kotun winlattFebruary 21, 20124min2399
                   တိုက်ဂါးဝုဒ်၊ ထွန်းဝင်းလတ်၊ ဘုန်းသျှံ၊ ဟဲလေး ကျနော်အင်တာနက်သုံးလာတာ သုံးနှစ်ကျော်လာခဲ့ပါပြီ…. ဒီသုံးနှစ်အတွင်း မိတ်ဆွေသူငယ်ချင်းများစွာကိုလည်း ရရှိခဲ့သလို ..သူငယ်ချင်းတွေရဲ့ အကူအညီ တွေနဲ့  အများအကျိုးဖြစ်တဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း တတ်နိုင်သလောက် လုပ်နိုင်ခဲ့ပါတယ်…. ကျနော့်ကို ကူညီကြတဲ့ အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း တွေနဲ့ ကျနော် အပြင်မှာ မတွေ့ဘူးခဲ့ပါဘူးးး သူတို့နဲ့တွေ့ဘို့ ကျနော်ကြိုးစားခဲ့ပေမယ့် ခုချိန်ထိတော့ ကျနော်ကြိုးစားမှု အရာမထင်နိုင်သေးပါ … ကဲ..ခုတော့ ကျနော့် အင်တာနက်ကသူငယ်ချင်းတစ်ယောက်နဲ့ အပြင်မှာ အရှင်လတ်လတ် တွေ့ဆုံလိုက်ရပါပြီ…. သူကတော့ တိုက်ဂါးဝုဒ် ပါပဲ …. ဘာလဲ ခင်ဗျားတို့ အံ့ဩသွားကြပါသလားးးးး တိုက်ဂါးဝုဒ်ဆိုလို့လေ…. ဒီတိုက်ဂါးဝုဒ်က ဂေါက်တီးမရိုက်ဘူးဗျ…. သီချင်းတွေရေးတယ်…. ဒါရိုက်တာလုပ်တယ်… ကျနော်အရင်တုန်းကပြောခဲ့ဘူးပါတယ်… ကျနော့်ရွာသားတွေက နာမည်ပေးကောင်းတယ် လို့လေ… ခုလည်း ကျနော့်သူငယ်ချင်း ရွာကိုရောက်လာတော့ […]


kotun winlattFebruary 18, 20126min4689
ကျနော်ဒီစာလေးကိုရေးဖို့ရာ အကြိမ်ကြိမ်တွေးနေခဲ့ရတာပါ။ ကျနော့်လိုဘာမဟုတ်တဲ့ လူတစ်ယောက်က တကယ့်စာရေးဆရာကြီးကို ဝေဖန်တာမျိုးဖြစ်နေမှာလည်းစိုးရိမ် မိတာအမှန်ပါ။ အဲ့လိုသဘောမျိုးမဟုတ်ကြောင်းကိုတော့ ကြိုတင်ဝန်ခံထားပါရစေ။ ကျနော်ဒီစာလေးကိုရေးမိတာဟာ ဆရာကိုတာပြောသလို ဆန့်ထွက်တွေးမိခြင်းဟုသာ ယူဆပေးကြစေလိုပါတယ်…။ ကျနော်ပြောချင်တဲ့ အကြောင်းအလေးကတော့ မြောင်းတကာ စာပေဟောပြောပွဲမှာ ဆရာ ကောင်းသန့်ရဲ့ ဟောပြောချက်လေးတွေကို ဆန့်ထွက်တွေးမိခြင်းလို့ပဲ ပြောပါရစေတော့ဗျာ။ ဆရာကပြောပါတယ် ကျနော်တို့မြန်မာလူမျိုးတွေဟာ စာမဖတ်ကြလို့ တခြားနိုင်ငံတွေထက် ဆင်းရဲနေကြတယ်လို့ပြောပါတယ်။ ဆရာ့နည်းတူ တခြားသောစာရေးဆရာတွေလည်းပြောကြ တာပါပဲ။ ကျနော်တွေးမိတာ မြန်မာတွေဘာကြောင့်စာမဖတ်ကြတာလဲဆိုတာကိုပါ။ ဆရာက နိုင်ငံတကာမှာ စာအုပ်ထုတ်ဝေမှုနဲ့ မြန်မာပြည်မှာစာအုပ်ထုတ်ဝေမှုကိုလည်းနှိုင်းယှဉ် ပြောပြသွားပါသေးတယ်။ နိုင်ငံတကာမှာ စာအုပ်ထုတ်ရင် အနည်းဆုံးသောင်းဂဏန်းထုတ်ဝေပါ သတဲ့ ။ ကျနော်တို့နိုင်ငံမှာ အရောင်းရဆုံးစာအုပ်မှာ ငါးထောင်လောက်ပဲရိုက်ရတယ်လို့ဆိုပါတယ်။ စာရင်းဇယားအရတော့တော်တော်ကွာခြားတာ အမှန်ပါ။ ဘာကြောင့်မြန်မာတွေစာမဖတ်ကြပါသလဲ။ ကျနော့်အမြင်ကိုပြောပါတော့မည်။ ကျနော်တို့လူမျိုးတွေ ထမင်းစာဘို့ကို အလုပ်လုပ်နေကြရလို့ပါ ပဲ။ ဟလူရ… ထမင်းစားဘို့တော့ […]


“အစကတည်းက ပန်းတိုင်မပါတဲ့ မာရသွန်ပါ ခင်ဗျားဘာသာ လိပ်လုပ်လုပ်၊ ယုန်လုပ်လုပ်၊ ကြိုက်တာသာလုပ် ကျုပ်ကတော့ သစ်ပင်အောက်ရောက်တာနဲ့ အိပ်နေမယ့်ကောင်”   ×××   အသက်ကို ပြင်းပြစွာ ရှူနေတုန်းက ရေထဲမှာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတာက ဘယ်တော့မှ သန်းခေါင်းယံမကျော်တဲ့သူလို့။ သီတင်းကျွတ်တုန်းက ဖတ်ရတဲ့ သတင်းစာကို သိတာကစပြောရင် သက်တံ့တွေလိုမျိုး သူတစ်ယောက်က သက်တောင့်သက်သာလုပ်ဖို့ သန်းတစ်ကောင်လို ပုန်းကွယ်နေတာ မသက်သာလှဖူးဆိုတာ သိကြလား။ တကယ်တော့ ကိုယ်ဟာ ဖယောင်းတိုင်မီးလိုပါ။ အမြဲ အညွန့်တလူလူနဲ့ကောင်။ မငြိမ်းမချင်းပေါ့။ လက်သီးကို လက်ဖက်ရည်သောက်ရင်း ညစ်နေတာ လိုအပ်လို့လား၊ မလို့အပ်လို့လား၊ လာပြီးမေးရင် လူဆိုတာ အလင်းရောင်လို လင်းလက်နေရုံမဟုတ်၊ လောင်မြိုက်နေတယ်ဆိုတာလည်း နားလည်ဖို့ သိပ်ကို လိုမှာပေါ့။ တကယ်တော့ ကိုယ်ဟာ တစ်ခါတစ်ခါ […]


kotun winlattJanuary 30, 20121min2225
၂၃. ၁ .၂၀၁၂ ခုနှစ် အင်းတော်မြို့နယ် စာပေမြတ်နိုးသူလူငယ်များ၏ ပထမအကြိမ် လူငယ်နှင့်လူမှုဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲသို့ ကျနော်ရွာကနေပြီး သွားခဲ့တယ်ခင်ဗျ … ကျနော်နေတဲ့ရွာနဲ့ အင်းတော်မြို့နဲ့ကမိုင်သုံးဆယ်ကျော်ဝေးပါတယ်… ဒါပေမယ့် ကျနော်တစ်သက်နဲ့ တစ်ကိုယ် စာရေးဆရာတွေကိုယ့်ရှေ့မှာ ဟောကြပြောကြတာကိုကြုံရမှာလေ…။ စာပေဟောပြောကြမဲ့ စာရေးဆရာတွေကတော့ ကြော်ငြာထားတာ လေးယောက်ပါ။ ဆရာ နေဝင်းမြင့်၊ ဆရာ ညီပုလေး၊ ဆရာမဒေါ်ဒေဝီသန့်စင်နဲ့ ဆရာမဒေါ်သန်းမြင့်အောင်တို့ပါ။ ဒါပေမယ့် ဆရာ နေဝင်းမြင့်ကတော့ မလိုက်လာနိုင်တဲ့ အတွက် စာရေးဆရာသုံးယောက်ပဲ ပေါ့ဗျာ…။ စာပေဟောပြောပွဲကိုတော့ ည(၇)နာရီလောက်မှာစတင်ပါတယ်..။ အင်းတော်မြို့ အထက်တန်းကျောင်းကြီးထဲက ရွှေရတုခန်းမကြီးထဲမှာ ကျင်းပတာပါ ..။ ခန်းမကြီးကပဲ ကျယ်လို့လား … ရာသီဥတုကပဲ အေးလို့လား .. ဘာကြောင့်လား .. ညာကြောင့်လားတော့ မသိချေ…။တက်ရောက်လာကြတော့ ပရိတ်သတ်မှာ နည်းပါးလွန်းနေသည်ဟု […]


kotun winlattJanuary 27, 20121min33915
ကျုပ် ၂၀၀၄ ခုနှစ်က နောက်ဆုံးနှစ်စာမေးပွဲဖြေပြီး အလုပ်လက်မဲ့ဖြစ်နေခဲ့တယ်.. သူငယ်ချင်းတစ်ယောက်က သူနဲ့တရုတ်ပြည်လိုက်ပြီး ဆိုင်ကယ် ကယ်ရီစီးဘို့ခေါ် တယ်..ဒါနဲ့ အလကားနေမယ့်အတူတူ မထူးဘူးဆိုပြီးလိုက်သွားခဲ့တယ်.. ပထမတစ်ခေါက်နှစ်ခေါက်ကတော့ ဗန်းမော်ကနေနမ့်ခမ်းကို ကားနဲ့သွားပြီး အဲ့ဒီကနေမှ တဆင့် ကြယ်ခေါင်ကိုကူးတယ်..ကြယ်ခေါင်ဆိုတာကတော့ ကျုပ်တို့ဆီမှာလိုပြောရရင်ရွာပါဘဲ..ဒါပေမယ့်တော်တော်ကိုတိုးတက်တာဗျ.. ကြယ်ခေါင်မှာ ဆိုင်ကယ်ထုတ်တဲ့စက်ရုံတော့မရှိပါဘူး..ပြည်မထဲကနေ ပစ္စည်းတွေကို ကားနဲ့သယ်လာပြီး ကြယ်ခေါင်ရောက်မှ ပြန်ဆင်တာပါ.. စရောက်တော့ ကျုပ်တော်တော်အံဩသွားတယ်..ဆိုက်ကားဆရာက ဟန်းဖုန်းနဲ့ဗျ..ပြီးတော့ဟန်ဖုန်းတွေကြော်ငြာထားတာ တရုတ်ငွေနဲ့ ၂၃၀ဝ တဲ့ဗျ..အဲ့တုန်းကတော့ မြန်မာငွေနဲ့ဆိုရင်သုံးသိန်းမပြည့်ဘူးဗျ.. ကျုပ်တို့ဝယ်တဲ့ ဆိုင်ကယ်ဆိုလည်း တရုတ်ငွေ ၃၀၀ဝကနေ ၃၄၀ဝဆိုရင်ရပြီ.. ပြီးတော့ ဆိုင်ကယ်တိုင်ကီ အပြည့် ဓာတ်ဆီထည့်တာမှ မြန်မာငွေနဲ့ ၁၁၀ဝဘဲကျတယ်…ကျုပ်တို့ဒီကနေယူသွားရတာက မြန်မာငွေလေးသိန်း လောက်ပေါ့ အထုပ်လိုက်ပေါ့ဗျာ..ဟိုရောက်လို့ တရုတ်ငွေနဲ့လဲပြီးသွားရင် အင်္ကျီအိပ်ကပ်ထဲမှာ ထည့်သွားလို့ရပြီ..ကိုယ်ကြိုက်တဲ့ ဆိုင်ကယ်ကိုဝယ်ပြီးရင် ပြင်စရာရှိတာပြင် ရပြီဆိုရင်တောက်လျှောက်ပြန်ထွက်ရင်ထွက် မထွက်ရင်လည်း ကြယ်ခေါင်ထဲမှာညအိပ်ပေါ့..ကြယ်ခေါင်ညဈေးတန်းလေးကလည်းပျော်စရာလေးဗျ တိုလီမုတ်စဝယ်စရာလေးတွေ […]


