2gsjgna1uruv64gunUwVVdbko6sZS77jJVkspNKB9oYEM7PATBXsQSLSpDaG6UDjXk5YAdCB8G1s3vfFnz3H5HxbBotGdauNin1vRt6wTtYPJwHWbY-600x178.png


20191003220834-600x400.jpg


CBT-Cover-600x400.jpg

Community Based Tourism in Myanmar အခုနောက်ပိုင်း မြန်မာပြည်မှာ ခေတ်စားလာတဲ့ ခရီးသွားလုပ်ငန်းတစ်မျိုးကတော့ CBT လို့ခေါ်တဲ့ Community Based Tourism ပဲ ဖြစ်ပါတယ်။ မြန်မာလိုတော့ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ပုံမှန်လည်ပတ်တဲ့ sightseeing tour နဲ့ မတူတာက CBT ဆိုတာ အခြားဒေသမှာရှိတဲ့ ဒေသခံတွေဆီကို သွားလည်တာပါ။ အထိမ်းအမှတ်တစ်ခုခု၊ စေတီပုထိုးတစ်ခုခု၊ နေရာတစ်ခုခုကို သွားကြည့်ပြီး လည်ပတ်တာမဟုတ်ပါဘူး။ ဒေသခံလူတွေဆီကို သွားလည်တာပါ။ သူတို့အိမ်တွေကို သွားလည်တာပါ။ ကိုယ့်ကို ဧည့်ခံတဲ့သူတွေကလည်း ဒေသခံတွေပါ။ ဒီခရီးသွားလုပ်ငန်းကနေ ဝင်ငွေရမယ့်သူတွေကလည်း ဒေသခံတွေပါပဲ။ကိုယ်နဲ့မတူကွဲပြားတဲ့ ဒေသခံတွေဆီ သွားမယ်။ သူတို့အိမ်တွေကို သွားလည်မယ်။ ညအိပ်မယ်။ သူတို့ရဲ့ ဒေသစာတွေကို စားမယ်။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေကို […]

Travelling-is-Learning-600x315.jpg

⏩ ရွှေမြန်မာတို့ ခရီးသွားခြင်း ⏪ 🔹 မြန်မာနိုင်ငံမှာ ခရီးသွားခြင်းအလေ့အထ အတော်လေး ထွန်းကားလာခဲ့ပါပြီ။ ဟိုးအရင်က မိသားစုတွေ၊ အိမ်နီးနားချင်းတွေစုပြီး သွားကြတဲ့ ဘုရားဖူးခရီးကနေ အလည်အပတ်ခရီး၊ အပန်းဖြေခရီး၊ တောင်တက်ခရီး၊ တောတွင်းလမ်းလျှောက်ခရီး၊ အပျော်စီးသင်္ဘောခရီး စသဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်မျိုးစုံကို သီးသန့်၊ အဖွဲ့လိုက် သွားကြတဲ့အထိ ခရီးသွားခြင်းအလေ့အထဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ 🔹 လက်ရှိခေတ်ရေစီးကြောင်းအရ မြန်မာတွေ ဘာလို့ခရီးသွားလဲဆိုရင် ဓာတ်ပုံရိုက်ချင်လို့ လို့ပဲ ဖြေရမယ်ထင်ပါရဲ့။ မြန်မာလူမျိုးတွေအများစုဟာ ငွေကုန်ကြေးကျခံပြီး ခရီးသွားလို့ တစ်နေရာရောက်ပြီဆိုရင် ရှုခင်းလှလှကို နောက်ခံထားပြီး ကိုယ့်ပုံကို ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြမယ်။ ပြီးရင် Social Media တွေမှာ Check-in ဝင်မယ်၊ ဓာတ်ပုံတင်မယ်။ ပြီးရင် နောက်တစ်နေရာကို ဆက်သွားကြမယ်။ ဒါနဲ့ပဲ […]

