Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

………………#

စည်းကမ်းများ

1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ။

  • ဥပမာ – သတင်းဆိုလျှင် Newsကိုရွေးပါ။ နိုင်ငံရေးဆိုလျှင် Politic ကိုရွေးပါ။ ပွဲလမ်းသဘင်အလှူအတန်း၊သာရေးနာရေးဆိုလျှင် Event ကိုရွေးပါ။ တတ်နိုင်လျှင်တခုတည်းသာရွေးပါ။
  • Tag ထည့်ထားပါက နှစ်ကြာသွားသည့်တိုင် မိမိစာကို ပြန်ရှာဖွေရာတွင်လွယ်ကူစေပါသည်။ အတိုဆုံး အရေးအကြီးဆုံးစာလုံးတွဲများကို ကော်မာခံပြီးထည့်ပါ။ .ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။

2. Titleကိုတိုတိုရေးပါ။ User အမည်တိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။

  • တချို ့ခေါင်းစဉ်မတပ်မိပါဘူး၊ အဲဒါဆိုရင် ဖတ်လို့မရပါဘူး။ ခေါင်းစဉ်ပေးပါ။ မပေးတတ်ရင် ကိုယ့်စိတ်ထဲ အထင်ရှားဆုံးစာလုံးတတွဲကို ပေးလိုက်ပါ။ ခေါင်းစဉ်တပ်တာမှာ ဖတ်တဲ့သူစိတ်ဝင်စားမိအောင် ပေးတတ်ရင် စာရေး၊သတင်းရေးတတ်သူဖြစ်တာပါပဲ။ တိုတိုနဲ့လိုရင်းရေးမှ စာဖတ်သူက စိတ်ဝင်စားပါတယ်။ အပိုဒ်လိုက်ကြီး ကူးမထည့်ပါနဲ့။
  • ဇော်ဂျီဖေါင့်ဟာ မခြားပဲရေးရင် အလိုအလျှောက်မဖြတ်ပေးပါဘူး။ အဲဒါကြောင့် စာရေးတိုင်း စပေ့ခြားပေးပါ။ ဘယ်နေရာမှာစပေ့ခြားရမှန်းမသိရင် စာကိုအသံထွက်ရွတ်ကြည့်ပြီး အသံခဏရပ်တဲ့နေရာ စပေ့ဘားကို ရိုက်ပေးလိုက်ယုံပါပဲ။ Space မရှိရင် စာက အတန်းလိုက်ကြီးရှည်နေတာမို ့ လူတွေဖတ်လို့လည်းမရပါဘူး။
  • ခေါင်းစဉ်တပ်တာ၊ စပေ့ပြန်ထည့်တာကို စာတင်သူက နောက်မှ Edit Tool သုံးပြီးလုပ်နိုင်ပါတယ်။ အဲဒီမူရင်းစာကို စာမူတင်သူက ပြန်လည်တည်းဖြတ်နိုင်လို့ပါ။
  • စာရေးသူ(User)အမည်သည် သင်၏ကလောင်အမည်ဖြစ်သဖြင့် တိုတိုရေးပါ။ သင့်အကြောင်းကို Biographical Info မှာရှည်လျှားစွာရေးလို့ရပါတယ်။

3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။

  • စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
  • စာလုံးပေါင်းသတ်ပုံကျမ်း.. http://myanmarwords.pikay.org/

