မှာ ကာဗာ ဖို တို အဖြစ် သုံးခဲ့ တဲ့  ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 17-8-2014  


စဆရ ႀကီးAugust 17, 20141min3997
သူမမျက်နှာအား သေသေချာချာငုံ့ကြည့်နေမိသည်။ သူမအား တစ်ခါဖူးမျှ မမြင်ဖူးခဲ့ပေ။ တစ်ရံတစ်တစ်ခါများသော်မျှ ရင်းနှီးဖူးသည်ဟု ခံစားမိခြင်း အလျဉ်းမရှိ။ အဘယ်သို့နည်းနှင့်များ သူမအား သူငုံ့ကြည့်နေမိပါသနည်း??? သူမသည် သူ၏ရှေ့မှောက်သို့ မဖိတ်ခေါ်ပါပဲနှင့် ရောက်လာလေသော မုန်တိုင်းတိုက်ပြီးစ လေပြေလေညှင်းလေအလား။ အေးမြစေအောင် တိုက်သော်လည်း လေ ဆိုသည်နှင့် ကြောက်နေသူများအား ခြောက်လှန့်နေသော တစ္ဆေတစ်ကောင်လေအလားပင်။ သူစိမ်းနှစ်ယောက် သူစိမ်းဆန်စွာတွေ့ဆုုံခြင်းများမှာ အနည်းငယ်တော့ လောကဝတ်လေးတော့ ရှိသင့်ပေသည်မလား။ ခုများတော့ အရင်းနှီးဆုံးသူစိမ်းတွေ တွေ့ဆုံခြင်းမှာ စိမ်းစိမ်းကားကားနှင့်..။ ” ရော်…. ခက်လိုက်တာ အပြုံးတစ်ပွင့်သာရယ်ပ ခပ်ဟဟ သူ(မ)ရယ်ပြတာ ဘဇာကြောင့်များ တုန်ခြောက်ခြားလဲ မျက်နှာမှာ အပြုံးတွေ ခိုတွဲနေတာပဲ အဓိပ္ပါယ်တွေ ဖွင့်မနေပါနဲ့တော့ ဟက်တက်ကွဲရင်ကြီးကိုဖွင့်ပြီးပဲ ရဲရဲကြီး ကြိုလိုက်ပါကွယ် လွမ်းရမယ့်သူတွေမှ မဟုတ်ပဲ “ ++++++++++++++++++ ရှူံ […]


မြစပဲရိုးAugust 17, 20144min54017
ဖြေးဖြေးချင်း ကြည့် ကြပါလော့။ (၁) လီလီပန်း (၂)  ကြောင် (၃) ဖရဲသီးစိတ် (၄) လာဗင်ဒါ (၅) အသီး (၆) ဒေလီယာ (၇) အိမ် (၈) ကမ္ဘာ (၉) စံပယ် (၁၀) စိန်ကြက်ဆင် (၁၁) မြစာကလေး (ဟိ) ရွာ့ နာမည်ကျော် ဆြာကြီး စိန်ကြက်ဆင် နဲ့ ဆြာမကြီး မြစာကလေးတို့ မငြိမ်းချမ်းရေး မတွေ့ဆုံ ပွဲ ကြီး တုန်း က ရှားရှားပါးပါး လျှပ်တစ်ပျက် ရလိုက်တဲ့ ပုံတွေ ပါ။ ဆြာကြီး စိန်ကြက်ဆင် ရဲ့ ခေါင်း က မူလီချောင် နေလို့ မူလီကျပ် ထားရတာတဲ့။ (သူခေါင်း က […]


