၂၀၀ရ ခုနှစ် စက်တင်ဘာလမှာ ကျွန်မတို့ တက္ကသိုလ်ပထမနှစ် နောက်ဆုံးစာမေးပွဲ ဖြေရပါတယ်။ အဲဒီအချိန်မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကျောင်းပိတ်ချိန်ကို တစ်လထပ်တိုးပြီး ၂၀၀ရ ခုနှစ် ဒီဇင်ဘာလမှာ ဒုတိယနှစ် ပြန်တက်ရမယ့်အစား ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာမှ ကျောင်းပြန်တက်ရပါတယ်။ မတ်လကုန်မှာ စာသင်နှစ်ဝက် ကျောင်းပြန်ပိတ်တော့ စာသင်ချိန် (၃) လတည်းရှိတဲ့အတွက် ပထမနှစ်ဝက်စာမေးပွဲကို ဇွန်လကျောင်းပြန်တက်မှ ဖြေရမယ်ဆိုလို့ စာအုပ်တွေတစ်ထပ်ကို ပိုက်ပြီး ပြည်တော်ပြန်ရပါတော့တယ်။ ၂၀၀၈ ခုနှစ် ဧပြီလ (၇) ရက်နေ့မှာ အဘွားဆုံးပါတယ်။ ကျွန်မအတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုပါပဲ။ အမေက မောင်လေးကို ထပ်မွေးတော့ ကျွန်မအသက်က တစ်နှစ်ကျော်ကျော်လေးရယ်။ အဲဒီအချိန်ကတည်း နို့ဖြတ်ပြီး အဘွားနဲ့ အိပ်ခဲ့ရတာပါ။ အဘွား ဘယ်သွားသွား တောင်ဝှေးလိုပဲ လိုက်ခဲ့ရတယ်။ ဆယ်တန်းအောင်လို့ […]


  ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး […]


ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု […]


ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု […]


ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ———————————————————– ဆယ်တန်းစာက ခက်လားဆိုရင် မခက်ဘူးလို့ ပြောရမယ်။ တစ်ခန်းချင်းစီကို သင်ကြည့်၊ အဲ့လောက်ကြီး မခက်ဘူး။ တကယ့်ပြဿနာက စာများတာ။ တစ်အုပ်လုံးကို အစအဆုံးကျက်ပြီး ဖြေရတာ အခုမှ ကြုံဖူးတာလေ။ စာအုပ်တွေကိုလည်း အမှတ်စဉ်တွေထိုးပြီး သိမ်းရသေးတယ်။ အလုပ်ကို ရှုပ်နေတာပဲ။ စာတွေဆိုတာကလည်း ရှေ့ကကျက်၊ နောက်ကမေ့၊ နောက်ကစာကို ပြန်နွှေးရင် ရှေ့စာတွေက မသိတော့ဘူး။ […]


ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ………………………………… တကယ်တမ်းကျတော့ နည်းနည်း နောက်ကျနေပြီ။ နယ်မှာက ဆရာသိပ်မများတော့ အချိန်တွေက ပြည့်နေပြီလေ။ ကျွန်မက အချိန်တွေတောင်းတဲ့အခါမှာ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဆရာတွေက သင်လည်းသင်ချင်၊ အချိန်ကလည်း မရှိ၊ ကျွန်မရော ဆရာမရောက နားပူနားဆာလုပ်တော့ နောက်ဆုံး မရမက အချိန်ရှာပေးပါတယ်။ ညဘက်အချိန်တွေပဲ ရတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း ရတဲ့အချိန်တွေနဲ့ပဲ သင်ရပါတယ်။ မတ်လ (၂၇) ရက်နေ့မှာ ကျူရှင်စပါတယ်။ ကျောင်းပိတ်ချိန်ဆိုတော့ အဆင်ပြေပါတယ်။ နေ့လည်ဘက်တွေ သင်ကြတာပေါ့။ တစ်ဘာသာကို တစ်ချိန် တစ်နာရီ နှုန်းနဲ့ တစ်ပတ်ကို (၄) […]


