Mon LayApril 27, 20181min45592
ဒီတစ်ခါကတော့ မွန်လေးကို Hotel Grand United Ahlone ကဖိတ်ခေါ်မှုနဲ့ မနက်စာသွားစားဖြစ်ခဲ့ပါတယ်။ #နေရာ ဟိုတယ်လေးကတော့ အလုံမြို ့နယ်၊ဗဟိုအမျိုးသမီးဆေးရုံရှေ ့တည့်တည့်မှာရှိတာပါ။ သွားရလာရတာတော့ တော်တော်လေးလွယ်ကူပါတယ်။ #အခင်းအကျင်း 2nd floor မှာ မနက်စာကိုသပ်သပ်ရပ်ရပ်နဲ့ အသေအချာလေးခင်းကျင်းထားတာကိုတွေ့ရတော့ဗိုက်ကမရတော့ဘူးလေ…မြင်တာနဲ့စားချင်သွား တာပေ့ါ။ပြီးတော့ စားတဲ့နေရာကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်စရာလည်းမလိုတော့ဘူးလေ။အစာစားနေရင်း နဲ့ကိုမပျင်းရလေအောင် ဘက်စုံထောင့်စုံမှာ TVတွေထားပေးထားတော့ မိုက်တာပေါ့။ #အစားအစာ ကျွေးတဲ့အစားအစာကလည်း International Buffet ဖြစ်တဲ့အပြင် မြန်မာအစားအစာအနေနဲ့မုန့်ဟင်းခါး၊ပေါက်စီ၊ကောက်ညှုင်းပေါင်းနဲ့ ခေါက်ဆွဲ ပြုတ်၊ကြာဇံပြုတ် တို့ကိုအသားမျိုးစုံနဲ့လည်းစားလို့ရလို့အရမ်းကိုအဆင်ပြေတဲ့မနက်စာလေးပါ။ စားသောက်ဆိုင်နာမည်လေးကလည်း Carpe Diem Restaurantတဲ့။ In house guestတွေကတော့ complimentary ပါ။ အပြင်ကနေလာစားကြမယ့်သူများအတွက်ကတော့ တစ်ယောက်ကို  15$ပါ။ မြန်မာငွေပေးလည်းရပါတယ်။ သူတို့ဟိုတယ်ပေါက်ဈေးနဲ့ပေါ့နော်။ ကဲ တစ်ခါလောက်ဟိုတယ်မှာ […]


တိုရှည်? တိုရှည်အသံကြားရင်လည်း မေမေ့ကို သတိရမိပြန်ရော။ တိုရှည်စားချင်တယ်ဆို ငယ်ငယ်ကရောင်းခဲ့ မုန့်အိုးကရှိပြီးသား။ အဲ့သည်မုန့်အိုးကိုလည်း ဖိုးဖိုးကိုယ်တိုင်လုပ်ပေးခဲ့တာတဲ့။ အဲ့တုန်းက ဖိုးဖိုးကတွင်ခုံလုပ်တာကိုး။ မေမေ ခေါက်မုန့်ရောင်းမယ်ဆိုတော့ မုန့်လုပ်တဲ့ အိုးရယ် ကလော်တဲ့ယောင်းမရယ်ကို ဖိုးဖိုးကိုယ်တိုင် လုပ်ပေးခဲ့တယ်။ အဲသည်အိုးနဲ့ယောင်းမကတော့ အခုထက်ထိ ကျတော်တို့ဆီမှာ ရှိတုန်းပါပဲ။ မေမေ့လုပ်တဲ့ တိုရှည်ကိုတော့ ဘယ်သူ့မှမမီ။ ပဲဟင်းဆိုတာ ကုလားပဲကိုလှော်ကြိတ်ပြီးဖျော် ပျဉ်းတော်သိမ်းနဲ့ငရုတ်သီးတောင့်ကို ဆီးသတ်ပြီးထည့်။ နောက်ပြီး အခုသိပ်မတွေ့ရတော့တဲ့ ပဲမှုန့်အစပ်မှုန့်။ အခု ပဲမှုန့်အချိုမှုန့်ကိုပဲ များများတွေ့ရတော့တယ်။ ကုလားပဲကိုလှော် ထောင်းပြီး ငရုတ်သီးနဲ့ကြက်သွန်ဖြူကြိတ်ရော။ တိုရှည်ထဲကို ဖြူးပြီးစားရတာ အရမ်းကောင်း။ မေမေ မုန့်နှစ်စပ်ပုံကလည်း ကောင်းတာကို။ ဆန်ကြိတ်မယ့်အထဲကို မတ်ပဲ (မုန့်ဆွဲလို့ကောင်းတယ် စိမ့်တယ်။ မတ်ပဲက ချွဲတာကိုး)။ ရွအောင် ရွှေကြည်နည်းနည်းထည့်တယ်။ မွအောင်ဆိုပြီ မုန့်ကြိတ်ခါနီး ထမင်းလက်တစ်ဆုပ်လောက်ထည့်ကြိတ်တယ်။ […]


