Mon LayNovember 1, 20171min2052
မွန်လေးလည်းစာရေးရတာဝါသနာပါတာကတစ်ကြောင်း၊ ခရီးသွားရတာလည်း အထူးဝါသနာပါတာကတစ်ကြောင်းနဲ့ မို့ ထပ်ထပ်ရေးပေးပြီး တင်ပေးဖို့ကျန်တာလေးတွေလည်းရှိပါသေးတယ်။ ခရီးသွားနေတဲ့အချိန်ဆိုပို့စ်လေးတွေမတင်ပေးနိုင်လို့ ခုလိုနည်းနည်းအားတဲ့အချိန်လေးမှာသာ လုပြီးတင်ပေးမှာဖြစ်ပါတယ်။ ကျန်ရှိနေသေးသော ဆက်ရန်ရှိတဲ့ခရီးစဉ်များကတော့ ကလော၊ပင်းတယ၊ရွာငံ ခရီးစဉ် အင်းလေး ခရီးစဉ် ကျိုက်ထီးရိုး ခရီးစဉ် ပြင်ဦးလွင် ခရီးစဉ် ကျောက်ဖြူ ခရီးစဉ် မော်လမြိုင်၊ကျိုက်ခမီ၊စက်စဲ ခရီးစဉ် နည်းပါသေးတယ်နော်…..ထပ်ရေးပေးပါဦးမယ် ..စောင့်မျှော်ပေးပါဦးနော်..အာဘွား


Mon LayOctober 31, 20171min1571
ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီ (ပဲရစ်)ကို ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်က ယဉ်ကျေးမှုအနုလက်ရာနဲ့ဖက်ရှင်ကျတဲ့နေရာ ၁၀ဝ စာရင်းမှာ နံပါတ်တစ်နေရာက ရပ်တည်နေတာဖြစ်ပါတယ်။   ဒီစာရင်းဟာ ဗိသုကာဆိုင်ရာအလှအပကနေ လူတွေနေထိုင်ကြပုံ၊ အလုပ်လုပ်ပုံ သို့မဟုတ် လည်ပတ်ခဲ့ကြပုံ စတဲ့အချက်အလက်တွေကို အခြေခံထားတယ်လို့ သိရပါတယ်။ သန့်ရှင်းမှု၊ ယဉ်ကျေးမှုလက်ရာနဲ့ စတိုင်လ်တွေကလည်း အဆင့်သတ်မှတ်ရာမှာ ထည့်သွင်းတွက်ချက်နိုင်ဖို့အတွက် ဖက်ရှင်ကျွမ်းကျင်သူတွေ၊ ဗိသုကာပညာရှင်တွေနဲ့ အခြားပညာရှင်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။     ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ရာမှာ ပါရီရဲ့နောက်က လန်ဒန်၊ ဗီယင်နာမြို့တို့ ရပ်တည်နေပြီး နယူးယော့ခ်နဲ့ ဘာစီလိုနာတို့လည်း ပါဝင်ပါတယ်။ အချက်အလက်တွေကို စုဆောင်းတာကတော့ ဖက်ရှင်အက်ပလီကေးရှင်း Zalando ဖြစ်တယ်လို့ သိရတယ်။   အလှဆုံးမြို့တော်စာရင်းရဲ့ ထိပ်ဆုံးမြို့တော် ၃ဝ မှာ တိုကျိုလည်းပါဝင်ခဲ့ပါတယ်။ ဥရောပနဲ့ […]