ရွာသူရွာသားများကို ကြုံတုန်းလေး မာကက်တင်းဝင်သွားတယ်လို့တော့မထင်ပါနဲ့နော်။ တကယ်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို  ကြော်ငြာဝင်သွားတာလို့သဘောထားပေးဗျာ။ အထက်က မျက်နာဖုံးလေးကိုတွေ့တဲ့အခါ ဒါ တို့ရွာသားလို့ ပြောမိသွားမယ်ထင်ပါတယ်။ ခုချိန် ဒီစာအုပ်လေးဖြစ်မြောက်လာတော့မယ်ဆိုတာနဲ့ ကျွန်တော်ဘယ်ကနေ စတင်ဝင်ရောက်စာတွေရေးဖြစ်ခဲ့သလဲ ဆိုတာကို ပြန်အမှတ်ရတယ်ဗျ။ လွန်ခဲ့တဲ့ ခန့်မှန်းခြေ ၂၀၁ဝ လောက်မှ ရွာထဲကိုစတင်ဝင်ရောက်ဖြစ်ခဲ့တဲ့ ကျွန်တော် ရွာသူ ရွာသားတွေရဲ့အားပေးဖတ်ရှုမှုနဲ့ ကြိုးစားရေးသားဖြစ်လာရင်က ခုဆို ရည်မှန်းထားတဲ့ အနေအထားတစ်ခုကို အတိုင်းအတာတစ်ခုလောက်အထိရောက်ခဲ့ပြီလို့ပြောလို့ရခဲ့ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ လွိုင်ကော်က စာရေးသူ ကလောင်ရှင် (၅)ဦးရဲ့ “အက္ခရာ ငါးစင်း” ဆိုတဲ့ ဝတ္ထုတို စုစည်းမှုစာအုပ်လေးကို အကောင်အထည်ဖော် စီစဉ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်လေးထဲမှာ စာရေးသူတစ်ဦးလျှင် ဝတ္ထုတို (၃)ပုဒ်ပါဝင်ရေးသားထားကြပါတယ်။ မဂ္ဂဇင်းများထက်မှာ ဖော်ပြပြီးသား ဝတ္ထုများပါသလို အသစ်များလည်းပါဝင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ဘဝမှတ်တိုင်လေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ ရွာသူရွာသားများကို မိတ်ဆက်တဲ့အနေနဲ့ရော […]


  လွန်ခဲ့သော ၂ရက်ခန့်က ဖြစ်သည်။ ကျနှတ်တို့၏ ဇာတ်လိုက်ကျော် အလွတ်စုံထောက် စိန်ကြက်ဆင် တယောက် ကျနုတ်၏ ရုံးခန်းရှိရာ ပန်းဆိုးတန်းလမ်း အထက်ဘလောက်သို့ ဆိုင်းမပါ ဗုံမဆင့် ရောက်ရှိပြီး သကာလ မဆိုင်းမတွပင် အောက်ပါစကားကို ပြောလိုက်လေတော့သည်။ စိန်ကြက်ဆင်။ ကဲ ကိုယ့်လူရေ ခင်ဗျားတို့ စာအုပ်တိုက်အတွက် အလွန်တရာ အရောင်းသွက်စေမဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းကြီး တပုဒ်တော့ ရလာလေရဲ့…. ၊ အကြောင်းစုံ ပြောရမှာတော့ဖြင့် အချိန်လိုတာမို့ မင်္ဂလာတောင်ညွန့် မဆလာစက် မှတ်တိုင်နားက မပြူး(မျက်ပြူး)တို့ အသုပ်ဆိုင် သွားကျစို့ဗျာ….. ၊ အိုက်မှာ ကျုပ်လိုက်လာတဲ့ အမှုအကြောင်း ပြောရင်း အသုပ်လည်းစား ဟိုဘက် ကုလားဘုရားကျောင်း ရေတံလျှောက်က ကျလာတဲ့ မိုးရေကို ဒန်ဇလုံနဲ့ခံထားပီး ပြန်ကျိုလို့ လက်ဖက်ခြောက် […]