kotun winlattJanuary 4, 20121min2607
ကျုပ်ကိုအဖေကပြောဘူးတယ်…သားရေ တောင်သူ..တောင်သူလို့ ဘာလို့ခေါ်သလဲသိလားတဲ့ ကျုပ်ကမသိဘူးလို့ ဖြေတဲ့အခါ…. ကျုပ်တို့ရွာရဲ့ အရှေ့ဘက်က တောင်တန်းပြာကြီးကို လက်ညှိုး ထိုးပြပြီး…အဖေတို့ဘဝဟာ ဟိုးတောင်တန်းကြီးလိုဘဲ နေပူလည်းခံ..မိုးရွာလည်းခံဆိုတော့.. အဲ့ဒီတောင်ကြီးတွေနဲ့တူလို့ တောင်သူလို့ခေါ်တာတဲ့..တကယ်တော့ အဖေပြောတာလည်း ပြောလောက်ပါတယ်…ကျုပ်တို့တောင်သူတွေရဲ့ဘဝဟာ..နေပူမရှောင်မိုးရွာမရှောင် နွား တွေနဲ့အတူဖက်ပြီး အလုပ်လုပ်ရပါတယ်…တောင်သူဆိုတာ ဖင်ထဲရွံ့တစ်တောင်လောက်ဝင်မှ ထမင်းစားရတာကွဆိုတဲ့ အဖေ့စကားကိုလည်းကျုပ်ကြားယောင်နေဆဲပါ….လယ်သမားဘဝ မှာ ပင်ပန်းဆင်းရဲမှာစိုးလို့ အဖေက ကျုပ်ကိုပညာတတ်ကြီးဖြစ်အောင်ကြိုးစားဘို့ အမြဲပြောဆို ဆုံးမခဲ့ပါတယ်…ကျုပ်လည်း ပညာကို ကြိူးစားသင်ယူခဲ့ပါတယ်…ဒါပေမယ့် ကျုပ်ဟာ.. လယ်သမားသားဆိုတော့ ဒီအလုပ်ကိုဘဲ ခုထိလုပ်ကိုင်နေရတာ အဆန်းတော့မဟုတ်ပါ.. ပညာတွေသင်ဘွဲ့တွေရပြီးချိန်မှာ..အိမ်မှာနေပြီး အဖေ..အမေတို့နဲ့နေပြီးဒိုးတူဘောင်ဘက် လုပ်ကိုင်စားသောက်ကြမယ့်..ကိုယ်ထက်အကြီးတွေက အိမ်မှာဘယ်သူမှမရှိကြတော့.. အဖေ့ရဲလုပ်ငန်းတာဝန်တွေက ကျုပ်အပေါ်ကျရောက်လာခဲ့တာမဆန်းပါဘူး………. တကယ်တော့ ဒီလုပ်ငန်းကိုလုပ်ကိုင်မယ်လို့ ကျုပ်ဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး…. ဘာလို့လည်းဆိုတော့ ဒီလုပ်ငန်းဟာပင်ပန်းဆင်းရဲတယ်ဆိုတာကိုယ်တွေ့မို့ပါ….. ကျုပ်တောင်သူလုပ်ငန်းကို ငယ်ငယ်ကတည်းက အဖေနဲ့အတူ လုပ်ကိုင်ခဲ့ရတာ မို့ သိခဲ့တာပါ … မနက်စောစောထ […]


kotun winlattJanuary 3, 20121min3338