Mon LayApril 25, 20181min1280
ကလေးတွေကို ခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ဒီသင်ခန်းစာကိုထည့်ပြီးသင်ပေးလာတယ်လို့သိရပါတယ်။ အရှေ ့နိုင်ငံတွေမှာလည်း ဒီလိုသင် ခန်းစာကိုထည့်ပြီးသင်ပေးနိုင်ရင် သိပ်ကိုကောင်းမှာပဲ။ (၁) နှလုံးသားဖြင့် သူတစ်ပါးကို စာနာနားလည်အောင် ခံစားစေ ခြင်း (၂) ကြင်နာခြင်းနှင့်ဆိုင်သော အ တုယူဖွယ်ပုံပြင် ဇာတ်လမ်းများကို ဖတ်ပြခြင်း (၃) ကလေးများ၏ တစ်နေ့တာ မှာ မည်သည့် ကောင်းမှုပြုခဲ့သ လဲမေးမြန်းခြင်း (ဥပမာ – အဘိုး ကို မျက်နှာသစ်သုတ်ပဝါ ရှာပေးခြင်း၊ အမေ့ကို အခန်းတံခါးဖွင့်ပေးခြင်း၊ ကစားစရာ အရုပ်မရှိသော သူငယ်ချင်းကို ကစားစရာပေးခြင်း) (၄) သူတစ်ပါးကို ကူညီပေးလိုက် ရသည့်အခါ မည်သို့ကြည်နူးရ သည်ကို ပြန်လည်ပြောပြခိုင်းခြင်း (၅) သူတစ်ပါးနှင့် စားစရာမျှဝေ စားရန်၊ ကစားစရာမျှဝေကစား စေရန်၊ အလှူအတန်း လုပ်ရသည်ကို […]


ငါးဆုပ်ဆိုရင် မေမေကျွေးတဲ့ ငါးဆုပ်ပဲသိခဲ့တာ။ ငါးဖယ်ခြစ်ဆိုတာ ကိုဈေးကြီးတာနဲ့ မေမေက ဈေးထဲသွားရင် ငါးအရိုးနဲ့အရေခွံတွေဝယ် အရိုးကအသားကိုခြစ် အသားငါးဆုပ်လုပ် အရေခွံကိုကော်မှုန့်နဲ့ထောင်း အရေခွံငါးဆုပ်လုပ်။ ကျန်တဲ့အရိုးကို ဟင်းချိုချက်။ တစ်အိမ်လုံးစားမှ (၁၀၀၀)ကျပ်တောင်မကုန်။ ဘယ်လိုပဲဈေးနည်းပါစေ မေမေချက်ကျွေးတဲ့ ဟင်းတွေဟာ ဈေးတန်ပြီး အတော်စားလို့ အဆင်ပြေခဲ့တာ။ မုဆိုးမဖြစ်ပြီး သားသမီးငါးယောက်ကို အိမ်ပိုင်နဲ့ထားနိုင်တယ်ဆိုကတည်းက မီးဖိုချောင်နိုင်နင်းခဲ့တာ။ ခရေပန်းတွေ ကျတော်ချစ်တယ်။ သစ်ပင်တွေကို ကျတော်ချစ်တယ်။ ဘဝအစိတ်အပိုင်းတွေထဲမှာ ခရေပန်းလေးတွေဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာပါပဲ။ ဖေဖေဆုံးပြီး မေမေကဈေးတစ်ခုမှာ ဘော်လီချုပ်ဆိုင်လေးဖွင့်တဲ့အချိန်ပေါ့။ အဲ့တုန်းက ခရေပန်းတစ်ကုံးငါးကျပ်။ ခရေပန်းကောက်ရောင်းမယ်ဆိုပြီး။ အိမ်နားက ရှိသမျှ ခရေပင်တွေမှာလိုက်ကောက်ပြီး ကျောင်းစားရိတ်ရှာခဲ့တာတွေ။ မိုးတွေရွာချလို့ ခရေပန်းတွေ အများကြီးကြွေတဲ့အချိန် မေမေနဲ့အတူတူ ခရေပန်းတွေကောက်ခဲ့ရတာလည်း အမှတ်တရပါပဲ။ လွမ်းတယ် မေမေ။ ——————- ရင်နှင့်ရင်း၍


