“မင်းသားကြီး ဇာတ်”   တီးဝိုင်းမပါ ဇာတ်လမ်း မရှိ။   မင်းသမီး မပါ ဇာတ်ရံမရှိ။   ရုံဝင်ကြေးမပါ ထိုင်စရာမရှိ။   ကြည့်ချင်လည်း ကြည့် မကြည့်ချင်လည်း ကြည့်   အစ အဆုံး မင်းသားကြီး သာရှိ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 3-4-2015  


“သံစဉ်မဲ့ လရိပ်ည ” ဒီည ………လပြည့်ညလေ………………. ဖယောင်းတိုင်မီး၊ ဘတ်သီးမီး၊ ဖလော့ဆင့်မီး၊ ဘက်ထရီမီး၊ နီယွန်မီး၊ မာကျူရီမီး။ ရောင်စုံမီး ရှိသမျှမီးအားလုံးမှိတ်။ ရင်ထဲမှာရှိနေသမျှ အချစ်မီး အမုန်းမီး လောဘမီး“ဒေါသမီး မောဟမီး တဏှာမီး အပူမီး အပျော်မီး မာနမီး ရှိသမျှ မီးအားလုံးလဲပိတ်၊ အေးမြတဲ့လအရိပ်ကို ခံစားရင်း ငြိမ်းချမ်းစွာနေမယ်။ ဒီည တိတ်ဆိတ်တဲ့ လပြည့်ညလေ……………….. တရို့ရို့နဲ့ အော်တဲ့ ဟစ်ဟော့ ဝုန်းဒိုင်းကြဲတဲ့ အော်လတာ ဗြူးဗြူးဗြဲဗြဲ့ ဟဲဗီးရောခ့် မဟော့တဟော့ ဖောစ်ထရောခ် ပျင်းရိပျင်းတွဲ ကန်းထရီးလဲမလာခဲ့နဲ့။ အရက်မူးမှအော်တတ်တဲ့ ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်တဲ့“နဂါးနီ”လဲနားထား။ လူများများနဲ့သံစုံအော်တဲ့ အသက်ကလေးရဲ့ရှည်စေလို ရေညိုညိုရစ်ခါသန်းရွှေမန်းတောင်ရိပ်ခိုတဲ့ မြနန္ဒာ အဲဒါလဲ မလိုချင်ဘူး။ ချစ်သူဟောင်းတမ်းတ ကွဲသွားတဲ့အသဲကို အရက်စိမ်ထားတဲ့သီချင်းသံလဲမကြားချင်ဘူး။ မူန်ဝါးဝါးရှေးဟောင်းရုပ်ရှင်ကြည့်ရသလို မောင်ရယ် […]


ဟိုအရင်နှစ်များစွာက တနှစ်မှာတစ်လ တစ်လမှာတစ်ရက် မပျက်မကွက် ရက်မလွဲဘဲအမြဲရောက်ခဲ့သူပါ။ အခုများမတော့ လူတွေကမူမမှန် ရာသီတွေကဖောက်ပြန် အကြိုထောက်မယ်ဆိုတဲ့ မိုးပြေးလေးကလဲမရောက်ပြန်တော့ ပိတောက်ကလဲအချိန်မှန်မပွင့်ဖြစ်ဘူးပေါ့။ ဟောအချိန်အခါမဟုတ်ဘဲ မိုးပြေးလေးရောက်ပြန်တော့ အကြိုထောက်တယ်မှတ်ပြီး မျက်စေ့လည်လို့ပိတောက်အပွင့် အသက်မဲ့တဲ့ကျနော့်အပေါ်ရက်စက် မညာမတာစွတ်စွဲချက်ကတော့ ပိတောက်သစ္စာမဲ့ သတဲ့ဗျာ။