ခင္ခAugust 16, 20141min3183
” ကဲ ဘယ်လိုလဲ “   ကဲ ကဲ ဘယ်လိုလုပ်ကြမှာလဲ……….. ၆၅ ကျပ် နဲ့ လျှော့ဈေးပေးမယ်ဆိုရင် ယူကြမှာလား၊ ဈေးဖွင့်တုန်း လူမစည်ခင် စောစောစီးစီး လိုချင်တဲ့ဈေးကို တောင်းထားပါလား နောက်မှ ဘာဖြစ်တယ် ညာဖြစ်တယ် မပြောနဲ့နော် လူတိုးလာရင်တော့ ဒီဈေးရ မရ မသေချာဘူး ဟိုဘက်ကတော့ ဝယ်ဝယ် မဝယ်ဝယ် အမြတ် ၂၅% ဖိုးက အရင်ကထဲက တင်ထားပြီးသားလေ အဲဒါကတော့ သွားထိလို့မရဘူး အဲဒါကြိုယူထားတဲ့ အမြတ်ဖြစ်နေလို့လေ။ အမှန်က အဲဒီကြိုယူထားတဲ့ အမြတ်ကို ၁၀% လောက်ဘဲ ထားပါလား ဘာလားဆိုပြီး လျှော့ခိုင်းရမှာ။ ဒါပေမယ့် လူကြိုက်များတဲ့ ဟို ကုန်ပစ္စည်းကိုတော့ လွယ်လွယ်နဲ့ လက်လွှတ်ပါ့မလား အဲဒါလည်းထဲ့စဉ်းစားပေါ့ ဘာဘဲဖြစ်ဖြစ် အတင်းဇွတ်ယူသင့်ရင်တော့ […]


နောင် ရိုးAugust 16, 20141min50514
ကျနော်…ခန့်မှန်းရခက်တဲ့လူတွေထဲမှာ….ဒီကောင်မလေးက ထိပ်ဆုံးက ပါတယ်….။ သူမက တစ်ခါတစ်လေမှာ…သနားတတ်တယ်…၊ တစ်ခါတစ်လေကျတော့ သွေးအေးအေးနဲ့ ရက်စက်တတ်ပြန်ရော..။ တစ်ခါတစ်လေမှာ…ခက်ထန်နေတတ်ပြီး…တစ်ခါတစ်လေတော့လဲ ထင်မထားတတ်လောက်အောင်ထိ ပျော့ပြောင်းနေတတ်တယ်…။ မျက်လုံးဟာ…စိတ်ရဲ့ ပြတင်းပေါက်တစ်ခုသာဆိုရင်…သူမရဲ့မျက်လုံးဟာ…အချိန်မရွေးအရောင်ပြောင်းသွားနိုင်တဲ့ ကောင်းကင်တစ်ခုပါပဲ….။ ထိုသူမကို နောက်တစ်ခါ ပြန်တွေ့ဖို့ ကျနော် လေးလကျော်လောက်ထိ ကြာသွားခဲ့တယ်..။ အဖေတို့ အမေတို့နဲ့ Ocean သွားပြီးအပြန် ဗိုက်လဲဆာ..၊ လမ်းလဲကြုံတာကြောင့် ၈မိုင်က ရွှေဘဲဆိုင်ထဲ ကျနော်တို့မိသားစု ဝင်ခဲ့ကြတယ်…။ ဘယ်ဘဝက အကျိုးပေးကြောင့်တော့မသိဘူး….၊ ဆိုင်ထဲမှာ အလကားပေးနေသလိုကို လာစားကြတဲ့လူတွေ တစ်ပုံတစ်ပင်…. စားပွဲထိုးလေးကို ခုံနေရာ ရပါ့မလား..မေးတော့ တစ်ဝိုင်းတော့ လွတ်သေးတယ်အကို ဆိုတဲ့ပြောစကားကြောင့် အဲ့ဒီလွတ်နေတဲ့နေရာကို ငယ်ငယ်က တိုင်ဦးတိုင်းဆော့ကြတဲ့ ကလေးတွေလိုပုံစံမျိုးနဲ့ ကျနော်တို့ မိသားစုတွေ အပြေးအလွှား ချီတက်နေတဲ့အချိန်…. “ဟာ…ဗိုလ်မှူး…ရန်ကုန်ကို ဘယ်တုန်းကရောက်လဲ…” အဖေ့ဆီက အဲ့လိုအသံမျိုးထွက်သွားတော့ ကျနော် […]


