Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


koyinApril 25, 20131min3382
နှုတ်ဆက်ခွန်းခြွေ သခင်စေ… နွေသင့်ဆို သဇင်နွမ်းမယ်လို့ ကြွေလွင့်လို သခင်မတမ်းပါနဲ့ ဝေခွင့်ကို တမင်လွမ်းရုံပေါ့ ရင်တစ်ခြမ်းခုန် နှလုံးတွေတုန်စေသား မမြင်ကန်းရုံ အပြုံးတွေမှုန်နေသလားရယ်နှင့် နွေကြားမယ် တစ်ကြိမ်ပြန်လွမ်းရင်လည်း ဖွေအားငယ် တစ်ချိန်ကံနည်းသူမှာ ဖို ဆောင်းလက်ကျန် နှင်းစက်တွေ ပြိုကာမှ နှောင်းသက်ပန် ညှင်းရက်လေ မဆိုထားပါဘူး ကြောင်းခက်ထန် ပြင်းခက်ပွေ နွေကိုတားမယ်လို့ စွေလိုသလား မိုးသက်တဲ့လေရယ် နှင် ညှိုးလျက်နဲ့ ဝေမယ်ထင်နေတုန်းမှာ မုန်တိုင်းတွေ ဆင်ချင်လည်း ဆင်ပါကွယ့် မှုန်မှိုင်းနေလွင်ပြင်ထဲ မြင်ပါလှည့်ဆိုကာမှ ကြဉ်ရာသက်လုံးတိုင် မုန်းနိုင်ပြီထားပါတော့ ရင်နာလျက်နုံးယိုင် မမုန်းနိုင်အားသူမို့ ပြုံးနိုင်အားမဲ့ နွမ်းလျရီဝေစွာဖြင့် ကျွမ်းမြပြီလေအမှာဆင့်ကာ အလွမ်းဆယ်နေထက်ပြင်းမှာပေ့ါ အလှမ်းခက်သည့် သည်ပင်လယ်တွင်းမှာလေ…။ ဟန်ဆောင်ကာ တိမ်းခက်သည်မို့ မာန်ထောင်ကာ စိမ်းရက်ပြီလား တမင်ယိမ်းနွဲ့လို့ လေပြည်တွေမသွဲ့တာတောင် နေခြည်ကို တေးသွားတွေဖွဲ့မယ်လို့ အဆွေးကြားမှာလေ […]


koyinApril 25, 20131min3904
နှင်းမှုန်သည်းခြွေ ကြွေရစေ… ဥဩနွေကြို၊ လွမ်းသလိုလား၊ နေအိုဆည်းဆာ၊ လရိပ်ဖြာနိုး၊ ပေါ်လာစိုးထင့်၊ ဆောင်းဒဏ်သင့်လျှင်၊ ကြွေခွင့်လက်ကျန်၊ နှင်းမှုန်ပြန်တမ်း၊ ဖွေဟန်လမ်းကျဉ်း၊ ဖြေလွမ်းရင်းမှ၊ နွေခင်းပြလို၊ ဆောင်းညငိုကြွေး၊ ရင်ဖိုထွေးဖက်၊ ကျွမ်းလောင်လျက်သာ…။ ပွေခက်ပြာလူး၊ နွေကိုခူးမှ၊ မိုးဦးကျစေ၊ ဆုမွန်ခြွေဆဲ၊ လေပြေဝဲလျှင်၊ ပြိုမယ်ထင်ငြား၊ ခိုဝင်နွမ်းမော၊ ရွက်ကြွေတောတွင်၊ လွင့်မျောထက်အောက်၊ ရင်တွင်းဟောက်ပက်၊ သစ်ခြောက်ခက်ချိုး၊ အိပ်မက်ဆိုးမှ၊ လန့်နိုးထကာ၊ ဖြေရင်းနာချင်…။ နေဖြာရင်နင့်၊ ဖွေမြင်ခွင့်ကို၊ ကြွေလွင့်ဆိုမှ၊ ရှိုက်ငိုရခက်၊ နွေညနက်ထဲ၊ မိုးစွေဝဲလျှင်၊ ငိုပွဲဆင်ဘူး၊ သခင်ခူးဆွတ်၊ ရင်ရူးသွပ်ရုံ၊ နှလုံးတုန်စေ၊ နှင်းမှုန်စွေမှ၊ သည်နွေညထဲ၊ နုံးလျသည်းနာ၊ ကြွေမြဲပါခင်…။ ။ တောက ကိုရင် ၁၉.၀၄.၂၀၁၃ (တစ်ပုဒ်လုံးကို သက်စေ့နှက် သုံးချက်ညီ (4 3 2) နဲ့ရေးထားပါတယ်။)