  အားလုံးပဲ မင်္ဂလာပါ။ ပို့စ်တင်ချင်တာလည်း အရမ်းကြာနေပါပြီ။ ဘာတင်ရမှန်းမသိတာလည်း အရမ်းကြာနေပါပြီ။ အန်တီစနိုးရဲ့ စာကူးချဖူးတဲ့အကြောင်းကို ဖတ်ပြီးသကာလမှာတော့ ကျွန်မ ဆယ်တန်းဘဝလေးကို သွားသတိရမိတယ်။ ကျောင်းဖွင့်ရာသီလည်း ရောက်တော့မယ်ဆိုတော့ ကျွန်မရဲ့ ဆယ်တန်းကျောင်းသူဘဝလေးကိုပဲ အမှတ်တရ ပြန်ရေးမိလိုက်ပါတယ်။   ဆယ်တန်းအကြောင်းကို ပြောဖို့ဆိုရင် ကိုးတန်းက အရင်စရမယ် ထင်ပါတယ်။ ကျွန်မတို့ဆီမှာ ငါးတန်းကနေ ကိုးတန်းအထိ ကျောင်းဆရာမတွေရဲ့ စာသင်ဝိုင်းတွေ ရှိပါတယ်။ မနက်ကျောင်းမသွားခင်နဲ့ ညနေကျောင်းဆင်းချိန်ဆို တစ်အိမ်အိမ်မှာ စုပြီး သင်ကြတာပေါ့။ တစ်နှစ်မှာ သုံးဝိုင်းလောက်တော့ သင်ကြပါတယ်။ ကျောင်းကသင်တဲ့ ဆရာတွေအကုန်နီးပါး သင်ပါတယ်။ ကျွန်မ မှတ်မိသလောက်တော့ မေးခွန်းမရပါဘူး။ အရေးကြီးတာတွေကိုတော့ ပိုကျက်ဖြစ်တာပေါ့။ ကျွန်မလည်း ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းကျူရှင်ဝိုင်းကို တက်ပါတယ်။ ကျူရှင်ကပြန်ရင် အိမ်နားက ဆရာမအိမ်မှာ […]


ပြခန်း (၁၆) က ကျွန်မအလှည့်လို့ သဂျားက အသိပေးလာတော့ နည်းနည်းတောင် ရင်ခုန်သွားသေးတယ်။ ကျွန်မ မွေးရက်ကလည်း (၁၆) ဆိုတော့ (၁၆ = ၇) နဲ့ ပတ်သက်ရင် အစွဲလေးကလည်း နည်းနည်းရှိတာကိုး။ တစ်ဆက်တည်းမှာပဲ ကဗျာပြခန်းကိုတောင် နှမ်းဝင်မဖြူးဖြစ်တာ အတော်ကြာပေါ့လို့ တွေးမိသွားတယ်။ တကယ်တော့ ကဗျာပြခန်းနဲ့ပတ်သက်ရင် အစအဆုံးလုပ်ရတာ အလင်းဆက် နဲ့ သဂျားမင်း ပါ။ ကျွန်မကတော့ နှမ်းဖြူးရုံသက်သက်။ တစ်ခါတစ်လေတော့ သတ်ပုံတွေဘာတွေ ကြည့်ပေးပါတယ်။ ဒါတောင် သဂျားက သူအားရင် သူပဲ သတ်ပုံကြည့်တာ။ ပုံလုပ်ဖို့ကျတော့လည်း ဒီဇိုင်းအမြင်မရှိတဲ့ ကိုယ့်အကြောင်းကိုယ် သိတာနဲ့ ပထမပြခန်းပြီးကတည်းက မသိချင်ယောင်ဆောင်နေလိုက်တယ်။ သူတို့ကလည်း အကြောင်းသိပုံရပါတယ်။ ထပ်မခိုင်းကြတော့ဘူး။ ဒီလိုနဲ့ ကိုယ့်တင်ရမယ့်ပြခန်းဆို ပို့စ်လေးဘာလေး အသေအချာရေး၊ သူများပြခန်းတွေဆို […]