ဒီည ကျနော်အွန်လိုင်းပေါ်တက်ဖို့ ကြိုးစားရင်း စက်ထဲကစာအုပ်တစ်အုပ်ကို ဖတ်နေမိတယ် စာရေးဆရာမ ဂျူးရေးတဲ့ “သူမင့်ကိုဘယ်တော့မှ” ဆိုတဲ့စာအုပ်လေးပါ ဒီစာအုပ်ကို အရင်ကလည်းဖတ်ဘူးပြီးပါပြီ။ ဒါပေမယ့် ခုလောက်သိပ်ပြီးမစဉ်းစားမိခဲ့ပါ ဆင်းရဲခြင်းထောင်ချောက် ၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဘို့ရာ မျိုးဆက်တိုင်းမှာ တာဝန်ရှိတယ် ၊ ကံဆိုတဲ့စကားလုံးကို အလွန်သုံးတဲ့မြန်မာလူမျိုး ၊ ဒီစကားလုံးတွေက ဒီနေ့ညမှ ရင်ကိုလာထိနေပါတယ်။ ဆင်းရဲတဲ့အတွက် ဆုံးရှုံးမှုတွေများနေရတယ် ဒီနေ့လူတကာပြောနေကြသော ပညာခေတ်မှာ ကျနော်တို့လို ရွာသားတွေ ပညာမတတ်လို့ဆုံးရှုံးမှုတွေ တနင့်တပိုးကြုံတွေ့နေရတယ်။ လူတိုင်းပညာကိုသင်သင့်တယ် ဒီလိုအမြင်တွေ နဲ့ရေးထားတယ်လို့ တွေးနေမိတာပါပဲ ။ ဒီဇာတ်လမ်းထဲမှာပါတဲ့ မင်းသမီး အေးငြိမ်းမေ အလွန်ဆင်းရဲတဲ့သူ ဒါပေမယ့် သူမက ပညာကိုလိုလားတယ် မိဘက ကျောင်းမထား ပညာမသင်ပေးနိုင်ပေမယ့် ထောက်ပံ့မဲ့လူရှိလို့ ပညာဆက်သင်ခွင့်ရတယ်။ ကျနော်မျက်မှောက်မှာကြုံနေရတဲ့အရာနဲ့ နည်းနည်းဆန့်ကျင်သွားတယ် ကျနော်တို့ကြုံတွေ့နေရတာတွေကဒီလိုမရိုးစင်းလှပါ […]


kotun winlattJanuary 2, 20121min29914
ကျုပ်တတိယတန်းနှစ်ကပေါဗျာ.. အသက်အနေနဲ့တော့ ရှစ်နှစ်သားပေါ့.. ဘာလို့မှန်းမသိကျောင်းတွေပိတ်တယ်လို့ ဆရာမကပြောတော့ ပျော်လိုက် တာ.. ကျောင်းကတနှစ်ကြီးတောင်ပိတ်တာဆိုတော့ ကလေးပဲ..ဘာသိမှာလဲ.. ကျောင်းကနေအိမ်ကို ခုန်ပေါက်ပြီးပြေးလိုက်ရတာ..လမ်းမှာလဲ.ကျောင်းတွေပိတ် တယ်..ကျောင်းတွေပိတ်တယ်လို့ အော်ရင်းနဲ့ပေါ့ … အိမ်ရောက်တော့လည်း မိဘတွေ မျက်နှာမကောင်းကြတာလည်းမသိဘူး… သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနေတော့တာပါဘဲ… ကျွန်တော်ဆော့ပုံက ဘယ်လောက်ကဲတယ်တော့မသိဘူး .. ကျောင်းပိတ်ပြီးနှစ်ရက်အကြာမှာ ရွာထဲက ရွယ်တူကလေးတစ်ယောက်နဲ့ လူပျိုပေါက်တစ်ယောက် ထိပ်ပေါက် ခေါင်းပြဲ ပထမတစ်ယောက်က ကစားရင်း ပလပ်စတစ်ကားလေးကို ပြန်မပေးလို့ ဆိုပြီး.. တွေ့ရာတုတ်နဲ့ နှက်ထည့်လိုက်တာ…နဖူးမှာ သေရာပါအမာရွတ် ရသွားပါရော့လား..