Mon LayOctober 31, 20171min2060
ခရီးထွက်သူတွေက လုပ်ငန်းခွင်မှာပိုပြီး အောင်မြင်သူတွေ ဖြစ်လေ့ရှိပါတယ်။ play   ကျွန်တော်တို့ အားလုံး အပန်းဖြေခရီးထွက်ပေးဖို့ လိုပါတယ်။ တစ်နှစ်ကို အနည်းဆုံးတစ်ခါလောက်ပေါ့။ နှစ်ခါဆိုရင် ပိုလို့တောင် ကောင်းပါသေးတယ်။ ဒီလိုအပန်းဖြေခရီးထွက်သူတွေ ဘာကြောင့် အောင်မြင်လေ့ ရှိကြသလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ပါ။ ၁။ သဘောထားကြီးလာခြင်း ခရီးထွက်ပြီး ပြန်လာတဲ့အခါ သဘောထားကြီးလာတက်ကြပါတယ်။ ခရီးကပြန်လာတာနဲ့ လုပ်ငန်းခွင်မှာ ညှိနှိုင်းရမှုတွေ အလွယ်တကူ အဆင်ပြေသွားလေ့ရှိပါတယ်။ အဲဒီအချိန်မှာ သင့်ရဲ့စိတ်က လတ်ဆတ်တက်ကြွနေမှာပါ။ ၂။ လူမှုဆက်ဆံရေး ပိုကောင်းလာမယ် ခရီးသွားပြီဆိုတာနဲ့ မိတ်ဆွေသစ်တိုးဖို့က သေချာသလောက်ရှိသွားပါပြီ။ ပြည်ပနိုင်ငံတစ်ခုခုမှ ညီလာခံ တက်ရောက်တာမျိုးလည်း အကျိုးရှိတာပါပဲ။ ဒါကြောင့် ခရီးသွားလေ လူမှုဆက်ဆံရေး ပိုကောင်းလေပါ။   ၃။ စီစဉ်ဖန်တီးနိုင်စွမ်း ကောင်းလာမယ် ခရီးထွက်သူတွေဟာ စီစဉ်ဖန်တီးနိုင်စွမ်းလည်း ကောင်းတက်ကြပါတယ်။ […]


လေးဦးဂိုဏ်း ဆိုသည်မှာ မော်စီတုံးခေတ်နှောင်းပိုင်းကာလ ဩဇာအာဏာကြီးမားသော တရုတ်ကူမြူနစ်ပါတီ ခေါင်းဆောင်လေးဦး အဖွဲ့ဖြစ်သည်။ ထိုဂိုဏ်းတွင် မော်၏ဇနီး ကျန်းကွင် Jiang Qing နှင့် သူ့ဖော်ကိုင်ဖက် ဝမ်ဟွမ်ဂွမ် Wang Hongwen ၊ ယိုဝမ်ယွမ် Yao Wenyuan ၊ ကျန်ချွန်ကွို Zhang Chunqaio တို့ပါဝင်ပြီး အားလုံးမှာ ရှန်ဟဲမြို့မှ အဓိက ပါတီ တာဝန်ရှိသူများ ဖြစ်သည်။ သူတို့မှာ ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆ – ၇၆) ကာလတွင် နေရာရလာပြီး တရုတ်ပြည် ဒုတိယအကြီးဆုံးမြို့တွင် မော်၏ မူဝါဒများအား ဖိဖိစီးစီး အကောင်အထည် ဖေါ်ခဲ့သူများဖြစ်သည်။ ။။။။ ထိုဆယ်စုနှစ်ပိုင်း ကာလအတွင်း မော်၏ ကျန်းမာရေး ယိုယွင်းလာသည့်အခါ အစိုးရ အဓိက ဌာနများကို […]


Mon LayOctober 27, 20174min2561
ဥရောပရဲ ့နွေရာသီဆိုရင် လမ်းတစ်လျှောက်မှာ အလှဆင်ထားကြတဲ့ပန်းလေးတွေပါ..မြင်ဖူးစေချင်လို့ပါ…ဓါတ်ဖမ်းချင်စရာတွေကြီးပါပဲ။


kaiOctober 26, 20173min2272
ယခင်လတွေက Adjective Clause နဲ့ adverb clause လေးတွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ noun clauses လေးတွေအကြောင်း ဖော်ပြလိုပါ တယ်။noun clause လို့ခေါ်ရတာက ဒီစကားစုလေးတွေမှာ ကြိယာလည်းပါတယ်။ သာမာန်အားဖြင့် noun နာမ်လေးတွေနဲ့သာသုံးလို့ရတဲ့ ကတ္တားsubject နေရာနဲ့ ကံobject နေရာတို့မှာ သုံးလို့ဖြစ်ပါတယ်။noun clause အမျိုးအစား ၃ မျိုးကို ဖော်ပြလိုပါတယ်။လူသိများတဲ့ that clause လို့ခေါ်တဲ့ That နဲ့စတဲ့ စကားစုလေးတွေရှိသလို wh-clause လို့ခေါ်တဲ့ wh-question တနည်းအားဖြင့် what, when, where,why,how စတဲ့ wh-question လေးတွေနဲ့စတဲ့ စကားစုလေးတွေရယ်၊ နောက်ဆုံး ။ သို့မဟုတ် whether နဲ့စတဲ့ noun clause […]


