– – +++++++++++++++++++++++++++++++++++++++ ” ဒီကလာ ဟိုကိုသွား “ +++++++++++++++++++++++++++++++++++++++   ကျနော် နားလည်သလို ပြောကြည့်ပါမယ် …..။   +++++++++++++++++++++++++++++++++++++++   ကျနော် ပြောမှာကတော့ မိမိရဲ့ Gmail ထဲ ဝင်လာသမျှ Mail တွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက် သူ့ဟာနဲ့သူ သိမ်းဆည်းထားနိုင်ပုံလေးပါပဲ …..။ သိပြီးသား သူများအတွက် မရည်ရွယ်ပါဘူးနော့ ….။ မသိသေးသူများ အတွက်ရယ်ပါ …..။   +++++++++++++++++++++++++++++++++++++++   တောင်းကြီး သုံးလုံး ချထားတယ် …..။ ပြီးတော့ သစ်သီး သုံးမျိုးရှိမယ် ……။ ညာဖက်ဆုံးက တောင်းကြီးထဲကို ပန်းသီး ထည့်မယ် ….။ အလယ်က တောင်းကြီးထဲကို လိမ္မော်သီး […]


– – ++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++   လူများနှင့် ရောထွေးရခြင်းသည်မယ် စိတ်ရှုပ်စဖွယ် .. သိပ်ဟုတ်တယ် … ” စိတ်ပုတ်ဟယ် “ လို့လည်း တစ်ချို့က ဆိုကြပြန်သေးတယ် ” အရှုပ်ထုပ ်” ရယ် လို့လည်း ပြောကြပြန်သေးတယ် သိပ်ဟုတ်တယ် .. အိုကွယ် .. ငါ အရမ်း စိတ်ရှုပ်နေတယ် ….. ဟန်ဆောင်ကာ ပြုံးရီနေပေမယ့်လည်းကွယ် .. ရင်ထဲမှာ ဗလောင်ဆူနေတယ် … တကယ် … တကယ် … တစ်ယောက်တည်း နေတာပဲ ကောင်းပါရဲ့ကွယ် …. အပူအပင်တွေ ကင်းနေမယ် … လူသူလည်း ရှင်းနေမယ် .. အို .. အတင်းတွေလည်း လျစ်လျူရှုနိုင်မယ် […]


– – ++++++++++++++++++++++++++++++++   ဂဠုန် လို့ ဆိုလိုက်တာနဲ့ ကျနော်များ မြန်မာအများစုဟာ ဂဠုန်ဆရာစံ ကို ပြေးမြင်မိကြမယ် ထင်ပါတယ် … ဆရာစံ ရဲ့ ဂဠုန်က တုတ်ပြီး၊ ဓါးပြီး ဂဠုန် လို့ ဆိုရမယ်ပေါ့ဗျာ … ကျုပ် ဂဠုန်ကတော့ ….. ဟဲ …. ဟဲ ….   ဆယ်တန်းအောင်တော့ ဘော်ဒါ တစ်ယောက်က တက်တူး ထိုးတယ် …. ဒီကောင်က ကြံကြံဖန်ဖန် နားထင်မှာ ထိုးတာ … ဇာမဏီရုပ်လေးပါပဲ … ကျုပ်လည်း သူ့တက်တူးလေး ကြည့်ပြီး သဘောတွေ လွှတ်ကြနေမိတာပေါ့ … ဒါပေမယ့် … အန်တီကို လန့်နေရတာမို့ မထိုးရဲခဲ့ပါဘူး […]


– – – +++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++   ရာသီက တယ်လည်း ပူလှတယ် … ဒါကို အပြစ်တော့ မဆိုချင်ပါဘူးကွယ် … သူ့ဟာသူ … ပူချင် ပူမယ်၊ အေးချင် အေးမယ် … ဒါ ဘယ်လိုများ ပြောလို့ရနိုင်မှာလဲကွယ် … အင်း …. ဒီတော့ …. ပူတဲ့ အခါလည်း ပူသင့်ပါတယ်ပေါ့ ……။   ခွေးတစ်ကောင် … လ ကို ထိုးထိုးပြီး ဟောင်နေတယ် .. အတော် ကြောင်တောင်တောင် နိုင်တာပဲ … ပြီးတော့ … အဲ့ဒီ ခွေးပေါ့ .. ငါ ရေကူးတတ်တယ် ဆိုပြီးတော့ … သမုဒ္ဒရာရဲ့ […]