ဖေဖေဟာ မေမေ့ကို သိပ်ချစ်ခဲ့လို့ ယူခဲ့တယ်။ မေမေဟာလည်း ဖေ့ဖေ့ကို သိပ်ချစ်လို့ လက်ထပ်ယူခဲ့တယ်။ သားသမီး (၄)ယောက် ရအပြီးမှာတော့ ဖေဖေဟာ မေမေဆီကနေ ပျောက်ချင်းမလှ ပျောက်သွားတယ်။ သူ့ရဲ့ ဒုတိယလူဆီကိုပေါ့။ အဲ့တုန်းက မေမေဟာ ဘယ်လိုမှ မခံစားနေဘူးတဲ့။ သူ့ဖာသာ အေးဆေးစွာ အလုပ်တွေဆက်လုပ်နေခဲ့တယ်။ မျက်ရည်တွေနဲ့လည် ငိုကြွေးမနေခဲ့ဘူး။ လအနည်းငယ်ကြာတော့ ဖေဖေဟာ မေမေ့ဆီပြန်ရောက်လာခဲ့တယ် နွမ်းလျတဲ့အကျင်္ ီပုဆိုးနဲ့ပေါ့။ ဒါပေမယ့် ဖေဖေဟာ ဒုတိယလူဆီပဲ ပြန်လည်သွားဖို့ ဟန်ပြင်ပြန်တယ်။ အဲ့သည်အချိန်မှာ မေမေဟာ ဖေဖေ့ကိုမတားဆီခဲ့ဘူးတဲ့။ အဝတ်အစားတွေထည့်ပေးပြီး ဖေဖေ့အိတ်ကပ်ထဲကို ပိုက်ဆံတောင် ထည့်ပေးလိုက်သေးတယ်။ အရင်လိုပါပဲ လအနည်းငယ်အကြာမှာ ဖေဖေပြန်လာခဲ့ပါတယ်။ အဲ့သည်နောက ်မေမေ့ထံကနေ ဖေဖေသေတဲ့အထိ ဘယ်မှာမသွားတော့ပါဘူး။ မေမေ့နေရာမှာ ကိုယ်သာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အဲ့သည်အကြောင်းတွေ မေမေပြောပြကတည်းက […]