ေမာင္ရိုးOctober 26, 20171min334012
#ဥယျာဉ်မှူး     အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ပုံပြင်မျှသာဖြစ်ပါသည် ။ ပုံပြင်ကို စကားပြောအဖြစ်ရေးရပါလျှင် အဖိုးကြီးတစ်ယောက်အသွင်ပြောဆိုရမည်ဖြစ်သဖြင့် မိမိ၏ အသက်အရွယ်အား မေ့လျော့နေစေခြင်းအလို့ငှါ ဝတ္ထုဇတ်လမ်းသဖွယ် ရေးသားလိုက်ရပါတော့သည် ။ အကယ်၍ . . . ဖေါ်ပြပါ အကြောင်းအရာတို့သည် တစ်စုံတစ်ဦး တစ်စုံတစ်ရာနှင့် အခြေအနေတစ်ချို့တိုက်ဆိုင်ခဲ့မည်ဆိုပါက ကြံကြံဖန်ဖန်တိုက်ဆိုင်မှုမျှသာ သဘောထားစေလိုပါကြောင်းးးးး . . . မိမိစိတ်သဘောဖြင့် ဖတ်ရှုရင်းခံစားဒေါသထွက်မည်ဆိုပါကလည်း လွတ်လပ်စွာ ဒေါသကြီးနိုင်ပါကြောင်းးးး . . . ဖတ်ရှုပြီးသော ပုံဝတ္ထုအား ဒေါသအလျောက်ဆဲမည်ဆိုပါကလည်း လွတ်လပ်စွာဆဲဆိုနိုင်ပါကြောင်းးး . . . . အောက်ဖေါ်ပြပါ ပုံဝတ္ထုအား ကျနော်မောင်ရိုးသည် ခရစ်သက္ကရဇ် 2007 ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအပြီးတွင် သီတဂူဆရာတော်ဘုရားကြီးဟောကြားတော်မူသော ” ဧကရဇ်မင်း၏ […]


kaiOctober 24, 20171min2726
“We’ve seen nationalism distorted into nativism, forgotten the dynamism that immigration has always brought to America,” George W. Bush (October 19, 2017) ထရမ့်ခေတ် လူဖြူကြီးစိုးရေးဖြစ်လာမှုကို သမ္မတဟောင်းဘုရှ်က အထက်ပါအတိုင်းဖွင့်ပြောလာရသည်။ ကွန်ဆာဗေးတစ်တို့၏အမျိုးသားရေးဟူသည် အစိုးရပေါ်လစီတွင်သွား၍တုတ်စည်းမိသည်ရှိသော် အမေရိကားပြည်တည်ထောင်ထားခြင်း၏ မူလရည်ရွယ်ချက် ကမ္ဘာသစ်နှင့်အမေရိကန်အိပ်မက်တို့ကိုပင် ပျက်ပြယ်ထိခိုက်စေလေသည်။ တကယ်တော့ ရှေးရိုးစွဲတို့၏ အမျိုးသားရေးဟူသည် တံခါးပိတ်ဝါဒဆီသို့သာ ဦးတည်စေ၍ အမေရိကနိုင်ငံကဲ့သို့ ရှေ့မှတွက်လျှင် ၁ဝထဲပါသည့် တိုင်းပြည်မျိုးသည်ပင် ခံနိုင်ခြင်းမရှိရာတည်း။ သို့ဆိုသော် မြန်မာပြည်ကဲ့သို့ နောက်မှတွက်လျှင် ၁ဝထဲဝင်သည့်နိုင်ငံအတွက်ကား ဆိုဖွယ်မရှိ။ ချိုင်းနားသည် ဆိုရှယ်လစ်ဝါဒနှင့် သူ၏ခေတ်သစ်ထောင်ကာ ကမ္ဘာကိုအုပ်စိုးမည်ဟု ယခုအောက်တိုဘာကွန်ဂရက်မှ ကြွေးကြော်နေပြီ၊ ဂျပန်သည် သူ၏ဖက်ဆစ်ဂျပန်စစ်အင်အားနိုင်ငံအဖြစ်ကို […]


