“ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318


Kaung Kin PyarMarch 14, 20181min4432
ကိုယ်အခုတလော စိတ်ဝင်စားလာတဲ့အကြောင်းအရာထဲမှာ Personal Space ဆိုတာက ထိပ်ဆုံးကပဲ…။ မြန်မာနဲ့ အရှေ့ပိုင်းနိုင်ငံတွေမှာတော့ အားနာတတ်တာကြောင့်ရော၊ ပုံမှန်လိုဖြစ်နေတာကြောင့်ပါ ဒီကိစ္စကို သိပ်အရေးတယူမရှိတာများတယ်…။ ဒါပေမယ့် သူသူကိုယ်ကိုယ်ရဲ့ အတွင်းစိတ်ထဲမှာတော့ ကိုယ် ကိုယ်တိုင်သတ်မှတ်ထားတဲ့ အဝန်းအဝိုင်းတစ်ခုအတွင်းထိ ချည်းနင်းဝင်ရောက်လာရင် နေမထိထိုင်မသာ ဖြစ်တတ်တဲ့၊ မသိုးမသန့်ဖြစ်တတ်တဲ့ စိတ်တစ်မျိုးရှိကြတယ်…။ ဒါက တစ်ခါတစ်လေ အချိန်နဲ့နေရာပေါ်လဲ မူတည်သေးတယ်..။ (ဥပမာ.. ထမင်းစားလက်စမှာ ဧည့်သည်ရုတ်တရက်ရောက်လာရင် ပုံမှန်အတိုင်း ဆက်မစားနိုင်တော့ပဲ နည်းနည်းရှိုးတို့ရှန့်တန့်ဖြစ်သွားတဲ့ ခံစားမှုလိုမျိုးပဲ.) ကိုယ်ဆို ကိုယ်ငယ်ငယ်ကတည်းက သတ်မှတ်ထားတဲ့ လူ၂မျိုးပဲ ရှိတယ်၊ ကိုယ်ခင်တဲ့သူရယ်၊ ကိုယ်မခင်တဲ့သူရယ်.. (အပြင်ပန်းက မေးထူးခေါ်ပြောရှိပေမယ့် စိတ်ထဲက နှစ်နှစ်ကာကာတကယ်ခင်မခင်ဆိုတာ ရှိသေးတယ်လေ..) အိမ်မှာဆို ကိုယ့် Personal Space က ကိုယ့်အိပ်ယာပဲ…။ ဘယ်လောက်ခင်တဲ့သူငယ်ချင်းမ ဖြစ်စေ..၊ ကိုယ့်အိပ်ယာပေါ် […]


ယူအက်စ်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလ်လာစံကို သမတဒေါ်နွယ်ထွန်းမှ မနှစ်က တရုတ်ပြည် ခရီးစဉ်အတွင်း တည်ခင်းဧည့်ခံ ကျွေးမွေးသော အရွက်စုံသုပ်စားရန် ပြောခဲ့ကြောင်း အင်္ဂါနေ့ထုတ် ဝေါလ်စထရိဂျာနယ်တွင် ရေးသားသည်။ နိုဝင်ဘာလတုံးက ဒေါ်နွယ်ထွန်း၊ တီလ်လာစံ၊ အခြားယူအက်စ် ထိပ်တန်းအရာရှိကြီးများနှင့် အတူစားမည့် တရုတ်ခေါင်းဆောင်များ၏ ဟင်းလျာစာရင်းတွင် ကေဆာအရွက်စုံ ပါဝင်ကြောင်း သတင်းဖေါ်ပြသည်။ ထိုအခမ်းအနားကို ဒေါ်နွယ်ထွန်း၏ အာရှခရီးစဉ်အတွင်း တရုတ်ပြည် မဟာတံတိုင်းကြီးတွင် ကျင်းပခဲ့သည်။  ယူအက်စ်ခေါင်းဆောင်များ အရွက်စုံသုပ် မစားခဲ့လျင် တရုတ် အာဏာပိုင်များအား စော်ကားသလို ဖြစ်သွားမည်ကို ဒေါ်နွယ်ထွန်း အစိုးရိမ်ကြီးခဲ့သည်။ ရက်စ် အရွက်စုံသုပ် စားနော်၊ ဒေါ်နွယ်ထွန်းမှ သူ့ နံပါတ်တစ် သံတမန်အား ပြောကြောင်း ဂျာနယ်သတင်းအရ သိရသည်။ တီလ်လာစံမှ သမတ၏ စကားကို ရယ်စရာသဖွယ် တုံ့ပြန်သည်။ ဂျာနယ်မှ […]


