ယခုလ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ ရန်ကုန် စက်မှုတက္ကသိုလ်၊ ဗိသုကာဌာန၊ ပါမောက္ခဟောင်း ဦးမျိုးမြင့်စိန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ {ဆောင်းဦးပန်း} ၁။ ဆရာ့ဇာတိနဲ့ ကိုယ်ရေးအကျဉ်းပြောပြပေးပါ။ ကျနော့်ဇာတိက မန္တလေး။ မေမြို့အထက်တန်းကျောင်း St Albertsကျောင်းကနေ အထက်တန်းအောင်ပြီး မန္တလေးတက္ကသိုလ်မှာနှစ်နှစ်တက်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကနေ BSc Engineering, Architectဘွဲ့ရခဲ့တယ်။ University of Michigan ကနေ ၁၉၆၁မှာ ဘွဲ့ရပြီး ၁၉၆၃မှာ ရန်ကုန်ပြန်ပြီး RITမှာ ဆရာပြန်လုပ်တယ်။ ၁၉၇၁ကနေ ၁၉၈ဝထိ ဗိသူကာဌာန၊ ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်တယ်။ ၁၉၈၁မှာ မြန်မာပြည်ကိုလျော်ကြေး ငွေ၅သောင်းကျပ်ပေးပြီး USကို ထွက်လာတယ်။ USမှာ တောက်လျှောက်အလုပ်လုပ်ပြီး ၂၀၀၂မှာ ပင်စင်ယူပါတယ်။ ၂၀၀၄မှာ အပြီးအစီးနားရတယ်။ ဇနီးဒေါ်ခင်သက်ဝင်းက အထက၂လသာနဲ့ International Schoolတွေမှာ ဆရာမအလုပ်လုပ်ခဲ့တယ်.။ သမီးတယောက်၊ သားတယောက်၊ […]