သုရွင္October 24, 20171min3517
အကြီးဆုံးသောအမှား ******************* မင်းမှားနေတယ်လို့ သိလိုက်တယ်ဆိုရင် ဒါဟာ အနည်းဆုံး တော့ မင်းအနေနဲ့ အခွင့်အလမ်းတစ်ခုကို ရရှိလိုက်တာပဲဖြစ်ပါတယ်။ အမှန်ကိုစတင်လို့ရပြီဆိုတဲ့ အခွင့်အရေးပါ။ လူတိုင်းဟာ အမှားကို ကြောက်ကြပါတယ်။ အမှားရဲ့နောက် ဆက်တွဲ ရလာဒ်တွေကို ကြောက်တာဆိုရင်ပိုမှန်ပါတယ်။ ပေးဆပ်ရမှု၊ ဆုံးရှုံးမှု၊ နာကျင်မှု၊ ကြေကွဲဝမ်းနည်းရတာတွေပါ။ ပြောမှား၊ ဆိုမှား စတဲ့ သေးငယ်တဲ့အမှားတွေကနေ အလုပ်မှား မိတာ၊ သွားလာမှားတာ ၊ လမ်းမှားတာ နောက်ဆုံး ဘဝတစ်ခုလုံး ချိုးကွေ့သွားလောက်အောင် ဆုံးဖြတ်ချက်မှား တာမျိုး ရှိတတ်ပါတယ်။ မှားသွားတာကို သိလိုက်ရချိန်မှာ စိတ်ဓါတ်ကျ ပြီး စိတ်ဆင်းရဲရပါတယ်။ မမှားခဲ့ ရင်ကောင်းမှာပဲ ဆိုတဲ့ နောင်တလည်း ရတတ်တယ်။ မှားမှန် စောစောသိတာဟာ ပိုကောင်းပါတယ်။ နောက်ကျမှ သိလေ ပေးဆပ်ရတာ ပိုပြီး […]


ko sixOctober 22, 20171min3136
::::::::::::::::::::: နှုတ်ဆက်ခြင်းမှာ နှစ်မျိုးနှစ်စားရှိကြောင်းနှင့် တစ်ခုသော နှုတ်ဆက်ခြင်းတွင် အနက်အဓိပ္ပာယ်အရ ဖြေဆည်နှစ်သိမ့်နိုင်ရန် အလွန်ခက်ခဲသော ဒြပ်မဲ့တို့ ကိန်းအောင်းနေကြောင်းကို ဒီမနက်မှ ကျွန်တော် သိလိုက်ရပါပြီ။ ဟုတ်ပါသည်။ လွန်ခဲ့သော ၂၀၀၂ခုနှစ်က ကျွန်တော့်နာမည်ကို တွင်တွင်ခေါ်ကာ အားပါးတရ လာရောက်နှုတ်ဆက်ခဲ့ဖူးသူသည် ဒီကနေ့ မနက်ပိုင်းတွင်ကျတော့ နှုတ်စကားတို့ ဘာတစ်ခုမှ ဖွင့်ဟပြောဆိုခြင်း အလျင်းမရှိပါဘဲ ကျွန်တော့်ကို လူ့ဘဝမှ ပြန်ထွက်သွားပြီဖြစ်ကြောင်း နှုတ်ဆက်လာခဲ့ပြန်ပါသည်။ တွေ့ဆုံ၍ နှုတ်ဆက်ခြင်းနှင့် ခွဲခွာခါနီး၍ နှုတ်ဆက်ခြင်းတို့တွင် နံပါတ်နှစ်မြောက် နှုတ်ဆက်ခြင်းက အံ့ဩစရာကောင်းလောက်အောင် နှစ်မျိုးနှစ်စား ရှိနေပြန်သည်က ရင်ထဲ နင့်ကနဲ ဖြစ်သွားစေတော့သည်။ ဟုတ်ပါသည်။ ကျွန်တော့်ကို နှုတ်ဆက်လာသည့် ဒီနေ့လိုမျိုး နှုတ်ဆက်ခြင်းအား ဘယ်လို ခွန်အားမျိုးနှင့် ရင်ဆိုင်ရပါမည်လဲ။ (a) အလုပ်ကို ရောက်လိုဇောဖြင့် ဆိုင်ကယ်ကို အရှိန်မြင့်ကာ […]


