သင့်အေးရိပ်October 24, 20225min51120
Oct 2022 မြန်မာပြည် သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Oct 17 ။ လာမယ့် ၂၀၂၃ ခုနှစ်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ်တိုက်ပွဲနှစ် ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊အုပ်ချုပ်ရေး၊ နိုင်ငံတကာ သံတမန်ရေး၊ ပြည်သူနဲ့ ထိတွေ့ဆက်ဆံရေး စတဲ့ မျက်နှာစာ ၆ခု ဖွင့်ပြီး စစ်ကောင်စီကို ထိုးနှက်သွားမှာ ဖြစ်ကြောင်း NUG ကပြောဆိုတာဟာ ထင်သလောက်လွယ်လွယ် မဖြစ်နိုင်ဘူးလို့ မြေပြင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်တွေ့ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ Oct 16 ။ စစ်အာဏာသိမ်းမှု ၁နှစ်ကျော် ၂ နှစ်နီးပါး ရှိလာတဲ့ မြန်မာပြည်မှာ နိုင်ငံရေးအကျပ်အတည်းတွေ ကြုံနေရပြီး စီးပွားရေး ကျဆင်းမှုနဲ့အတူလူသားဘေးဒုက္ခ အကျပ်အတည်းတွေ သိသာစွာ ပိုပြီး ဆိုးလာနေကြောင်း […]