+++++++++++++++++++++++++++ +++++++++++++++++++++++++++   ကောင်းကင်ကြီးက ဇာတ်သိမ်းခန်း ကပြနေတဲ့အခါမှာ သူမ ကို သတိရမိတယ် ….။   မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းလက်နေတဲ့ ကြယ်တွေကြားမှာ သူမ မျက်နှာကို မြင်ရတယ် ….။   ကျုပ် ငေးစိုက်ကြည့်မိတဲ့အခါမှာ မိုးတွေ ရွာချတယ် ….။   တိမ်တွေ … အလိပ်လိပ် တက်လာပေမယ့် တိမ်တွေကို ကျော်ကြည့်နေမိတယ် သူမကို တွေ့တယ် သူမ ကတော့ ကျုပ်ကို မတွေ့ဘူး ….။   အပြာရောင် လွင်ပြင်က စိတ်ချမ်းသာမှု ရနိုင်စေတယ် ဒါပေမယ့် … နေ့ခင်းဆို တအား ပူတယ် …. သူမ အတွက် ညခင်းတစ်ခုသာ ဖြစ်ပါရစေ ….။   […]


– – – – – – – – – – +++++++++++++++++++++++++ တစ်နေ့သ၌ အသက်အားဖြင့် (၄၀) ဝန်းကျင်ခန့် ရှိပြီး လွန်စွာ ခါးကုန်းသော ခါးကုန်းကြီး တစ်ယောက်သည် တောင်းကြီး နှစ်တောင်းအား ထန်းပိုးဖြင့် လျှိုထမ်းလျက် ပတ္တမြား မည်သော မနက်ခင်း ဈေးလေးဆီသို့ တရွေ့ရွေ့ဖြင့် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ခါးကုန်းကြီး ၏ အဝတ်အစား တို့သည် လွန်စွာ ဟောင်းနွမ်းနေပြီ ဖြစ်သည့်အပြင် အဖာအထေးရာများ ဖြင့်လည်း ပြည့်နှက်နေလေသည်။ သူ၏ ဦးခေါင်းထက်မှ ဆံပင်တို့သည်လည်း အသက်အရွယ်နှင့် မလိုက်အောင် ဆွတ်ဆွတ် ဖြူနေလျက် ရှိလေသည်။ ခါးကုန်း နေသည့်အတွက်ကြောင့် ၎င်း ထမ်းလာသော တောင်းကြီး နှစ်လုံးသည်လည်း […]


ကျေးဇူးတင်လွှာ ။     ။ ကျနော် ရေးသားတဲ့ “တောင်ပေါ်က တယောသံ” ဝတ္ထုဆန်ဆန် ဇာတ်လမ်းပို့စ်များတွင် လာရောက်ကာ အားပေးသွားကြပါကုန်သော “ကြည်ဆောင်း၊ Mon Kit ၊ Candle. ၊ ရောင်းရင်းကြီး၊ မခိုင်ဇာ၊ မောင်ဗိုက်၊ မရွှေအိ၊ ဦးကြီးမိုက်၊ ဖေပေါက်ကြီး၊ အန်တီအိ၊ ကိုရွာစား၊ အန်တီမမ၊ မမွန်မွန်၊ ဂျီးဒေါ်ပုချ်၊ ကိုလင်းဆက်၊ အရီးလတ်၊ Guest ၊ ရွှေအိမ်စည်၊ မနိုဗွီ၊ ဦးဆာမိ၊ ရာဇဝင်လူဆိုး၊ ဦးကြောင်ကြီး၊ ဦးမာဃ၊ ဂျူးဂျူးမ၊ အန်တီဝေ” တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ မှတ်ချက် (comment) မရေးသွားကြပါသော်လည်း တိတ်တိတ်ကလေး ဖတ်ရှုကာ ထွက်သူများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း။ ပန်ကြားလွှာ ။     ။ “တောင်ပေါ်က […]


တလောက နည်းနည်း ညစ်နေတာနဲ့ ဆက်မရေးဖြစ်ဘူး ဖြစ်သွားတယ်။ ဒီအတွက် ချော်တီးဘာ။ ခုလည်း ရေးထားတာလေး တင်လိုက်ဘာဒယ်။ နည်းသည် များသည် မဟူ အားပေးဒေါ် မူဂျဘာအုံးလို့။ အဟီးးးးး ++++++++++++++++++++++++ တောင်ပေါ်က တယောသံ – ၁ တောင်ပေါ်က တယောသံ – ၂ တောင်ပေါ်က တယောသံ – ၃ ++++++++++++++++++++++++ သူတို့ ချီတက်ကြလေပြီ တစ်နေ့သ၌ ညသန်းခေါင်ယံ အချိန်ခန့်တွင် လူတစ်စုသည် တယောသံ ထွက်ပေါ်လာတတ်သည်ဟု နာမည်ကြီးနေသော ရန်အောင်တောင် ရှိရာဆီသို့ ဦးတည် လျောက်လှမ်းလာကြသည်ကို တွေ့ရလေ၏။ အဆိုပါ လူစုမှာ ငါးယောက်ပါသော လူစု ဖြစ်ကြောင်းကို လမိုက်ည ဖြစ်သော်လည်း ကြယ်ရောင်တို့၏ လင်းအားဖြင့် မြင်တွေ့နေရပေ၏။ ၎င်းတို့သည် […]


