htet wayJuly 7, 20121min986
မှန်ကန်မူ သစ္စာတရားနဲ့ ကိုယ်ကျိုး စွန့် အနစ်နာခံသူတွေ မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် ဥဩသံတွေ မည်ဟီးလိုက်စမ်းပါ ဟိုမှာ တိုင်တစ်ဝက်လွှင့်တင်ထားတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတော် ငါတို့ရဲ့ အမြတ်တနိုး သော့ခတ်ထားတဲ့ နေ့ရက် ဇူလှိုင် ၁၉ ငါတို့ရဲ့ ကယ်တင်ခြင်း တေးသွားရဲ့ချိုမြိန်မူ ဇူလှိုင် ၁၉ ငါတို့ရဲ့ ရနံ့အမွှေးဆုံး ပန်းတွေ ကြွေတဲ့ ဇူလှိုင် ၁၉ ဟော့ဒီမှာ ငါတို့ရဲ့ မွတ်သိပ်တဲ့ အလွမ်းတွေ ဟော့ဒီမှာ ငါတို့ရဲ့ ဝမ်းနည်းခြင်း မျက်ရည်တွေ ဟော့ဒီမှာ ငါတို့ရဲ့ သံပြိုင်သီဆိုလိုက်တဲ့ ကွဲကြေနေတဲ့ အသံ ဇူလှိုင် ၁၉ အနစ်နာခံခြင်းရဲ့ အခြား အမည်…..အာဇာနည်တဲ့ အရိုင်းအစိုင်းတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျေးဇူးရှင်တွေ ကျွနပ်တို့ ရှိုက်သံဂီတ […]


alinsettJuly 7, 20121min1946
တနေ့တော့ ဆိုင်တွင် စိုးရာယာနှင့် ကျွန်တော် နှစ်ဦးတည်း ထိုင်စကား ပြောနေကြသည်။ ဖရီးမောင့်၊ အိုလုန်းကောလိပ်တွင် ကျောင်းတက်ပုံကို စိုးရာယာက ပြောပြနေသည်။ ”ဘာမေဂျာယူလဲ” ”ကျွန်မက ဆရာမဖြစ်ချင်တာ” ဟု စိုးရာယာဆိုသည်။ ”တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ________________________________ ‘တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ”အမြဲတမ်း ဖြစ်ချင်ခဲ့တာ။ ဗာဂျီးနီးယားမှာနေတုန်းက ကျွန်မ ESL အောင်လက်မှတ်ရတယ်လေ။ အခုဆို စာကြည့်တိုက်မှာ တစ်ပတ်ကိုတစ်ည ကျွန်မ စာပြတယ်။ အမေကလည်း ဆရာမပဲဟာ။ ကဘူးမှာနေတုန်းက မိန်းကလေးအထက် တန်းကျောင်းမှာ ဖာစီစာနဲ့ သမိုင်းသင်တယ်” သမင်လိုက်ဦးထုပ်ဆောင်းထားသော ဗိုက်ရွှဲရွှဲလူဝကြီးတစ်ဦး ငါးဒေါ်လာ တန် ဖယောင်းတိုင်စိုက်ညှာတံကို သုံးဒေါ်လာပေးသည်။ စိုးရာယာ ရောင်းလိုက်သည်။ ခြေရင်းမှ ဘူးကလေးထဲ ပိုက်ဆံထည့်ပြီး ကျွန်တော့်အား ရှက်ရွံ့စွာကြည့်သည်။ […]


မောင်” အင်း…ဟုသာဆိုနိူင်လေသည်….. မောင်ဘယ်လိုဖြစ်နေတာလဲ… မောင် ့ကိုအားမရလိုက်တာ…ဟုမမကဆိုသည်…။ ကျွန်တော်ဘာမှမပြောသေးခင်မှာ…..မမကိုချစ်ရဲ ့လား..ဟုခပ်ညည်းညည်းလေးပြောသည်….။ ကျွန်တော်သီချင်းလေးတစ်ပိုဒ်ကိုစိတ်ထဲကဆိုပြလိုက်မိသည်….။ ကိုငှက်ရဲ ့ချစ်သူလက်ဆောင်သီချင်းလေးထဲက….. ကိုယ်အားလုံးကို..တိုက်ခိုက်ကာ..ချစ်ခဲ ့ရ…နောက်ဆုံးတော ့အသည်းကွဲဖို ့လား…….. မမရဲ ့မေးခွန်းဖြေဖို ့ဘယ်လိုခွန်အားတွေသုံးရမလဲ…ဆိုတာစဉ်းစားလေခေါင်းပိုရှုပ်လာတယ်လေ…. ချစ်တယ်ဆိုတဲ ့စကားကို..လွယ်လွယ်ကူူကူပြောခဲ ့တဲ ့ကျွန်တော်တကယ်ချစ်ရသောမမကိုကျတော ့…. ဘာလို ့ဒီလောက်လေးလံနေမှန်းမသိပေ……. တကယ်တော ့မမရဲ ့အချစ်ကိုလွယ်လွယ်ရခဲ ့လို ့မဟုတ်….. ဟိုတုန်ကအတိတ်ဆီပြန်ရောက်သွားခဲ ့ပြန်တယ်လေ….. တကယ်တော ့မမကကျွန်တော ့သူငယ်ချင်းရဲ ့အစ်မတယောက်ပါ… သူငယ်ချင်းဆီကိုဝင်ထွက်ရင်းနဲ ့သံယောဇဉ်ကဖြစ်လာပြန်တယ်….


snow whiteJuly 7, 20121min21915
ကျောင်းတက်နေချိန်  ပျော်စရာ ကျောင်းတော်ကြီးရဲ့သင်စရာ တို့တွေသင်ကြားကာ အချိန် ၃နှစ်ပြည့်သောအခါ ကျောင်းတော်ကြီးနဲ့ဝေးကွာ ဒီချိန် ခါနောင်တများ တို့တွေ တွေ့ပြီလား ကျောင်းတော်ကြီးမှာပျော်စ ရာ တို့တွေ ပြန်စဉ်စားမှာ တစ်ခါတစ်ခါ အခက်ခဲ ကျောင်းသားတိုင်းတွေ့မှာဘဲ ဝေးကွာလွန်းတဲ့စာမေးပွဲကို တို့တွေမေ့နေတာ အချိန်တန်ကျ ဖြေချိန်ရောက် ကျကျမယ်ဟဲ့ တပျော်တပါး ဒီချိန်ခါလည်းပျော်သေးတာ နောက်တစ်နှစ်ထက်တက်မှာ မတက်ကျနဲ့ သားတို့သမီးတု့ိရယ် စာကြိုးစားပါကွယ် (ဆရာ/မ ဆုံးစကား) ပျော်ပျော်နေတဲ့ လူငယ်ဘဝ ထက်တက်ရတာ ရှက်ဘူးဗျ ဒီခါလည်း အပျော်မလျော့ပါ နောက်တစ်နှစ်ထက်ကျမှာ အတွေးမမှားဘဲ နားလည်စမ်းစာကြိုးစားကျ ကွဲ့                             […]


အကြောင်း က ဒီ လိုပါ။ ရုပ်ကြီး ကိုက။ 😀   Facebook ထဲ မှ တွေ့သောပုံ ဖြစ်ပါသည်။ မူလပိုင်ရှင် ကို မသိ၍ ခွင့်မတောင် ဘဲ ယူသုံး မိသည် ကို တောင်းပန်ပါသည်။ ပုံ ကို ကြည့်ပြီး ဝါးလုံးကွဲ ရီမိ ၍ ချစ်သော ရွာသူ/သား များ ကို လဲ မျှပါသည်။ Copy/Paste ထဲ ထည့်ထားပါသည်။ တင်း နေသော စိတ် များ ရှိနေပါက ပြေပျောက် စေရန် ရည်ရွယ်ပါသည်။  😆


Knowledge SeekerJuly 7, 20121min1255
သိ ပြီး သာ ဖြစ် ကြ မှာ ပါ၊ ဒါ ပေ မဲ. မ သိ သေး သူ များ အ တွက် Email မှ ရ သည် ပုံ ပြင် လေး ပါ လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင်အသက်ရှင်နေထိုင်နိုင်ပါတယ်။ လင်းယုန်ဆိုတာ ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားပြင်းပြင်းပျံနိုင်တဲ့ ငှက်မျိုး။ လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၄ဝ လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ ကောင်းကောင်းမပျံနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ.ရဲ့ နှုတ်သီးဟာ ကွေးလာပြီး ရင်ဘတ်ထိအောင် စိုက်ကျလာတယ်။ အတောင်ပံတွေဟာ မခတ်နိုင်တော့လောက်အောင် လေးလာတယ်။ လက်သည်းတွေဟာ ရှည်လျားလာပြီး အစာရှာဖို.ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။ အဲဒီမှာ ရွေးချယ်စရာ […]


VictoryJuly 7, 20121min29719
      အပိုင်း တစ် မြို့ငယ်လေး၏မီးရထားဘူတာရုံမှ ထွက်လာတော့ အသင့်စောင့်နေသော ရွာမှ မြင်းလှည်းကိုတွေ့ရသည်။ မွေးရပ်မြေကိုမရောက်တာကြာပြီဖြစ်၍မြင်းလှည်းမောင်းသူက မသိသူဖြစ်ပေမဲ့ မေတ္တာရှင်ဟူသော မြင်းလှည်းဘေးတွင်ရေးထားသော စာလုံးကြီးများ၏ အရွယ်အစား၊အရောင်နှင့် ဒီဇိုင်းတို့က အရင် အတိုင်းသာ ရှိနေသဖြင့် ရွာကမြင်းလှည်းမှန်း တန်းကနဲ သိလိုက်ရသည်က အဆန်းတော့မဟုတ်။ ရွာနီးချုပ်စပ်မှ ဈေးလာဝယ်ပြီးပြန်မည့် ဈေးဝယ်ပြန်သူများ၊ ရွာထွက်ရောင်းကုန်များ လာရောင်းပြီးပြန်ကြမည့် ဈေးရောင်းပြန်သူများ ကိုအဓိကထားပြီးတင်ဆောင်ခေါ်လေ့ရှိသော ဤမြင်းလှည်းကို ဈေးကြိုမြင်းလှည်းဟု အရပ်ခေါ် ခေါ်ကြလေသည်။ မြင်းလှည်းပေါ်တွင် လူတော်တော်များများရှိနေပြီဖြစ်၍ မြင်းလှည်းနောက်ပိုင်းတနေရာတွင်ဝင်ထိုင်ရန်ပြင် နေစဉ်ကြာပွတ်ကိုင်ထားသောမြင်းလှည်းဆရာလေး အနားကိုကပ်လာပြီး တရင်းတနှီးနှုတ်ဆက်လာသည်။ သူက ကိုယ့်ကိုသိသည်။ ဒီလိုနဲ့ သူဖိတ်ခေါ်ရာ သူ့မြင်းလှည်းရှေ့ပိုင်း မြင်းလှည်းမောင်းသူ သူ့နဘေးတွင်နေရာ ရသည်ပေါ့။ တခဏအကြာမြင်းလှည်းထွက်ချိန်တန်တော့ မြင်းလှည်းထွက်သည်။ တလမ်းလုံး ဟိုမေးဒီမေး မေးလာသော မြင်းလှည်းဆရာ၏စကားများကို […]


ရွှေ ကြည်July 7, 20121min55438
ဒီလိုတွေးမိသောကြောင့်ဒီလိုရေးလိုက်မိပါသည်။ အားမနာတန်းဝေဖန်ကြပါကုန်(စကားအဖြစ် ပြောတာနော်တကယ်ပြောရင်အော်ငိုမှာ)။ ဒီလိုပါ ယေက်ျားလေး နဲ့ မိန်းကလေး ကိစ္စပေါ့ရှင်။ ကျွန်မကအပျိုကြီးဆိုတော့ကာတော်တော် များများ က ကျားမကောင်း ကြောင်းပြောလိမ့်မယ်ထင်ပါလိမ့်မယ်။ လောကသဘာဝအရယေက်ျားလေးနဲ့ မိန်းကလေးရယ်လို့ အခေါ်အဝေါ်မှအစအသွင်အပြင်ရော၊ စိတ်အခြေခံခြင်းပါကွဲပြားပါတယ်။ တာဝန်ယူမှု အပိုင်းဟာလည်း သူ့ အလိုလိုခွဲခြားထားပြီးသားဖြစ်နေတတ်ပါတယ်။ ဥပမာပေါ့နော် ရေမြောင်းတူးဖို့၊လမ်းဖို့ ဖို့လုပ်အားပေးခေါ်ပြီ ဆိုရင်ယောက်ျားလေးတွေကပေါက်ပြား၊ တူးရွင်းတွေကိုင်ဆောင်ထွက်လာကြပြီး မိန်းကလေးတွေကတောင်းတွေ ခေါင်းခုတွေနဲ့ထွက်လာကြတာတွေ့ရမှာပါ။ မြို့တွေမှာတော့တွေ့ရမှာမ ဟုတ်ပါဘူး။ ဒါကနယ်တွေမှာပါ။ မြို့မှာပြောရမယ်ဆိုရင်တော့ ဈေးမှာ မိန်းကလေးတွေသာအတွေ့များမှာဖြစ် ပြီးယောက်ျားလေးတွေကိုတော့ ဘီယာဆိုင်မှာအတွေ့များမှာပါ (အဲလေ) မှားကုန်ပြီ စီးပွားရေးလုပ်ငန်းခွင်မှာ တွေ့ရမှာပါ။ နောက်တစ်ခုကလုံခြုံရေးဆိုလျှင်ယောက်ျားလေးတွေပဲဖြစ်ပြီး စင်တာတွေကငွေရှင်းကောင်တာ တွေမှာတော့မိန်းကလေးတွေကိုတွေ့ရမှာပါ။ ချွင်းချက်တွေတော့ရှိတာပေါ့ရှင်။ အခုခေတ်မှာမိန်းကလေး ယောက်ျားလေးရင်ဘောင်တန်းနေပြီဆိုပေမယ့် (ရင်ဘောင်တန်းရင်မိန်းကလေးကသာတယ်-အဟဲ) တကယ်တန်းမှာတန်းတူမတူနိုင်ဘူးလို့ထင်ပါတယ်။ ဥပမာပေါ့မိန်းကလေးတွေ ဘောလုံးကန်နေပြီဆိုပေမယ့် မိန်းကလေးနဲ့ယောက်ျားလေး ပြိုင်ပြီးမကန်နိုင်ပါဘူး။ ကန်ခဲ့လို့ယောက်ျားလေးတွေနိုင်သွားပြီဆိုရင် မိန်း ကလေးတွေနဲ့ကန်တာနိုင်မှာပေါ့လို့ပြောကြမှာပါ။ […]


manawphyulayJuly 7, 20121min48329
ရှင်… ကျွန်မလား။ စာရေးဆရာမပါ။ တစ်ချို့ကတော့ ဆရာမလေးလို့ ခေါ်ကြပါတယ်။ နာမည်လား။ မနောဖြူလေးပါတဲ့။ မကြားဖူးပါဘူး ဟုတ်လား။ သိပ်လည်း စဉ်းစားမနေပါနဲ့။ အဲ အထင်လည်း ကြီးမနေနဲ့ဦးနော်။ ကျွန်မက မတောက်တခေါက် ဟိုအကြောင်းဒီအကြောင်းကို စိတ်ထဲရှိသလို ချရေးတာပါ။ အင်းလေ ရှင်တို့ မဖတ်ဖူးတာ မဆန်းပါဘူး။ မဖတ်ဖူးလို့လည်း ဘာမှမပြောပါဘူး။ ကျွန်မရေးတဲ့နေရာလေးက ကျွန်မ ပျော်မွေ့နေတဲ့ ရွာလေးတစ်ရွာတည်းမှာဆိုတော့ ဘယ်သိကြမလဲနော့။ ကျွန်မကိုယ် ကျွန်မလည်း စာရေးဆရာမလို့ အရင်ထဲက သတ်မှတ်မထားခဲ့ပါဘူး။ စာရေးဆရာမ ဖြစ်လောက်အောင်လည်း စာပေအရေးအသားကို ထဲထဲဝင်ဝင် ရေးတတ်တဲ့သူမှမဟုတ်တာ။ ငယ်ငယ်တုန်း ကတော့ ပြောရရင် ရ တန်းတက်ထဲက စာဖတ်ဝါသနာတော့ အတော်ပါလားသားရှင်။ ဪ… ဟုတ်ကဲ့။ ခုလို ဟိုမရောက်ဒီမရောက် ရေးတတ်ပုံလေး ပြောပြရမှာလား။ ဖြစ်ပါတယ်ရှင်။ […]


manawphyulayJuly 7, 20121min1755
Study Overseas & Career Fair 2012 နိုင်ငံတကာ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲ You are cordially invite to our Study Overseas & Career Fair 2012 on 7 July 2012 at PARKROYAL Hotel Yangon (10am-4pm)