4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

  • အဲဒီမီဒီယာတွေက တိုင်လို့ပါပဲ။ သူတို့က သူတို့စာတွေသတင်းတွေကို အပင်ပန်းခံလိုက်ထားပြီး ဒီဝက်ဘ်ဆိုက်က ခိုးတင်တယ်ပြောပါတယ်။ ဒါနဲ့ပါတ်သက်ပြီး မန္တလေးဂေဇက်အနေနဲ့ အကြိမ်ကြိမ်တောင်းပန်ရပြီပါပြီ။ အဲဒါကြောင့် ဘယ်အကြောင်းနဲ့မှ ကူးမတင်ကြဖို့ပါပဲ။
  • ပြည်တွင်းက မြန်မာတချို့က အဲဒီဝက်ဘ်ဆိုက်တွေကို ပိတ်ထားတာမို ့တိုက်ရိုက်ဖက်ကြည့်လို့မရပါဘူး။ အဲဒါနဲ့ သတင်းထူးဆိုတယောက်ယောက်ကစပြီး အီးမေးလ် နဲ့ပို့ကြပါတယ်။ နောက်ဆုံးတပါတ်လည်လာပြီး forwarded email မှရသည်ဆိုပြီတင်တာလည်းရှိပါတယ်။ ဒီလိုလုပ်လည်း တခြားဝက်ဘ်ဆိုက်က အမည်တပ်ပြီ မန္တလေးဂေဇက်ကို သူခိုးအားပေးမီဒီယာ ပြောတာရှိပါတယ်။ အဲဒီအကြောင်းတွေကြောင့် သူများစာတွေ ကူးမတင်ကြဖို့ သတိထားကြပါ။
  • အရေးကြီးတဲ့အကြောင်းတခုခုကြောင့် ကူးတင်မှဖြစ်မယ်ဆိုရင် ဆိုင်ရာမီဒီယာကို ကြိုခွင့်ပြုချက်တောင်းကြစေလိုပါတယ်။ ခွင့်ပြုချက်ရထားပါကြောင်းပါ တပါတည်းထည့်ပေးရမှာဖြစ်ပါတယ်။

5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။

  • သတင်းတွေ ၃-၄ခုလိုက်ဖတ်ပြီး ကိုယ်တိုင်သတင်းတပုဒ်ဖန်တီးလည်းဖြစ်ပါတယ်။ ကိုယ်မြင်တာကိုပါပေါင်းထည့်နိုင်တာပေါ့။ အဲဒီလိုလုပ်မယ်ဆိုရင် မှီငြမ်းတဲ့ စာတွေ။ ဝက်ဘ်ဆိုက်တွေကို ခရက်ဒစ်ပေးဖို့ဖြစ်ပါတယ်။ သူတပါးရဲ့လုပ်အားနဲ့အရည်အချင်းကို အသိအမှတ်ပြုပေးပါ။
  • ဘာသာပြန်ဆိုရင် အပေါ်ကနေ မြန်မာလိုပြန်ပြီး အောက်မှာ မူရင်းသတင်းကို တဝက်ဖြစ်ဖြစ် အကုန်လုံးဖြစ်ဖြစ် ခရက်ဒစ်လင့်နဲ့တကွ ဖေါ်ပြရမှာဖြစ်ပါတယ်။

6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

  • မြန်မာပြည်က ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ လူမျိုးစုတွေရာနဲ့ချီပြီး အတူယှဉ်တွဲနေထိုင်ကြတာပါ။ ဒါကြောင့် လူနည်းစုတိုင်းရင်းသားတွေကို တန်းတူညီမျှစိတ်ထား ရေးကြဆွေးနွေးကြရန်ဖြစ်ပါတယ်
  • ကမ္ဘာကြီးမှာလည်း လူမျိုးပေါင်းစုံ ၊ဘာသာပေါင်းစုံ နေကြ၊ ကိုးကွယ်ကြတာပါ။ လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားဆက်ဆံတာကို ပြင်းထန်စွာရှုံ ့ချပါတယ်.။
  • တဦးတယောက်က တဦးတယောက်အပေါ် လူသားဆန်စွာ တန်းတူညီမျှစိတ်ထားစေလိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္တာ၊အင်္ဂါ တခုခု ချို ့ယွင်းသူ၊ မတူညီသူတွေကိုလည်း နှိမ်ချဆက်ဆံရေးသားတာမျိုးလည်း ခွင့်မပြုပါ။