koyinApril 18, 20131min3806
မှောင်မိုက်မိန်းမော မုန်းမေ့မည်… (ပုလဲတစ်တန့် သန္တာတစ်တန့်) စိမ်းစိုစွင့်စွင့်၊ သည်းပန်းပွင့်လျှင်၊ ရွှေရင်ရှိန်းရှ၊ နူးညံ့လှဆို၊ သိုသိပ်သံသာ၊ ရင်သည်းညှာမျက်၊ ရိုးရှည်ရွက်ရင့်၊ သည်းအိုလွင့်ကြွေ၊ ချူခူးခြွေချ၊ နင်းချေမှသာ၊ ရည်ရွယ်ရာရေး၊ ရင်ဖိုဆွေးထိတ်၊ စိုးစိတ်စွေစဉ်၊ သူကြဉ်ရှောင်ဖယ်၊ ပစ်ပယ်ပြေးပုန်း၊ ရင်မှရုန်းထွက်၊ နုံးနံနက်နေ၊ ရတက်ပွေကာ၊ နှောင်းနွေနှယ်နွမ်း၊ လှိုက်ဖိုကျွမ်းပြန်၊ ရှောင်ရှားရန်ရည်၊ လွတ်နိုင်မည်လား၊ ဝေဝါးဝိုးဝင့်၊ ပူလှိုင်းဆင့်ပျိုး၊ ခွဲခွာချိုးချင်၊ မောင့်ရင်ခွင်နွေး၊ ဆည်းဆာဆွေးဆဲ၊ လပျောက်မြဲည၊ တမ်းတတွေတွေ၊ ရင်သည်းဖြေလျှော­့၊ ပြေပြစ်ပျော့ပြောင်း၊ ညင်သာထောင်းဘိ၊ မူးမေ့မိမည်၊ နိုးချိသည်ဆူး၊ ရွှေရင်ရူးရုံ၊ ရာသီကုန်မှ၊ မြေမှုန်မြူမှိုင်း၊ နာကျင်လှိုင်းဒဏ်၊ စိုးစံစေစား၊ သည်နွေခါးချင်၊ ရင်ရဲ့ရိုးရာ၊ နှလုံးနာသင့်၊ ခွဲခွာချစ်ခြင်း၊ အိပ်မက်ရင်းဖွေ၊ ကျွမ်းကာကြေကွဲ၊ ဖြေနိုင်ခဲမီး၊ ညှာညှိုးညည်းညူ၊ သည်းဝေဆူခိုက်၊ မှောင်မိုက်မိန်းမော မုန်းမေ့မည်…။။ တောက […]