သား မင်းအဖေနဲ့အယူအဆမတူ မကြည်လင်ဘူးဆိုရုံနဲ့ အမေ့ကို စုံကန် မင်းပျံထွက်သွားမလား? အေး မနေချင်သပဆိုသွားချင်သွား လိုတာမှန်သမျှအကုန်ယူသွား အဆင်မပြေခဲ့လို့များပြန်လာချင်ရင် အမေ့ရင်ခွင်က မင်းအတွက် အစဉ်တံခါးဖွင့်ထားပါတယ်။ သား တစ်ခုတော့မှာထားလိုက်မယ်။ မင်းစိတ်နိုင်လို့သွားပြီဆိုမှတော့ ” မွေးမေကျေးဇူးဆပ်ဘူးချင်တယ်လေ”လို.လဲ ငိုသံပါကြီးနဲ့မဆိုနဲ့။ ” မေမေရေမငိုနဲ့နော်လေ “လို့လဲ လာချွေးမသိပ်နဲ့။ ” အိမ်ပြန်ချင်တယ် ဟူး နွေးထွေးတဲ့အမေ့အိမ်”လို့လဲ လာဆွေးမပြနဲ့။ “အမေကျနော်ကိုစိတ်မပျက်ဘူး လား “လို့လဲဒုက္ခအိုးလေးဆိုပြီး လာမချွဲနဲ့။ သွားလေသူ ခင်ဝမ်း လို ” အမေကျနော်မှာ ညီအကိုများစွာရှိတယ် “လို့ စုစည်းထားတဲ့အသံများ ငါကြားချင်ပါတယ် အေး မင်းတကယ်ကိုတားမရလို့သွားမယ်ဆိုရင် နောက်ဆုံးလှေခါးထစ်မရောက်ခင် သေသေချာချာပြန်စဉ်းစား ………………………………………………


yu thaw let : ကျုပ်တို့က လျှပ်လဲပြက်မပြဘူး၊ ထစ်ချုန်းသံလဲမပေးဘူး၊ မိုးအလိုလို ရွာမှသာ ရေပုံးလေး ချပေးထားတာပါ။ pay thaw let: မိုးကတော့ဘယ်အလိုလိုရွာမလဲ၊ ကျွန်တော်မှာသာ မိုးရွာတယ်ထင်ရအောင်၊ ဖားတွေကို အစာကြွေး အသံတွေပေးလို့၊ မိုးရွာအောင်လုပ်ပေးနေရတာပါဗျာ။ yu thaw let : ကျုပ်တို့က အပင်ပေါ်ကအသီး တုတ်နဲ့ထိုးချပြီး မစားဘူး။ သူ့အလိုလိုမြေခ ကြွေကျမှစားတာပါ၊ pay thaw let: သစ်ပင်ပေါ်ကိုတက်ခွ၊ ကြွေတယ်ထင်ရအောင် ခြွေချပေးနေရတာပါဗျာ၊ ကျနော်တို့မှာလည်းစုတ်ပြတ်သတ်နေပါပြီ။ yu thaw let : အသာလုပ်ပါ ရသင့်တာထက်ပိုတဲ့အခွင့်အရေး လိုချင်ကြလို့ ကျုပ်ကိုပေးတာပါ။ သမက်လိုချင်လို့သမီးပေးဒီသဘောလေးတွေပါ၊ pay thaw let: မကြွေ မရွာ လို့ကတော့၊ မျှော်သာမျှော်ပေါ်မလာ၊ သေပြီဆရာအခါခါအော်ရုံပါဘဲ။ […]


