kalinkJune 22, 20121min1199
ဇွန်လ ၂၂ ရက်။    ။ ရန်ကုန်မြို့ ရန်ကုန်ဟိုတယ်မှာ ဇွန်လ (၂၁) ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲမှာ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်းရဲ့ လျှပ်တပြက်ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင်လိုက်တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တပြက်ဂျာနယ်ကို ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်ရေးသားမှုနဲ့ အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (ခ) (ဂ) အရ ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။ “ကျွန်တော့် ဂျာနယ်ကို ပုဇွန်တောင်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုကြောင်း ဆင့်ခေါ်စာ ရောက်လာပါတယ်” အဲဒီလို […]


kalinkJune 21, 20121min16210
စားသုံးဆီတွေနဲ့ ပက်သက်ပြီး ကျန်းမာရေးအရ မစားသုံးသင့်တဲ့ဆီများကို  သတိထားဖို့လိုပါတယ်လို့ ဒီနေ့သတင်းစာမှာ ရေးထားပါတယ်။ အခုအခါမှာ အသုံးပြုပြီး စားသုံးဆီများကို ပြန်လည် ပုံပြောင်းပြီး  ဖြန့်ဖြူးရောင်းချမှုများရှိနေလို့ အခုလို သတိပေးတာဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တဖက်နိုင်ငံက ဝင်လာတဲ့ဆီတွေကို စစ်ဆေးကြည့်ရာမှာ အဲဒီလိုတွေ့ရတာပါတဲ့။ ရှမ်းပြည်မြောက်ပိုင်းဆိုတော့ တရုတ်နိုင်ငံဘက်က သွင်းလာတဲ့ဆီတွေကို ရည်ရွယ်ဟန်တူပါတယ်။ ထိုင်းနိုင်ငံမှာတော့ အပေါ်ပုံမှာ တွေ့ရတဲ့အတိုင်း စားသုံးဆီဆိုတာတွေကို အိတ်နဲ့ထုပ်ရောင်းနေပါတယ်။ တချို့အိတ်တွေက တံဆိပ်ပါသလို တချို့ကတော့ ဘာတံဆိပ်မှ မပါပါဘူး။ သတင်းအဆုံးပိုင်းမှာ အမည်မသိ ဆီများကို သတိထားပါလို့ ဖော်ပြထားပါတယ်။ တံဆိပ်မပါတဲ့ဆီများကို ရည်ရွယ်လိုဟန်တူပါတယ်။ တံဆိပ်မပါရင် အရောင်းအဝယ် မလုပ်နဲ့၊ ဘယ်တံဆိပ်တွေက စိတ်ချရတယ် ဆိုတဲ့ အခြေအနေကို ဘယ်တော့ရောက်မယ်ဆိုတာတော့ မသိရပါဘူး။ ုမြန်မာပြည်ထက် ခေတ်ရှေ့ပြေးပြီး ပြည်သူ့ကျန်းမာရေးကို ဂရုစိုက်တဲ့ ထိုင်းနိုင်ငံမှာတောင် […]


Wai PhyoeJune 15, 20121min36923
ရန်ကုန်မြို့တွင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ဗလီအဆင်း၌ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ဖြစ်ပေါ်လိမ့်မည်ဟု လှုံ့ဆော်သော စာရွက်စာတမ်းများ ယင်းနေ့မတိုင်မီရက်များက ရန်ကုန်မြို့အတွင်း ပျံ့နှံ့ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် အထိတ်တလန့်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗလီအချို့နှင့် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့နယ်များ၌ လုံခြုံရေးများ တင်း ကြပ်စွာချထားခဲ့ကြောင်းသိရသည်။ သို့ရာတွင် ရန်ကုန်မြို့အတွင်း ဗလီများအနီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် ဈေးဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိသည်ကို တွေ့ခဲ့ရပြီး အခြေခံပညာ ကျောင်းအချို့တွင်လည်း ကျောင်းသားမိဘအချို့က […]