My-Quote-600x338.jpg

🔹 ဟိုတစ်လောက သင်တန်းမှာ ဆရာက ကိုယ့်ဘဝရဲ့ Best Time နဲ့ Worst Time (၅) ခုစီကို အဖြစ်အပျက်၊ အသက်၊ ခုနှစ် အတိအကျတွေနဲ့ ချရေးခိုင်းတယ်။ 🔹 This too will pass ဆိုတဲ့ စကားလေးကို အရမ်းကြိုက်လို့ ကိုယ့်ဘဝရဲ့ ဆောင်ပုဒ်အဖြစ် လက်ကိုင်ထားခဲ့တာ အဲဒီသင်တန်းမှာ သက်သေပါပဲ။ 🔹 ကိုယ့်ရဲ့ အပျော်ဆုံးအချိန်တွေ၊ အခက်ခဲအပင်ပန်းဆုံး အချိန်တွေဟာ အခုချိန်မှာ အဖြစ်အပျက်တစ်ခုထက် မပိုခဲ့ပါဘူး။ အဲဒီအချိန်တုန်းကတော့ ကိုယ့်ဘဝရဲ့ အကြီးမားဆုံးသော အရာတွေ ဖြစ်ခဲ့တာပေါ့။ 🔹 ငယ်ငယ်တုန်းက ကျောင်းတက်ရင် ကိုယ်တက်ရတဲ့အတန်းက စာတွေက အရမ်းခက်ပြီး ပြီးခဲ့တဲ့နှစ်က စာတွေက လွယ်တယ်လို့ ထင်ခဲ့ကြဖူးတယ်မို့လား။ အဲဒီလိုပဲ ကိုယ့်ထက် […]


အညွန့်ခူးစားခံရခြင်း ****************** ဒီနေ့ ဂုဏ်ထူးတွေပလူပျံနေတဲ့ ဘော်ဒါတစ်ခုရဲ့ အောင်စာရင်းကို ရှယ်တဲ့သူကရှယ်.. အားကျတဲ့သူကအားကျပေါ့.. ကိုယ်တွေကတော့ အတွေးတစ်မျိုးရယ်.. အစကတည်းက ဝင်ခွင့်နဲ့စစ်ချပြီး တော်တဲ့သူတွေပဲ ရွေးခေါ်သင်တဲ့ကျောင်းက အောင်ချက်ကို စိတ်မဝင်စားတာတော့ အမှန်ပါပဲ.. ကိုယ်တိုင်လည်း စာသင်တဲ့ဆရာမ လုပ်ခဲ့ဖူးတော့ စာတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်နဲ့ စာမတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်ကို ကောင်းကောင်းသိပါတယ်.. ပြီးတော့ ဒီကျောင်းသားတွေအကုန်လုံး ဒီလိုတော်အောင် တကယ်ပျိုးထောင်ပေးခဲ့တာ သူတို့မဟုတ်ပါဘူး.. ကျောင်းသားတွေရဲ့ ငယ်ဆရာတွေပါ.. ကိုယ် ဆယ်တန်းတုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်.. ဆယ်တန်းနှစ်မှာ စာတော်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကျောင်းပြောင်းသွားခဲ့တယ်… ငါးတန်းကတည်းက တက်လာပြီး ဆယ်တန်းမှ ပြောင်းသွားတော့ ဆရာ ဆရာမတွေ ရင်နာကြတာ.. သူက ဂုဏ်ထူးတွေအများကြီးထွက်မှာ သေချာတဲ့သူ.. တစ်သက်လုံး ကိုယ်တွေပျိုးထောင်လာခဲ့ပြီး တကယ်တမ်း ကျောင်းဂုဏ်ဆောင်ရမယ့်အချိန်မှ တစ်ခြားကျောင်းကို […]


ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူထားသည်ကို ကျွန်မ ဖတ်ဖူးခဲ့ပါသည်။ “ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊ ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊ congratulations မလုပ်နိုင်ဘူးပေါ့လေ။ မစ္ဆရိယဆိုတာ ကိုယ့်အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊ ဒါ မစ္ဆရိယ ခေါ်တယ်။” ပုထုဇဉ်လူသားတိုင်း မကင်းနိုင်သော ဣဿာ ကို ကျွန်မကိုယ်တိုင်လည်း ခံစားနားလည်ခဲ့ဖူးပါသည်။ ကိုယ်လိုချင်သော အောင်မြင်မှုတစ်ခုကို ကိုယ်မရနိုင်သေးခင် တစ်ပါးသူရနေလျှင် ရုတ်တရပ် ဝမ်းသာပေးဖို့ ဆွံ့အနေခဲ့ဖူးသည်။ “သူက အောင်မြင်ပြီး ငါက ဒီလိုဖြစ်နေတယ်” ဟူသော ကိုယ့်ကိုယ်ကို အလိုမကျစိတ်က ဦးစွာဝင်လာသည်။ ထိုအရာကို ဣဿာ ဟု ခေါ်ရမည်လား။ ထိုမှတစ်ဖန် အတွေးတစ်မျိုး […]


ကျွန်မနှင့် ဉာဏ်ကောင်းခြင်း   (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု ဆိုလျှင် ဤစာကိုရေးသော ကျွန်မသည် မသူတော်တစ်ဦးဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။)   ကျွန်မကို ငယ်စဉ်ကတည်းကပင် ဉာဏ်ကောင်းသည် ဟု ဆိုကြသည်။ အထူးသဖြင့် ဆရာ၊ ဆရာမများနှင့် ဆွေမျိုးများက ပြောကြခြင်းဖြစ်သည်။ စာကျက်လျှင် ခဏလေးနှင့် စာရခြင်း နှင့် ဉာဏ်စမ်းမေးခွန်းများကို အများအားဖြင့် မှန်အောင်ဖြေဆိုနိုင်ခြင်းတို့ကြောင့် ဖြစ်မည်ထင်၏။ ထို့ကြောင့် စာမြန်မြန်ရအောင် ဘယ်လိုကျက်သလဲ၊ စာကျက်နည်း ပြောပြပါဟုလည်း မကြာခဏ အမေးခံခဲ့ရဖူးသည်။   ကျွန်မကတော့ ကိုယ့်ကိုယ်ကို သူများထက် ဉာဏ်ပိုကောင်းသည်ဟု မထင်မိချေ။ ကျောင်းသားအားလုံးသည် ဉာဏ်ရည်အတူတူပင် ဖြစ်သည်။ သို့သော် စာကို နားလည်သည့်အပေါ်မူတည်၍ စာမြန်မြန်ရခြင်း၊ မရခြင်း ကွဲပြားသွားသည်ဟုသာ ယူဆမိပါသည်။ ထို့ကြောင့် ကျွန်မ ပြန်ဖြေလေ့ရှိသည်မှာ […]


ဟိုးတစ်နေ့ကပါ။ လှည်းတန်း ပေ (၅၀) လမ်းထဲ လမ်းလျှောက်လာရင်း ကားတစ်စီးဝင်လာတယ်။ ပေ (၅၀) လမ်း ကို လှည်းတန်းဈေးလမ်းလို့ သိကြတဲ့သူများပါတယ်။ အဲဒီနေ့ကလည်း လမ်းဘေးဈေးသည်တွေကြားထဲ ကားတစ်စီးဝင်လာတော့ ဈေးဗန်းတွေရွှေ့ပေး၊ ဈေးသည်တွေဖယ်ပေးနဲ့ အတော်အလုပ်ရှုပ်သွားကြတယ်။ ကားကလည်း ဖြည်းဖြည်းချင်းလွတ်အောင် မောင်းရတာပေါ့။ အဲဒီအချိန်မှာ လူတစ်ယောက်ပြောလိုက်တာကို အမှတ်မထင် ကြားလိုက်မိတာပါ။ “ဒီကားကလည်း ဈေးလမ်းထဲ ဝင်လာပြီးတော့” တဲ့။ အဲဒီမှာ တွေးမိသွားပါတယ်။ ဈေးလမ်းထဲ ကားဝင်တာလား၊ ကားလမ်းထဲ ဈေးဝင်တာလား။ တကယ်တော့ လှည်းတန်းအတွက် လှည်းတန်းဈေးရုံကြီး ရှိပြီးသားပါ။ ဈေးရုုံထဲမှာလည်း အသီးအရွက် သားငါး အစုံရပါတယ်။ ဒါပေမယ့် ဈေးရုံထဲက ဈေးကြီးတယ်။ ဒီလိုနဲ့ ခေါင်းရွက်ဗျက်ထိုး တောဈေးသည်တွေ ဈေးအပြင်ဘက်လမ်းမှာ ဟိုတစ်စ ဒီတစ်စ လာရောင်းရာကနေ ဈေးတန်းဖြစ်သွားပုံရပါတယ်။ […]