7. ဘာသာရေးနှင့် သက်ဆိုင်သော စာများ တိုက်ရိုက်ကူးမတင်ရ။

  • ကိုယ့်အယူအဆထည့်သွင်းပြီး ဆွေးနွေးရေးသားမယ်ဆိုရင် တင်ခွင့်ရှိပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ ဘာသာရေး Category အောက်မှာရေးကြစေလိုပါတယ်။ အဲဒီလိုမဟုတ်ပဲ တရားတွေ၊ ဓမ္မတွေကို စာအုပ်တွေ။ တခြားဝက်ဆိုက်တွေကနေ အပိုဒ်လိုက်ကူးတင်နေတာမျို းခွင့်မပြုပါ။

8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များမတင်ရ။

  • ဒီဝက်ဘ်ဆိုက်ရဲ့ မူရင်းဆောင်ပုဒ်ဟာ ဲ့ “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ဖြစ်ပါတယ်။
    မတူသော ဆိုတာမှာ … ပုံမှန်မဟုတ်တဲ့၊ သစ်လွင်ထိုးဖေါက်တဲ့ စွန့်ဦးစွန့်စားတဲ့…
    အတွေး ဆိုတာမှာ… မိမိခေါင်းထဲ၊ဦးနှောက်ထဲ ပေါ်လာသမျှတွေကို…
    ကိုယ်ပိုင်စာ ခေါ်တဲ့..သူတပါးအတွေး၊အမြင်တွေ ကုူးယူဖေါ်ပြတာမျိုးမဟုတ်တဲ့ စာကိုချရေးကြစေလိုပါတယ်
  • ကိုယ်ပိုင်စာဆိုတာမှာ ကိုယ်တိုင်က ဘလော့ဂ်ပိုင်ရှင်ဖြစ်နေပါရင် လွန်ခဲ့တဲ့နှစ်တော်တော်ကြာကတည်းကရေးထားတဲ့စာတွေရှိနေနိုင်ပါတယ်။ ဒါတွေကို ပြန်ကူးတင်နေတာမျိုးလည်း ခွင့်မပြုပါ။ အဲဒါတွေအတွက် ပွိုင့်ပြန်မချပေးနိုင်ပါ။
  • မန္တလေးဂေဇက်ဟာ ဝိကီပီဒီးယားမဟုတ်ပါ။ ဒါကြောင့် ပုံနှိပ်ဖေါ်ပြပြီးသားစာတွေ အပုဒ်လိုက်ကူးတင်နေခွင့်မရှိပါ။
  • ကိုယ်တိုင်ရိုက် ဓါတ်ပုံများတင်နိုင်ပါတယ်။ အထဲမှာ ဘာတွေ။ ဘယ်သူတွေပါတယ်။ ဘယ်နေရာမှာ ဘယ်နေ့က.. ဘာကြောင့်ရိုက်တယ်ဆိုတာလေးထည့်ပေးရမှာဖြစ်ပါတယ်။
  • ဝက်ဘ်ဆိုက်ရဲ့ ပထမမျက်နှာစာကို လူထောင်ပေါင်းများစွာကြည့်နေတာပါ။ ဒါကြောင့်တဦးတည်းက တောက်လျှောက်ပို့စ်တွေ ဆက်မတင်ပါနဲ့။ တခြားသူတွေကို နေရာပေးပါ။
  • မန်ဘာတဦးဟာ တရက်လျှင် စာ၂ပုဒ်ထက်ပိုမတင်ရ။

9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

  • နိုင်ငံရေးအရ အယူအဆမတူသူတွေရှိနိုင်ပါတယ်။ တဦးနဲ့တဦး ဝါဒ၊သဘောတရားနဲ့ အချက်အလက်အခြေခံပြီး ပြောဆိုဆွေးနွေးနိုင်ပါတယ်။ အယူအဆမတူလို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမျိုးခွင့်မပြုပါ။
  • မသိမသာနဲ့ခနဲ့တာမျိုး၊ နှိမ့်ချပြောဆိုတာမျိုးလည်းရှိနိုင်ပါတယ်။ အဲဒါမျိုးတွေအတွက် ဆုံးဖြတ်ရခက်ရင် အက်ဒ်မင်(သို့)မော်ဒရိတ်တာတဦးဦးမှ လူအများဆုံးဖြတ်ချက်တောင်းခံမှာဖြစ်ပါတယ်။ အဲဒီအခါမှာ အများစု ဆုံးဖြတ်ချက်ကို အားလုံးကလိုက်နာရပါမယ်။
  • တဦးနဲ့တဦး တောင်းပန်ခြင်း၊ ကြေအေးခြင်းဟာ အလွန်ကောင်းမြတ်တဲ့ အစဉ်အလာလို့ မန္တလေးဂေဇက်က လက်ခံထားပါတယ်။ တဦးကတောင်းပန်လာရင် တဦးက စာနဲ့ကြေအေးပေးပါရင် အလွန်ကျေးဇူးတင်ပါကြောင်းပါထပ်ဖြည့်ပါရစေ။

