မိဘတွေက သားဖြစ်သူပြည်ပမှာမို့ အကျိုးအကြောင်းသိရအောင် တစ်လတစ်ခါ ဖုန်းဆက်ပါဆိုတာနဲ့ မိဘများစိတ်ချမ်းသာအောင် ဖုန်းဈေးကြီးပေမဲ့လည်း တစ်လတစ်ခါတော့ ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရွာကိုဖုန်းဆက်တော့ အမေဖြစ်သူက ဖုန်းလာကိုင်ပါတယ်။ အရင်ကလည်း အမေဖြစ်သူပဲ သူသားရဲ့ဖုန်းလာရင် သူပဲကိုင်ပြောနေကြပါ။ ဒါပေမဲ့ ခုတစ်ခါကျတော့ မကျေနပ်သံတွေဖြစ်နေတဲ့ ဖခင်ဖြစ်သူက ဖုန်းကိုသူလည်းပြောမယ်ဆိုပြီး ဒီလိုလေး မကျေနပ်သံ အဖေ့သံကို ကြားလိုက်ရပါတယ်။ သားရေတဲ့။ ဗုဒ္ဓဘာသာဝင်သားသမီးတိုင်းဟာ ဖခင်ဖြစ်သူကို အနန္တဂိုဏ်းဝင် ကျေးဇူးရှင်၊ အမေကမွေး၊ အဖေကကျွေးတဲ့ ကျွေးဖခင်ဆိုပြီး အဖေ့တို့ကို ဂုဏ်ပုဒ်တွေ အများကြီးနဲ့ ပြောဆိုသတ်မှတ်နေကြတာကို အဖေအပါဝင် ဖခင်ဖြစ်သူတိုင်း ကြားသိနေရပါတယ်။ ဒါပေမဲ့ အဲဒီစကားဟာ သားတို့သားသမီးတွေရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲလာတဲ့စကားလား၊ ဒါမှမဟုတ် သူများပြောလို့ လိုက်ပြောနေကြတာလား။ အဖေကတော့ သားတို့သားသမီးတွေ လက်လွတ်စပယ် ပြောဆိုဂုဏ်ပြုတဲ့စကားပဲလို့ ထင်မိတယ်။ ဘာဖြစ်လို့ […]


Mr. MarGaMarch 24, 20121min33112
ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။ ၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀ဝ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။ ၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။ ၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector […]


  အမေရိကန်အခြေစိုက် VOAသတင်းဌာနနဲ့ အရှင်ကောမလ(ခ)ဆန်နီနေမင်းတို့ရဲ့ အင်တာဗျုး အသံဖိုင်လေးပါ။ ဦးဇင်းအသံရော ဦးဇင်းဘာတွေ ဖြေပေးထားသလဲဆိုတာရော သိရအောင် နားထောင်ကြည့်ကြပေါ့လေ။ ဦးဇင်းလည်း တစ်ခါမှ ဖုန်းနဲ့ပြောပြီး အင်တာဗျုးမလုပ်ဖူးသေးသလို ဘာတွေပြောရမယ်ဆိုတာကိုလည်း စီစဉ်ထားခြင်းမရှိတော့ မိမိကိုရုတ်တရတ်မေးလာတဲ့အခါ စိတ်ထဲပေါ်လာတဲ့အတိုင်း ဖြေပေးလိုက်ရ ပါတယ်။ ဂျာနယ်တွေ၊ ဝက်ဆိုဒ်တွေ အင်တာဗျုးလုပ်ကြတာက အွန်လိုင်းကနေ မေးလ်တာဆိုတော့ စာပြန်ရေးတဲ့အခါ စဉ်းစားရေးလို့ရတာမို့ အစီစဉ်ကျနိုင်ပါတယ်။ ခုလို ဖုန်းနဲ့ပြောရတဲ့အခါကျတော့ အစီစဉ်တော့ မကျလိုက်ပါ။ သို့သော် သည်းခံပြီး နားထောင်ပေးကြပါလေ။ ဒါပြင် VOA ရဲ့ဝက်ဆိုဒ်ဖြစ်တဲ့ http://www.voanews.com/burmese/news/blogger/ မှာလည်း အမြဲတင်ထားပေးပါလိမ့်မယ်။ ဒီဆိုဒ်မှာ အမြဲဝင်ရောက်ကြည့်နိုင်ပါတယ်။ ကော်နရှင်ကောင်းရင်တော့ တိုက်ရိုက်နားထောင်ကြည့်နိုင်ပါလိမ့်မယ်။ ကော်နရှင်မကောင်းတဲ့နေရာကဆို Download ဆွဲကြည့်ကြပေါ့လေ။ အားလုံး အစစအရာရာ အဆင်ပြေပြီး ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလျက်……။ […]