မနေ့က YUFL (ပြင်သစ်) ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲကို သွားခဲ့တယ်။ အဲဒီမှာ ပါမောက္ခချုပ်ဆရာကြီးက မိန့်ခွန်းပြောတယ်.. အဲဒီထဲမှာ ပညာရေးပြုပြင်ပြောင်းလဲမှုအကြောင်းတွေပြောသွားတယ်။ ပညာရေးဥပဒေအသစ်အရ တက္ကသိုလ်ကောင်စီကသာလျှင် အဓိကတာဝန်ရှိသူဖြစ်တယ်။ တက္ကသိုလ်ကောင်စီမှာ internal အနေနဲ့ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ ဌာနမှူးတွေ၊ နောက် ကျောင်းသားများသမဂ္ဂ နဲ့ ဆရာများသမဂ္ဂ က ကိုယ်စားလှယ်တွေပါမယ်။ Extrenal အနေနဲ့ ကျောင်းသားဟောင်းများအသင်းက ကိုယ်စားလှယ် ၂ ယောက် နဲ့ တတ်သိပညာရှင်တွေ ပါမယ်။ တက္ကသိုလ်ကောင်စီက တက္ကသိုလ်ရဲ့ နှစ် (၂၀)၊ (၅) နှစ်၊ (၁) နှစ် ရည်မှန်းချက်တွေကို ရေးဆွဲအကောင်အထည်ဖော်ရမယ်။ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခု ဖြစ်လာဖို့က အနည်းဆုံး နှစ် (၂၀) အချိန်ယူရမယ်ဆိုတာလည်း ထည့်ပြောသွားသေးတယ်။ အဓိက ပြောချင်တာက […]


ဆယ်တန်းစာမေးပွဲတွေလည်း အောင်စာရင်းထွက်ပြီ၊ အောင်တဲ့သူတွေ၊ ဂုဏ်ထူးပါတဲ့သူတွေ၊ ကျတဲ့သူတွေ၊ မျှော်မှန်းထားသလောက် မဖြစ်ခဲ့တာတွေ၊ အကုန်စုံနေမှာပါပဲ။ ဘယ်သူကမှတော့ စာမေးပွဲမကျချင်ဘူး။ ဘာလို့လဲဆို ဆယ်တန်းဆိုတာ ဘဝတစ်ဆစ်ချိုး၊ ဘဝအဆုံးအဖြတ်ဆိုပြီး မှတ်ယူထားကြတာကိုး။ အရင်ကတော့ ဟုတ်ချင်ဟုတ်ခဲ့မယ်။ ဆယ်တန်းမှ မအောင်ရင်၊ ကျောင်းကောင်းကောင်းမှ မတတ်နိုင်ရင် ဂုဏ်ငယ်ရတာလေ။ ဒါပေမယ့် ခုကျ ခေတ်ကပြောင်းသွားပြီ။ ကိုယ်တိုင်လည်း ဆယ်တန်းအောင်၊ တက္ကသိုလ်တက်၊ လုပ်ငန်းခွင်ဝင်နေတော့ အဲဒီဆယ်တန်းကို ဘဝလုပ်ခဲ့ရတာကို ပြန်တွေးကြည့်ပြီး ရယ်ချင်မိတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ ဆယ်တန်းဆိုတာတော့ အောင်သင့်တယ်ပေါ့။ ဒါပေမယ့် မအောင်တော့ရော ဘဝက ပြီးသွားပြီတဲ့လား။ အခု လက်ရှိအစိုးရလက်ထက်မှာ အသက်မွေးဝမ်းကျောင်းပညာကို ဦးစားပေးနေတာ အားလုံးလည်း သတိထားမိကြမှာပါ။ ကိုယ်တိုင်လည်း အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု တတ်ထားသင့်တယ်လို့ ထင်ပါတယ်။ အဓိကက ကိုယ်ကိုယ်တိုင် ဘာဝါသနာပါလဲဆိုတာ […]


