ဆူးMay 18, 20121min29617
ဦးခေါင်းရတနာဓါတ်တော်ကြုတ် ဒီရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံရဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေက အံ့မခန်းတွေ ဖြစ်နေခဲ့ပါတယ်။ ကွန်မြူနစ်ပါတီကြီးစိုးတဲ့ တရုတ်နိုင်ငံကြီးမှာ ဗုဒ္ဓဘာသာကို နေရာတစ်နေရာ အခိုင်အမာပြန်ပေးနေပြီဆိုတဲ့ သတင်းလေးကိုလည်း ဘလော့မှာ ဖော်ပြခဲ့ဖူးတာ မှတ်မိကြပါလိမ့်မယ်။ ပြီးခဲ့တဲ့လကလည်း အိန္ဒိယသမ္မတကြီး ကိုယ်တိုင် တရုတ်နိုင်ငံပြည်သူတွေအတွက် ဆန်ချီစေတီပုံတူ ဗုဒ္ဓဘုရားကျောင်းတော်တစ်ခု လက်ဆောင် နှင်းအပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့ကတော့ တရုတ်ပြည်သူသန်းပေါင်းများစွာဟာ တရုတ်နိုင်ငံကွန်မြူနစ်ပါတီကြီးရဲ့ ဆယ်စုနှစ်ငါးခုကြာအောင် ဘာသာမဲ့ဥပဒေနဲ့ စည်းမျဉ်းများကန့်သတ်ခဲ့ရာ တရုတ်ပါလီမန်အဆောက်အဦရဲ့ မဟာခန်းမကြီးထဲမှာ ကပြတဲ့ နိဗ္ဗာန်၊ ကံတရားနဲ့ သံသရာစတဲ့ ဗုဒ္ဓဝင်နဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ သရုပ်ဖော်ကကွက်တွေကို ကြည့်ရှုခွင့်ရခဲ့ကြပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု နောက်ပိုင်းမှာ ကြီးကျယ်တဲ့ ဘာသာရေးလမ်းဖွင့်မှု အသွင်လက္ခဏာတစ်ခုပါပဲတဲ့။ တရုတ်ဗုဒ္ဓဘာသာအသင်းကြီးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှူချင်းက “ ဗုဒ္ဓဘာသာဟာ […]


ဆူးMay 14, 20121min23327
တနင်္ဂနွေနေ့က သူငယ်ချင်း ရဲ့ ဖိတ်ကြားချက်ဖြင့် ဝေဠုဝန် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကြားပေးတော့ ကျောင်းကို ရောက်ရှိခဲ့ပါတယ်။ သူငယ်ချင်းကတော့ မွေးနေ့ အထိမ်းအမှတ် အာရုံနဲ့ နေ့လည်စာ ကျွေးထားတဲ့ အလှူကို ဖိတ်လို့ ရောက်ရှိသွားတာပါ။ ရောက်သွားတဲ့ အခါမှာတော့ တကယ်ကို ဝမ်းသာ ပီတိဖြစ်ဖွယ် ကောင်းတာလေးတွေ တွေ့မြင်ခဲ့ရပြီး နောက်ထပ် နောက်ထပ် သွားချင်စိတ်လည်း ဖြစ်မိတယ်။ အသိမိတ်ဆွေများကိုလည်း ပြန်ပြောချင်စိတ်ဖြစ်မိလောက်အောင်ပါပဲ။ နေရာကတော့ ပဲခူးတိုင်းထဲမှာပါ။ ရန်ကုန် ပဲခူး လမ်းအတိုင်းသွားပြီး ဆယ်မိုင်ကုန်း ပဏ္ဍိရာမ ကျောင်း သွားတဲ့ လမ်းခွဲကနေ ဆက်တိုက်သွားမယ် ဆိုရင် ကွန်ကရစ် လမ်းအတိုင်း ချောချောမွေ့မွေ့ သွားနိုင်ပြီးတော့ မြေနီလမ်းခွဲလေး တခု ကိုတွေ့တဲ့ အခါ ဝေဠုဝန် ကျောင်းတိုက် ကျောက်တန်း […]


ဆူးMay 2, 20121min35082
သီတဂူ သုမေဓာ ဆေးဝါး ဒါန အလှူရှင်များ စာရင်း ၁ ဦးအောင်ကျော်ငြိမ်း + ဒေါ်စပ်စုမြတ် 820,000 ၂ ကိုအောင် (ထိုင်ဝမ်) 200,000 ၃ ကိုမိုး နှင့် မိသားစု (အင်္ဂလန်) 200,000 ၄ ဂျပန် အဖွဲ့ 108,000 ၅ မမ 100,000 ၆ nature 100,000 ၇ ဒေါ်မွှေးမွှေး (ပန်ထူးသာ သင်္ကန်းတိုက်) 100,000 ၈ ကိုစည်သူ (အင်္ဂလန်) 100,000 ၉ ယမ်ယမ် ခေါက်ဆွဲ 100,000 ၁၀ ဘီယွန်း နှင့် ညို 100,000 ၁၁ Hui Chu (USA) 100,000 ၁၂ […]