အော် သတင်းသမားဆိုတာ သတင်းကိုပဲလိုက်နေတာမို့ အားလုံးကို လေ့လာနေတယ်ဆိုတာ ကိုယ်တွေ့ကြုံမှပဲ အံ့ဩမိတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းလို နာမည်ကြီး ဘလော့ဂါမဟုတ်တဲ့လူကို သူတို့သိရှိကြလို့ပါပဲ။ သူတို့သတင်းသမားတွေက သူတို့သိရုံတင်မကဘူး၊ အများသိအောင် ထုတ်လွင့်ပေးချင်ပါတယ်ပြီး ဦးဇင်းကို သူတို့သိချင်တာလေး အင်တာဗျုးသွားခဲ့ပါတယ်။ အမေရိကန်အခြေစိုက် VOAသတင်းဌာနမှ ကိုဇော်ဝင်းလှိုင်ကနေ 11.03.2012 ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည (၇)နာရီခွဲမှာ ဦးဇင်းဆီကို ဖုန်းဆက်ပြီး အင်တာဗျုးများ ပြုလုပ်လာပါတယ်။ ဦးဇင်းလည်း တစ်ခါမှ ဖုန်းနဲ့ပြောပြီး အင်တာဗျုးမလုပ်ဖူးသေးသလို ဘာတွေပြောရမယ်ဆိုတာကိုလည်း စီစဉ်ထားခြင်းမရှိတော့ မိမိကိုရုတ်တရတ်မေးလာတဲ့အခါ စိတ်ထဲပေါ်လာတဲ့အတိုင်း ဖြေပေးလိုက်ရပါတယ်။ ဂျာနယ်တွေ၊ ဝက်ဆိုဒ်တွေ အင်တာဗျုးလုပ်ကြတာက အွန်လိုင်းကနေ မေးလ်တာဆိုတော့ စာပြန်ရေးတဲ့အခါ စဉ်းစားရေးလို့ရတာမို့ အစီစဉ်ကျနိုင်ပါတယ်။ ခုလို ဖုန်းနဲ့ပြောရတဲ့အခါကျတော့ အစီစဉ်မကျဖို့က များပါတယ်။ အင်တာဗျုးအစီစဉ်ကိုတော့ နောက်လာမဲ့တနင်္ဂနွေ […]


ဆန်နီနေမင်းFebruary 25, 20121min33112
မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။ ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက […]


မည်သည့်နိုင်ငံမဆို အများဆုံးဖြစ်ပွားကြသော အမှုကြီးများတွင် အဓမ္မမှုလည်း တစ်ပါး အပါအဝင်ဖြစ်သည်။ ထိုသို့ဖြစ်ပွားရာ၌ နစ်နာကြသူများမှာ မိန်းကလေး အများစုပင်ဖြစ်သည်။ ဤကဲ့သို့ အဖြစ်မျိုး မဖြစ်စေရန် အဓမ္မမှု ကာကွယ်ရေးနည်းလမ်းများကို ကျွန်ုပ် ဉာဏ်မီသလောက် တင်ပြအပ်ပါသည်။ (၁) အဓမ္မမှု အများအပြားမှာ အဓမ္မကျင့်ခံရသူ၏ နေအိမ်တွေ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူမည်ဝါ မသိဘဲ အိမ်ထဲသို့ ဝင်ခွင့် မပေးသင့်။ တံခါးကို ဖွင့်မပေးမီ မည်သူမည်ဝါဖြစ်ကြောင်း သိပါစေ။ ဧည်သည့်သည် မည်သူမည်ဝါဖြစ်ကြောင်းလည်း ထင်ထင်ရှားရှား ရှိပါစေ။ (၂) တချို့ အဓမ္မမှုများမှာ အယုံလွယ်ခြင်းကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော် ဘိုးတော်လိမ်၊ ဗေဒင်လိမ်တို့မှ သိုက်ကြိုးဖြတ်ရန်၊ ယတြာချေရန် ဆိုပြီး လူပြတ်သောနေရာသို့ ညာခေါ်ကာ မုဒိမ်းကျင့်တတ်သည်။ ထို့ကြောင့် […]