kotun winlattMay 19, 20123min23715
                                                   မွမ်းမံပြင်ဆင်ပြီးသွားသော စာသင်ဆောင်လေး                                                          ချက်ကြပြုတ်ကြ ကြော်ကြလှော်ကြ                                                            အရုဏ်ဆွမ်းကပ်လှူစဉ်                                                          ဆွမ်းဘုဉ်းပေးနေတဲ့ ဆရာတော်များ                                                  ဆရာတော်ဦးအာဒိစ္စအား ဆွမ်းကပ်လှူစဉ်                                                    ပြင်ဆင်ပြီးစီးသွားသော စာသင်ဆောင်အား ကျေးရွာအုပ်ချုပ်ရေးမှူးသို့ လွဲပြောင်းပေးအပ်                                                               0ne candle စေတနာရှင်လူငယ်များ အဖွဲ့                                                                   အားပါးတရ စားသောက်နေကြသူများ                                                       စာသင်ဆောင်လေးပြီးစီးမှုအတွက် ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကခုန်နေကြတဲ့ ရွာသူရွာသားများ မွမ်းမံပြီးစီးသွားသော စာသင်ဆောင်သစ်လွဲအပ်ခြင်း စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကရင်ရွာ စာသင်ဆောင်လေးသည် ရွာသူရွာသားများဆောက်လုပ်ခဲ့ရာ ငွေကြေးမတတ်နိုင်သဖြင့် ရပ်နားထားခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါသည်။ ယခုအခါ ထိုစာသင်ဆောင်လေးအား မော်လူးဒေသ ကရင်ရွာ၏ အရှေ့ဘက်ရှိ ဝေဘူဝေဘာတောရကျောင်းဆရာတော်မှ ဦးစီးပြီး အွန်လိုင်းမှအလှူရှင်များ ကျေးရွာမှ အလှူရှင်များစုပေါင်းကာပြုပြင် မွမ်းမံပြင်ဆင်ပြီးစီးသွားပါသဖြင့် ကျောင်းဆောင်သစ်လေးအား […]


ဘဲဥApril 27, 20123min974
လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု စာသားပြောင်းလည်းခြင်း (ဆောင်းပါးရှင် မောင်မောင်ဝမ်း) မီဒီယာမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ပေးရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ… ပညာယူစရာ၊ ဆင်ခြင်နိုင်စရာ၊ မှတ်သားစရာတွေ မကြားရပဲ.. အာဏာကို ဘယ်လောက် ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်…။ ဦးအောင်သောင်းတို့ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ… တိုင်းပြည်ရဲ့ပြသနာကို.. အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ မတွေ့ရဘူး။ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့ အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိ မျက်နှာပေးတွေနဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားပြောင်းလဲ ပြင်ဆင်ရေးကိစ္စမှာ.. သူတို့က အထက်စီးက ရှိနေလေတဲ့ လေသံတွေနဲ့ ပြောဆိုနေတာတွေ့ရတော့.. အတော်စက်ဆုပ် မိတယ်ဗျာ။ မိမိ […]


ဘဲဥMarch 27, 20122min1868
လတ်တလော မြင်တွေ့ရတဲ့ မြစ်ဆုံဆည် စီမံကိန်း အဝေးမှ မြင်ကွင်းတခု.. လတ်တလော တရုတ်အာဏာပိုင်တွေနဲ့ သတင်းဋ္ဌာနများမှ မြစ်ဆုံဆည် စီမံကိန်းအား ပြန်လည်လုပ်ဆောင်ရန် ဖိအားပေးနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးဖေကျော်ထင်မှ တရုတ်သမ္မတ ဟူကျင်တောင်ထံသို့ ၂၀၁၂ခုနှစ် မတ်လ(၂၅)ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ ပေးစာဖြစ်ပါတယ်..။ ၂၀၁၁ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့က မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးဖေကျော်ထင်မှ တရုတ်သမ္မတ ဟူကျင်တောင်ထံသို့ ပေးပို့တဲ့ ပေးစာအောက်မှာ ဖတ်ရှုနိုင်ပါတယ်..။ ကိုငယ်အား ကျေးဇူးတင်ပါသည်..။ မူရင်း ။  ။   ဒီမိုဝေယံ