koyinApril 12, 20135min5849
လွန့်လွန့်လူးလှိမ့် လွမ်းလို့လေ… (ပုလဲတစ်တန့် သန္တာတစ်တန့်)   ရွက်ရင့်ရော်ရီ၊ မြိုင်တောဆီမှ၊ တွယ်တာတတမ်း၊ သဇင်ပန်းကို၊ လှမ်းလင့်လိုလည်း၊ ရင်ဖိုဆဲလေ၊ ဖွဖွဖြေဖျောက်၊ ဆည်းဆာရောက်မူ၊ ပါးပြင်ပူပြန်၊ သန်းခေါင်ယံည၊ ကောင်းကင်ကကြယ်၊ ခြွေခူးလွယ်မည်၊ တိုးတိတ်တီတာ၊ ဖြေဆည်ရာတေး၊ ဆိတ်ဆိတ်ဆွေးဆဲ၊ တွေဝေကဲမှ၊ ကြယ်ကြွေကျကောက်၊ အလင်းပျောက်သော်၊ မူးမေ့မျှော်မိ၊ ဖြေမချိသူ၊ ဖြိုးဖြဖြူဖွေး၊ လမင်းဝေးမှ၊ ခိုးခြွေချခိုက်၊ နှလုံးရှိုက်သံ၊ ကြေကွဲကံကြွေး၊ ညတရေးနိုး၊ ပျပျပြိုးပြက်၊ ရင်တွယ်ယှက်လှိုင်း၊ မိုးမြေမှိုင်းမှုန်၊ သည်တိုင်းတုန်စေ၊ လွမ်းလို့လေလွင့်၊ ကြွေနိုင်ခွင့်လှမ်း၊ နွေနှယ်နွမ်းနုံး၊ ရာသက်လုံးဆူ၊ ပိုပြန်ပူပင်၊ သည်ရင်ခွင်ရူး၊ လွန့်လွန့်လူးလှိမ့် လွမ်းလို့လေ…။ ။   တောက ကိုရင် ၁၂.၀၄.၂၀၁၃ (ကိုဟယ်ရီ၏ နွေနှယ်နုန်းနုန်း နွမ်းနယ်နေ ကို တုယူရေးသားပါသည်..။)   နွေနှယ်နုန်းနုန်း နွမ်းနယ်နေ   ပျိုးပျိုးပြက်ပြက်၊ တခဲနက်နှင့်၊ လက်လက်လင်းလင်း၊ ရွှေအဆင်းသို့၊ ဝိုးဝင်းဝါဝင့်၊ ရုပ်လွှာတင့်သည်၊ မြမြင့်မိုးမှ၊ ကြယ်စင်ညတွင်၊ လင်းလှလျှပ်လက်၊ ပန်းနွယ်ခက်သို့၊ နံနက်နှင်းနု၊ လှရည်ဥရာ ပြာပြာပျို့ပျို့၊ ကိုယ်ဟန်မို့နှင့်၊ ညို့ညက်ညှင်းညှင်း၊ နုသားဝင်းခြယ်၊ နေနတ်နွယ်နန်း၊ ဖြစ်တည်လွှမ်းသို့၊ မြင့်မြန်းမွှေးမြ၊ ပန်းအလှဆင်း၊ သီသင်းသံသာ၊ နှုတ်လွှာမှာလွင့်၊ ဖြိုးဖျာဖျောက်ဖျောက်၊ နှင်းရည်ပေါက်နှယ်၊ ဖွေဖေါက်ဖြေဖျော်၊ ချစ်ခွင့်ပေါ်နိုး၊ မှန်းမျှော်မိမင့်၊ လွမ်းတေးဆင့်ကာ၊ ရော်ရင့်ရက်ရှည်၊ ကြာလေလေဝေး၊ ထွေးထွေးထက်ထက်၊ ချစ်မြသက်သည်၊ လက်လက်လျှပ်လို၊ ဝေးရာကိုဖယ်၊ မုန်းမယ်မာန်မူ၊ ခွာရှောင်သူရေ၊ […]


koyinApril 6, 20131min4138
ချစ်သူသို့ တမ်းချင်း (အရိုးခံတေးထပ်) ချစ်သူကို လွမ်းလှမို့၊ တမ်းတလို့ ညလယ်၊ မှန်းဆလို့ ရှလွယ်တယ်၊ လကြယ်ရယ် ရှောင်ပုန်း၊ နှောင်ထုံးဖွဲ့ ဖြေသူမယ်၊ နွေပူတယ် သန်းခေါင်လျနုံး။ ခန်းဆောင်ဝ ကန့်လန့်ကာ၊ လန့်ဖြန့်ကာ ယူဖုံး၊ ပျံ့နှံ့လာ ဆူတုန်းမို့၊ ပူလုံးဆို့ ရင်မှာ၊ မြင်ချင်လာ မှန်းဆွေးရ၊ လှမ်းဝေးည လွမ်းတေးဆိုကာ။ ဖြေသာဘူး မောင့်သက်လျာ၊ ဖြောင့်ချက်ရှာ တွေဝေတုန်း၊ နွေသေအုံး ဆုပန်လို့ပျော်၊ ခုပြန်ဖို့ မျှော်၊ အမှန်မို့ ဝှန်ဆို့သော်မှ၊ ထံသို့ရော် နွမ်းရိလှလေး…။ ။ တောက ကိုရင် ၀၃.၀၄.၂၀၁၃