10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။

11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။

  • ကိုယ်တိုင်စာရေးတင်တာမှာ စာကြောင့်တဦးတယောက်ကနစ်နာနေပါရင် ကန့်ကွက်စာပို ့ပေးဖို့ဖြစ်ပါတယ်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
  • ပစ်စာသဘောမျိုး (သူတပါးနစ်နာအောင်လုပ်ကြံဇတ်လမ်းရေးသားခြင်းမျိုး)တင်လာရင် သိတဲ့သူတွေက ကော်မန့်နဲ့ရေးပေးကြစေလိုပါတယ်။ အရေးယူဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း။

12. ကော်မန့်များရေးသားရာတွင် မူရင်းအပေါ်မှစာနှင့်သက်ဆိုင်သည်ကိုသာ ရေးသားရန်

  • ဖတ်သူများအကျိုးရှိနိုင်မည့် တခုခုကျန်စေသည်မျာ။ ဖတ်သူများအတွက် အကျိုးတစုံတရာရှိစေသည်များသာ ရေးသားရန်ဖြစ်သည်။
  • အဓိပါယ်ကင်းမဲ့သော အလာပ သလာပ စာများ၊ နေကောင်းကျန်းမာ မိတ်ဆက်စာများ၊ စာတိုလေးများမရေးကြစေလိုပါ။
  • ကြော်ငြာများ၊ထည့်သွင်းရေးသားခြင်းမပြုရ။
  • ဝက်ဘ်ဆိုက်လင့်ခ် URL (၁)ခုထက်ပိုပါပါက အလိုအလျှောက် Spam တွင်းဝင်သွားတတ်ပါသဖြင့် အချိန်စောင့်မှ ပြန်ပေါ်လာတတ်သည်ကို သတိထားပါ။
  • စာဖတ်သူတွေဟာ ကော်မန့်တွေနဲ့ ရောထားတဲ့စာတွေကို တတ်နိုင်သလောက်ရေးသားဆွေးနွေးကြစေလိုပါတယ်။ ရေးသားနိုင်တဲ့ ကောမန့်အရေအတွက်ကန့်သတ်ထားတာမရှိပါ။ သတင်းကတဆင့်သိတဲ့အသိအမြင်မှာ ကောမန့်ပါပေါင်းပြီးဖတ်ရင် လူအမျိုးမျိုးအမြင်တွေကြောင့် ကျန်စာဖတ်သူတွေအထူးတလည်ကို အသိအမြင်တိုးစေလို့ဖြစ်ပါတယ်။
  • မည်သည့်စာကိုမဆို ကောမန် ့ရေးသားနိုင်ရန် ခွင့်ပြုထားရမည်။ Comment OFF မလုပ်ရ။
  • ကောမန်းများကိုအယ်ဒီတာများမှ အခါအားလျှော်စွာစစ်ဆေးနေမည်ဖြစ်ပြီး စည်းကမ်းနှင့်မညီ၍ဖျက်ခြင်းများအတွက်တခုလျှင် ပွိုင့်၂ဝ ပြန်အနှုတ်ခံရမည်ဖြစ်သည်။

ပွိုင့်ပေးစံနစ်  (Jan 22 2011)

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

  • ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူရှည်များရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
  • စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
  • မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
  • အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