ဘဲဥMarch 23, 20121min752
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများပေါ်တွင် မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော  စကားလုံးများရေးသားပြီး မတ်လ ၂ဝရက်နေ့ညက မြောင်းမြမြို့အနှံ့ လိုက်လံ ကပ်ချိပ်ထားတာကို တွေ့ရကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူများ၏ ပြောပြချက်အရသိရပါသည်။ အဆိုပါ ပိုစတာများပေါ်တွင် “ထင်ပေါ်ကျော်ကြားမှုတွေကြားမှာ အလွန်သာယာနေသူပါ၊ သူ့ကိုစောင့်လျှောက်တာ အနောက်အုပ်စု ဒါကြောင့်သူက အနောက်အုပ်စုရဲ့ကျွန်၊ အနောက်အုပ်စု ခိုင်းသမျှလုပ်နေတဲ့ အသားထဲကလောက်၊ သူ့ကိုရွေးရင်တော့ အနောက်အုပ်စုရဲ့ကျွန်ဖြစ်ပြီ သေချာတယ်၊ လူထုကို ချမ်းသာအောင် လုပ်ပေးမှာလား သားနှစ်ယောက်ကို ချမ်းသာအောင် လုပ်ပေးမှာလား” စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော  စကားလုံးများဖြင့် အထက(၁) ကျောင်းရှေ့၊ ဆန်စက်ကုုန်သည်များအသင်းရှေ့၊ နောင်ရိုးခန်းမ၏ အုတ်နံရံများပေါ် စတဲ့နေရာတွေပေါ်မှာ (Doubled tape) နှစ်ဘက်ကပ်တိတ်များဖြင့် […]


ဘဲဥMarch 22, 20121min20016
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၄ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။         ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာများ ကော့မှူးမြို့တွင် ပျံ့နှံ့နေသည်ဟု NLD က ပြောသည်။ ‘မောင်ပြောက်ကျား’၊ ‘ကော့မှူးမောင်လုပ်သား’ဆိုသော အမည်ပါရှိသည့် A4 အရွယ် လက်ကမ်းစာစောင်များကို ဒလ-ကော့မှူး ကားလမ်းတလျှောက် အမည်မသိသူများက တနင်္လာနေ့ညပိုင်းတွင် ဖြန့်ကျဲသွားခြင်း ဖြစ်သည်ဟု ဒေသခံများ အပြောအရ သိရသည်။ ထိုစာများထဲတွင် အရွယ်မရောက်သေးသည့် ကလေးများကို NLD အကျႌ […]


Wai PhyoeFebruary 21, 20121min952
အမေရိကန် ကွန်ဂရက် လွှတ်တော် (Capitol) ကို အသေခံ ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် မော်ရိုကန် လူမျိုး အမိုင်း အယ်(လ) ခါလီဖာ (Amine El Khalifi ) FBI တန်ပြန် အကြမ်းဖက် အဖွဲ ့ က ဖမ်းဆီး နိုင်ခဲ့ သည်။ ကနဦး တရား ရုံး တွင် စစ်ဆေး မှု အရ ၎င်း သည် လူ အသေအပျောက် များ စေနိုင် သည့် ပေါက် ကွဲ စေတတ် သော လက်နက် ခဲယမ်း များ သယ်ဆောင် လာ သည် […]


                              ၁၅ရက်နေ့ကဆိုထားတာပဲ၊ (ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး အရက်သေစာမူးယစ်သောက်စားမှု ကြောင့်တာမွေမြို့နယ် ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့လမ်းမတွင် ၁၅မိနစ်ခန့် ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပွားခဲ့ . … ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆေ…ာင် မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး သစ်ပင်များအား မီးရှို့ခဲ့ သဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ် ဆဲဆိုခြင်း လုံခြုံရေးလုပ်ငန်း လာရောက်လုပ်ဆောင်သော တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲကား ရခ။ ၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့် ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့် လည်းကောင်း […]


မြသဲ ( 17082011 )February 13, 20121min40
ဟိုတနေ့ကရွာထဲမှာပြောနေကြတဲ့ရန်ကုန်မြစ်ထဲမှာ မော်တော်စီးချင်ကြတဲ့ရွာသူရွာသား အပေါင်းတို့ကိုဒီပိုစ့်ကလေးနဲ့ဆန္ဒ  ဖြည့်ပေးလိုက်ပါတယ်။ ဒီပုံလေးကတော့ ဟိုနေ့တုန်းက ဗိုလ်တထောင်ဆိပ်ကမ်းရောက်တုန်း ရန်ကုန်မြစ်ထဲမှာစီးလို့ရတဲ့ အပျော်စီးမော်တော်လေးကပ်ထားတာမြင်လို့ မေးကြည့်လိုက်တော့ မြစ်ဝကို အပျော်စီးတဲ့ဘုတ်ကလေးလို့သိရပါတယ်။ ၃ ထပ်ပါပါတယ်။ တပါတ်ကို ၃ ရက်ထွက်တယ်လို့သိရပါတယ်။ တယောက်ကို ၃၀၀ဝ ကျပ်ပေးရတယ်လို့လဲသိရပါတယ်။ ည ရ နာရီထွက်ပြီး ပင်လယ်ဝထိသွားတယ်လို့လဲသိရပါတယ်။ မြစ်ထဲ%E