ဟိုအရင်တုန်းကပေါ. အလုပ်ကနေအိမ်ပြန်ရောက်တာနဲ. ကမန်းကတန်းထမင်းစား အင်တာနက်ဆိုင်ကိုအမြန်သွား သူများရောက်နေမလားလို. အပြေးအလွှားရှာနေကျပါ။ တွေ.ပြီဆိုတာနဲ.တဒိုင်းဒိုင်း သူပြန်မဟိုင်းမချင်းခေါ်တတ်ပါတယ်။ စတင်တဲ.ဇာတ်လမ်းလေးအစ ပြန်တွေးကြည်.ရင်.2009ဒီဇင်ဘာ(25) အေးမြတဲ.ဆောင်းတစ်ည သူ.နဲ.စတွေ.ကြတာပေါ.။ အင်တာနက်အသင်းလေးတစ်ခုကတဆင်. ကျနော်ဘဝထဲကို မိတ်ဖွဲ.လို.ဝင်အလာ ကျနော်ကလဲဝမ်းမြောက်စွာကြိုဆိုခဲ.ပါတယ်။ သည်ရက်ကလေးကစလို့ နေ.စဉ်တွေ.နေကျ ညရှစ်နာရီကစ ဆိုင်ပိတ်တဲ.ည ဆယ်.တစ်နာရီထိ ကျနော်အလုပ်ပိတ်တဲ.ရက်တွေဆို နေ.လည်ခင်းကအစညနေခင်းအထိ မိနစ်ပေါင်းများစွာမှ နာရီပေါင်းများစွာ နာရီပေါင်းများစွာမှနေ.ပေါင်းများစွာ မကြာမကြာချက်တင်မှာတွေ. သံယောဇဉ်ဖွဲ.စကားတွေလဲပြောဖြစ်ပါတယ်။ သည်လိုနဲ.အနေကြာ တစ်စထက်တစ စွဲလမ်းလို.လာပါတော.တယ်။ ီ ကျနော်နေတာမြန်မာပြည်အလယ်ပို်င်း သူကတော.ဟိုးအဝေး အိမ်နီးချင်းနိုင်ငံလေးကဆိုတော. လူချင်းတွေ.ဘို.တော.မလွယ်ကူ ချက်တင်မှာမဆုံဖြစ်လို.သတိရရင် ရင်ထဲကအဆွေးတွေကိုမေးလ်တွေ.ပို.လို. အလွမ်းဖြေပါတယ်။ မတွေ.ဖြစ်တဲ.ရက်များကျနော်.မေးလ်များကနေ သူပို.ပေးထားတဲ.ပုံလှလှလေးများ မြင်ရတာနဲ.အမောပြေ ရင်ကိုအေးမြစေခဲ.ပါတယ်။ မြန်မာနှစ်အကူး ရွှေရည်လူးတဲ.ပိတောက်တွေပွင်.တဲ.အချိန် ချက်တင်မှာ ခဏဝေးတော. ရင်ထဲမှာ အဆွေးပို ပိတောက်ဆိုပိတောက် တစ်ယောက်ဆိုတစ်ယောက်လို.တောင်စိတ်ကူးတွေယဉ်မိပေါ.။ သည်လိုနဲ. အပူတွေလွန်ကဲတဲ.နွေတစ်ရက် တွေ.နေကျမဟုတ်တဲ.အချိန် သူ.ကိုတွေ.လိုအားရဝမ်းသာခေါ်လိုက်မိတာက […]