တလုပ်သဗုံ ကြေးမုံဂျီး ရွာထဲမယ် မြစ်ဆုံရေကာတာ လော်ဘီပို့စ်တွေတင် တလုပ်ကူမြူနစ်ပါတီနဲ့တလုတ်အစိုးရ ကောင်းကြောင်း၊ နယ်ချဲ့ ကိုလိုနီအနောက်နိုင်ငံနဲ့ ဖက်ဆစ်ဂျပန် ဆိုးကြောင်း ဝါဒဖြန့်တာ တွေ့တော့ ခံစားခဲ့ရတဲ့ တလုပ်ပြည်သူတွေအတွက် ယူကြုံးမရ ဖြစ်မိတယ်ဂျ။ တဆက်ထဲ သူတင်တဲ့ တလုပ်မတွေ မီနီစကပ်ဝတ် အလှပြတာ မြင်တော့ သွားရည်ကျမိတယ်။ မဟာဂေါင်းဆောင် အုတ်ကထ မော်စီတုံးကိုလည်း လေးစားမိတယ်။ တလုပ်ပြည် အတိတ်သမိုင်းကြောင်း တူးဆွမိတော့ ကူမြူနစ် ကြေးမုံဂျီး တခါမှ မဟဖူးတဲ့ အခြင်းအရာ ဘွားကနဲ တွေ့တယ်။ အားလုံးလဲ ကြားဖူးမှာပါ ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာ၊ ၁၉၆၆ ကနေ မော်စီတုံး ကွယ်လွန်ချိန် ၁၉၇၆ အထိ တလုပ်ပြည်တွင် ဖြစ်ခဲ့တယ်။ ဆွေမျုးိပေါက်ဖေါ် မြန်တြံ့ပြည်မှာလဲ အားကျမခံ ဗကပများ ပါတီတွင်း […]


KyaemonOctober 21, 201720min4261
။ကျောက်ခေတ်လို၊ရသေ့လိုနေလိုသူများရှိကြမှာပါ၊ သို့သော်အများပြည်သူတွေကဒီလိုဟုတ်မယ်လို့မထင်ပါ၊ အနောက်နိုင်ငံတွေ၊ကိုရီးယားဂျပန်တရုပ်စင်ကာပူတို့လို မီးကိုနိုင်နင်းလို့တင့်တင့်တယ်တယ်နေလိုကြမှာပါ၊ အလိုက်အထိုက်ဖွံ့ဖြိုးချမ်းသာပြီးအလုပ်အကိုင်ကိုယ်စီနဲ့ သူများနိုင်ငံမှာသွားကျွန်ခံဘို့မလိုပါ၊     myanmargazette.net/230219 ၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths – XLV (# ၄၅)   myanmargazette.net/224185   ၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths – IX  (# ၉)     ၊ဗီယက်နမ်ကပုံတွေပါ၊ငါးဖမ်းဝါးလှောင်အိမ်ကိုခြေကျင်အစား စက်ဘီးနဲ့သယ်၊        လူအားနဲ့တောင်သိပ်မနိုင် ပန်းသယ်တွေကစက်ဘီးနဲ့သယ်ပြီးလိုက်ရောင်း၊   ၊မော်တော်ဆိုက်ကယ်နဲ့ဝက်တွေဈေးပို့၊ပန်းအိုးကြီးတွေလိုက်ပို့။   ၊ရေအားလျှပ်စစ်ကိုကောင်းကောင်းကြီးနိုင်လို့ဈေးသက်သာတဲ့မော်တော်ဆိုက်ကယ်တွေကိုထုတ်ရောင်းနိုင်တယ်၊ အငယ်စားလုပ်ငန်းရှင်တွေလဲ၊မော်တော်ဆိုက်ကယ်တွေနဲ့အလုပ်ဖြစ်၊     ၊အိမ်နီးချင်းကပီပါdrumသယ်၊နံနက်စောစောစီးစီးနံပြားဆင့်ပြီးသယ်ပို့၊ သမုဒ္ဒရာဝမ်းတထွား၊ပင်ပန်းလှ၏     […]