  ++++++++++++++++++++++++++++ တောင်ပေါ်က တယောသံ – ၁ တောင်ပေါ်က တယောသံ – ၂ ++++++++++++++++++++++++++++ သူတောင်းစားတစ်စု ရောက်လာခြင်း တစ်နေ့တစ်၌ ရွက်လှရွာသို့ သွားရာ တောလမ်းကလေးအတိုင်း လူတစ်စုသည် လျောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် နွမ်းလျနေပြီဖြစ်သော အဖြူရောင် အဝတ်များကို ဝတ်ဆင်ထားပြီး ၎င်းတို့၏ ဦးခေါင်းကိုလည်း အဖြူရောင် အဝတ်များအား ခေါင်းပေါင်းသဖွယ် ပြုလုပ်ကာ ဝတ်ဆင်ထားကြသည်ကို တွေ့ရလေ၏။ ၎င်းတို့ထဲမှ အချို့သည် အိတ်ကြီးနှစ်လုံးအား တောင်းသဖွယ်ပြုကာ တံပိုးဖြင့် လျှို၍ ထမ်းထားကြသည်ကို တွေ့ရလေသည်။ ၎င်းလူစုသည် ရန်အောင်တောင်နှင့် ခပ်လှမ်းလှမ်းတွင် ရှိသော လမ်းနံဘေး ဇရပ်လေးသို့ ရောက်သောအခါ ဇရပ်ပေါ်သို့ တက်ရောက်၍ အပန်းဖြေနေကြသည်ကို တွေ့ရလေ၏။ ၎င်းတို့မှာ တောအရပ်ဒေသများတွင် တစ်ရွာဝင် […]


++++++++++++++++++++++++ တောင်ပေါ်က တယောသံ – (တစ်) အား ဖတ်ရှုလိုပါက ကလစ်ပါ ….။ ++++++++++++++++++++++++ ထန်းရည်ဝိုင်း တစ်နေ့သ၌ ရွက်လှရွာလေး၏ အနောက်ဖက်ရှိ ကိုကြက်ကြီး ပိုင်ဆိုင်သော ထန်းတောအတွင်း လူရွယ်တစ်စုသည် ဝိုင်းဖွဲ့ပြီး ထန်းရည်သောက်လျှက် ရှိသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် လူပျို ကာလသားများ ဖြစ်ကြသည့် အားလျော်စွာ မည်သည့် မိန်းကလေး လှကြောင်းပကြောင်း၊ မည်သူနှင့် မည်သူကတော့ဖြင့် သမီးရည်စား ဖြစ်သွားကြပြီဖြစ်ကြောင်း၊ ရွာအတွင်းမှ မည်သည့် အပျိုမလေးကတော့ဖြင့် ချစ်စရာ အလွန်ကောင်းကြောင်း၊ မိမိ ကြိုက်နေမိကြောင်း … စသည့် မိန်းမနှင့် ဆက်စပ်သော စကားများအား ထန်းရည်သောက်ရင်း ပြောဆိုလျက် ရှိကြလေ၏။ အချို့သော လူရွယ်များကမူ ရွာအတွင်းမှ မည်သူ၏ ကြက်ဖကြီးသည် အခွပ် […]


+++++++++++++++++++++++ ထိုတောင် ထိုတောင်သည် အမြင့်အားဖြင့် မနိမ့်လွန်း၊ မမြင့်လွန်းပေ။ ထိုတောင်ပေါ်၌ ထုံးဖြူဖြူ စေတီတစ်ဆူလည်း တည်ထားလေ၏။ သို့ရာတွင် ထိုတောင်ပေါ်သို့ တက်ရောက်၍ ဘုရား ဖူးမြော်သူမှာ နည်းပါး၏။ အဘယ်ကြောင့် ဆိုသော် ထိုတောင် ပတ်လည်တွင် ချုံပုတ်များ၊ ဆူးရှိသည့် အပင်များ များစွာ ပေါက်ရောက်နေသည့် အပြင် လူသွားလမ်း ဟူ၍ ကောင်းစွာ မရှိသောကြောင့်လည်း ဖြစ်ပေသည်။ ထိုတောင်၏ မြောက်အရပ် နှစ်မိုင်ခန့် အကွာတွင်မူ ရွာငယ်တစ်ရွာ ရှိလေသည်။ ထိုရွာငယ်၏ အမည်မှာ ရွက်လှရွာ ဟူ၍ တွင်လေ၏။ ထိုရွာမှ ရွာသူရွာသားများမှ ထိုတောင်အား ရန်အောင်တောင် ဟူ၍ ခေါ်တွင်ကြလေ၏။ ယင်းအမည်တွင်ရခြင်း အကြောင်းမှာလည်း ယခင်က ထိုတောင်ပတ်လည်တွင် တည်ရှိသော မြေပဲ၊ နှမ်းများ […]