ခင္ခAugust 16, 20141min3407
” ငါ့ဘဝ မနက်ခင်း “   မနက်မိုးလင်း ကျေးဌက်တို့မြူး သံစုံကျူး ပဲပြုတ်သယ်က အော်သံစူး ဗိုက်ဆာကလေး ငိုသံထူး ကျောင်းသွားမည့်သူ ထကာမြူး ရုံးဝန်ထမ်းက ရုံးအိတ်ပြင် အိမ်ရှင်မခဗျာ မီးဖိုချောင်ဝင် မိုးလင်းတာနဲ့ စက်ရုပ်လိုပင် နေ့တဓူဝ ပြုကြအမြဲပင် ရှောင်လွဲမရ ငါ့ဘဝ မနက်အစဉ်။   ခင်ခ။


Ko chogyiAugust 16, 20141min100626
အချိန်ကာလက လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ခန့် မြန်မာနိုင်ငံ ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေး မဆင်နွှဲမှီ ၂ နှစ်အလို (၁၉၈၆ ခုနှစ်လို့ ရေးရင်ရသားနဲ့) ကျွန်တော့်မွေးဇာတိမြို့လေးရဲ့ အထက(၂) ဆိုတဲ့ ကျောင်းတော်ကြီးမှာ ဆဌမတန်းပညာသင်ကြားနေချိန်ပေါ့ မြို့နယ်လဝက ကနေ ကျောင်းမှာ နိုင်ငံသားစိစစ်ရေးကဒ်တွေလာလုပ်ပေးပါတယ် ကျွန်တော်တို့ ကျောင်းသားတွေ စာမသင်ရဘဲ ရုတ်ရုတ်သဲသဲနဲ့ဆိုတော့ ပျော်တာပေါ့ ကျွန်တော်အလှည့်ရောက်တော့ ဖြည့်လိုက်ရတဲ့ပုံစံတွေ ဆွေစဉ် ရ ဆက်အမှန်ဖြည့်ရတာလက်ကို ညောင်းရော ကျွန်တော်က မိဘတွေနဲ့ခွဲပြီး ညီအစ်ကိုနှစ်ယောက်တည်း နေခဲ့တာဆိုတော့ အချက်အလက်တွေ မှတ်ထားသလောက် ကြိုးစားဖြည့်ရတာပေါ့ အဖေရဲ့အမေ ကျွန်တော့်အဖွားက အဖေညီကျွန်တော်ဦးလေးနဲ့ ကျုံပျော်ဆိုတဲ့မြို့လေးမှာလိုက်နေတာ အဲဒီအချိန်မှာလည်း ကွယ်လွန် သွားပြီ ဒါကြောင့်မို့ အဖွားမှတ်ပုံတင်အမှတ်မသိလို့ ကွယ်လွန်ဆိုပြီးတော့ပဲ ဖြည့်လိုက်တယ် အဲဒါကို လဝက ဦးဦးကြီးက မင်းအဖွားဆုံးတဲ့နှစ်က မှတ်ပုံတင်တွေလုပ်ပေးပြီးတဲ့ နှစ်မှာဆုံးတာ မှတ်ပုံတင်မရှိလို့မရဘူးတဲ့ အဲဒီနံပါတ်မရရင်မင်းလည်း မှတ်ပုံတင်မရဘူးတဲ့ အဲဒါနဲ့ကျုံပျော်ကို ဖုန်းမရမကခေါ် ဦးလေးရုံးကတစ်ဆင့် ဦးလေးကိုမေးပြီး ဖြည့်ခဲ့ရတယ် အဲဒီအချိန်က တယ်လီဖုန်း ခေါ်တာမလွယ်လှဘူး ကျောင်းကနေ […]