ဆန်နီနေမင်းDecember 27, 20112min2016
ဦးဇင်း ကျမ်းရေးရန်အတွက် စာအုပ်တွေဖတ်ရင်းမှ မိမိတို့မြန်မာနိုင်ငံကို သာသနာအခြေတည်အောင် လုပ်ဆောင်ပေးကြခဲ့တဲ့ ရှင်အရဟံမထေရ်နဲ့အနောရထာဘုရင်တို့ရဲ့ ဇာတ်လမ်းလေးကို ဂုဏ်ပြုချင်တာနဲ့ စာဖတ်သူများလည်း ဗဟုသုတရအောင် ရေးသားတင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ Shin Arahan arrived in the vicinity of Pagan and was discovered in his forest dwelling by a hunter. The hunter, who had never before seen such a strange creature with a shaven head and a yellow robe, thought he was some kind […]


naywoon niDecember 10, 20111min1123
၅၁။ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တပ်ကုန်းသား-ဗိုလ်သီဟ (BDF) ပါဝင်တိုက်ပွဲဝင်ခဲ့သောတိုက်ပွဲအမည်…။ တပ်ကုန်းမြို့ အနောက်ဖက် မြောက်မြိုက်ရွာအနီး ဂွေ့ကြီးတိုက်ပွဲ ၅၂။ အတွဲ(၁၀) ပါကျမ်းကြီးကိုပြုစုခဲ့သဖြင့် လန်ဒန်တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းအား ဒီလစ်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။ မည်သည့်ကျမ်းနည်း။ ROB =The Royal Orders of Burma(မြန်မာနိုင်ငံ အမိန့်တော်ပေါင်းချုပ်) ရည်ညွှန်း- ငါပြောချင်သမျှငါ့အကြောင်း (ဒေါက်တာသန်းထွန်း စာမျက်နှာ /၈၆) ၅၃။ 2010 ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သီဆိုခဲ့သော အဖွင့်အပိတ်သီချင်း အမည်နှင့်အဆိုတော်မအည်ကိုဖော်ပြပါ…။ ဝါကာဝါကာ သီချင်း (အဆိုတော်- ရှကီးယား) ၅၄။ စာပေဆုမရရှိခဲ့သောလည်း မြသန်းတင့်၏ လူကြိုက်အများဆုံးဝတ္ထု စာအုပ်……။ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်။ ၅၅။ ဆရာမင်းသုဝဏ် နုစဉ်ခါက နုလုံးသားဖြင့် ဖွဲ့သီအပ်သော ကဗျာတစ်ပုဒ်သည် ယနေ့တိုင် ဂန္ဓဝင်ကဗျာ […]


naywoon niDecember 9, 20112min1275
2010 ရွှေညာဏ်ရှင် မေးခွန်းအဖြေများ ၁။ တပ်ကုန်းဆိုတဲ့ အမည်ကို ခိုင်မာသော အထောက်အထားများအရ မည့်သည့်ခုနှစ်မှာ အစောဆုံးတွေ့ရပါသလဲ?။ (၂၄-၃-၁၈၈၅)ရက်စွဲပါ မိုးနဲ တပ်တော်သို့ လိုက်ပါစာရင်း ပုရပိုက်တွင် “ အင်ပင်(တောင်ရွာ) တပ်ကုန်းရွာ ။ ရမည်းသင်းမြို့” စသည်ဖြင့် ပါရှိ…။ ၂။ Non-Smoking Factory ဆိုတာဘာလဲ…။ ခရီးသွားလုပ်ငန်း ၃။မြန်မာ့ ပထမ ဦးဆုံး ကာလပေါ်ဝတ္ထု ၏အမည်နှင့် စာရေးဆရာ….။ မောင်ရင်မောင် ၊မယ်မဝတ္ထု….။ ဂျိမ်းစ်လှကျော် ၄။ ကြေးမုံ သတင်းစာ ထုတ်ဝေတဲ့နေ့….။ ၁-၄-၁၉၅ရ (ရည်ညွှန်း – မြန်မာ့ပထမဆုံးများ (မိုးမြင်မောင်) ၅။ စာနယ်ဇင်း ဆိုတဲ့ ဝေါ်ဟာရကို စတင်သုံးစွဲခဲ့တဲ့ စာရေးဆရာ…။ ဦးဗဂျီငို( တိုးတက်ရေး ဦးစိန် ) […]


thit minDecember 3, 20113min33922
သူကြီးရေ မတင်သင့်ဘူးထင်ရင်တော့ ဖျက်ပေးပါခင်ဗျ။ ဖတ်စေချင်တဲ့ စေတနာသက်သက်ပါ။ သက်ဆိုင်သူ မူရင်းသတင်းနေရာများကိုလည်း အထူးခရက်ဒစ်ပေးထားပါတယ်။ ဪ….. အင်နားရှား၊အင်နားရှား(^^) Special Credit to Ko Sai Nay Min (စုိုင်းနေမင်း)   http://freedomnewsgroup.com Special Credit to Ko Ye Yint Nge http://www.yeyintnge.com/2011/12/blog-post_9825.html ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့ လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအဝင် ဖြစ်ပါတယ်။ ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ် C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ C-40B ဂျက်လေယာဉ်ဟာ အလျား […]