အဖမြန်မာပြည် ပြင်ပနေသူများအတွက်

  • နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့ မြန်မာပြည်ပြင်ပနေသူမင်န်ဘာတွေအတွက် စံနစ်တခုဖြစ်ပါတယ်။
    ဒါကို သတင်းစာမှာလည်း ပုံနှိပ်ဖေါ်ပြကြေငြာလိုက်ပါပြီ။
    ဆိုင်ရာအမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်တွေ၊ထိုမ်ဝမ်၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တရုတ်ပြည်၊ ဥရောပနိုင်ငံတွေ၊ ဩစတေးလျှစတဲ့.. နိုင်ငံတွေမှာနေတဲ့ မြန်မာတွေ ကိုယ်နေထိုင်ရာဒေသ၊ မြို ့က မြန်မာနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေ၊ သာရေး၊နာရေးသတင်းတွေ၊ လက်ကမ်းစာစောင်၊ ဓါတ်ပုံတွေကို မန္တလေးဂေဇက်ဝက်ဘ်ဆိုက်မှာ တင်ပေးဖို့ပါ။ သတင်းထူးသိရတာနဲ့ အချိန်နဲ့တပြေးညီတင်ပေးကြစေလိုတာပါ။ အဲဒီတင်တဲ့စာတပုဒ်သတင်းတခုအတွက် မြန်မာ့ဂဇက်သတင်းစာမှာ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်ခဲ့ရင် သတင်းစာမူခ ၅ဒေါ်လာပေးပါမယ်။
    အဲဒီငွေကြေးဟာ ပမာဏမများပေမဲ့ သတင်းစာအနေနဲ့ တလကိုသတင်း ၂၀+ပုဒ်လောက်အထိ ဝယ်သွားဖို့ ရည်ရွယ်ထားပါတယ်။
    ဒီငွေတွေကို ဝက်ဘ်ဆိုက်မှာပဲ ရံပုံငွေတခုအဖြစ် စုထားပါမယ်။  ရွေးချယ်တာနဲ့ စုဆောင်းရထားငွေကို အစဉ်အမြဲထုတ်ပြန်ပေးနေပါ့မယ်။တကမ္ဘာလုံးရောက်နေတဲ့ မြန်မာများအတွက် ရည်ရွယ်တာဖြစ်တာမို့ ပုံနှိပ်သတင်းစာအတွက်လည်း သတင်းတွေရမယ်။ ငွေပမာဏာတခုလည်း စုဆောင်းထားနိုင်မယ်ဖြစ်ပါတယ်။  တလ ၂ဝပုဒ်ရွေးရင်ကို ၁၀ဝဒေါ်လာနှုန်းနဲ့ လစဉ်ပုံမှန်ဝင်ငွေဖြစ်လာမှာဖြစ်ပါတယ်။  ဒီရံပုံငွေကို တနှစ်တနှစ် စုဆောင်းပြီး ယူအက်စ်မှာလုပ်တဲ့ပြည်သူ့ဂုဏ်ရည်ကို တန်းပေးလိုက်ရင်ပဲဖြစ်ဖြစ်။  ပြည်တွင်းက ငွေကြေးအဆင်မပြေတဲ့ စာထူးချွန်တဲ့ ကလေးတွေကို ဆုချရင်ပဲဖြစ်ဖြစ်။ နာဂစ်၊ဂီရိလိုမုန်တိုင်းခံ ဒုက္ခသည်တွေကို လှူတာပဲဖြစ်ဖြစ်၊ နာရေးကူညီမှုအသင်းကို ပြန်လှူတာပဲဖြစ်ဖြစ် ၊ ဆေးရုံဆေးခန်း ဆေးလိုတဲ့လုနာတွေ လှူတာဖြစ်ဖြစ် တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ ့(သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။
    အဲဒီရွေးချယ်မှုကိုလည်း စာဖတ်သူတွေအားလုံးက အများဆန္ဒနဲ့ မဲပေးရွေးချယ်တဲ့ နေရာကိုပဲ ပို့ပေးဖို့ဖြစ်ပါတယ်။သတင်းပေးပို ့သူများက မြန်မာအသိုင်းအဝိုင်း တိုက်ရိုက်အကျိုးကျေးဇူးရှိမဲ့နေရာတွေလှူတန်းသူ အလှူရှင်တွေဖြစ်လာမှာဖြစ်ပြီး သတင်းစာအနေနဲ့လည်း များစွာအဆင်ပြေမှာဖြစ်လို့ပါ။ စာဖတ်သူ မြန်မာတို့တတွေလည်း ကမ္ဘာအရပ်ရပ်က မြန်မာတို့ရဲ့ သတင်းစုံစုံ သိကြရမှာဖြစ်ပါတယ်။
  • CNN iReport ကြားဖူးကြမှာပါ။ အဲဒါမျိုး ပုံစံတူလည်း မန္တလေးဂေဇက်မှာ လုပ်ပါမယ်။ ကမ္ဘာအရပ်ရပ်က မြန်မာတွေ ထူးခြားတာလေးတွေ့ရင် ဓါတ်ပုံလေးရိုက်။ အက်ဆေးတိုလေးရေးပြီး တင်ပေးကြဖို့ပါ။ တင်တဲ့သူတွေဟာ CNN iReport လုပ်နည်းဟန်တွေအတု်င်းပဲ
    (၁) ကိုယ်ပိုင်ဖြစ်ရမယ်။
    (၂) အမှန်အကန်ဖြစ်ရမယ်။
    (၃) မဟောင်းပဲ ကောင်းတဲ့သတင်းဓါတ်ပုံဖြစ်ရမယ်။