Mon LayApril 23, 20181min31070
ခရီးတွေသွားပြီး review တွေပြန်ရေးတယ် ခုတစ်ခါ အရမ်းကိုကြိုက်ခဲ့ရတဲ့ရုံတင်ကားတစ်ကားအကြောင်းကိုလည်းreview ရေးချင်ပါတယ်။ ဘာလို့ ဆိုခါတိုင်းပြနေတဲ့ ချစ်ကြိုက်ကွဲညား မဟုတ်ဘဲ ကွဲထွက်သွားတဲ့အပြင် နာမည်ကြီး မင်းသမီးကြီးတွေနဲ့ မင်းသမီးငယ်တွေပါ ဖက်ရှင်ဒီဇိုင်းကျကျ လှလှပပဝတ်ပြီး Fighting Action ပီပီသရုပ်ဆောင်ထားကြလို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုမွန်လေးသိပ်ကြိုက်တယ်လေ။ ကိုယ်ကြိုက်တဲ့မင်းသမီးလည်းပါတယ်။ ဖက်ရှင်ဒီဇိုင်းတွေလည်းလန်ပြန်ထွက်ဆိုတော့…အိုးအို။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ မခိုင်ကြီးက မေနက္ခတ်တဲ့။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပေါ့။ ဘယ်လောက်ထိ ချမ်းသာလဲဆို ရင် ကိုယ်ပိုင်လေယာဉ်တွေ တောင် ပိုင်ဆိုင်တဲ့အထိချမ်းသာ တာပါ။ နောက်ပြီးသူက မိဘမဲ့ ကျောင်းတွေလိုမျိုး လိုအပ်တဲ့နေ ရာတွေမှာလည်း အရမ်းကိုလှူပါ တယ်။ သူ့မှာ ထူးခြားနေတဲ့ အ ရာတစ်ခုကတော့ သူကမိန်းက လေးချင်း စိတ်ဝင်စားတဲ့သူတစ် ယောက်ပါ။ အဲဒါကြောင့် သူ့ဘေး နားမှာ ဖက်ရှင်ကျကျနဲ့ ချောချော […]


kaiApril 23, 20181min85612
– မြန်မာနိုင်ငံ သမ္မတသစ် ဦးဝင်းမြင့်၏ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းကျိန်သတင်း။ – မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမျက်နှာဖုံးသတင်း။ – Burmese American Medical Association ၏နှစ်ပတ်လည်ညစာစားပွဲသတင်း။ – မောင်စွမ်းရည်၏”မန်းတက္ကသိုလ်ကလောင်ရှင်များအသင်းဆောင်းပါး။” – အကယ်ဒမီမေဝင်းမောင်နှင့်တွေ့ဆုံခြင်း။ – ဧပြီအလှပန်း မေလင်းဖြူ။ – မသန္တာအောင်(ဆေးပညာဘွဲ့)၏ အရိုးပွ၊ အရိုးကျိုးရောဂါ။ – ဒေါက်တာအောင်ဇော်ထိုက်၏ တိရစ္ဆာန်မှကူးစက်သောရောဂါများ။ – ဆရာထွန်း(တဆ-၂၂၂၁)- ဆေးဖက်ဝင်ကမ်းဇော်ဆီ။ – ဆရာမျိုးမြင့်ကေ ျာ်ရဲ့ အင်္ဂင်္လိပ်စာသင်္ခန်းစာဆောင်းပါး။ – မောင်မိုးညိုရဲ့ယာဉ်တိုက်မှုဖြစ်ခဲ့သော် အသိပညာပေးဆောင်းပါး။ – တိမ်မည်းရဲ့ အဝေးရောက်အလုပ်ခွင် ဆောင်းပါး။ လစဉ်ဖော်ပြနေကျ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံအက်ဆေး၊ ဗေဒင်၊ ဟင်းချက်နည်း သုတ၊ ရသစုံလင်စွာဖြင့် သင်္ကြန်အကြို ၂၀၁၈ခုနှစ်၊ ဧပြီလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ နီးစပ်ရာမြန်မာစတိုးဆိုင်များ၊ […]


Foreign ResidentApril 20, 20181min39010
Putin will NOT accept defeat and nuclear war is INEVITABLE – စစခြင်းတုန်းကတော့ ၊ US ရဲ့ ကိုယ်ပျောက်ဒုံး Stealth Cruise Missile ( JASSM ) ၂ စီး ၊ မပေါက်ကွဲလို့ ဆီးရီးယားက ရုရှားကို ပို့ပေးလိုက်ကြောင်း ဖတ်နေတာ ။ – နောက်တော့ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း နှင့် ၊ အင်တာဗျူးထားတဲ့ VDO ကို ကြည့်ပြီး ရေလည် စိတ်လေသွားတယ် ။ အဲ့ဒီ အင်တာဗျူးမှာ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဖြေထားတာ ၊ – “Of course Russia […]