ဆူးApril 25, 20121min30928
တောင်ခြေ ကားရပ်နား စခန်းမှာတော့ အသင့်စောင့်ဆိုင်းနေသော ကားကြီးမှ လူစုံသည့်အခါ မုံရွာမြို့သို့ ပြန်လည် ထွက်ခွာခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အလောင်းတော် ကဿပ သွားသည့် လမ်း အတွက် အပိုင်းတခုလျှင် တခု အလှူခံမဏ္ဌပ်များဖြင့် အလှူခံနေသည်များကိုလည်း တွေ့ရှိရပါသည်။ အလှူခံမဏ္ဌပ်တွေမှလည်း ခရီးသွားကားများကို မုန့်များဖြင့် တည့်ခင်း ဧည့်ခံကြပါတယ်။ ကားရပ်လိုက်လျှင် အလှူခံတဲ့ ကောင်လေး ကောင်မလေးများမှ ထိုရွာမှ ထွက်သော ဇီးသီးများ၊ အကြော်အလှော်များ (ပဲကပ်ကြော် ကြက်သွန်ကြော်) လက်ဖက်နဲ့ အကြော်များ၊ မြေပဲပြုတ်များ၊ ထန်းရည် အချို သောက်ရည် ရေနွေးကြမ်း စသဖြင့် အမျိုးစုံလင်အောင် ပန်းကန်များ ခွက်များဖြင့် ထည့်ပြီး စိတ်ကြိုက် လက်နှင့် ပါသလောက် နှိုက်ယူခွင့်ပြုကာ ကျွှေးမွှေးဧည့်ခံကြပါတယ်။ ထို ဓလေ့သည်လည်း အလွန်ပင် […]


ဆူးApril 24, 20121min27440
သီတဂူ သုမေဓာ ဆေးရုံ ဆေးဝါး ဒါန အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ https://myanmargazette.net/107492/health-fitness/ သီတဂူ ဆရာတော် ဘုရားကြီး နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ တည်ရှိတဲ့ မြတောင် ကျောင်းတိုက်မှ ဆရာတော် မြတောင်ကြီး ဦးဆောင် ဆောက်လုပ်သော သီတဂူ သုမေဓာ ဆေးရုံကြီး ၏ ဆေးဝါးဒါန အဖြစ် အများပြည်သူ အယုတ်လတ် အမြတ်မရွေး ကျန်းမာရေး စောင့်ရှောက်နိုင်ရန် အတွက်ငှာ ရည်သန် အာရုံပြုလျက် အလှူ့ဒါကာများဖြစ်ကြသော မန္တလေးဂေဇက် အဖွဲ့ဝင်များနှင့် အခြားသော ပြင်ပမှ ပုဂ္ဂိုလ် အသီးသီးတို့၏ အလှူငွေများကို ပန်းတနော်မြို့နယ် မြတောင်ကျောင်းသို့ ရန်ကုန်မှ နေ၍ ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းရန် အတွက် သွားမည် ဖြစ်ပါသည်။ အလှူသွားရန် […]


ဆူးApril 24, 20121min1546
  သဘာဝ ကျောက်ဆစ်တွေကြားထဲက ထွက်လာတဲ့ ရေတွေကို သောက်ရေ အတွက် ခံယူနေတာဖြစ်ပါတယ်။       ရေတွေ တသွင်သွင် စီးနေလို့ ကွပ်ပစ်လေး ရိုက်ပေးထားလို့ အဆင်ပြေပြေ ဆင်းလို့ ရခဲ့ပါတယ်။အတွင်း လှိုင်ဂူ ဆီ သွားတဲ့ လမ်း အနေအထားပါ။     ချောက်ကြီးထဲမှာ ဒီကလေးမလေး ဘာထိုင်လုပ်နေတာလဲ.. အမြင်မမှားဘူးဆိုရင် စောင့်စောင့် ထိုင်ပြီး တခုခုကို မျှော်နေသလိုပဲနော်။   တောင်ဆင်းလမ်းဖြစ်ပါတယ်။ သစ်ရိပ်ဝါးရိပ်တွေနဲ့ သိပ်တော့ မပူလှပါဘူး။ ချွေးကလေး တစို့စို့နဲ့ အဆင်ပြေပါတယ်။ အသွားလမ်း ဆင်စီးတာ မိနစ် ၃ဝ ကြာခဲ့ပေမဲ့ အပြန်လမ်း လမ်းလျှောက်တာ ၅၅မိနစ် ပဲ ကြာခဲ့ပါတယ်။ တောင်ခြေက လမ်းခရီးပြ မြေပုံ […]


ဆူးApril 23, 20121min28022
အရှေ့က အမြှောင်းလေးတွေ ကြားထဲမှာ ပိုက်ဆံ တွေ ထိုးသွင်းထားကြပြီး အဲဒီ အကွဲကြောင်းကြီးက တခါတရံ အလိုလို ဟပါတယ်။ အဲဒါကို ဂူတခါး ပွင့်တယ်လို့ ခေါ်ပါတယ်။     ဒါကတော့ ဟနေတဲ့ နေရာ တခုပါ။ အဲဒီ ထက် ပိုပြီး ကျယ်ကျယ် ဟတာ လူ တယောက် လက်တကမ်း ဝင်လို့ရတဲ့ အနေ ကလေးတယောက် ဝင်လို့ ရတဲ့ အနေလောက် ဟလာတတ်ပါတယ်။ အဓိဌာန် ဆုတောင်းရင် ဟလာတယ်လို့ ပြောပါတယ်။   လှိုင်ဂူ ကျောက်တံခါး မှာ ရွှေသင်္ကန်း ကပ်နေကြတာ ဖြစ်ပါတယ်။     လှိုင်ဂူရှေ့မှာ လူများ ပူဇော် ကန်တော့ နေတဲ့ ကြတာ […]


ဆူးApril 22, 20121min33236
ဆင်ပေါ်က ဆင်းဆင်းချင်း အပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော်ကြီး။       အပေါ်ကျောင်းကနေ အတွင်းကျောက်လှိုင်ဂူဆီ သွားတဲ့လမ်းကလေး ဖြစ်ပါတယ်။     ပွဲတော်ရက်ဖြစ်တဲ့ အတွက် ဘုရားဖူးတွေ အလွန်များပြားနေပါတယ်။ တယောက်သာ ဆင်းတက်လုပ်လို့ ရတဲ့ လှေကားကို ဆင်းဖို့ အတွက် တိုးနေကြတာ ဖြစ်ပါတယ်။ အပေါ်ကနေ အောက်ကို မမြင်ရပါဘူး။ ကျောက်လှိုင်ဂူ ဆီ ဆင်းတဲ့ လှေကား ဖြစ်ပါတယ်။ မိုး အခါ တောင်ကျရေ အများကြီး ကျတဲ့ အခါ ဖြုတ်သိမ်းတယ်လို့ သိရပါတယ်။     ကျောက်လှိုင်ဂူဆီ လွယ်ကူစွာ ဝင်နိုင်ရန် လမ်းခင်းထားပြီး အမိုးလည်း ရှိပါတယ်။ တောင်ကျရေက ဆက်တိုက် ကျနေလို့ ရေမစိုအောင် […]


ဆူးApril 21, 20121min21117
တောင်ပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော် ဖြစ်ပါတယ်။ ရွှေရောင် ကိုယ်တော် အစစ် လျောင်းတော်မူနေတာကတော့ အဲဒီကနေ အောက်ဆင်းသွားပြီး အတွင်းကို တော်တော် ဆင်းရပါတယ်။ မိုးတွင်းအခါ တောင်ကျ ချောင်းရေ ရှိတဲ့ အချိန်ဆိုရင် အဆင်းလမ်း မရှိပါဘူး။ ဆင်းလို့လည်း မရပါဘူး။ ဒါကြောင့် အချိန်အခါ မဟုတ် လာတဲ့ ပရိတ်သတ် အတွက် အပေါ်မှာ ကိုယ်စား ကိုယ်ပွားတော် တဆူ တည်ထားပြီး ကိုးကွယ်ထားကြတာပါ။ တောင်ပေါ်ရောက်တဲ့ အခါမှာတော့ ကျောင်းဆောင် အတွင်း လျောင်းတော်မူ အနေအထားဖြင့် ဉာဏ်တော် ၁ဝတောင် ရှိပြီး အနောက်မြောက် အရပ်သို့ ဦးခေါင်းတည်၍ ပရိနိဗ္ဗာန် ပြုနေပုံကို အင်္ဂဒေဖြင့် ထုလုပ်ပူဇော်ထားသည့် ဆင်းတုကို ဖူးမြင်ရပါသည်။ ထိုဆင်းတုသည်လည်း ရွှေဆိုင်း […]