naywoon niNovember 24, 20111min1276
နောက်ကျန်တဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ကြပါဦး…။ ၄၁။ ကလောင်အမည်(၁၇၀) ရှိတဲ့ စာရေးဆရာဆိုတော့ ဂရင်းနစ် စာရင်းတောင် ဝင်သင့်တာပေါ့ ဘယ်သူများပါလိမ့်……..။ ၄၂။ နုနုရည် (အင်းဝ) ရဲ့ တောင်ပြုံးပွဲနောက်ခံ လုံးချင်းဝတ္ထု…….။ ၄၃။ မြန်မာ့သမိုင်းတွင် “ ငနု -နင်ယောက်ျားမဟုတ်လော” ဟူသည့် သမိုင်းတွင်သည့် စကားရှိသည်…။ ဘယ်သူက ဘယ်သူ့ကိုပြောတာလဲ………..။ ၄၄။ ဘားရက်အိုဘားမားသည် အမေရိကန်နိုင်ငံ၏ ဘယ်နှစ်ဆက်မြောက် သမ္မတလဲ….။ ဘယ်ပါတီကလဲ?။ ၄၅။ MNL ဖလား ဗိုလ်လုပွဲ စတင်ကျင်းပသောနှစ်။ ဒီနှစ်ဘယ်နှစ်သင်းယှဉ်ပြိုင်နေသလဲနှင့် ဗိုလ်စွဲခဲ့သောအသင်း ကိုဖော်ပြပါ။ ၄၆။ ခင်ခင်ထူး၏ “ အညာသူအညာသား ကျွန်မဆွေမျိုးများ” စာအုပ်သည်စာပေဆုရဖူး၏။ ဘာစာပေဆုလဲ?။ ၄ရ။ ၁၉၇၆ ခုနျစ်က ဧရာဝတီမြစ်ထဲက ရေနစ်သူကို သက်စွန့်ဆံဖျားကယ်ခဲ့လို့ ဟင်နရီဒူးနန့်ဘွဲ့ရခဲ့တဲ့ […]


naywoon niNovember 23, 20111min1587
ဒီဖောင်ဒေးရှင်ကို တည်ထောင်သူက ဦးသန်းဝင်းတဲ့……။ တစ်ခါတစ်ရံ လည်း ဖိုးသန်းဝင်းဆိုတဲ့ နာမယ်နဲ့ စာရေးတယ်…။ သိပ်တော့ သိကြမယ်မထင်…..။ ဌာနဆိုင်ရာတစ်ခုက အငြိမ်းစားဝန်ထမ်းတစ်ယောက်….။ ဇာတိက တပ်ကုန်းမြို့ အရှေ့ဘက် တစ်မိုင်လောက် (ခုတော့ အနော်ရထားရပ်ကွက်) ဝေးတဲ့ နောင်သင်္ခါ ကျေးရွာဖွား…..။ ယခုအခါမှာ ဦးသန်းဝင်းဟာ ရန်ကုန်မြို့မှာ မိသားစုနှင့်အတူနေထိုင်လျှက်ရှိပြီး ရရှိတဲ့ ပင်စင်လစာနှင့် စာအုပ်များဝယ်ယူစုဆောင်းခြင်း စာကြည့်တိုက်များသို့ ပေးပို့လှူတန်းခြင်း ဖိတ်ကြားလာသော စာကြည့်တိုက်ဖွင့်ပွဲများသို့ တက်ရောက်ခြင်းများ ပြုလုပ်လျှက်ရှိပြီး 2010 ပြည့်နှစ်မှ အစပြုကာ တပ်ကုန်မြို့နယ်အတွင်းရှိ လူငယ်များ ဗဟုသုတနှင့်ရသစာပေ ဖတ်ရှု လေ့လာမှု အရှိန်အဟုန် တိုးမြင့်လာစေရေးကို ရည်သန်ပြီး မေးခွန်း(၁၀၀) ပါဝင်ဖြေဆိုရတဲ့ ရွှေဉာဏ်ရှင် ရွေးချယ်ပွဲကို စတင်ခဲ့ပါတယ်…..။ သူမွေးဖွားရာ ရွာကို အစွဲပြုပြီး ရွှေသင်္ခ ါ […]