သူရႆဝါJuly 16, 20121min24012
ဒါရိုက်တာမောင်ဝါဝါ၏ ကမ္ဘာ့အဆင့်မီ ပြည်တွင်းဖြစ် ဇာတ်လမ်းတွဲစစ်စစ် ဖြစ်လေ၏ – သူရဿဝါ – အိုပါး၊ အိုနီး၊ အာဂျီးရှိ၊ အာဂျီးမား၊ ဆားဒါးငဲ၊ မီးအားနည်း စသည့် အခေါ်အဝေါ် များမှစ ဂင်ဘတ်၊ ကင်မ်ချီ၊ ထမင်းလိပ်၊ ပဲခေါက်ဆွဲ စသည့် အစားအစာ များအလယ် ထား၍ နောက်ပိုး မိန်းမ၊ နှိပ်စက်သော ယောက္ခမ၊ သွေးကင်ဆာ ဆိုသည့် အဖြစ်အပျက် များအဆုံး မောင်ဝါဝါတို့ အားလုံးကို အတုန်းအရုန်း ဖြစ်လောက်အောင်၊ တီဗီရှေ့မှ မခွဲနိုင် မခွာရက် ဖြစ်လောက်အောင် ဆွဲငင်အား ကောင်းလှသော ကိုရီးယား ဇာတ်လမ်းတွဲ များကို ကြည့်ပြီး ရှုပြီး သကာလ မောင်ဝါဝါ တစ်ယောက် စဉ်းစား ပူပန် မိသည်မှာ ထိုသော […]