ကိုယ့်ချစ်သူကို ယုံကြည်လွန်းသော မိန်းကလေးများနှင့် ဆိုရှယ်မီဒီယာအကောင့်များ၏ လုံခြုံရေးကို သတိမပြုကြသော မိန်းကလေးများအတွက် ဤစာစုများကို ချရေးဖြစ်ခဲ့ပါသည်။ တစ်နေ့သား ကျွန်မ facebook သုံးနေခိုက် ကျွန်မသူငယ်ချင်း ယုယ၏ အကောင့်မှ ပုံတစ်ပုံတက်လာသည်။ လုံချည်ရင်လျားနှင့် သူ့ကိုသူ ပြန်ရိုက်ထားသောပုံဖြစ်သည်။ မလှမ်းမကမ်းတွင် ထိုင်နေသောသူ့ကို ကျွန်မ လှမ်းအော်သည်။ “နင် ဘာတွေလျှောက်လုပ်နေတာလဲ.. ဘာလို့ ဒီလိုပုံကို တင်တာလဲ… နင်ရူးနေလား” တစ်ခြားသူငယ်ချင်းများပါ ကျွန်မထံပြေးလာကြပြီး သူ့ကိုဝိုင်းမေးကြသည်။ သူကတော့ မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ငိုနေသည်။ ကျွန်မသိလိုက်ပြီ။ ထိုပုံကိုတင်သူသည် ယုယမဟုတ်၊ သူ့ကောင်လေးပင် ဖြစ်သည်။ သူတို့ (၂) ဦးကြားတွင် facebook သုံးခြင်းနှင့် ပတ်သက်ပြီး မကြာခဏပြဿနာတက်ကြသည်ကို ကျွန်မ ကြားဖူးထားသည်။ ယုယ၏ account password များကို […]


ကျွန်မ၏အိမ်တွင် ကလေးနှစ်ယောက် ရှိသည်။ မောင်နီ နှင့် မောင်ဖြူ ဟုပင် ခေါ်ကြပါစို့။  ကျွန်မ၏ မောင်နှစ်ဝမ်းကွဲများ ဖြစ်သည်။  မောင်နီ၏ အဖေ နှင့် မောင်ဖြူ၏ အမေသည် မောင်နှမဖြစ်သောကြောင့် သူတို့နှစ်ဦးမှာ ညီအစ်ကိုတစ်ဝမ်းကွဲများ တော်စပ်သည်။ မောင်နီက မောင်ဖြူထက် နှစ်ရက်သာကြီး၏။ သူတို့နှစ်ဦးလုံးသည် ယခုနှစ်ကျောင်းဖွင့်လျှင် သတ္တမတန်းသို့ တက်ရောက်ကြမည်ဖြစ်သည်။ မောင်နီ၏ မိဘနှစ်ပါးသည် လွန်ခဲ့သော သုံးနှစ်ခန့်က ဆုံးသွားကြပြီဖြစ်သည်။ မောင်နီ့တွင် အစ်မတစ်ယောက်ရှိ၏။ သူတို့မောင်နှမနှစ်ဦးကို အဒေါ်အရင်းဖြစ်သော မောင်ဖြူ၏ အမေက စောင့်ရှောက်ထားသည်။ ယခုအခါ မောင်နီ၏ အစ်မကို တစ်ဝမ်းကွဲအဒေါ်များက ခေါ်ယူစောင့်ရှောက်ထားသောကြောင့် အိမ်တွင် မောင်နီတစ်ယောက်သာ ကျန်တော့၏။ မောင်ဖြူ့တွင်တော့ ညီတစ်ယောက်ရှိသည်။ မောင်ဖြူ့အောက် ငါးနှစ်ခန့်ငယ်သည်။ ထို့ကြောင့် မောင်ဖြူတို့မိသားစုတွင် မောင်ဖြူ့အဘွား (အမေ၏ […]