ဟို ရှေးရှေးတုန်းကပေါ.နော် ကိုယ်ပြုမိတဲ.အပြစ်အတွက် အသက်ဘေးကလွတ်အောင် အမျက်ဖြေကဗျာတွေးရေးဆက်လို. အရှင်သခင်တွေထံ တောင်းပန်ရပါသတဲ.။ မြင်ရကြားရတဲ.ခဏလေး ပေါ်လာတဲ.အတွေးကို ကျနော်ကတော.အပျော်သဘော ခပ်သောသောလေးနဲ. “ချက်တင်ချစ်သူ”လို.အမည်ပေး ကဗျာလေးကိုရေးလိုက်မိပါတယ်။ ဖတ်မိတဲ.သူအများထဲမှာ ကျနော်တွေ.လိုက်ရတဲ. အပျော်သဘောနဲ.ခပ်ရဲရဲ “မသိဘဲကဲသူများကတစ်ဖွဲ.” ချက်တင်ကနေရက်စက်”အသဲခွဲခံလိုက်ရသူများကတစ်ဖွံဲ.” ချစ်ခြင်းအစမျက်စေ.ကဆိုတဲ.စကားကိုချိုးဖျက် အက္ခရာလေးကနေချက်လို. “အချစ်ကြီးချစ်လိုက်မိသူများကတစ်ဖွဲ.” ကိုပေါက်ကဗျာထဲကလို ဆိုင်းအောက်လုပ်ပြီးတာနဲ.မေ.များသွားမလားလို. ို သံသယတွေနဲအစိုးရိမ်ပို “ရင်ဖိုနေသူများကတစ်ဖွဲ.” ယုံလွယ်သူအသဲကွဲစတမ်း ဆိုတဲ.ဟိုသီချင်းထဲကလို ို” ရိုးတဲ.အတဲ.ကောင်ခံလိုက်ပေါ.”လို. မညာမတာ ခပ်နာနာလေးလက်ခုပ်တီးအသားလွတ်ကြီးကို ” အပြစ်တင်နေသူများကတစ်ဖွဲ.”ဆိုသလို သဘောထားတွေကွဲလွဲ ကော်မင်.တွေလဲ ဝဲ ကုန်ပါတယ်။ ရေးမိတာ မှန်သလားမှန်သလား မလျှောက်ထားတတ်တော.ပါဘူး။ ဆရာတစ်ယောက်စကားဆင်တူယိုးမှား ခဏငှားသုံးလိုက်ပါတယ် ” ကျွန်တော်ရေးမိ အပြစ်ရှိပါ”ခင်ဗျား


ဆီဝယ်ရင်လဲ သေချာမေး ဈေးကြီးရင်ကြီးပစေ အရောအနှောထင်ရင်မဝယ်နဲ.၊ စားအုန်းဆီလဲမပါစေနဲ.။ အသားငါးဆိုလဲလတ်ပစေ၊ အသားဆိုရင်လဲ ရဲနေပစေ၊ နံနေတယ်ဆိုမယူနဲ. ငါးဆိုရင်လဲ ပါးဟက်ဖြဲကြည်. ပြဲစိစိဆိုရင်ပြန်ချထားခဲ.။ ဟင်းရွက်ဆိုရေမထိုးစေနဲ. နွမ်းရင်လဲပယ် မလန်းရင်လဲဖယ် လတ်ဆတ်တာစားမှ ကျန်းမာတာ။ ဆန်တွေကိုစင်အောင်ရွေး စပါးလုံးနဲ.ခဲလဲပါရင်ဖယ် ပြီးရင်ရေစင်စင်ဆေး ထမင်းဆိုတာ ဖွေးသန်.နေမှ။ ဆုံကိုပြောင်အောင်ဆေး ငရုတ်ကြက်သွန်ကိုလည်းသေချာထောင်း အောက်ရောက်ရင်ကောက်မထဲ.နဲ.၊ ချက်မယ်.အိုးကလဲသန်.ပစေ။ ထမင်းပွဲမပြင်ခင်ဇွန်းပုဂံတွေ စင်အောင်ဆေး။ ညီးတို.လက်တွေကလဲ.သန်.ပစေ။ ဟင်းခွက်တွေကိုမစားသေးရင် လုံအောင်သေချာဖုံး ၊ ယင်ကောင်လဲမကျစေနဲ. ဖုံလဲမဝင်စေနဲ.။ သားတို.ကလဲ စားကာနီးရင်လက်ကို နှစ်ခါပြန်ဆပ်ပြာနဲ.ဆေး ဘက်တီးရီးယားဆိုတဲ. ပိုးတွေဆိုတာမမြင်နိုင်ဘူးတဲ. ညစ်ပတ်တာတွေဟာ ရွံစရာကောင်း ဗိုက်ဖောင်းဖောင်းကြီး ထဲဝင်သွားရင်ရောဂါရမယ်။ အဲဒီ ဟစ်ဟော. တေးသံလေးကတော. ကျနော်.အိမ်ဘေးနားက မမသန်.သန်.ရဲ.သန်.တရား သန်.စကားများ မကြားချင်ဘူးဆိုလဲနေ.တိုင်းကြားနေရတာပါဗျာ။ သူတို.ခင်းထားတဲ.ထမင်းစားပွဲအတွက် ရင်းလိုက်ရတွေငွေကြေးတွေ ဖြစ်တည်ဘို.ကြီုးစားစဉ်တုံးက သူတို.ဆီရောက်လာတဲ.ငွေတွေမှာ မိသားစုပေါင်းများစွာရဲ.မျက်ရည် […]