July 15.7.2012 နေ့မှာပေါ့ကျွန်မတို့ရုံးမှမန်နေဂျာနှင့်သူငယ်ချင်းများရိပ်သာသို့ကုသိုလ်ပြုလုပ်ရင်း ဝေယာဝေစ္စဒါနများပြုလုပ်ဖို့မန်နေဂျာနှင့်တကွသူငယ်ချင်းများသွားကြဖို့ညနေထဲကလူစုကြပါတယ်။မနက်ကို ၄နာရီခွဲကိုသွားကြမယ်ဆိုပီးပြောထားကြပါတယ် ။နိုးတဲ့သူငယ်ချင်းတွေကလာနိုးတော့မထချင်ပါဘူး ဒါပေမဲ့ လူးလိမ့်ထရပါတယ်။အပျင်းကြီးနေလို့မဖြစ်ဘူးလေ ခါတိုင်းမှာဆိုရုံးပိတ်ရက်တနင်္ဂနွေဆိုနေမြင့်အောင်ထိရနာ ရီ၈နာရီမှထကြတာဆိုတော့တော်တော့လူးလဲထရပါတယ်မန်နေဂျာကကုသိုလ်ပြုတာဖြစ်ပါတယ်ကျွှန်မတို့ သူငယ်ချင်းတစုကတော့ဝေယာဝစ္စဒါနပြုတာဖြစ်ပါတယ်ဟိုရောက်တော့၄ခွဲကျော်လောက်ဖြစ်ပါတယ်ရိပ်သာမှ ယောဂီများကိုကျွှေးဖို့အားလုံးကူညီပေးကြရပါတယ်။ဘုန်းဘုန်းကိုမနက်အာရုံဆွမ်းတဖွဲ့လုံးကပ်ကြပါတယ်ကို ကိုယ်တိုင်လှူတာမဟုတ်ပေမဲ့အရမ်းကြည်နူးမိပါတယ်ကြည်နူးစရာလဲတော်ကောင်းပါတယ်ဒီလိုနဲ့အာရုံမနက် ခင်းစာအောင်မြင်ခဲ့ပါတယ်။နေ့လှည်စာဘုန်းတော်ကြီးများနဲ့ယောဂီများကိုကပ်ဖို့ရိပ်သာမှကားနဲ့ဟင်းသီး ဟင်းရွက်နှင့်ချက်စရာများသွားရောက်ဝယ်ကြပါတယ် ကျွှန်မတို့ဖွဲ ဟင်းချက်စရာများသွားဝယ်နေတုံးကိုဘုရား ဝိုင်းထဲသို့တံမျက်စည်းများလှည်းကြပါတယ် ။ လှဲပီးချိန်မှာ ဟဲ..ဟဲ ဝါသနာလေးပါတော့သူငယ်ချင်းများနှင့် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ခဲ့ကြပါသေးတယ်အမှတ်တရပေါ့။ဘုရားကိုလဲမန်နေဂျာကဆေးသုတ်သေးပါတယ် သူငယ်ချင်းကောင်လေးများလဲအားလုံးဝိုင်းကူကြပါတယ်။ဒီလိုနဲ့နေ့လည်စာအတွက်လုံးပန်းရပါတော့တယ် ရိပ်သာမှ ရှိတဲ့ဝေယာဝေစ္စကုသိုလ်ရှင်တွေလဲအရမ်းပင်ပန်းကြပါတယ် ကျွှန်မတို့သူငယ်ချင်းတစုလဲဝိုင်း ကူဟင်းရွက်များသင်အားလုံးကူလုပ်ပေးကြပါတယ်ဒီလိုနဲ့နေ့လည်စာချိန်ကိုရောက်လာတော့ပုဂံချ ဟင်းတွေ ထည့်နဲ့သူငယ်ချင်းအားလုံးနဲ့တယောက်တလက်တော်ပျော်စရာကောင်းပါတယ်ယောဂီများလာတော့အားလုံး ပဲလက်အုပ်ချီလိုစောင့်နေကြပါတယ်။ရိပ်သာကိုရောက်မှပဲ ကိုယ်အမူရာနှုတ်အမူရာတွေငါတို့တွေကြမ်းပါလား လို့ကို့ကိုရှက်မိပါတယ်တော်ကြည်ညိုစရာကောင်းပါတယ်ယောဂီများဟာလမ်းလျှောက်ရင်လဲခြေတလှမ်းခြင်း လျှောက်ပီးထမင်းစာလဲဇွန်းသ ံပုဂံ မကြားရပါဘူးတော်ကိုတိဆိတ်ငြိမ်သက်နေပါတယ်ကြည်ကျွှန်မတို့အဖွဲ့ ယောဂီတွေစားအပီးမှာအားလုံးပုဂံဆေးပေးကြပါတယ် လူ၄ယောက်အဆင့်ဆင့်ဆေးတာပုဂံတွေကို၁နာရီ လောက်ဆေးရပါတယ် မှန်တာပြောရရင်ဒါကုသိုလ်တော်ရတယ်လို့တော့ထင်ပါတယ် ကျွှန်မတော်ရွံတတ် တဲ့လူပါစိတ်ထဲကနေအော်ငါ ကုသိုလ်လုပ်တာပါလေလို့ ကျွှန်မ မရွံတော့ပါဘူးကို့ကိုယ်ကိုပဲဆုံးမပီးဆေး ပေးလိုက်ပါတယ်ပုဂံတွေလဲဆေးပီးရောသူငယ်ချင်းအားလုံး တော်ကိုမောသွားကြပါတယ်မနက်စောကလဲအိပ် ယာထထားရတော့အိပ်ကလဲအိပ်ချင်ပင်ပန်းကလဲပင်ပန်းနဲ့ပေါ့ ဒါပေမဲ့ကြည်နူးမိပါတယ်ပင်ပန်းလဲပင်ပန်း ပျော်လဲပျော်ပါတယ် ကိုယ်ကိုတိုင်လှူတာမဟုတ်ပေမဲ့ဝေယာဝေစ္စ ကုသိုလ်လုပ်ရတာတော်ပျော်ဖို့ကောင်းပါ တယ်လူငယ်တွေနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူကြီးများကုသိုလ်ဒါနပြုကြတဲ့ခါတတပ်တအားဝိုင်းဝန်းကူညီ […]


Foreign ResidentJuly 16, 20124min35121
စဉ်းစားကြစေလိုပါတယ် ( ၃၃ ) ( ဂုဏ်ယူစရာ လား ၊ စိတ်ကုန် / နာ စရာ လား )   အင်း ၊ အဘ ဒီ Post ကို ရေးဖြစ်တာကတော့ ကို Kyaemon ရဲ့ ” Norway’s GDP — ” Post မှာ Australia’s GDP per capita က ကမာ္ဘ့ အဆင့် ၁၄ / ၁၆ လောက်အထိကို ကျနေလို့ ။   ဟင် ၊ ဟိုတနေ့ကတင် ငါ ၊ Australian Financial Review ထဲမှာ […]