အူးမိုက်ရဲ့ ကြိမ်စကြာကြောင့် ပြန်လာကြတဲ့ရွာသူားတွေ၊ ပို့စ်တွေပြန်တင်ကြတဲ့ ရွာသူားတွေကိုတွေ့တော့ လုံမလည်း ပို့စ်တင်ချင်စိတ်တွေ ဖြစ်လာပါတယ်။ ဘာတင်ရမလဲ စဉ်းစားလိုက်ပြန်တော့လည်း တစ်ချို့က ခေါင်းထဲကနေ စာရွက်ပေါ် (အဲ) ကွန်ပျူတာပေါ်ကို ထွက်မလာ၊ ထွက်လာတာကြပြန်တော့လည်း အဆုံးက သတ်လို့မရသေး။ ဒီကြားထဲ ပို့စ်တင်ချင်စိတ်ကလည်း ထိန်းမရဆိုတော့ ကြံမိကြံရာနဲ့ ပို့စ်တင်လိုက်ပါတယ်။   ဒါကြောင့် “လုံမလေးမွန်မွန် ရွာထဲမှာ ရှိနေပါတယ်။ ပို့စ်တင်ဖို့လည်း ကြိုးစားပါတယ်။ ဒါပေမယ့် စိတ်သာရှိပြီး စာမရှိလို့ ပို့စ်မတင်နိုင်သေးတာ ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။ ကွန်မန့်တွေလည်း ကြိုးစားပြီးပေးနေပါတယ်။ စာတွေလည်း ဖတ်ပါတယ်။ ရွာထဲဝင်မရလည်း ရွာပြင်က ပတ်ချောင်းပါတယ်” လို့ ပြောကြားရင်း ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။   အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ 🙂


တကယ်တော့ အစက ဒီပဟေဠိအစီအစဉ်ကို ဒီလိုလုပ်မယ်လို့ စိတ်မကူးခဲ့ပါဘူး။ ထူးထူးခြားခြားလေးဖြစ်အောင်လို့ နာမည်တွေကို တိုက်ရိုက်မပြောဘဲ ထည့်ထားခဲ့ရုံလောက်ပါပဲ။ ဒါပေမယ့် ပြခန်းကို ပရိုမိုးရှင်းလုပ်သလိုလည်း ဖြစ်အောင်၊ ပြခန်းကိုလာတဲ့သူတွေအတွက် ပျော်စရာလေးလည်းဖြစ်အောင်ဆိုပြီး ဆုပေးမယ့် အစီအစဉ်လေးကို လုပ်ဖြစ်လိုက်ပါတယ်။ တကယ်လည်း ပျော်စရာကောင်းပါတယ်။ ကိုရာမည နဲ့ ကိုဘီယာ ရဲ့ ပို့စ်တွေ အပြိုင်အဆိုင်တက်လာတာကိုကြည့်ပြီး တော်တော်လည်း ဝမ်းသာမိပါတယ်။ အခုလို ပါဝင်ပေးတဲ့အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် (သဂျီးကို မွဲဆေးဖော်တဲ့အနေနဲ့) အဖြေတွေကို ပို့စ်တစ်ပုဒ်တင်ပြီး ပြောပြလိုက်ပါတယ်။ ၁။ တကယ်တော့ ကွက်လပ်ထားခဲ့တာ မဟုတ်ပါဘူး။ ပို့စ်ကို အချိန်စာရင်းနဲ့ တင်ပြီးတဲ့အချိန်မှာမှ တော်သလင်းလဖွဲ့ဆိုတဲ့ ကဗျာကို ရလာခဲ့တာပါ။ ပို့စ်မတက်ခင်ကြားရက်ထဲမှာကလည်း ဖျားနေတာနဲ့ ပို့စ်ကို သွားမပြင်နိုင်ခဲ့ပါဘူး။ ကဗျာဆရာအမည်မပါဘဲနဲ့ ပို့စ်တက်သွားတဲ့အချိန်မှာ ဘယ်သူကများ […]


ကျုပ်နာမည်လား။ ကျုပ်နာမည်က ဒေါ်ကြီးလုံတဲ့။ ဒီရွာမှာနေတာတော့ နှစ် (၂၀) လောက်ရှိပြီ။ ရွာလယ်ပိုင်းမှာ တူမလေးနဲ့ နေတယ်လေ။ အောင်မယ်လေး…ရွာက ပျော်ဖို့ကောင်းတာတော့ မပြောနဲ့။ မှတ်မိသေးတယ်။ ဒီရွာကို ရောက်ခါစက ကျုပ်က ခပ်ငယ်ငယ်ရယ်။ ဘာမှလည်း ဟုတ်တိပတ်တိမသိ။ ဒီလိုပဲ ရွာလူကြီးတွေ စကားဝိုင်းထဲ ဝင်နားထောင်ရင်း နားထောင်ရင်းနဲ့ စာလေးဘာလေးတွေဖတ်၊ အဲဒီကနေ ကိုယ်ထင်တာလေးတွေ ဝင်ပြောကြည့်၊ လူကြီးတွေကလည်း မှားရင်ပြင်ပေးကြတယ်။ ဒီလိုနဲ့ ပြောရဲဆိုရဲက ရှိလာ၊ နေတာလည်းကြာတော့ ရွာထဲက အတော်များများနဲ့ သိပေါ့။ ဒါတောင် တစ်ချို့ အဝေးရောက်နေတဲ့ ရွာသားတွေ ပြန်လာရင် ကျုပ်က ကြောင်တောင်တောင်ကို ဖြစ်တတ်သေးတာ။ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ပေါ့။ ဒါနဲ့ … ပြောတာ ဘယ်ရောက်သွားပါလိမ့်။ အော်…ရွာက ပျော်စရာကောင်းတာ… ကျုပ်ဆို […]


