ကို သာAugust 12, 20121min1631
နိုင်ငံတော်အစိုးရက ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂)ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမြုတေကောင်စီအနေဖြင့် ပြန်ကြားရေးဝန် ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာခဲ့သည်။ အဆိုပါ စာနယ်ဇင်းအမြုတေကောင်စီကို လူပုဂ္ဂိုလ်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများကို ရရှိစေမည်ဖြစ်ကြောင်းနှင့် နေရာအဆောက်အအုံ၊ ရုံးဝန်ထမ်းနှင့် ရုံးသုံးပစ္စည်းများ လိုအပ်၍ တင်ပြတောင်းခံလျှင် နိုင်ငံတော်အစိုးရက ယာယီ ကူညီပေးမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရှိရသည်။ ယခုကဲ့သို့ အစိုးရမှဦးဆောင်ပြီး စာနယ်ဇင်းအမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်နှင့်ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးက […]