Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


padonmarJanuary 11, 20131min4778
တကယ်တော. ရွှေလောင်းဆိုသော မြို.လေးသည် တစ်ချိန်က ဝါးခယ်မ ထက်ပင် အခရာ ကျ တဲ့ မြို. တစ်မြို.ဖြစ်ခဲ့ဖူး ပါတယ်. ဝါးခယ်မ ဟူ၍ ပီပီပြင်ပြင် ဖြစ်မလာသေးမီကပင် ဤ နေရာတွင် ကျေးရွာအကြီး တစ်ခုအသွင်ဖြင်. ကူးသန်းရောင်းဝယ်ရာ အချက်အခြာ ဒေသ တစ်ခုဖြစ်ခဲ့ဖူးပြီး နောက်ပိုင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း ကမ်းပါးမြေပြိုခြင်းတို.ကြောင်. ဝါးခယ်မ တည်ရာသို.ပြောင်းရွှေ. မြို.တည်ခဲ့ခြင်းဖြစ်တယ် လို. ပီနန်ဆရာတော်ကြီးရဲ. စာတစ်ပုဒ်မှာ ဖတ်ခဲ့ရဖူးပါ တယ်… အောက်မြန်မာပြည်ရဲ. နာမည်ကျော် ပုဂ္ဂိုလ် တစ်ဦးဖြစ် တဲ့ ရေငန်ပိုင် ဦးရှင်ကြီး အတု္ထပ္ပတ္တိ. မှာလည်း ပါဝင်နေတဲ့ မြို.လေးတစ်မြို.ဖြစ်ပါတယ်… ဒါ.အပြင် မြို.ကလူတွေရန်ကုန်ပြန်ရင် ကြာစေ့အစို..ကြာစေ့အခြောက်တို.(ရာသီချိန်တွင်) ဝယ်လို.ရတဲ့ နေရာလေးတစ်ခုလည်းဖြစ်ပါတယ်…တံတားအဆင်းတွင်တော. ယာဉ်တန်း ခေတ္တ […]


padonmarJanuary 11, 20131min4758
ကျမတို့ ဝါးခယ်မ ဆရာကန်တော့ပွဲ ခရီးစဉ်အကြောင်းလေးကို ကောင်းမြတ်သူက ဝါးခယ်မမြို့၊အ.ထ.က(၁) ဆရာကန်တော့ပွဲ (၁)…ဆိုပြီးတင်ပေးထားပါတယ်။ (၂)ကတော့ အလုပ်တာဝန်တွေကြားမှာ မအားမလပ်နိုင်လို့ မဆက်နို်င်သေးဘူးထင်ပါတယ်။ ဒီကြားထဲမှာ ကျမက ကိုရီးယားကားပြနေတုန်း ကြော်ငြာဝင်ထိုးသလို (ကြော်ငြာလေးကလည်း သီချင်းနဲ့အတူ လိုက်ကချင်လောက်အောင် ကောင်းတဲ့ ကြော်ငြာမျိုးပေါ့) ကြော်ငြာလေးတစ်ခု ကြားဖြတ်တင်ချင်ပါတယ်။ ကျမတို့မြို့သား မောင်ငယ်လေး ဇော်မင်းလွင်ရဲ့ လက်စွမ်းကို ဂဇက်မိသားစုရှေ့မှာ အမြည်းပေးချင်လို့ပါ။ ဇော်မင်းလွင်က ဒီရွာမှာ member အဟောင်းပေမယ့် သူ့ Blog နဲ့ အခြားတာဝန်တွေကြား ဂဇက်ဖက် ခြေဦးမလှည်နိုင်တော့ Password ပျောက်နေတဲ့ ရွာသားပါ။ သူ့ရဲ့ လေ့လာမှုအား၊စာဖတ်အား၊စာအရေးအသားတွေက ကျမတို့လို လက်သင်တွေထက် အများကြီးသာပါတယ်။ အဲတော့ သူ့ကိုလည်း ရွာထဲပြန်ခေါ်ရင်း ရွာသူားတွေကိုလည်း ကိုယ့်မြို့သားလက်ရာ ကြွားရင်း ငွေရောင် မှန်သားပြင်မှာဆက်လက် […]


padonmarOctober 30, 20121min55017
အတုယူစရာကောင်းတဲ့မိသားစု တခါတုန်းက ရွာတစ်ရွာမှာ ဦးချမ်းနဲ့ဒေါ်သာရှင်တို့ မိသားစုလေးတစ်စု နေထိုင်ကြတယ်။ ဦးချမ်းနဲ့ ဒေါ်သာရှင်တို့ နာမည်လေးကိုဦးနဲ့ ဒေါ်ကို ဖြုတ်ပြီးပေါင်းလိုက်ရင် “ချမ်းသာရှင်”လို့အဓိပ္ပါယ်ရတယ်။ တကယ်လည်း ချမ်းသာကြပါတယ်။ ငွေကြေးဓန ချမ်းသာကြတာတော့ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ချမ်းသာကြတာပါ။မပူမပင်နေကြရတဲ့ မိသားစုလေးပါ။ ငွေကြေးဓန ချမ်းသာကြွယ်ဝတာထက် စိတ်ချမ်းသာတာကို လိုလားတောင့်တနေတဲ့ မိသားစုလေးပေါ့။ အထူးသဖြင့် သေခါနီးမှာ ခံနိုင်ရည်ရှိအောင် ပြင်ဆင်နေကြတဲ့ မိသားစုလေး။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးချမ်းရဲ့ သွန်သင်ဆုံးမမှုအောက်ကနေ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြတဲ့မိသားစုလေး။ “ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွား ၊နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်” ဆိုတဲ့ လူကြီးသူမတို့ ဆိုစကားအတိုင်း ခေါင်းဆောင်လုပ်သူကောင်းတော့ နောက်ကလိုက်ရတဲ့သူတွေလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာကြတယ်။ ဒါကြောင့် သူတို့မိသားစုလေးကို “ချမ်းသာရှင်” လို့ ဆိုစမှတ်ပြုကြတယ်။ ဦးချမ်းတို့ရဲ့ အိမ်ထောင်စု စာရင်းဝင်သူတွေကတော့ …. […]


padonmarOctober 29, 20121min83925
ကံတရား နဲ့ သတ္တဝါ ကံတရားဆိုတာ “စီမံခန့်ခွဲသူ”လို့ ဆိုလဲမမှားပါဘူး။ “ကံ”တရားကို “ဖန်ဆင်းရှင်”လို့ဆိုမယ်ဆိုလဲရတာပါပဲ။ ကံတရားက ရှင်ဆို ရှင်ကြရတယ်။သေဆို သေကြရတယ်။ ဆင်းရဲဆိုရင်လဲ ဆင်းရဲကြရတယ်။ ချမ်းသာဆိုရင်လဲ ချမ်းသာကြရတယ်။ အကျဉ်းချုပ် ပြောရမယ် ဆိုရင်တော့ “ကံတရားက”သတ္တဝါတွေကို လွှမ်းမိုး အုပ်ချုပ်နေတာ။ “ကံကောင်းတယ်၊ကံဆိုးတယ်”လို့ ပြောနေကြပေမယ်လို့ ဒီကံတရားက မိုးပေါ်ကကျလာတာမဟုတ်ဘူး။ ငါးပိအိုးထဲက လောက်လိုပါပဲ။ ငါးပိအိုးထဲကလောက်ဆိုတာ အပြင်က ဝင်ရောက်လာတာမဟုတ်ဘူး။ ငါးပိကနေပဲ လောက်ဖြစ်လာတာ။ ဒီသဘောပါပဲ။ ကံဆိုတာလဲ ဒီခန္ဓာကိုယ်ကြီးထဲကပဲဖြစ်ပေါ်လာတာ။ခန္ဓာကိုယ်အင်အားသုံးပြီး လှုပ်ရှားတက်ကြွလာတဲ့ကြွက်သားတွေ၊ စိတ်အားတွေက ကံရဲ့စွမ်းအင်အရင်းအမြစ်တွေပါပဲ။ ဒီစွမ်းအင် အရင်းအမြစ်တွေကို ကောင်းတဲ့ဘက် အသုံးချလိုက်ရင်ကောင်းတဲ့စွမ်းအတွေ ရရှိမှာ။ ဆိုးတဲ့ဘက်ကိုအသုံးချလိုက်မယ်ဆိုရင် ဆိုးတဲ့စွမ်းအင်တွေ ရရှိလာမှာပါပဲ။ ဥပမာ လျှပ်စစ်ဆိုပါတော့။ လူူသားတွေအသုံးပြုနေတဲ့ ပစ္စည်းပစ္စ္စယတွေ ထုတ်လုပ်နိုင်အောင် စက်ရုံကြီးတွေတည်ဆောကြ်ကပြီးလျှပ်စစ်ဓာတ်အားတွေနဲ့ စက်ပစ္စည်း ကိရိယာတွေကို […]


padonmarOctober 29, 20121min63528
ကျမရဲ့ အပိုဂျီး ပဒုမ္မာရဲ့ အပိုဆု https://myanmargazette.net/153220/creative-writing မှာ ဂျီးတော်နွားကျောင်းတဲ့ ကျမတို့ ဖတ်ရွေးအဖွဲ့ကို ကူညီပေးဖို့ဖိတ်ခေါ်တော့ အာဇာနည်လေးတစ်ယောက် ထွက်ပေါ်လာပါတယ် ။ jullies cezer says: (Edit) ဟုတ်ကဲ့ ဖတ်ရွေးအဖွဲထဲပါချင်တယ် မမပဒုမ္မာရေ ဘယ်လိုရွေးပေးရမလဲ instruction ပေးစေချင်ပါတယ် ခါတိုင်းလိုပဲဖတ်ပြီး comment ပေး points ပေးရုံလား ဘယ်လိုစည်းကမ်းတွေနဲ့ရွေးရမယ်ဆိုတာ ညီမကအသစ် မို့လို့ပြောပြစေချင်ပါတယ် ရွာထဲမှာတင်သမျှ post တိုင်းလိုလိုညီမဖတ် ဖြစ်ပါတယ်……….. ဦးဦးပါလေရာ says: (Edit) ဟုတ်ကဲ့ ဖတ်ရွေးအဖွဲထဲပါချင်တယ် မမပဒုမ္မာရေ ဘယ်လိုရွေးပေးရမလဲ မပဒုမ္မာကိုယ်စား ဝမ်းမြောက်စွာ ကြိုဆိုနှင့်ပါတယ် Jullies cezer ရေ… ကျေးဇူးလဲ တင်ပါတယ်… ဒီလို ကိုယ်ကိုယ်တိုင် ပါဝင်ဖို့ဆန္ဒပြုသူများ အများအပြား ပေါ်ထွက်စေချင်ပါတယ်။ […]


padonmarOctober 29, 20121min48910
ဒေါက်တာမလေး ည(၁၁)နာရီလောက်၊ အာရှတော်ဝင်ဆေးရုံပေါ်က အရေးပေါ်အခန်းထဲမှာ၊ “ဦးလေး ဘယ်လိုဖြစ်လာတာလဲ”ဒေါက်တာမလေးက မေးလိုက်တယ်။ လူနာက ဝူးတူးဝါးတားနဲ့ ပြန်ပြောတယ်။ “ရုံးက အဲယားကွန်းအခန်းထဲမှာ တစ်နေကုန်နေလာပြီး အိမ်ရောက်တော့ ည(၁၀)နာရီလောက်မှာ ရေချိုးလိုက်တယ်” ပါးတစ်ခြမ်းရွဲ့သွားလို့ အခု ဒီကိုရောက်လာတာ။ “ဪ ဖြစ်မှဖြစ်ရလေ ဦးရယ်၊ ဦးတို့လိုအရွယ်လေးရလာရင် ရေချိုးတာကို ဆင်ခြင်ရမယ်လေ၊ ဦးတို့ ငါးဆယ်ကျော် အရွယ်ဆိုတာညအချိန်မတော် ရေမချိုးသင့်ဘူး။ တော်သေးတာပေါ့ ပါးတစ်ခြမ်းရွဲ့ရုံမို့ ကိုယ်တစ်ခြမ်းပါ လေဖြတ်သွားနိုင်တယ်”လို့ဒေါက်တာမလေးက ရေချိုးဆင်ခြင်ဖို့ အကြံပေးစကား ပြောကြားနေတယ်။ “ဆေးရုံကို အချိန်မှီရောက်လာလို့ စိုးရိမ်စရာမရှိပါဘူး၊ ကောင်းသွားမှာပါ၊ ဒါပေမဲ့ အနေအထိုင် အစားသောက်တော့ ဆင်ခြင်ဖို့လိုလာပြီနော်ဦး”။ “ဟုတ်ပါတယ် ဒေါက်တာ။ ဒေါက်တာကိုလည်း ကျေးဇူးတင်တယ်”။ “ကဲ ဟုတ်ပါပြီ၊ သမီး ဂျူတီချိန်ပြီးလို့ပြန်လိုက်ဦးမယ်နော်”။ “ဒေါက်တာအိမ်က ဝေးလား”။ “မဝေးပါဘူး၊ […]


padonmarOctober 28, 20121min2845
အလှပျက်လို့ဒေါသထွက် ဓမ္မာရုံရှေ့က အုတ်ခုံရှည်လေးပေါ်မှာအလှမြက်ပင်လေးတွေ စိုက်ထားတယ။် ဘေးတစ်ဘက်စီမှာထင်းရှုးပဒေသာပင်အသေးနှစ်ပင်နဲ့ အလယ်မှာတော့ခွေးမြည်းဖွားပင် တစ်ပင်စိုက်ထားလိုက်တယ်။ မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ သုံးပင်တန်းလေးစိုက်ထားလိုက်တော ့ ကြည့်ရတာမျက်စိပသာဒဖြစ်တယ။် စိုက်ပြီး နောက်နေ့မနက် ရောက်တော့ဘယ်ဘက်အခြမ်း ထင်းရှုးပင်လေးက အမြစ်ကနေကျွတြ်ပီးမြက်ခင်းပြင်အောက်ကို ရောက်နေတယ်။ အဲဒီအပင်နေရာမှာ တွင်းပေါက် ဖြစ်နေတာပေါ့။မြက်ခင်းလေးအလှပျက်သွားလို့ ဒေါသထွက်နေမိတယ်။ သူ ဒီနေ့ “သူ”ရောက်လာတယ်။ သူဆိုတာ “လူ”မဟုတ်ပါဘူး။ “ရုပ်ဆိုး” လေးပါ။ ရုပ်ကဆိုးပေမဲ့လိမ္မာပါးနပ်လိုက်ပုံကတော့ မယုံနိုင်စရာပါပဲ။ လိမ္မာပါးနပ်လို့လဲ သူ့ကိုချစ်ခင်သနားကြတယ်။ ရုပ်ဆိုးလေးအသက်က(၇)လ၊ (၈)လလောက်ရှိလိမ့်မယ်လို့ထင်တယ်။ သူ့ကို ကျွေးလဲကျွေးတယ်၊ စလဲစတယ်။ချော့လဲချော့တယ်။ ရုပ်ဆိုးလေးရောက်လာလို့ မိမိကိုအပျင်းတော်ပြေစေပါတယ်။ရုပ်ဆိုးလေး ဒီကိုရောက်လာတာ သုံးလေးလတောင် ရှိနေပြီ။ အရမ်းကို နားလည်ပြီး၊အရမ်းကိုလဲလိမ္မာနေပြီ။ အစားစားပြီး ခြေပစ်၊လက်ပစ် မှောက်ခုံအိပ်နေတာကို မြင်သူတိုင်းကသဘောကျကြတယ်။ ရုပ်ဆိုးလေး အိပ်ချင်နေတဲ့အခါ ဆိုရင်ဘာကျွေးကျွေးကျွေးမစားဘူး။ သူ့ကိုဆူငေါက်ပြီးကျွေးရင်တော့ အစာကို ပါးစပ်ထဲထည့်ပြီး ငုံထားလိုက်တယ်။ […]


padonmarOctober 27, 20121min43218
“ကျန်းမာပါတယ်” “ဒကာကြီး ဘယ်ကလာတာတုန်း” “အရှင်ဘုရားဆီ လာတာပါဘုရား” “ကိစ္စအထူးအထွေ ရှိလို့လား” “မှန်ပါ့၊ တပည့်တော် ဒီနှစ် ဝါဆိုသင်္ကန်းမကပ်ရသေးလို့ အိမ်မှာ သံဃာတော်ငါးပါးပင့်ပြီးဝါဆိုသင်္ကန်းကပ်ချင်လို့ပါဘုရား” “ဒါဆို ဘယ်နေ့လောက် ကပ်ချင်တာလဲ” “မနက်ဖြန် တနင်္ဂနွေနေ့ အရုဏ်ဆွမ်းကပ်ချင်တာပါဘုရား” “ကဲ ဟုတ်ပြီလေ ဦးဇင်းမှတ်ထားပေးပါ့မယ်၊ အရုဏ်ဆိုတော့ (၅)နာရီကျော်လောက် လာပင့်လှည့်ပေါ့” “မှန်ပါ့ဘုရား” “ဒါနဲ့ ဒကာကြီး ကျန်းမာရေးကောင်းရဲ့လား” “တပည့်တော် ကျန်းမာရေး ကောင်းပါတယ်၊သွေးနဲနဲ တိုးချင်တာလောက်ပါပဲဘုရား” “ဒါဆိုရင်တော့ သွေးတိုးမယ့် အစားအစာတွေရှောင်ပေါ့ဗျာ့”။ “မှန်ပါ”လို့ ဝန်ခံကတိပြုပြီး ပြန်သွားပါတယ်။ ကျန်းမာရေး ကောင်းနေခြင်းက အမြတ်ဆုံးဆုလာဘ်ကြီးကို ပိုင်ဆိုင်ထားတာ ဖြစ်လို့မို့ “ကျန်းမာရေးကောင်းအောင် နေသင့်ပါတယ်”။ အခု လူတွေ ကြုံတွေ့နေရတဲ့ ပြဿနာက ကျန်းကျန်းမာမာကြးီ ရှိနေလျက်သားနဲ့ ကွယ်လွန်ကုန်ကြရတဲ့ကိစ္စပါပဲ။ လူက အကောင်းပကတိသွားလာနေတာပါပဲ။ […]


padonmarOctober 26, 20121min229775
ကာဠယက္ခိနီဝတ္ထု ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် အမြုံမ ဖြစ်နေသဖြင့် လင်ယောက်ျားအတွက် မယားငယ်တစ်ယောက် ရှာပေးခဲ့ပုံ၊ မယားငယ် ကိုယ်ဝန်တည်သည့်အခါ ဝန်တိုစိတ်ဖြင့် အစာအာဟာရနှင့် ရောလျက် ကိုယ်ဝန်ဖျက်ဆေး ကျွေးခဲ့ပုံ၊ သုံးယောက်မြောက်ကိုယ်ဝန် ပျက်ကျသောအခါ၌ မယားငယ်ဖြစ်သူက အကြောင်းစုံ သိရှိသွားပြီး ”နောက်ဘဝတွင် ဘီလူးမဖြစ်ကာ သင့်သားသမီးများကို သတ်စားနိုင်သော ပုဂ္ဂိုလ် ဖြစ်ရပါစေသား” ဟု ဆုတောင်းလျက် ထိုကိုယ်ဝန်ပျက်စီးခြင်းကြောင့် ကွယ်လွန်ခဲ့ပုံ၊ နောက်ဘဝတွင် ထိုအိမ်၌ပင် မယားကြီးဖြစ်သူက ကြက်မကြီး ဖြစ်ပြီး မယားငယ်ဖြစ်သူက ကြောင်မကြီးဖြစ်ကာ ကြက်မကြီး ဥတိုင်း ဥတိုင်း လာရောက် စားသောက်ခဲ့ပုံ၊ ဤသို့အားဖြင့် ဘဝဆက်တိုင်း ဘတစ်ပြန် ကျားတစ်ပြန် ရန်တုံ့ပြန်ခဲ့ကြရာ ဘုရားရှင်လက်ထက် ရောက်သောအခါ တစ်ယောက်က ဘီလူးမဖြစ်ပြီး ကျန်တစ်ယောက်က လူအမျိုးသမီး ဖြစ်ခဲ့ပုံ၊ ထိုအမျိုးသမီး […]


padonmarOctober 24, 20121min69622
အောက်တိုဘာ ၂၃ ၊၂၀၁၂ မြန်မာ့အလင်းရောင်စုံသတင်းစာပါ သတင်းလေးပါ။ တစ်ချိန်က နှလုံးသားမရှိသူ အမြန်လမ်းပေါ်မတက်ရ လို့တောင် ရေးခဲ့ရတဲ့ နေပူတော် အမြန်လမ်းမှာ ပြုပြင်ပြောင်းလဲမယ့် ခြေလှမ်းလေးပါပဲ။ ကြားမိသလောက်တော့ သမ္မတကြီးက အဲဒီ ဆောင်းပါးလေးဖတ်ပြီး တော်တော်ကို စိတ်မကောင်းဖြစ်သွားပါတယ်တဲ့။ အစည်းအဝေးသွားတက်ရတဲ့သူတွေကိုတောင် ခင်ဗျားတို့ကို နေပြည်တော် ခေါ်တွေ့ရတာ အားနာပါတယ်လို့ ပြောသံကြားမိပါတယ်။ စတုတ္ထမဏ္ဍိုင်ရဲ့ ပြည်သူ့အကျိုးပြုနိုင်မှုတစ်ခုပါလို့ပြောချင်ပါတယ်။ (အောက်တိုဘာ ၂၂ မှာ လည်း သမ္မတကြီးက မီဒီယာတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မေးမြန်းတာတွေကို စိတ်ရှည်ရှည် ဖြေကြားပေးသွားတယ်လို့ ဖတ်လိုက်ရပါတယ်) အခုဆို အကယ်ဒမီပွဲကြီးလည်း ရန်ကုန်မှာပဲကျင်းပခွင့်ရသွားပါပြီ။ လိုင်စင်လျှှောက်တဲ့ အလုပ်တွေလည်း ရန်ကုန်ကို ပြန်ရွှေ့ဖို့လုပ်နေကြပါပြီ။ မသွားမဖြစ်သွားရဦးမယ့် ခရီးသည်တွေအတွက် အကူအညီ လိုအပ်ရင် ပေးဖို့ပြင်ဆင်ထားတယ်ဆိုတာ ဝမ်းသာစရာ သတင်းကောင်းလေးပါပဲ။ လူနာတင်ယာဉ်လှူဒါန်းတဲ့ ဦးကိုကိုကြီးဆိုသူရဲ့ […]


padonmarOctober 23, 20121min72934
ချစ်ခင်လေးစားရပါသောဂဇက် ရွာသူား များရှင့် ကျမကတော့ အပိုဂျီး(ခရက်ဒစ်တူ တုံမမ)စစ်စစ်ပါရှင့်။အပိုဂျီးပီပီ နေရာတကာ လျှာရှည် အထွန့်တက် ဆရာလုပ်တတ်ပါတယ်။ ရွာမှာ ဆုပေးပွဲလေးလုပ်မယ်ဆိုတော့ အဘဖေါသထိန်းကြီးနဲ့ အဘဆွေ သထိန်းကြီးများက မတည်ပြီး ကိုယ့်ထမင်းကိုယ်စား ဂျီးတော်နွားကျောင်းမယ့် ဖက်ရွက်အဖွဲ့လေး ဖြစ်လာတာတော့ ရွာသူသားများအသိပါရှင့် ။ (ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ဖက်ပေါ်ဆူးကျလည်းဖက်ပေါက် ဆိုတဲ့ ဖက်ရွက် အဖွဲ့ပါ၊ရွာထဲက ဆူးနဲ့တော့ မဆိုင်ပါဘူး၊ဤကား မရှင်းလင်းချက်) တစ်လတစ်လ ကိုယ်ကြိုက်တာတွေ ကိုယ်ရွေးချင်တဲ့စံနဲ့ရွေးပေးပြီး အမှတ်ပေးစနစ်နဲ့ ရွေးလာကြတာ အခုဆိုရင် ၃လ ပြီးခဲ့ပါပြီ။ ဆုပေးဖို့လည်း အိတ်စိုက်ပြီး ဝယ်ပြီးပါပြီ။ ဘာဆုလဲဆိုတာကိုတော့ ငွေရောင်ဖန်သားပြင်ပေါ်မှာ (ပိတ်သားပြင်က ခေတ်မှမရှိတော့တာနော်) ဆက်လက်ကြည့်ရှုကြပါ။ အဲသဟာလို ဆုကိုရွေးဝယ်ပြီးတော့ ကျမအပိုဂျီးက ထုံးစံအတိုင်းလျှာရှည် အထွန့်တက် အပိုလုပ် ကွန့်ဖို့ စိတ်ကူးတွေဝင်ပြန်ရော။ ကျမတို့ […]


padonmarOctober 16, 20121min62321
သတင်းစာထဲမှာ စာရေးဆရာကြီး အောင်ချိန်ဘွား( ကလောင်ကို လေးစားသောအားဖြင့် ဦးမထည့်ပါဘူး) ရဲ့ ကွယ်လွန်သူ ဇနီးအတွက် လွမ်းကဗျာလေး ဖတ်လိုက်ရတော့ အရင် ကဖတ်ဖူးတဲ့ ဆရာ့ရဲ့ လက်ရာလေးတွေ ပြန်ရှာမိပါတယ်။ ကျမရဲ့စာအုပ်စင်မှာ ရှာမရတော့ ဆုံးသွားတဲ့ အကို ဝမ်းကွဲတစ်ယောက်ရဲ့ စာအုပ်စင်ကို မွှေနှောက်ခိုင်းလိုက်ပါတယ်။ တွေ့လာတဲ့ စာအုပ်ကို အမှတ်တရဖြစ်စေဖို့ရော၊ အဲဒီခေတ်ကို ဂဇက်ရွာသူသားများ လေ့လာမိစေဖို့ရော ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ဆရာတွေ့ရင် နှစ်သက်မယ်လို့ထင်ပါတယ်။ ၁၉၈၂ ကထုတ်ဝေတဲ့ စာအုပ်ဆိုတော့ ကြောင်ဝတုတ်က ၂နှစ်သား၊မောင်ဂီတို့ စိန်ဗိုက်တို့ မောင်အံတို့ တောင်မမွေးလောက်သေးပါဘူး။ တန်ဖိုးက ၂ဝ ကျပ်တဲ့။ ခုခေတ်မှာ ဒီလို စာတစ်အုပ် အနည်းဆုံး ၂၀၀ဝ ဆိုတော့ အဆ ၁၀ဝ တက်တာပေါ့နော်။ ငှားခကလည်း ၁ရက်ကို ၁ […]