အချစ်…. အချစ် ဆိုသော အရာသည် ကျွန်မ၏ ဘဝတွင် ဒုတိယနေရာတွင်ပင် ရှိခဲ့သည့်အရာဖြစ်သည်။ ကျွန်မနားမလည်ချင်ဆုံး အရာလည်း ဖြစ်သည်။ ဖြစ်ချင်တာတွေဖြစ်ဖို့ အပြင်းအထန်ကြိုးစားခဲ့ရသည့် ကျွန်မအတွက် အချစ်သည် ဘဝလောက် စိတ်ဝင်စားဖွယ်မကောင်းသည်က အမှန်ပင်။ ဘဝတိုက်ပွဲကြားက မိဘနှစ်ပါး၏ ပဋိပက္ခများ၊ မပြည့်စုံသောအခြေအနေအောက်က ကျွန်မ၏ အောင်မြင်မှုကို စောင့်ကြည့်အကဲဖြတ်နေကြသော ပတ်ဝန်းကျင်၏ မျက်လုံးများကြားတွင် ကျွန်မသည် အချစ်ကို သိချင်လျှင်တောင် ဘဝကို ရှေ့တန်းတင်ခဲ့သည်။ ထိုမှတစ်ဖန် ကျွန်မဖတ်ဖူးသော စာအုပ်များ၊ ကြုံတွေ့နေရသော သူငယ်ချင်းတို့၏ အဖြစ်အပျက်များကလည်း အချစ်ကို အယုံအကြည်မဲ့စေခဲ့သည်။ သို့သော် အချစ်နှင့် ပတ်သက်သော ခံယူချက်လေးတစ်ခုတော့ ကျွန်မတွင်ရှိသည်။ “သံယောဇဉ်နှောင်ကြိုး ရစ်ပတ်မှုများလာလျှင် ချစ်မိသွားတတ်သည်” ဟူ၍။ သို့သော် အချိန်ကာလကြာရှည်စွာ သံယောဇဉ်တွယ်မိသော သူငယ်ချင်းများကို မချစ်မိသည့်အခါ ကျွန်မခံယူချက်ကို […]


အချစ်… အချစ်ဆိုတာ ဘာလဲ။ ကျွန်မ မကြာခဏ စဉ်းစားခဲ့ဖူးသည်။   ခပ်ချောချောအစ်ကိုကြီးတစ်ယောက်ကို သဘောကျမိခြင်းသည် အချစ်လား၊ သို့မဟုတ် စာတော်သော သူငယ်ချင်းလေးကို စိတ်ဝင်စားမိခြင်းသည် အချစ်လား၊ သို့မဟုတ် ကျွန်မကို ဂရုတစိုက်ရှိသောသူအပေါ်မှာ ပျော်ဝင်မိနေခြင်းသည် အချစ်လား။   အချစ်ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ အချစ်သည် ခံစားသူနှင့်သာ သက်ဆိုင်သောကြောင့် အမြဲတမ်းမှန်ကန်နေသော ဖွင့်ဆိုချက်မရှိဟုလည်း ဆိုကြပြန်သည်။   သို့ဆိုလျှင် ကျွန်မကရော မည်သို့ ခံစားမိသနည်း။ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြည့်သည်။ အဖြေက ဝေဝါးဆဲ။ ဘုရားရေ..ကျွန်မ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူးလား။   ကျွန်မ၏ ခံစားချက်နှင့် ခံယူချက်တို့သည် အမြဲလိုပင် လွဲချော်လေ့ရှိသည်။ ခံစားချက်မှန်သမျှကို ခံယူချက်က ပယ်ချသကဲ့သို့ ခံယူချက်နောက်သို့လည်း ခံစားချက်က လိုက်လေ့မရှိပေ။ ထိုသည်မှာပင် […]