အဟီး…ဘာရယ်ဟုတ်ဘူး..မိုးဗြားဂိုဏ်းသားတွေလို အပျင်းပြေ ရွာထဲမှာ ဖွကြည့်လိုက်တာ။ အကယ်၍များ မတော်တဆ ကြောင်ကြီးကို ကိုးကွယ်ဖို့ စဉ်းစားနေရင်တော့ လုပ်လက်စနဲ့ ဆက်လုပ်ကြပါလို့..။ ကြောင်ကြီးအတွက် အပန်းမကြီးပါဘူး..။ ဟောသည်ဂါထာလေးနဲ့သာ ပသဂျပါ။ ကြောင်သူတော် ဗျောင်လူခေါ် မှောင်ထူပျော် စောင်ဖြူလျှော်၊ ညောင်ဆူအော် ဟောင်ယူဖော် အောင်ထူမော် ယောင်ပူဇော်…။


mgwaloneJuly 16, 20121min2077
ကိုယ်တိုင်လည်း စိတ်ကူးရှိတာရယ်၊ မန ္တလေးအလှပို့စ်မှာ ရန်ကင်းတောင်အလှကို ခံစားလိုပါတယ်ဆိုတဲ့ comment ရယ်ကြောင့် ဒီပို့စ်လေးကို တင်လိုက်ပါတယ်။ အဲ ပုံတွေသေးနေတာကိုလည်း ထပ်ကြိုးစားကြည့်တာလည်း ပါပါတယ်။ အောင်ပင်လယ်ဆိုတာ မန ္တလေးရဲ ့ အရှေ ့ဖက် မှာ ရှိပါတယ် ။ ရန်ကင်းတောင်ကို တော့ အဝေးမြင်ကွင်းတွေပဲ ပါတဲ့အတွက် တောင်းပန်ပါတယ်။ မန ္တလေးရဲ ့ ဖုန်ထူ၊ ကားရှုပ်၊ ဆိုင်ကယ်ရှုပ်နေတာတွေကနေ ဘယလိုမှ မတူတဲ့ ခံစားချက်ကို ပေးနိုင်တဲ့ နေရာပါ။ ရာသီအလိုက် စိမ်းစိုတဲ့ မြင်ကွင်း၊ လှပတဲ့ ကောင်းကင်၊ ပျိုးခင်း၊ စပါးခင်းတွေကို ဖြတ်တိုက်လာတဲ့ လေကို ရှူနိုင်တဲ့ နေရာပါ။ ဒါပေမဲ့ ဘယ်လောက်အထိ ဒီနေရာတွေ ရှိနေဦးမှာလဲ။ ကနောင်မင်းသားကြီးတို့ […]


အညာတမာJuly 15, 20121min37424
ကျတော်တို့အညာဒေသမှာရှိတဲ့ အထူးသဖြင့် ရွာတွေမှာနေထိုင်တဲ့ လူတွေဟာ အေးအေးလူလူနေတတ်ကျတယ်၊ ဧည့်ဝတ်ကျေပြွန်တယ်၊ ဖော်ရွှေတယ်၊ ရိုးသားကြတယ်။ တကယ်တော့ ရိုးသားလွန်းအားကြီးရင် “အ” သလို ဖြစ်သွားတတ်တယ် ဆိုတာကို သူတို့ဘဝရဲ့ အဘိဓာန်မှာ မပါတဲ့ မီးနင်း (meaning) ပါ။ ဒါကြောင့် ကျတော်တို့ အညာသူ၊ အညာသား တွေဟာ  ရိုးသားတယ်ဆိုတဲ့ ဂုဏ်ပုဒ်ပေါ်မှာ ဘဝ တလျှောက် ကြောင့်ကျမူကင်းစွာ နေထိုင်ခဲ့ကြတယ်။ ကျတော်တို့ရွာရဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ခေါင်သလားမမေးနဲ့ လကမာ္ဘကို တိုက်ရိုက်သွားနိုင်ပေမယ့် ရန်ကုန်ကနေ ရွာကို ရောက်ဖို့ဆိုရင် ကား၊ သဘောင်္၊ နွားလှည်း ပြီးရင် ခြေလျှင်ပါ လျှောက်နိုင်မှ ရွာကို ရောက်တယ်။ အဲဒီလောက် ခေါင်းပါးတော့ တစ်ခုခုဆိုရင် ကျတော်တို့ ရွာသူ၊ ရွာသားတွေအတွက် အသစ်အဆန်းဖြစ်ရတယ်။ ကျတော်မှတ်မိနေသေးတယ်၊ […]