ဆူးApril 21, 20122min20853
https://myanmargazette.net/115744/arts-humanities တွင် ရေးသားနေကြသော အချက်အလက်များတွင် တိုင်းပြည်ယဉ်ကျေးမှု နှင့် ဘာသာတရားကြောင့် ပျက်စီးရသည်ဟု ဆိုထားကြသည်။ ဖတ်တီးကတ် ရဲ့ ကွန်မန်းထဲမှ ဗုဒ္ဓဘာသာ သည် ဇစ်မြစ် မရှိပဲ ကိုးကွယ်နေသည် ဟူသော အမြင်မှား အတွက် တိကျသေချာသော အချက်အလက်များ ရှာဖွေ ရေးသားပေးခြင်း ဖြစ်ပါသည်။ ဖတ်တီးကတ် ရဲ့ ကွန်မန်း အပြင် တခြားသော ကွန်မန်းများတွင်လည်း ဒါန နဲ့ ပတ်သတ်ပြီး အငြင်းပွားမှုများ ကျမ်းအကိုးအကား အချက်အလက်များ မဟုတ်မမှန်ဟု အငြင်းပွားမှုများ အတွက် ရည်မှန်းပြီး ရေးသားသော ပိုစ်ဖြစ်ပါသည်။   နိုင်ငံရေးနှင့် ပတ်သတ်၍ ကျွန်ုပ် သည်လည်း ပညာရှင်မဟုတ်တော့ မည်သို့ မည်ပုံမှ ဖြေရှင်းတတ်မည် မဟုတ်ပါ။ သာသနာ စစ်မှန်ကြောင်း […]


ဆူးApril 20, 20121min21421
ဆင် တင်ပါးတွေမှာ စာရိုက်ထားတာ မီးပူပူမှာ ဖုတ်ထားတဲ့ သံပြား ရဲရဲ နီကို ဆင်တင်ပါးကို ကပ်လိုက်တဲ့ အတွက် အပူဒဏ်ကြောင့် အနာရွတ်ဖြစ်သွားစေတာပါ။ ဆင်စီးတဲ့ အခါမှာတော့ ဓါတ်ပုံရိုက်ဖို့ မလွယ်လောက်အောင် ခါရမ်းနေလို့ ကင်မရာမကိုင်နိုင်ပဲ ဆင်ပေါ်က ပြုတ်မကျအောင် လူထိုင်တဲ့ ခြံလေးထဲက တိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရလို့.. ဓါတ်ပုံ ကောင်းကောင်း မရိုက်နိုင်ခဲ့ပါဘူး။ တောင်ခြေစခန်းမှ ဆင်စီးပြီး တောင်တက်မယ် ဆိုလျှင်တော့ ၁ယောက်ကို ၂၀၀ဝ နှုန်းဖြင့် တက်နိုင်ပြီးတော့ ဆင်တစီးမှာတော့ လူ၄ယောက် စီးခွင့်ရှိပါတယ်။ ဆင်မစီးချင်သူများ ခြေလျှင်ဖြင့်လည်း တက်နိုင်ပါသေးတယ်။ အတက်ကိုတော့ ၃ယောက်ကို ဆင်တစီးလုံး ၈၀၀ဝ ဖြင့် အပြတ်ငှားပြီး တက်ခဲ့ပါတယ်။ ဆူး သွားသည့် အချိန်သည် တပေါင်းလပြည့်နေ့ ဖြစ်သည့် […]


ဆူးApril 19, 20121min22417
မုံရွာမြို့မှ အလောင်းတော် ကဿပ တောင်ခြေ စခန်းဆီသို့ မိုင် ၆ဝ ဝန်းကျင် ရှိပြီး မုံရွာ ကလေးဝ သို့ သွားသော လမ်းမှ တဆင့် အလောင်းတော် ကဿပ လမ်းခွဲမှ ဆက်သွားရပါသည်။ အလောင်းတော် ကဿပ အမျိုးဥယျာဉ် ကြိုးဝိုင်းသစ်တော မှ တဆင့် တောလမ်းကို ဖြတ်သန်းပြီး တောင်ခြေကို ရောက်ရှိရပါသည်။ လမ်းတွင် ဆက်တိုက် ရွာများ ဖြတ်သန်းသွားပြီး ကပိုင်ကျေးရွာ ကတော့ လမ်းခရီးတွင် နောက်ဆုံးရွာဖြစ်ပါသည်။ ဟိုတယ်မှ မနက် ၂နာရီခွဲ စတင်ထွက်ခွာပြီး တောလမ်းခရီးထွက်သည့် ကားကြီးဖြင့် ခုန်ပေါက် ခုန်ပေါက် လိုက်ပါ စီးနင်းပြီး မနက် ၅နာရီခွဲမှာတော့ ကပိုင်ဆိုတဲ့ ရွာကို ရောက်ရှိပါတယ်။ ကပိုင်ရွာတွင် မနက်စာ စားသောက်ရန် […]