ဇီဇီApril 19, 20187min322913
ကြက်ကြော်ဆိုတော့က ဆီရှိရင်ကြက်ရှိရင် ကြော်လို့ရတယ်လို့ပဲ အကြမ်းဖျဉ်း ပြောကြမပေါ့နော့။   ခုပြောချင်တဲ့ ကြက်ကြော်ကတော့ Crispy Fried Chicken လို့ခေါ်တဲ့ ကြက်ကြွပ်ကြော် မျိုးပါ။ ခုတလော ကိုယ့်တို့နိုင်ငံမှာလည်း ခေတ်စားလာ ဆိုင်မှာ သွားစားကြ လုပ်နေတာတွေရပါတယ်။ အဲတာနဲ့ လေ့လာကြည့်လိုက်တော့ နိုင်ငံတစ်နိုင်ငံဆီမှာ မတူညီတဲ့ နည်းစံနစ်နဲ့ အချိုးအစားတွေ ပါဝင်ပစ္စည်း အမျိုးအစားတွေ ကွဲပြားတဲ့ အလျောက်၊ သူတို့နိုင်ငံအလိုက် ရိုးရာ ကြက်ကြွပ်ကြော် တွေ ကွဲပြားသွားတာပါပဲ။   Crispy Fried Chicken ဆိုတာ သာမာန်အားဖြင့် ကိုယ်ပိုင် အနှစ်နဲ့ နယ်ထား နှပ်ထားမယ်။ ကိုယ်ပိုင်နည်းနဲ့စပ်ထားတဲ့ အမှုန့်တွေ (ဂျုံ၊ ပြောင်း၊ အာလူး၊ ဆန်၊ ပါမုန့်မှုန့်) စသည်ဖြင့်နဲ့ လူးမယ် ဆီမြုပ် […]


Mon LayApril 18, 201811min4602
😉😉ဗီယက်နမ်တိုးတွေမြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတုန်းက သယ်ရင်းတွေနဲ့မြောက်ပိုင်းဟနွိုင်းသွားရင်ကောင်းမလား….တောင်ပိုင်း ဟိုချီမင်းကိုပဲသွားရင်ကောင်းမလားဆိုပြီး တိုင်ပင်ပြီးတော့ ခုခရီးစဉ်ဟနွိုင်းကိုထားခဲ့ပြီး တောင်ပိုင်းနဲ့အလယ်ပိုင်းနဲ့ပဲရွေးပြီး Viet Jet နဲ့သွားခဲ့ပါတယ်။ 😊အဲ့လိုစီးပြီးသွားခဲ့တော့ ဟိုချီမင်းလေယာဉ်ကွင်းကနေ လေဆိပ်ထဲရောက်ဖို့ကားနဲ့တဆင့်ထပ်သွားရပါတယ်။ အဲလိုကားနဲ့သွားတဲ့အချိန်မှာ Vietnam Airline ကို ရုတ်တရက်လှမ်းမြင်လိုက်ရပါတယ်။😳😳 အရမ်းကိုကြီးပြီး အရမ်းမိုက်တဲ့အဲလိုင်းပါ။ အဲဒါနဲ့မွန်လေးစိတ်ထဲမှာ ငါနောက်တစ်ခေါက်ဗီယက်နမ်သွားရင် ဒီအဲလိုင်းပဲစီးပြီးသွားမယ်လို့စိတ်မှာတေးမှတ်ထားလိုက်တာ..ခုညီမလေးက တစ်နိုင်ငံကိုတော့ အလည်သွားချင်တယ်လို့ ကိုယ့်ကိုပြောလာပါတယ်။ ဘာလီသွားမလားလို့ ဈေးစုံစမ်းပါတယ်။ Air Asia တောင် ၃၀ဝ လောက်ဖြစ်နေပြန်တော့လည်းဘတ်ဂျတ်ကြိုက်တဲ့မွန်လေးက လက်တွန့်နေတာပေါ့။ 😧😧 စင်ကာပူကျတော့လည်း promotion ချတတ်တဲ့အချိန်ပဲသွားချင်ပြန်တော့ ဘယ်နိုင်ငံကျန်သေးလဲစဉ်းစားတာ လက်မှတ်စုံစမ်းလိုက်တော့ ကိုယ်စီးချင်ခဲ့တဲ့Vietnam Airline က 144 ပဲရှိတယ် Promotion ချနေလို့တဲ့။ တအားပျော်သွားတာပဲ။ 🤗🤗အဲဒါနဲ့ဘွတ်ကင်တင်လို့ရတော့ မြန်မြန်ဘွတ်ကင်တင်ပြီးသွားဖို့၃လအလိုလောက် ကတည်းက လက်မှတ်ဖြတ်ပြီးဝယ်ခဲ့ပါတယ်။ 😝😝 #ဘယ်လိုသွားလို့ရလဲ ✈ […]


Mon LayApril 18, 20181min2210
ဒီဆောင်းပါးလေးကတော့ 7 days ဂျာနယ်ကနေ မွန်လေးတော်တော်လေးသဘောကျလွန်းလို့ ဂဇက်ကရွာသူရွာသားတွေကိုဖတ်စေချင်လို့ တင်ပေးလိုက်တာပါ။ တချို ့အခမ်းအနားတွေသွားရင် သားသားနားနားဝတ်သွားမှ လူကခေါ်ချင်၊ပြောချင်ကြတယ်။ မဟုတ်ရင် မတူမတန်သလိုလိုနဲ့။ အောက်ပါဆောင်းပါးလေးတော့ခုခေတ်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုစုပြီးရေးထားတာဖြစ်ပါတယ်။ လူတချို ့ရဲ ့ဟိတ်ဟန် ကိုအစွဲအလမ်းကြီးပုံကိုလည်း နှိုင်းယဉ်ထောက်ပြထားတာတွေ့ရပါတယ်။ လူတွေရဲ ့ဟန်ဆောင်အပြုံးတွေကလည်း ဘယ်လောက်ရွှံရှာဖွယ်ကောင်း ကြောင်းကိုလည်းရှင်းပြထားပါတယ်။ (တစ်) ဆရာတက်တိုးရေးသည့် စာ တော်တော်များများကို ဖတ်ဖူးပါ သည်။ ထိုစာအုပ်ပေါင်းများစွာထဲ က ‘တက်တိုး၏ အတွေးအမြင်’ စာအုပ်ကလေးကိုမူ ငယ်ငယ်က တော်တော့ကိုပဲ စွဲစွဲလမ်းလမ်းရှိ ခဲ့ဖူးပါသည်။ အဖြစ်အပျက် ထူး ထူးဆန်းဆန်း၊ လူပုဂ္ဂိုလ်ထူးထူး ဆန်းဆန်း၊ စိတ်သဘောထားထူး ထူးဆန်းဆန်းများကို အာရုံကျ သည့် နှစ်ကာလအပိုင်းအခြားတွေ မဟုတ်လား။ ဆရာတက်တိုးက သူ၏အ တွေးအမြင်စာအုပ်ထဲတွင် လူနှင့် ပတ်ဝန်းကျင်အပေါ်၌ […]


” ငြိမ်းချမ်းခြင်း” မရှာတော့ မတွေ့ မကြည့်တော့ မမြင် နားမထောင်တော့ မကြား ဒီ ၃ ပါးနဲ့လွတ်ကင်း ဘာမှမသိခြင်းကလဲ ငြိမ်းချမ်းခြင်းပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” မသိမသာ နေရာယူခြင်း” တစ်ခါ တစ်ခါ မိသားစုတွေ အကြား သူငယ်ချင်းတွေ အကြား မိတ်ဆွေတွေ အကြား ချစ်သူတွေ အကြား စကားစ တွေ ချပြရင်း မတူညီခြင်းတွေ ထွက်လာသောအခါ “အဟ” ဆိုတာလေး နေရာယူသွားတာ သတိတောင်မထားမိလိုက်ဘူး။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