Wai PhyoeFebruary 3, 20121min1139
လဒများကိုစစ်ဆင်ရေးတွင်ခွေးများအစားအသုံးပြု ဂျာမဏီနိုင်ငံမှ ရဲတပ်ဖွဲ့ ဟာဆိုရင် လူသေအလောင်းများကို လင်းတ (လဒ) ငှက်ကို အသုံးပြုပြီးရှာဖွေတော့မှာဖြစ်ပါတယ်။ အနံ့ခံ ခွေး များကို အသုံးပြုပြီးရှာခြင်းဟာ အချို့နေရာတွေမှာ မထိရောက်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ AFP သတင်းမှ ဖော်ပြခဲ့ပါတယ်။ ထို ပရောဂျက်ကို တော့ Sherlock လို့နာမည်ပေးခဲ့ပါတယ်။ ရဲများဟာ ထို လဒများကို GPS (global positioning system) စနစ်နဲ့ ပူးတွဲ အသုံးပြမှာဖြစ်ပြီး အလှမ်းမမှီဘဲ ဝေးကွာလွန်းတဲ့ နေရာဒေသတွေမှာ ပျောက်ကွယ်သွားတဲ့ လူသေအလောင်းများကို ဖော်ထုတ်မှာဖြစ်ပါတယ်။ ဒါအကြံဉာဏ်ကတော့ လုပ်ဖော်ကိုင်ဖက်တွေမှ တိရိစာ္ဆန်သဘာဝ ရုပ်သံအစီစဉ် ကိုကြည့်ရှု့နေစဉ် ထိုကဲ့သို့ ပြုလုပ်ပြီး လူသေအလောင်းများကို ရှာနိုင်ဖို့အတွက် အိုင်ဒီယာ ရခဲ့တာဖြစ်တယ်လို့ ရဲသားတစ်ယော်ဖြစ်တဲ့ Rainer Herrmann ကပြောပြပါတယ်။ ထိုကဲ့သို […]


kotun winlattJanuary 29, 20122min1128
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ ဆားမှော်ရွာ ကိုယ်အားကိုယ်ကိုးမူလတန်းကျောင်းလေးသို့ ဆားမှော်ကျောင်းလေးသို့ စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်းလေးများပေးအပ်နေစဉ် ဖားပန်အေးချမ်းကျေးရွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းလေးသို့ ဆရာမ ကျောင်းသူ/သား ရပ်မိရပ်ဖများနှင့် ကျနော်တို့အဖွဲ့ အမှတ်တရ အုန်းဒုတ်ရွာ မူလတန်းခွဲကျောင်းလေးသို့ စာရေးကိရိယာအလှူ နားခွင်းကျင်ကျေးရွာ မူလတန်းခွဲကျောင်းလေးမှာ ဆရာမများ ရပ်မိရပ်ဖများနှင့် ကျနော်တို့အဖွဲ့ အမှတ်တရ နားခွင်ကျင် မူလတန်းခွဲကျောင်းလေးသို့… ကရင်ရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးသို့… ကရင်ရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူ/သား ဆရာမများနှင့်အမှတ်တရ သက်ရင်းသာရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးသို့… သက်ရင်းသာရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာမ ကျောင်းသူ/သား ရပ်မိရပ်ဖများနှင့် အမှတ်တရ.. ဒီပုံလေးတွေကတော့ ၂၀၁၁ ခုနှစ်အတွင်းမှာ ကျနော်တို့အဖွဲ့လေး သွားရောက်လှူဒါန်းခဲ့တဲ့ မှတ်တမ်းလေးများဖြစ်ပါတယ်… ကျောင်းလေးတွေကတော့ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသမှ ကျောင်းလေးများဖြစ်ပါကြောင်း ၂၀၁၂ /၂၀၁၃ […]