  “သမင်လည်ပြန်……လွမ်းချင်း”   တကယ်ပြန်တွေးရင် ဘဝဆိုတာ ကိုယ့်အရိပ်ကို် ကိုယ်ပြန်ငုံ့ကြည့်ရင်း ခံစားချက်တွေက ကိုယ့်အပေါ်ကို တဖွဲဖွဲ ပြန်ကျနေတတ်တာမျိုးပေါ့။   ကိုပေါက်လက်ဆောင် အတွေးစဉ် 16-8-2014


    အရင်ကတော့ ကျနော် ရှု့ခင်းတွေဘဲရိုက်ပါတယ်။ အခုနောက်ပိုင်းတော့ မော်ဒယ်တွေလဲ ရိုက်ပါတယ်။   ရိုက်ထားတာ တွေ ထဲ က လှသောအပြုံးကိုဆောင် တယ် လို့ ထင် ရ တဲ့ပုံများကို ရွှေးပြီးတင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 15-8-2014


နောင် ရိုးAugust 15, 20141min53020
စိတ်ထိခိုက်စရာတွေ ကြုံတိုင်း…ဝဲတက်လာတဲ့မျက်ရည်စတွေကို ထိန်းဖို့ ခေါင်းကို ဆတ်ခနဲမော့ပြီး…“ကောင်းသွားမှာပါ….ပြန်ကောင်းသွားမှာပါ… ”လို့ ပြောရင်း မာန်တင်းတတ်တဲ့ အဲ့ဒီကောင်မလေးနဲ့ ကျနော် ဘယ်လိုဆုံခဲ့တယ်ဆိုတဲ့အကြောင်း…ခင်ဗျားတို့ကို ပြောပြမယ်….   လွန်ခဲ့သော…သုံးနှစ်ကျော်ကာလ…. အဲ့ဒီနေ့ အင်းယားရဲ့ညနေခင်းကောင်းကင်ဟာ…တိမ်ကင်းစင်ပြီး..ကြည်ကြည်လင်လင်လေးနဲ့ လှနေခဲ့တယ်…။ သိပ်မကြာခင်ရောက်လာတော့မယ့် ညရှုခင်းကို ကြည့်ဖို့ ကျနော်တို့ သူငယ်ချင်းတစ်သိုက်…ဂစ်တာ (၂)လက်၊ ဘီယာဘူးကိုယ်စီကိုင်ပြီး…ကန်ဘောင်ပေါ်ကို ခြေဦးလှည့်ခဲ့တဲ့ ညနေပေါ့…။ ကျနော်တို့လို့ဆိုတဲ့ထဲမှာ..ကျနော်ရယ်၊ တီတီး၊ မင်းမြတ်သွေး၊ ဂျန် နဲ့ အောင်လင်းရည်… အင်းယားဟာလဲ ပိတ်ရက်ညနေခင်းတို့ရဲ့ ထုံးစံမပျက် ယောကျာင်္းသံ၊ မိန်းမသံ၊ ကလေးတွေအသံနဲ့ အင်းယားပီသနေခဲ့တယ်….။ လူနည်းနည်းရှင်းတဲ့ IBC နားက မြက်ခင်းပေါ်နေရာယူရင်း ကျနော်တို့အဖွဲ့..ရောက်တတ်ရာရာတွေ ပြော၊ ဘောလုံးအကြောင်း၊ မိန်းခလေးတွေအကြောင်း၊ တခြားသူငယ်ချင်းတွေအကြောင်း၊ ဟိုအဆိုတော်မင်းသမီးတင်ပါး ဈေးကြီးတဲ့အကြောင်း… “ဟင်…သေသွားပြီလားဟင်…သေသွားပြီလား…” မိန်းခလေးအသံစူးစူးတစ်ခုကို ကြားလိုက်ရလို့…ကျနော်တို့အဖွဲ့အာရုံတွေ အဲ့ဒီအသံရှင်ဆီကို ရောက်သွားတယ်….။ […]