  “ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318


KyaemonMarch 12, 20188min6371
    ၊အပိုအလျှံ ၊မြစ်ဆုံမှထွက်မဲ့လျှပ်စစ်စွမ်းအားအပိုအလျှံတွေကိုဘာလုပ်မှာလဲဆိုပြီး၊၊ ၊အကြီးစားရေကာတာအစား၊ အသေးစားရေကာတာလုပ်ဖို့အချို့ကစဉ်းစားလာတယ်၊ ၊အသေးစားကအကြီးစားလောက်မကြံ့ခိုင် ၊အသေးစားရေကာတာအများကြီးလုပ်မှအကြီးစား ရေကာတာတလုံးရဲ့စွမ်းအားထုတ်လုပ်မှုကိုမှီလာနိုင်တယ်၊ ၊၎င်းအသေးစားတွေအတွက်ထိန်းသိမ်းကုန်ကျမှုကကြီးလို့စွမ်းအားတယူနစ်ရဲ့ကုန်ကျစရိတ်ကနှစ်ပြန်ဖြစ်လာတော့တယ် ၊ဆောက်လုပ်မဲ့နေရာအများကြီးရှာနေရလို့ပိုခက်ခဲကြံ့ကြာလာတယ်၊ ၊အလှမ်းဝေးပြီးခပ်ခွါခွါမဆောက်ရင်၊ရေလမ်းသွားလာရေးအတွက်၎င်း၊ငါးတွေပေါက်ပွါးရှင်သန်ရေးအတွက်၎င်း၊ ၊ထိခိုက်တယ်၊၊၊၊၊ ၊အသေးစားရဲ့အားနဲချက်တွေကိုဆောင်းပါး #၁၂နဲ့ # ၇၂မှာဖော်ပြပြီးပါပြီ၊ ၊စွမ်းအားအပိုအလျှံတွေကိုဘယ်လိုအကျိုးရှိစွာသုံးနိုင်မယ်ကိုလဲနမူနာအဖြစ်ဖော်ပြပြီးပါပြီ၊       ၊ခုလဲသူဌေးဖြစ်မဲ့နည်းလမ်းကို၊ရှာဖွေရင်းနည်းလမ်းကောင်းတခုတွေ့လာတယ်၊ “၊မြင်သူဖော်စား၊မမြင်သူကျော်သွား”   ၊ရေနံအစား၊လျှပ်စစ်ဓာတ်အားသုံးဖို့နည်းလမ်းကောင်း ၊ ၊ရေနံအစား၊လျှပ်စစ်ဓာတ်အားသုံးတဲ့ကားမျိုးစုံတွေကိုများများစားစား၊ထုတ်လုပ်လာကြတယ်၊ ၊ကားဈေးတွေကတဖြေးဖြေးကျလာတယ်၊ ကားထဲကိုဓာတ်အားပြန်သွင်းတာခြာကျင် ၊ကပိုမြန်ဆန်လာတယ်၊ ၊ရေနံကဈေးပိုပိုကြီးလာပြီး၊ရေအားလျှပ်စစ်ကပိုပိုပြီးသက်သာလာတယ်၊ ၊ဒီဇယ်ရေနံသုံးကားအငွေ့ဒဏ်ကိုလဲဖြေရှင်းချင်ကြတယ်၊ ၊ဒါကြောင့်မို့တရုပ်နဲ့ဥရောပနိုင်ငံတွေကရေနံသုံး ကား တွေကိုကန့်သတ်ပိတ်ပင်လာတယ်၊ ၊ပြင်သစ်မြို့တော် ပါရစ်၊အင်္ဂလိပ်မြို့တော်လန်ဒန်၊အမေရိကန်လောစ်အင်ဂျလစ်၊ တို့က ၊ရေနံသုံးကားတွေကိုလိုက်ပိတ်ပင်ကန့်သတ်ပြီးlလျှပ်စစ်သုံးကားကိုအားပေးကြတယ်၊ ၊လျှပ်စစ်သုံးကားတွေဝယ်သုံးဘို့အမေရိကန်အစိုးရကအခွန်တွေကိုအခွန်ထမ်းအားများများစားစား လျှော့ချပေးတယ်၊ပြန်အမ်းပေးတယ်၊ ၊မြစ်ဆုံကအပိုအလျံဓာတ်အားကိုဒီလိုမျိုးနေရာမှာသက်သာနှုန်းနဲ့ခြာဂျင်း ၊ စခန်းမှာရောင်းချနိုင်တယ်၊ ၊ရေနံကိုမတင်သွင်းရဘဲဖူလုံလာနိုင်တယ်၊ကောင်းကင်သဘာဝညစ်ညမ်းမှုကိုလဲဖြေရှင်းပြီးသား၊ ၊ရေနံကိုတဖြေးဖြေး ၊အစားထိုးသုံးစွဲလို့ရမှာပါ၊ ၊ဥပမာ ၊လျှပ်စစ်သုံးဘတ်စကား ၊ဓာက်အားသုံးမြို့ပတ်ရထား ၊ဓာက်အားသုံးအမြန်ရထား၊၊၊၊၊၊ ၊ဘတ်ထရီသုံးလျှပ်စစ်စက်ဘီး ၊electric bikes (Charging၊ဓာက်အားသွင်းပေး၊လျှပ်စစ်စွမ်းအားရောင်း၊ဘတ်ထရီပါရောင်းနိုင်၊၊၊၊၊ […]