koyinApril 2, 20131min4215
ချစ်သူသို့ တမ်းချင်း (တြိချိုး) ဟိုဝေးမှာ ပိုဆွေးကာ အနေခက်ပါလို့ ပွေရတက် ဖြေမလွယ် လွမ်းလွန်းလှတယ်။ ချစ်သူရယ် ခုချိန်မယ် တစ်မြေခြား။ နှေးမကြာ တွေးကာသာ ကြိုးစားရ နောင်ကာလ နီးမှာမို့ကွယ် အားတင်းလို့ထား။။ တောက ကိုရင် ၃၁.၀၃.၂၀၁၃


koyinApril 2, 20131min5855
ချစ်သူသို့ တမ်းချင်း (ရှစ်လုံးဖွဲ့) နွေဆီမှာလင်း၊ နေမင်းသူရိန် နေ့ခင်းပူလျက်၊ အိပ်မက်ဆိတ်ငြိမ­် ဆည်းဆာကိုခိုး၊ ညဆိုးကြယ်ရှိန် နေမရ၊ နွေညလရိပ်ထိန်။ လေပြေခုည၊ မုချလာသော် သည်ချိန်လရိပ်၊ ညအိပ်မပျော် မောင်စက်ရာခန်း၊လင်းတန်းကိုမျှော် ပြတင်းနား၊ မေ့အားလွမ်းလှနော်။ တစ်ကိုယ်တည်းမို့၊ ရင်ဆို့ရာသီ ဖော်ကွာလှမ်းဝေး၊ ဖြေတွေးခက်ပြီ ကြင်သူသက်ထား၊ ရင်ကြားဝေစည် ပျို့မှာတမ်း၊ မောင်လွမ်းရပ်ဝေးမှီ။ တစ်ကြိမ်ဆုံနိုး၊ မျှော်ကိုးကာလေ သည်ဌာနေသို့၊ ပြန်ဖို့ခက်နေ မောင်လေကြိုးစား၊ ပျိုအားမှာစေ နွေကြိုတေး၊ ပိုဆွေးမောင့်သက်သေ။ ။ တောက ကိုရင် ၃၁.၀၃.၂၀၁၃


koyinMarch 31, 20131min3514
တောင်ပံမပါတဲ့ အလင်း ငါက အတောင်ပံမပါတဲ့သ­ူ ပင်ဂွင်းလို လူစား.. ပျံသန်းဖို့ အားခဲနေရတာနဲ့တင­် အားမာန်တွေ အပျင်းကြီးနေခဲ့…။ ချိုမြိန်နေဆဲ ဒုက္ခတွေအတွက် နေပူထဲမှာ ရပ်စောင့်နေခဲ့ပြီးမှ ကိုယ့်အရိပ်ကို ကို်ယ်ပြန်လန့်ပြီး အတ္တတွေကို နှစ်ခြိုက်စွာ စားသုံး အဇ္ဈတတစ်ခုလုံးကို ဖုံးကွယ်ပစ်လိုက်ရတာ…။ ရာသီဥတုက အေးစက်… ပူလောင် အနွေးဓါတ်ကို တမင်ယူဆောင်လို့ အလံဖြူကို ထောင်ထားကာမှ ပစ္စက္ခမှာ သတိတွေက တမင်ကျီစယ် ငါ့အသိတွေပဲ နေကွယ်နိုး ရိုးသားခြင်းပစ္စုပ္ပန်အတွက် အမြင်တွေ ကျယ်လာ အဲဒါက ဝေဒနာသက်သက် ငါ့ရင်ဘတ်ကြယ်သီးတွေ ပြုတ်ထွက်နေသလား စပျစ်သီးတွေ ချဉ်သွားမှာတောင်စိုးရ ငါက အူတူတူ အတတ လေ…။ လေနီရိုင်းတွေ သေတဲ့ တစ်မနက်မှာ နှင်းစက်တွေနဲ့ မျက်နှာသစ်တုန်းခဏ မျက်ရည်တွေ အေးခဲသွားရတာမျိုး မိုးရေကို မျှော်မိကာမှ […]