နွေဦးJuly 7, 20121min24011
ပြောကြပါ Myanmar ကို Burma လို့ ပြောတော့ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့… တကယ်တော့ ဘာထိခိုက်စရာ ရှိလဲ.. ဘယ်သူထိခိုက်လဲ.. မယောင်ရာဆီလူးလို့ ပြောရင် ကျုပ် ကို ဝိုင်း သမ ကြမှာ..ဒီတော့ မပြောဘူးဘဲထားလိုက်.. ခုဟာကတော့ ထိခိုက်ကုန်ဘီ.. ဘာသာပြန်ရင်လဲ ထိထိရောက်ရောက် ပြန်ဗျာ.. တိုက်ရိုက် အသံထွက် အတိုင်း ခေါ်ကြ ပြောကြပေါ့..။ အဟောင်းအတိုင်း ဆိုကြ ပြောကြရောပေါ့.. ခု အသစ်နဲ့ မှ… လိမ်ပြီ ဆရာ ဘဲ…   အသစ်ပြင်ရေးတာလား… မြန်မာဆန်ဆန် အမည်သစ် မှည့်တာလား.. ဘာဖြစ်ဖြစ်..ရှေ့နောက် ဘာဖြစ်နိုင်တယ် ဆိုတာ မစဉ်းမစား .. အသေးအဖွဲလေးကအစ… အမြဲ ဖြစ်လေ့ဖြစ်ထရှိနေတော့… မြန်မာပြည်မှာ ရှေ့နောက် […]


ချစ်သူမလာလို့ မျှော်လင့်နေ့               များလောင်ကျွမ်းသွားလည်း ချစ်သူမလာလို့လွမ်းရနေ့များ                 ပြာဖြစ်သွားလည်း ချစ်သူမလာလို့နာတဲ့အသည်း                ကွဲကြေသွားလည်း ချစ်သူအပေါ် ပြောင်းလဲမသွား                အစဉ်ထာဝရတည်နေမှာ……..


phone_kyawJuly 7, 20121min83453
ထန်းလျှက်ခဲပဲ စားဘူးတဲ့ခလေးက ဘယ်လိုလုပ်ပြီး ချောကလတ်ရဲ  ့အရသာကို သိမှာလဲ။ နိုင်ငံခြားမှာ အနေကြာတဲ့ လူတစ်ယောက်ကလည်း မြန်မာပြည်မှာ ပြန်ပြီးနေဖို ့ဆိုတာက အင်မတန်ကို စဉ်းစားရတဲ့အလုပ်တစ်ခုပါ။ ခင်ဗျားတို ့အားလုံးသိတဲ့အတိုင်း ကျနော့်ဘဝမှာ ထန်းလျှက်ခဲလည်း စားဖူးသလို ချောကလတ်လည်း စားဘူးပါတယ်။ ဒါပေမဲ့ ချောကလတ်တော့ သိတ်ပြီးမကြိုက်လှဘူး။ ထားလျှက်ခဲကမှ ပိုပြီး ကိုယ့်အတွက် သင့်တော်သလိုပဲ။ ဒါက ကျနော့်ခံစားချက်ပါ။ ကျနော့်အကြိုက်။ မြန်မာနိုင်ငံဟာ ယနေ ့ကာလမှာ အခြေအနေဘယ်လိုရှိလဲဆိုတော့ မသိဘူး။ လူနေမှု ့ဘဝတွေကိုပြောတာပါ။ လေထဲကနေပဲ အခြေအနေကို အကဲခတ်လို ့ပဲရတယ်။ ဒါတောင် အတော့်ကို စုတ်ပြတ်နေပြီ။ ထိုင်းနိုင်ငံဟာ မြန်မာပြည်ထက် အတော်လေးကို ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်ဆိုတာကို လက်ခံလား။ လက်မခံလို ့လည်းမရဘူး။ ဖြစ်နေတာဆိုတော့ဗျာ။ ထိုင်းမှာအနေကြာခဲ့တဲ့ ကျနော်ဟာ […]