နွေဦးMarch 12, 20181min6025
တနေ့က သူငယ်ချင်း တယောက်က မေးတယ်.. မင်းတို့ က ဂျင်း မိပြီ.. ဂျင်းထည့် ခံရပြီ.. ဂျင်း..ဂျင်း.. နဲ့ ပြောနေတာ ဘာတုန်းကွ  တဲ့ .. အဲဒီ ဂျင်းဆိုတဲ့ စကား ကို အစ ဖေါ်ရမယ်ဆို စိန်ဂျွန်းဈေး ကို ပြန်သွားကြရမှာဘဲ..။ စိန်ဂျွန်းဈေး ဆိုတာ အခု မင်းရဲကျော်စွာလမ်း လို့ခေါ်တဲ့ စိန်ဂျွန်းလမ်းနဲ့ ပြည်လမ်း ဆုံတဲ့ နေရာ.. City Mall လို့ခေါ်တဲ့ ဈေး နေရာပေါ့.. ။ အရင် ရန်ကုန်ထောင်ကြီးရဲ့ အုတ်နံရံဘေးမှာပါ.. ။ ရန်ကုန်ထောင်ကြီးဆိုတာက ဗိုလ်ချုပ်လမ်းနဲ့ ဘုန်းကြီးလမ်း ပြည်လမ်းတို့ဆုံတဲ့နေရာမှာပါ..။ ထောင်ကြီးဖျက်ပြီးတော့ ရန်ကုန် ဆေးရုံ (ဂျပန်ဆေးရုံ) ဆောက် ထားပါတယ်..။ ကဲ.. စကားအစ စိန်ဂျွန်းဈေးကို ပြန်သွားကြရအောင်.. ။ အရင်ခေတ်တခုမှာ မှောင်ခိုစီးပွါးရေး ကြီးထွားလာတဲ့အချိန် တခုရှိခဲ့တယ်.. ။ ယိုးဒယားက အခွန်မဲ့ပစ္စည်းတွေ ခိုးသွင်းပြီး မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် ရောင်းခဲ့တဲ့ခေတ်ပေါ့..။ […]