thihayarzarJuly 15, 20121min1767
ပထမဦးစွာ မြတ်စွာဘုရားလက်ထက်က ဝိသာခါကျောင်းအမကြီးက သူ့ရဲ့ ယောက္ခမကြီး မိဂါရသူဌေးကြီးကိုပြောသောစကားဖြစ်ပါတယ်။ မိဂါရသူဌေးကြီးက အိမ်ရှေ့မှာ ထမင်းစားနေတယ် သူ့ရဲ့ချွေးမ ဝိသာခါ က ယပ်တောင်လေးနဲ့ ယပ်ခပ်ပေးနေတယ်။ အဲဒီအချိန် အိမ်ရှေ့မှာ ဘုန်းကြီးတစ်ပါး ဆွမ်းခံ ကြွလာတယ် တိတ္ထိဖြစ်တဲ့ မိဂါရသူဌေးကြီးဟာ မမြင်ချင်ယောင်ဆောင်နေတယ် မလှူဘူးလည်းမပြောဘူး ဝိသာခါကမြင်တော့ ဘုန်းကြီးကို ထွက်လျှောက်တယ် ခွင့်လွှက်ပါ အရှင်ဘုရား တပည့်တော်ရဲ့ ဖခင်ဟာ အဟောင်းကိုသာစားသော အဟောင်းစားများဖြစ်ပါတယ်ဘုရားလို့လျှောက်လိုက်တယ်။ အဲဒါကို သူဌေးကြီးက ကြားသွားပြီး ယုက်မာလိုက်တဲ့ချွေးမ နင်ကများငါ့ကို အဟောင်းစားတဲ့ ငါလိုသူဌေးတစ်ယောက်ကို စော်ကားလိုက်တာပဲ။ အခုချက်ချင်း အိမ်ပေါ်ကဆင်းဆိုပြီး ဆင်းခိုင်းလိုက်တယ်။ ဝိသာခါကလည်း မဆင်းနိုင်ဘူး သူမမှားဘူးဆိုပြီး တော့ပြောတယ်။ ဘယ်သူမှားတယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် သူရဲ့အဖေ ထည့်ပေးလိုက်တဲ့ ပညာရှိသူကြွယ် ရှစ်ယောက်ကို ခေါ်ပြီးဆုံးဖြတ်ခိုင်းတယ်။ ပညာရှိသူကြွယ်ရှစ်ယောက်လာမှ […]


maung khinminJuly 15, 20121min824
အမေ့ နှုတ်ခမ်း နှစ်လွှာ…..မဲ့နေလိုက် ပုံက ကျွန်တော့်…အနာဂတ် ကို အားအင် တွေသစ်စေခဲ့…. အမေ့ အရေပြားတွေ…တွန် ့ထပ်နေလိုက် ပုံက ကျွန်တော့်….သံဝေဂဉာဏ် ကို ရင့်သန်စေခဲ့… အမေ့ နှလုံးခုန်နှုန်းတွေ….မြန်လွန်းလာတဲ့အခါ ကျွန်တော့်…စိုးရိမ်ရေမှတ်ကို ဒီရေတတ်စေခဲ့… အမေ့ ဘုရားဝတ်ပြုသံ….ငြိမ်းချမ်းနေလိုက်ပုံက ကျွန်တော့်…မိုက်မဲမှု ကို အရေခွံ…ကွာကျစေခဲ့တယ်…အမေ အမေ…ရယ် ကျွန်တော်…ရယ် အမေ့ …ခြံဝိုင်း လေးရယ်လေ.. ဘယ်တုန်းကမှ… သူစိမ်းတွေ….မဟုတ်ခဲ့ကြပါဘူး…အမေရယ်..။။။


ဂ်စ္စူJuly 15, 20121min63255
ဒူပေတာပေ. ♣         ဟုတ်ကဲ့….။ကျနော်ပြောတဲ့ ဒူပေတာပေ ဆိုတဲ့ အခေါ်အဝေါ်နဲ ့ ပတ်သတ်လို ့ ကျနော့်ဘာသာ အနတ် ပြန်ကြည့်တာ အကြမ်းခံခြင်း၊ အသုံးခံခြင်း၊ ကြာရှည်ခံနိုင်ရည်ရှိခြင်း၊ သန်မာခြင်း၊ စတဲ့ အဓိပ္ပါယ်တွေနဲ ့ ပြည့်လို ့နေပါတယ်။ ဝတ္ထုပစ္စည်းတစ်ခုနဲ ့ ဥပမာပေးပြပါဆိုရင် – တန်ဖိုးညီ Touch Screen အမျိုးစား ဖုန်းနှစ်လုံးကို မြေပြင်ညီ ကြမ်းခင်းသို ့ ပစ်ချလိုက်တဲ့အခါ ဖုန်းနှစ်လုံးစလုံး ကွဲအက်၊ ပွန်းပဲ့ သွားတာခြင်း အတူတူ အကောင်းတိုင်း ဆက်သုံးလို ့ရနေမဲ့ ဖုန်းက ဒူပေတာပေ ခံတဲ့ ဖုန်းဟု ဆိုရမှာဖြစ်ပါတယ်။ အဲဒီ ဒူပေတာပေဆိုတဲ့ အသုံးနှုန်း ဘယ်အချိန်ကတည်းက စတင်ခေါ်ဝေါ်ခဲ့မှန်းမသိပေမဲ့ ကျနော့်ပတ်ဝန်းကျင်ကလူတွေ အလျင်းသင့်သလို ခိုင်းနှိုင်း […]