koyinMarch 31, 20131min3422
ဦးဆွေးဆံမြေ့ဝိဉာဉ် (တောင်အောက်မှာ လေကွယ် တောင်စွယ်မှာ နေထွန်း တောင်စွန်းမှာ ရပ် တောင်ကလပ်မှာ…..) ရွှေဓါးတစ်လက်အတွက် သခင်မသို့ ဆက်သရန် နေ့မအိပ် ညမနား နေ့နဲ့ညမှားအောင် ဦးဆွေးဆံမြေ့…။ မနေ့ကအတိတ်ကို တားလို့ မေ့မရတဲ့ အမှားတစ်ခုကို အမှန်ပြန်ခြစ်ကာထား သခင်မ အပါးမှာ…။ မမြင်ရတဲ့တံခါးကို ရိုက်ချိုး ဆန္ဒတစ်ခုကို ရိုကျိုးလိုက်မိသည်ခဏ တစ်ဘဝစာ အမှာခြွေ လည်ချောင်းဝမှာ အစာမကြေ…။ ဝေဒနာတစ်ရပ် ကြေညာချက် တချို့ လျှို့ဝှက်စွာ ကျဆုံးခြင်းနဲ့ ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ နှလုံးသားဈာပန…။ အမိန့်တော်မပြန်ခင် သုဿန်တစပြင် ကန့်လန့်ကာ ဇာခန်းဆီးကို အသာလှန် အမှာတွေလည်း မချန်လိုတော့…။ ရင်ခုန်သံ တစ်စွန်းတစ်စ သံယောဇဉ်မှာ နစ်မွန်းခဲ့ရသည်နောက် (သခင်မ ခြေရာဖျောက်…) ကိုယ်ရံတော် နေရာပျောက်လို့ (စိတ်ဝိဉာဉ် ရေရှာသောက်) အဲဒီ… […]


koyinMarch 29, 20133min4438
နေရီသာမှောင်… (ကိုယ်တွင်းပြည့် ပိုဒ်စုံရတု) နေရီသာမှောင် တမ်းတယောင်ရမ်း လလောင်ကျွမ်းလို­ ညဥ့်နက်အိုဆွေး နွေကြိုတေးလှ သွေးစွန်းကျလျက် မြေခသက်သေ နှင်းဖွဲ့ဝေမှ ခိုးခြွေချစဉ် ဆယ်နေမြင်လို သူကြဉ်ပိုနွမ်း အိမ်ပြန်လမ်းဆီ နွေကျွမ်းပြီလား နေကွယ်သွားလျှင် ခိုနားရင်မှာ တိတ်ဆိတ်စွာဖြင့် မျှော်လာခွင့်ကို ခင်တွယ်လိုသား နေခြည်မှားမို့ မမြင်လို…။ ဝေသီစွာယောင် နွမ်းလျကြောင်ကန်း မြဆောင်ခန်းကို သိခက်ဆိုသေး ဖွေပိုဆွေးရ ဝေးလွန်းလှခက် ကြွေကျမျက်ရည် ညှင်းသွဲ့လေခ မိုးစွေကျလျှင် ဖယ်သွေကြဉ်လို ယူငင်ဆိုတမ်း တိမ်ယံနန်းမှီ ဖွေလွမ်းမြည်သား ဝေမယ်လားထင် ပျိုနားယဉ်စွာ ထိတ်ထိတ်ပြာရှင့် ပျော်ပါနှင့်ဆို မြင်ကွယ်လိုငြား သွေဖီသွားဖို့ မနှင်လို…။ နွေဆီမှာသောင် လွမ်းရမှောင်လမ်း ညယောင်ရမ်းဆို ချိလျက်ငိုကြွေး သွေပိုဝေးမှ မေးခွန်းကခက် နွေညနက်လေ ပျင်းတွဲ့သေရ နိုးစေမှပင် တွယ်နေရင်အို ပူပင်ဖိုကျွမ်း ဂိမ္မာန်ကမ်းချီ ရေခမ်းပြီထား […]