နေ.စဉ်ရက်ဆက် တစ်ရက်မှမပျက်အောင် အချိန်ခြင်းချိန်းလို.ချက်မယ်။ သိလားဆိုတော.လည်း သေချာမသိ မသိဘူးလားဆိုတော.လည်း ပြောထားသလောက်တော.သိမယ်။ စိတ်ထဲရှိသလို နာမယ်ပေးလို. စိတ်ထဲရှိသလိုလည်းခေါ်မယ်။ စိတ်ထဲရှိတာကိုလည်းအားမနာဘဲပြောမယ်။ အက္ခရာလေးများနဲ.ချစ်မယ် အက္ခရာလေးများနဲ.စိတ်ကောက်မယ် အက္ခရာလေးများန.ဲချော.မယ် အက္ခရာလေးများနဲ.ချွဲမယ် အက္ခရာလေးများနဲ.သဲမယ် အက္ခရာလေးများနဲ.ဘဲကဲမယ် ဒါပေမဲ.လည်း ဆို်င်းအောက်လုပ်ပြီးတာနဲ. မေ.ထားလိုက်ပါတယ်။


ဟိုအရင်ငယ်ရွယ်စဉ်ဘဝ ပညာမာန် ခွန်အားမာန် မာန်ပေါင်းများစွာကို ပိုင်ဆိုင် ဆုပ်ကိုင်ထားနိုင်စဉ်တုံးက လက်ညိုးညွှန်တာနဲ.ရေဆိုရင်ရေ မြေဆိုရင်မြေ လိုချင်တာဘာမဆိုအကုန်ဖြစ် အောင်မြင်မူ.နဲ.ယစ်မူးလို.နေနိုင်စဉ်က အားလုံးပေါ်ထားတဲ.အမြင် တစ်ခြားသူကို နှိမ်.ချခြင် ငါသာဆိုရင် ဆိုတဲ.အတွေးနဲ. ဘဝင်လေးတွေရှိခဲ.ဘူးတယ်။ သည်လိုနဲ.နှစ်ပေါင်းများစွာ အားလုံးဟာ ပျော်စရာတွေပါလားလို.သတ်မှတ် ဘဝကိုဖြတ်သန်း ကိုယ်.အထင် နဲ.ကိုယ်ကတော. အောင်မြင်တယ်ဆိုတဲ.ဘဝင်တွေနဲ.နေရင်း မထင်မှတ်ဘဲလက်ခံလိုက်ရတဲ.ရုုံးနိမ်.ခြင်း မတောင်းဆိုဘဲရောက်လာသောဒုက္ခ မလိုလားဘဲ ရလာတဲ.ဆုံးရုုံးခြင်း ပြင်ဆင်လို.မပြီးမှီရောက်လာသောအိုမင်းခြင်း စိတ်သွားတိုင်းကိုယ်မပါ လိုရာကလဲ အရင်လိုမရောက်နိုင်ပြီဆိုမှ ငယ်ငယ်တုန်းက ဘယ်လိုအောင်မြင်ခဲ.တဲ.အကြောင်း ပြန် ပြန်စဉ်းစားလို.အရသာခံနေရင်း ခံတွင်းချဉ်လာတယ်ဆိုမှ ကိူယ်ကို်ယ်တိုင်ကလည်း အချိုကုန်နေတဲ. ပီကေဖြစ်နေတာကို အလန်.တကြား သတိရမိပါတယ်။