maung khinminJuly 15, 20121min53
လိပ်တစ်ကောင်က ကိုယ့်ရေယက် ကိုယ်ယက်ပြီး ပင်လယ်ထဲ… ထိုးဆင်းသွားတယ်….. ငှက်တစ်ကောင်လည်း ကိုယ့်အတောင် ကိုယ်ခတ်လို ့ အာကာထက်… ပျံတတ်သွားတယ်….. ချစ်သူက ကိုယ့်အတ္တ ကိုယ်ဖက်ပြီး ကျွန်တော့် ရင်ဘတ်ထဲက… ခွဲထွက်သွားတယ်….. ထို ့နောက်… ကျွန်တော်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး မနက်ဖြန်အကြောင်း… တွေးနေလိုက် မိတော့တယ်..။။။


စာဖတ်သူများ ခင်ဗျာ … အောက်တွင် ဖော်ပြထားသည့် ကျနော့်ရဲ့ “ထူးဆန်းသော ဝတ္ထု” မှာ ရှည်သည့်အတွက် အချိန်ရမှ ဖတ်ပေးပါရန် ကြိုတင်၍ ပြောကြားအပ်ပါတယ် ခင်ဗျာ။   ထူးဆန်းသော ဇရပ်ကလေး မြန်မာပြည်အလယ်ပိုင်း အညာဒေသရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်လေသည်။ ထိုကျေးရွာ၏ အမည်မှာ တိုင်းတာကျေးရွာဟူ၍ ဖြစ်၏။ တိုင်းတာရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်း အရပ်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိလေ၏။ ထိုဘုန်းကြီးကျောင်းတွင် ဥပုသ်နေ့ အခါသမယများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ နားနေနိုင်ရန်အတွက် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင် ရှိလေသည်။ ထိုဇရပ်ကလေးသည် လူ ၃ဝ ခန့် နားနေနိုင်သော အကျယ်အဝန်းရှိလေသည်။ ဥပုသ်နေ့များတွင် မည်သို့သော ထူးခြားမှုမျိုးကို မပြတတ်သော်လည်း ဥပုသ်နေ့ပြင်ပ အခြားသော နေ့များတွင် […]


naywoon niJuly 15, 20121min32422
တစ်ရက်က နေဝန်းနီ ထိုင်နေကျ လ္ဘက်ရည် ဆိုင်ထဲ ရောက်သွားတော့ ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ သွားတိုးတယ်….။ နေဝန်းနီ သာ ရောက်တဲ့ နေရာ ပြဿနာနဲ့ အလုပ်တွေက ထွက်လိုက်ရပေမဲ့…. သူတို့တွေက လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေ ဖြစ်တာကြောင့် အေးအေး ဆေးဆေး စကားမပြောဖြစ်ကြဘူး….။ ဘာလို့လဲ ဆို နေဝန်းနီကသာ အချိန်ပြည့် အားနေတာ …. သူတို့က မအားကြရှာဘူး…။ တစ်ခါတစ်လေ တွေ့ဖြစ်တာတောင် နေကောင်းလား ဘယ်သွားမလို့လဲ ဘယ်ကလာလဲ လောက်ပဲ နှုတ်ဆက်ဖြစ်တာ….။ အဲဒိနေ့ကတော့ သူတို့ ရုံးအားရက်နဲ့ တိုးလို့ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောဖြစ်တယ်…။ သူငယ်ချင်းနှစ်ယောက်ဆိုပေမဲ့ သူတို့ က နေရာတစ်ခုစီမှာ လုပ်ကြတဲ့သူတွေပါ…။ ရုံးချင်းမတူပါဘူး…။ ဒါကြောင့် သူတို့ ဖြတ်သန်းရာနေရာတွေက တူမလိုနဲ့ကွဲပြားနေပါတယ်…။ […]