    ဆိုတာလေးလိုက်နာပေးဖို့ပါ။ အဲဒီလို ပုံတွေကို သတင်းစာမှာ ဖေါ်ပြဖို့ရွေးရင်လည်း တပုံကို ၅ဒေါ်လာ ချီးမြင့်ပေးမှာဖြစ်ပြီး ..အဲဒီငွေတွေကိုလည်း အပေါ်က ရံပုံငွေထဲ စုထည့်ပေးပါမယ်။
  • လှူဒါန်းပေးပို ့မှုတွေမှာ အလှူရှင်တွေအမည်နာမတွေနဲ့ ထုတ်ပြန်လှူဒါန်းပေးမှာဖြစ်ပါတယ်။

 


To/From Mandalay Gazette – Write. Get Published. Get Paid.

– |6139- Hits|

Posted by on Jan 31, 2011 in Editor’s Notes, Letter to The Editor | 583 comments

Reasons to join Mandalay Gazette …

  • Join a supportive community of writers
  • Publish your work immediately
  • Earn on your articles
  • Compete for increased earnings in Marketplace

Rules for Writers << Must Read!

ပွိုင့်ပေးစံနစ်  (Jan 22 2011)

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)

  • ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
  • စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
  • မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
  • အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

New Member များဖတ်ကြည့်ကြရန်

အယ်ဒီတာ့မှတ်စုတို

  • မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
  • ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။

https://myanmargazette.net/39772/mandalay-gazette-2/editors-notes-announcements-letters-to-the-editor

20 comments

  • zawana

    February 1, 2011 at 1:16 am

    Points for Link Creation: 40 (မြန်မာနှင့်သက်ဆိုင်သော ဝက်ဘ်ဆိုက်တခု ထည့်ပေးခြင်းအတွက် ၄ဝ ပွိုင့်)
    ဆိုတာ ဘာကို ဆိုလိုတာပါလဲ ခင်ဗျာ ….

  • kai

    February 1, 2011 at 2:56 am

    အပေါ်ညာဖက်ထောင့်က ..Menu > Links ကိုဝင်လိုက်ရင်.. Link Creation မြင်ရပါလိမ့်မယ်..။
    အဲဒီမှာ .. လင့်ခ်ထည့်တာပြောတာပါ..။