kaiMarch 9, 20182min111919
➜ U.S. တွင်ကျင်းပခဲ့သော တိုင်းရင်းသားယဉ်ကျေးမှုပွဲတော်များ။ ➜SCBCA နှစ်သစ်ကူးညစာစားပွဲသတင်း။ ➜U.S တွင်ကျင်းပခဲ့သော ထမနဲပွဲများသတင်း။ ✔မောင်စွမ်းရည်ရဲ့ လူထုဦးလှ၊ ဟံသာဝတီဦးဝင်းတင်နှင့်ခြင်္သေ့တကောင်ဆောင်းပါး။ ✔မောင်မိုးညိုရဲ့အရေးပေါ်ဆေးကုသရခဲ့သော် ဆောင်းပါး။ ✔Henry Kao ရဲ့ ပုံဆောင်တဲ့ဇလုံတောင် ခရီးသွားဆောင်းပါး။ ✔တိမ်မည်းရဲ့ Drone ဘာလဲ ဆောင်းပါး။ ✔တေးသံရှင် မဒီနှင့် အမေးအဖြေ။ ✔မတ်လအလှပန်းMillennie Chen ✔မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ အန္တရာယ်ကြီးလေးဘက်နာရောဂါ။ ✔✔လစဉ်ဖော်ပြနေက ျ ဆရာမျိုးကျေ်မြင့်ရဲ့ အင်္ဂလိပ်စာသင်င်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ အစားအသောက်ကဏ္ဍများကို သုတရသစုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့် ၂၀၁၈၊ မတ်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။     Download Array


Mon LayMarch 8, 20181min2020
ပုဂံကို သွားလည်တဲ့အခါ ဘုရားပုထိုးတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ပုဂံလက်မှုပစ္စည်းများအ ကြောင်းကို လည်းပြောပြချင်ပါတယ်။ ယွန်းထည် ယွန်းထည်တွေဟာ ပုဂံရဲ့နာမည်အကြီးဆုံးလက်မှုပစ္စည်းပဲဖြစ်ပါတယ်။ ဘုရားတွေမှာ ယွန်းထည်အ ရောင်းဆိုင်တွေကိုတွေ့နိုင်သလို ပုဂံမြို့ရဲ့နေရာအနှံ့အပြားမှာလည်း ယွန်းထည်အလုပ်ရုံတွေကိုတွေ့နိုင် ပါတယ်။ ယွန်းထည်တွေကို  ပန်းကန်, ပန်းအိုးမှအစ ရတနာသေတ္တာ, ပရိဘောဂအဆုံး ပုံစံအမျိုးမျိုးနဲ့တွေ့နိုင် ပါတယ်။ ယွန်းထည်တွေဟာ ဈေးကြီးပေမဲ့ အလုပ်ရုံတွေကိုသွားလေ့လာကြည့်ရင်တော့ပေးရတာတန်တယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ယွန်းထည်တစ်ခု ပြီးမြောက်ဖို့ အချိန်နှင့် လူအင်အားအများကြီးသုံးရတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ယွန်းထည်တစ်ခုချင်းစီတိုင်းဟာထူးခြားပြီးလှပတယ်ဆိုတာပါပဲ။ ရုပ်သေးရုပ် ရုပ်သေးရုပ်တွေဟာလည်း အရမ်းလူကြိုက်များပါတယ်။ ရုပ်သေးရုပ်တွေကိုပုံစံအမျိုးမျိုး နဲ့တွေ့နိုင်ပါတယ်။ ရုပ်သေးရုပ်တွေကို အနုစိတ်ပြုလုပ်ထားတာဖြစ်ပြီး ပုဂံမှာရုပ်သေးပွဲများကိုလည်းသွားရောက်ကြည့်ရှုနိုင်ပါတယ်။ သစ်သားပန်းပုရုပ်များ သစ်သားပန်းပုရုပ်တွေကတော့ကျွန်မရဲ့အကြိုက်ဆုံးလက်မှုပစ္စည်းတွေပဲဖြစ်ပါတယ်။ ပန်းပုရုပ်တွေကိုလည်း တိရစာ္ဆန်မှအစလူအဆုုံး, ဒဏာ္ဌရီလာသတ္တဝါများမှအစ ဗုဒ္ဓရုပ်ပွားတော်များအဆုံးတွေ့မြင်နိုင်ပါတယ်။ ပန်းပုရုပ်အားလုံးဟာလှပပြီးကျက်သ ရေရှိလှပါတယ်။ ဒါပေမဲ့ သူတို့ကို လက်ဆောင် ပစ္စည်းထက်အလှဆင ဖို့သာအသုံးပြုကြပါတယ်။ဒါ့အပြင်ပန်းပုရုပ်များကိုပုဂံမှာသာမကအခြားမြို့များတွင်လည်းတွေ့နိုင် ပါတယ်။   […]