koyinMarch 26, 20131min57011
နွေဆီရောက်ငြား အစချီ ကိုယ်တွင်းပြည့် ပိုဒ်စုံ ရတု နွေဆီရောက်ငြား၊ မနား ငှက်ငယ် ဆောင်းခိုမယ် လား၊ ပျက်ပြယ် သွားမှ ခန စက်ရန်၊ ပျံပါလေအုံး မိုင်ချီ နှုန်းနဲ့၊ ရုန်းထွက်မယ်ပြင် မိုးသက် ဆင်လာ၊ ပင် ရှာခက်တုန်း မြင်ရာ ပုန်းဖို့ နေပူရှင့်…။ ။ ထွေလီဖောက်ပြား၊ ကစား သက်လှယ် ခေါင်းကို ကွယ်ထား၊ မျက်ကွယ် အားရ ဘဝပျက်ဟန်၊ ဖန်ပါစေအုံး ခိုင်ကျည် ထုံးဖွဲ့၊ သုဉ်းပျက်တယ် ထင် ချိုးဖျက် ညင်သာ၊ ကြဉ် ရာသက်လုံး သင်္ခါ ဆုံးသို့ ခြွေယူလင့်…။ ။ သွေဖီ ခြောက်ခြား၊ သနား ဖက်တွယ် တောင်းဆို ပယ်အား၊ ပြက်ရယ် ခါးမှ […]


koyinMarch 26, 20131min4136
ရင်နွေနွမ်း (အဖျားကောက်ပိုဒ်စုံရတု) ရင်နွေနွမ်း … ဖွေတမ်းပိုဆွေး၊ဆိုတေးအော်ဟစ်၊ ဖော်လှစ်မောပြေ၊တောနွေပြင်းပူ၊ ဝင်းဖြူစိတ်ပန်း၊ ထိတ်နွမ်းရင်ဖို၊ မြင်လိုပန်းမွှေး၊ လွမ်းတွေးကြုံခက်၊ စုံဖက်ရည်စူး၊ သည်ရူးငေးမှိုင်၊ ဆွေးငိုင်လရက်၊ တလျှက်ပုန်းရှောင်၊ ဖုန်းမောင်ဖယ်ခွာ၊ တွယ်ရာပြေးထွက်၊ ထွေးဖက်ပိုဇော၊ ငိုမောပျက်သုဉ်း၊ ရှက်ပြုံးကွယ်ပျောက်၊ နွယ်ဖျောက်ပိတ်ပိတ်၊ ဆိတ်ဆိတ်ပျံ့ဟုန်၊ နံ့ထုံဝေသင်း၊ ငွေနှင်းဖြူဖွေး၊ ကြူမွှေးတမ်းတ၊ နွမ်းလျတုဖက်၊ နုရွက်သစ်ဖူး၊ ယစ်မူးလျှံဝေ၊ ကန်ရေတင့်ကြာ၊ ဆင့်မှာနွေသို့၊မြေမို့ဝါဆိုင်း၊ ပြာမှိုင်းမှုန်ရီ၊ တုန်ဟီညို့ခင်း၊­ ချို့ယွင်းဖန်သွေ၊ ကံစေမြင်မှန်း၊ ရင်နွမ်းနွေ…။ နွေနွမ်းရင် … မှန်းမြင်စေကံ၊ သွေဖန်ယွင်းချို့၊ ခင်းညို့ဟီတုန်၊ရီမှုန်မှိုင်းပြာ၊ ဆိုင်းဝါမို့မြေ၊ သို့နွေမှာဆင့်၊­ ကြာတင့်ရေကန်၊ ဝေလျှံမူးယစ်၊ ဖူးသစ်ရွက်နု၊ ဖက်တုလျနွမ်း၊ တတမ်းမွှေးကြူ၊ ဖွေးဖြူနှင်းငွေ၊ သင်းဝေထုံနံ့၊ ဟုန်ပျံ့ဆိတ်ဆိတ်၊ ပိတ်ပိတ်ဖျောက်နွယ်၊ ပျောက်ကွယ်ပြုံးရှက်၊ သုဉ်းပျက်မောငို၊ ဇောပိုဖက်ထွေး၊ ထွက်ပြေးရာတွယ်၊ခွာဖယ်မောင်ဖုန်း၊ ရှောင်ပုန်းလျှက် […]


koyinMarch 25, 20131min2692
ချစ်ခွန်းခြွေ (ဒွေးချိုး) ချစ်ပါနော် မေတ္တာဖော် သီကျူးချင်လှ ပုရစ်ဖူးထင် စံပယ်ငုံသို့ မွှေးထုံပျံ့ သင်း။ သစ္စာရှင် မေတ္တာရင် အနေခက်ပါလို့ ပွေရတက်ဖယ် မေကြင်ပါမှ ထီးကျန်ည လင်း။ ။ တောက ကိုရင် 24.03.2013