  • Thet Aung

    February 5, 2013 at 3:50 am

    စာလုံးရေ ၇၀ဝ လောက်ဆိုရင် သတင်းတပုဒ်ဖြစ်ပါတယ်ဗျာ။

  • Thet Aung

    February 5, 2013 at 3:51 am

    တကယ်တင်မယ်ဆို သတင်းတိုတိုလေးတွေ တောင်ကျွန်တော်ဖတ်ဖူးတာ ၃၀ဝ တောင်မပြည့်ဘူးလေ။

  • Thet Aung

    February 5, 2013 at 4:20 am

    Comment ပေးတဲ့ဘေးလေးက ဂွင်းထဲမှာ +1 တို ့ +2 တို ့က ဘာလုပ်တာလဲ -1ဆိုရင်ကောဘာဖြစ်လဲခင်ဗျ

    • လူခါး

      March 16, 2013 at 11:23 pm

      voting ပေးတဲ့ စနစ်တစ်ခုပါ။ အားလုံးရေးသွားတဲ့ comment တွေထဲက မှန်တဲ့၊ ကောင်းတဲ့၊ သင့်တော်တဲ့ comment မျိုးတွေဆိုရင် + ကို နှိပ်ပေးသင့်ပါတယ်။ ဒါမှ လူသစ်တစ်ယောက်က အဲဒီ post ကို ဝင်ဖတ်တဲ့အခါမှာ ဘယ် comment တွေက အဖြေမှန်လဲဆိုတာ သိပြီးတော့ အသုံးပြုရတာ ပိုကောင်းစေမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် facebook က like နဲ့ အတူတူပါပဲ။ သူများရေးသွားတဲ့ comment ကို ကြိုက်တယ်ဆိုရင် + တစ်ခါနှိပ်ပေးလိုက်ပေါ့ … 🙂

  • Thit San Khant

    February 7, 2013 at 6:29 pm

    ကျွန်တော် ဒီနေ့ ပိုစ်တစ်ပုဒ် တင်မိတာ Crack App တွေ ဖြစ်နေလို့
    စည်းကမ်း နဲ့ မညီကြောင်း အကိုတစ်ယောက်က သတိလာပေးသွားပါတယ်
    ဒီဆိုက်အကြောင်းကို သိပ်မသိသေးလို့ တစ်ဖြေးဖြေးလေ့လာနေပါတယ်
    အမှားပါက ပိုစ်များ ကို သတိမပေးပဲ ဖျက်နိုင်ပါတယ်…

    ပြီးတော့ ပိုစ်ရေးတဲ့နေရာတွေမှာ စာသားတွေကို Space ဘား ခြားပေမယ့်
    တကယ်တင်လိုက်တဲ့ အခါ အားလုံး ကပ်နေကြတာ ဘယ်လိုဖြစ်တာလဲ ဆိုတာ
    မသိလို့ပါ…
    ကျွန်တော်ရေးတဲ့ ဖောင့်က ဇော်ဂျီဖောင့် ဖြစ်ပြီး အသုံးပြုတဲ့ ဘရောင်ဇာက Google Chrome ဖြစ်ပါတယ်..
    အဒ်မင်များ လမ်းညွှန်ပေးပါအုံး ခင်ဗျာ..

  • MYATTHU THUKYAW

    September 22, 2014 at 9:00 pm

    ဝတ္ထုရှည်ရော တစ်ပိုဒ်ဆီ ခွဲရေးပြီး တင်လို့ရပါလား ၊

    • ဇီဇီ

      September 23, 2014 at 9:43 am

      ရပါတယ်ဗျာ။
      အပိုင်းခွဲကိုသာ ခေါင်းစဉ်မှာပြောပြီး တင်ပါ။
      တစ်ရက် ၂ ပို့(စ) ထက်မကျော်ရင် ရပါတယ်။
      အားပေးမှာပါ၊

      🙂

  • zaw aung

    October 10, 2014 at 4:03 pm

    နေပါအုံး မရှင်းလို့ မျက်စိလည်လမ်းမှားရင်း memberထဲရောက်လာတာ စိတ်တော့ဝင်စားတယ် ပွိုင့်တွေက ဘာလုပ်ဖို့အတွက်လဲ ဘာအတွက် သုံးတာလဲ ရှင်းပြပါလား zawakb123@gmail.com ကို လှမ်းပို့လည်းရပါတယ်