Mon LayMarch 7, 20181min3680
ခုတလော..ည(၈)နာရီ (၉)နာရီဆို YBS ကားတွေမရှိတော့ဘူးတဲ့။ ဖြစ်နိုင်ပါတယ်။ မွန်လေးဟိုတလောက သူငယ်ချင်းတစ် ယောက်နဲ့ ဒင်နာသွားစားတာ ရန်ကင်းနားတစ်ဝိုက်ပါပဲ။ အပြန်ကျတော့ မိုးကလည်းချုပ်နေတော့ ၁မှတ်တိုင်ကိုလမ်းမလျှောက်ချင် တော့တာနဲ့YBS ပဲစီးတော့မယ်ဆိုပြီးစောင့်တာစောင့်တာ နာရီဝက်ကျော်တဲ့ထိ မြို ့ထဲကအပြန်ကားတွေပဲလာတော့တယ်။ မြို ့ထဲပြန်သွားမယ့်ကား တစ်စီးမှကိုမလာတော့တာ။ မိုးကလည်းတဖြည်းဖြည်းချုပ်လာတော့ ထပ်မစောင့်နိုင်တော့ပဲ လမ်းကကြုံရာ တက္ကစီစီးပြန်ခဲ့ရတယ်။ အဲလို YBS တွေညဘက်မဆွဲတော့လို့ တရားမဝင်ပြေးဆွဲနေတဲ့ ကြားကားတွေပေါ်လာတာ ကောင်းတယ်ပဲဆိုရမလားပဲ။ အဲ့ကြားကားတွေကိုလည်း မဖမ်းဆီးဘူးဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးက ပြောတာကို သတင်းမှာဖတ်လိုက်ရပါတယ်။ YBS ကားတွေ ညဘက်မှာမပြေးဆွဲလို့ ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ညဘက် ကြားကားများကို မဖမ်းဆီးခြင်းဖြစ် ကြောင်းကို မတ်လ ၆ ရက်က အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ရဲမှူးသန်းမြင့်က […]


        တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေစု အိမ်ရှေ့ဟာ အရင်လို ပြန်ဖြစ်သွားပြန်ပါပြီ။ အရင်လိုဆိုတာက ဟိုရူးကြောင်းမူးကြောင် ရူးသယောင်ယောင် ဆောင်ထားတဲ့လူက အမေစုအိမ်ကို မီးရှို့ဖို့ ကြံတဲ့အမှု မဖြစ်ခင်ကလို။ ခြံထဲ ဓါတ်ဆီပုလင်းနဲ့ ဗုံးဖောက်ခွဲဖို့ လုပ်ကြံတဲ့ ဖြစ်ရပ်အပြီး နောက်နေ့တွေတုန်းက အမေစု ခြံရှေ့ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့တောင် မရအောင် သံဆူးကြီးတွေ ပိတ်ကာ ထားတာ မြင်ခဲ့ရပါတယ်။ အခုတော့ အဲ့ သံဆူးကြိုးတွေ မရှိတော့ဘူး။ ဖယ်လိုက်ပြီ။ အရင်လိုပဲ အမေစုအိမ်ရှေ့ ခြံစည်းရိုးရှေ့ကနေ နီးနီးကပ်ကပ် လမ်းလျှောက်ကြ. . . ဓါတ်ပုံတွေ ရိုက်ကြနဲ့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။ တကယ်တော့ ခြံရှေ့ ပလက်ဖောင်းကို သံဆူးကြိုးပဲ ချချ၊ လျှပ်စစ်ပဲ လွှတ်လွှတ်၊ […]


kaiMarch 2, 20181min4964
အမေရိကပြည်ထောင်စုသည် ကမ္ဘာတွင် စစ်အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံဖြစ်သည်။ အစိုးရတွင်မဆိုထားနှင့် သန်း၃၂ဝလူထုအတွင်း၌ပင် သေနတ်အလက်ပေါင်းသန်း၃၀ဝကျော်ကိုင်ဆောင်ထားကြသည်ဟု စစ်တမ်းများကပြဆိုပေရာ အမေရိကန်တို့သည်သေနတ်လက်နက်နှင့်ရင်းနှီးကျွမ်းဝင်ဆုံးများဟုဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ နိုင်ငံတည်ထောင်သူဖခင်ကြီးများသည် လူတိုင်းသေနတ်လက်နက်ကိုင်ဆောင်ခွင့်ကို အခြေခံဥပဒေထဲထည့်၍ အကာအကွယ်ပေးထားခဲ့သည်။ Amendment II – A well regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed. ရည်ရွယ်ရင်းမှာသေနတ်နှင့်အမဲလိုက်စားကြရန်မဟုတ်။ လက်နက်နှင်ဗိုလ်ကျစိုးမိုးလာမည့် အစိုးရနှင့်စစ်တပ်ကို ပြန်လည်ခုခံရန်ဖြစ်သည်ဟုဆိုပါသည်။ သို့ဆိုသော် အမေရိကားသည် လက်နက်ကြောင့် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်လာခဲ့သလို လက်နက်ကြောင့်ပင် အပြစ်မဲ့လူအသေရဆုံးနိုင်ငံလည်းဖြစ်ပါသည်။ တမိနစ် ၁တောင့်မှသည် […]


kaiMarch 2, 20182min3782
ယခုလမှာ ခက်ခဲနက်နဲတဲ့ Adj clause ကို adv clause တို့ကို ခဏမေ့ထားပြီး လွယ်သလိုလိုနဲ့ ဒုက္ခပေးတတ်တဲ့ ၊တိမ်မလိုနဲ့ နက်တဲ့ prepositions လေးတွေကို လေ့လာကြပါစို့။ ဒီနှစ်က year of the dog ဆိုတော့ ခွေးလိမ္မာလေးတွေလိုပဲ ချစ်စရာကောင်းသလောက်နားနားလည်ဖို့ခက်တဲ့ prepositions လေးတွေအကြောင်း တင်ပြပေးပါမယ်။ ဦးစွာပထမ Time လို့ခေါ်တဲ့ “အချိန်” နဲ့ ပတ်သတ်တဲ့ prepositions လေး တွေကို ကြည့်ကြရအောင်။ “on” ဆိုရင် နေ့နဲ့သုံးရတယ် “in” ကိုလနဲ့သုံးရတယ် “in”ကို နှစ် နဲ့သုံးရတယ်။ ဥပမာ “He was born on the first Monday in February […]