    • Point က… တစ်သိန်းပြည့်ရင်…
      သူကြီးဆီက.. ကျပ်ငွေ တစ်သိန်းတိတိ ရောက်လာပါလိမ့်မယ် ။
      ပြည့်ခါနီးမှာ… ငွေကျပ်တစ်သိန်းပို့ဖို့ ဆက်သွယ်ပါလိမ့်မယ် ။

      (မြန်မာပြည်တွင်းနေသူများသာ… )

    • @ U Zaw Aung

      မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
      မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
      ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
      ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
      ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
      စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
      မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
      အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။

  • Number of points for each comment: 10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
    —–
    အခု 12 ကျပ်
    —————————————
    Number of points for each post: 80 (ပို့စ်တခုအတွက် ၈ဝ ပွိုင့်)
    —–
    အခု 200 ကျပ်
    —————————————
    Number of points new members get for registering: 400 ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
    —–
    အခု 6000 ဆိုလား…
    —————————————
    Number of points for “daily” login: 2ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၂ဝ ပွိုင့်)
    —-
    နေ့စဉ်ကြေး…အခု ကျနော် မရတာ ကြာပြီ။
    နေ့စဉ် ဝင်လည်း မရ ။

    ————————————–

    သဂျီးရေ..

    သဂျီးရေးထားတဲ့ ဟာကြီးက…ဒိတ်နည်းနည်းအောက်နေပါပေါ့… ။

    :k:

  • Yinminn Khine

    October 25, 2014 at 2:34 pm

    ​သတင်​းမဟုတ်​ဘဲ ပညာ​ပေးတဲ့ ​ဆောင်​းပါးမျိုး​တွေကို ဘာသာပြန်​ပြီး တင်​မယ်​ဆိုရင်​လည်​း လက်​ခံလားသိချင်​ပါတယ်​။
    Thanks in advance 🙂

    • ဘာသာပြန် မှာမှ ပညာပေးဆောင်းပါးတွေ တင်ပေးမှာဆိုတော့
      အကျိုးရှိတယ်ဗျို ့
      တင်သာ တင်ပေးပါ။
      ကျနော်တို့အနေနဲ့ ဖတ်ဖို့ အသင့်ရှိနေသလို
      သူကြီးအနေနဲ့လည်း ကြိုဆိုနေမှာပါ။
      ပြီးတော့ သတင့်တော်တာဆိုရင် သတင်းစာထဲထည့်ဖို့တောင် ရည်ရွယ်မှာ သေချာကြောင်းးး

      :k:

  • ရာမည

    December 22, 2014 at 11:41 pm

    ပို့စ်နှစ်ပုတ် ဖျက်လိုက်ကြလို့ပါ
    ကျန်တော် ဘယ်စည်းကမ်းနဲ့ငြိသွားတယ်ဆိုတာ
    ပြန်လေ့လာနေတာပါခင်ဗျာ ။
    ကျွန်တော် ကျေနပ်ပါတယ်
    မကျေနပ်ဘူး မပြောရဲပါခင်ဗျာ

  • zarlay

    July 17, 2015 at 1:15 pm

    တို့ကတော့ များများမရေးပါဘူး သူများတင်တာပဲ လိုက်ဖတ်တော့မယ်

  • mgsai

    September 16, 2015 at 8:04 pm

    ကဗျာတွေဘာတွေ တစ်ချို့ရေးနေတာတွေ့တော့ စာလုံး ၁၅၀ဝ မပြည့်နိုင်ဘူးထင်တယ်။ဟိုတစ်ယောက်ပြောတာလဲ ဟုတ်တယ်။စာလုံးတွေ ရိုက်တုန်းကတော့ စပေ့ခြားထားတာပဲ မြင်ရတော့ အကုန်ပူးနေတယ်။ ကိုယ်တစ်ယောက်ပဲ ဖြစ်တာလားမသိဘူး

    • kai

      September 17, 2015 at 2:33 am

      ပြည့်အောင်ကြိုးစားရေးပေါ့လေ..။
      မပြည့်တော့လည်း.. (အခုဆို) ၂၂ဝ ရမှာပါပဲ..။

Leave a Reply