နောက်တစ်ယောက်ကတော့ ကျုပ်ထက်ကြီးပါတယ်.. ကျုပ်မှာအစ်မတွေရှိတော့..ဟေ့ကောင် အစ်မပေးယောက်ဖလို့ စစနေလို့ ( ကြိုပြောထားရပါစေ..ခုတော့ အစ်မတွေက အိမ်ထောင်ကျကုန်ပါပြီ.. ) လက်ထဲမှာကိုင်ထားတဲ့ ကျောက်ခဲနဲ့ နှက်ထည့်လိုက်တာ ခေါင်းပေါက်သွား ပါလေရော..နှစ်ရက်အတွင်း လူနှစ်ယောက်ကို ထိပ်ပေါက် ခေါင်းကွဲအောင်နှံ […]


kotun winlattDecember 23, 20112min2246
လောကအလယ်ထဲကို ကျုပ်ရောက်ရှိလာခြင်းကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြသူတွေက အဖေနဲ့ အမေဖြစ်မှာပါ … အစ်မတွေကြားထဲမှာ အငယ်ဆုံးလည်းဖြစ်ပြန် တစ်ဦးတည်းသော သားလည်းဖြစ်ပြန်ဆိုတော့ မိသားစု တစ်ခုလုံးက သည်းသည်းလှုပ်ပေါ့ …. မျှော်လင့်ချက်တွေ တပုံတပင်လည်း ထားခဲ့ကြမှာ အမှန်ပါပဲ… ဒီမျှော်လင့်ချက်တွေ ပြိုလဲပျက်စီးစေခဲ့တာက ကျုပ်အသက် ငါးနှစ်ကျော် ခြောက်နှစ်ထဲမှာပါ … ကျုပ်ကို အဖေနဲ့ အမေက စာသင်ကျောင်းပို့တယ်လေ… ခက်တာက ကျုပ် အရွယ်တူ သူငယ်ချင်းတွေလို မရေးတတ် မဆိုတတ်ဘူးဗျ… ဆရာမ နှုတ်တိုက်ချပေးတော့ လိုက်ဆို လိုက်ပြောတတ်တယ်… ပြီးရင် ကျုပ် ဘာမှမသိတော့ဘူး … ဒါနဲ့ ကျုပ်ဟာ ဉာဏ်ရည်မမီတဲ့ ကလေးလို့ သတ်မှတ်ခံရတော့တာပါပဲ…. အရပ်အခေါ်ကတော့ ကျပ်မပြည့်ဘူးပေါ့ဗျာ… ကျုပ်ကလည်း ကျုပ်ပါပဲလေ… အဖေနဲ့ အမေကလွဲရင် ကျန်တဲ့သူတွေကို […]


kotun winlattDecember 20, 20113min39316
ဒီဇာတ်လမ်းရဲ့ အစက ကျုပ်မျက်စိကိုက်ရာကနေ စခဲ့တာပါ… ကျုပ်က ကိုးတန်း ကျောင်းသားဘဝကတည်းက မျက်မှန်တပ်ခဲ့ရတာလေ… အဝေးမှုန်ပေါ့ …. အသက်လား ၃၅နှစ်ပါ… အလုပ်အကိုင်က အရပ်ငှားကျောင်းဆရာ….ရှုပ်သွားလား… ကျုပ်တို့ရွာတွေဘက်မှာ ကျောင်းတွေကို ဆရာ/ဆရာမ လုံလုံလောက်လောက် အစိုးရက မချပေးနိုင်ဘူးလေ… ဒီတော့ ရွာတွေက စုပေါင်းပြီး ဆရာ/မ တွေ ငှားကြရတာ… လခလားးးးး ပိုက်ဆံနဲ့ မဟုတ်ဘူးဗျ.. တစ်နှစ်စာကို စပါး ဂဝ ရတယ်…တင်းဂဝပေါ့.. ကျုပ်စာသင်တဲ့ ကျောင်းက တွဲဘက်အထက်တန်းကျောင်းပါ… ရွာနာမည်က မော်တိတ် တဲ့…ကျုပ်က ဒီရွာနဲ့ တော်တော်ဝေးတဲ့နေရာကပါ… ရွာသူ/သား အများစုက ဂဒူးတွေ ရှမ်းတွေပါ.. ကျုပ်က ကိုးတန်းနဲ့ ဆယ်တန်းကို သချာင်္နဲ့ ရူပသင်ပါတယ်… ဒီရွာမှာ ကျုပ်အငှားဆရာ လုပ်လာတာ ငါးနှစ်ရှိပါပြီ… ပညာအရည်အချင်းကတော့ […]


kotun winlattDecember 19, 20113min2052
ညသည်တိတ်ဆိတ်လျှက် … လမ်းပေါ်တွင်လူသူကင်းရှင်းပြီးလျှပ်စစ်မီးများလည်းပျက်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေ၏ ။ အချိန်ကလည်း ည ၁၁ နာရီခန့်ရှိပြီမို့ အိမ်များလည်းတံခါးများကိုတင်းတင်းပိတ်ကာ အိပ်စက်ကြလေပြီ။ ကျနော်ကား ယခုမှ အလုပ်သိမ်းသဖြင့် အိမ်သို့ပြန်လာနေရခြင်းပင်။ ကျနော့်အလုပ်ရှိရာနှင့် အိမ်သည် တော်တော်လှမ်းသည်ဟုပြောရမည်။ အသွားအပြန်စက်ဘီးနင်းပြီး သွားရပေသည်။ ဒီအလုပ်ကို လုပ်ကိုင်နေခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်၏။ ညတိုင်းလည်းဒီလိုအချိန်မှသာ အိမ်သို့ပြန်နေရတော့သည်။ လမ်းမှာမှောင်မိုက်နေသဖြင့် ကျနော်စက်ဘီးကိုမစီးပဲ တွန်းကာလာနေမိ၏။ရွာဦးဘုန်းတော်ကြီးကျောင်းနားအရောက်၌ ကျောင်းခွေးတစ်အုပ်က သဲသဲမဲမဲထိုးးဟောင်ကာကျောင်းထဲသို့ဝင်ပြေးသွားကြသည်။ ဒီခွေးများကမလွယ်ချေ။ တော်တော်ဆိုးသည်ပြောရမလား။ခွေးပါးဝသည်ပြောရမလား မသိ။ အုပ်စုလိုက်နေကြကာ ရွာအတွင်းလှည့်လည်ကာကြက်၊ ဘဲများကိုညအချိန်ဝင်ဆွဲလေ့ရှိသည်။ ပြီးတော့ သည်ခွေးများသည် ရွာဦးကျောင်းအုတ်တံတိုင်းပေါ်တွင် တစ်ကောင်က အမြဲတမ်း ဝပ်ကာနေလေ့ရှိသည်။ တခြားခွေးတစ်ကောင်ကောင်လာလျှင် အုတ်တံတိုင်း ပေါ်မှခွေးကအသံပေးလိုက်လျှင် အုတ်တံတိုင်းဘေးနား၌ ကပ်နေကြသော ခွေးတစ်သိုက် ထွက်လာကြကာ ခွေသူစိမ်းကို အသားကုန်ဝိုင်းဆော်ကြပါတော့သည်။ တစ်ကောင်တည်း ဘယ်တော့မှမနေကြချေ။ အုပ်စုလိုက်နေကြသောကောင်တွေပင်။ ဆက်လျှောက်လာရာ […]


kotun winlattDecember 16, 20111min2878
ကျနော် အိပ်မရနိုင်ဖြစ်နေသော ညမှာ အခန်းငယ်လေးထဲမှနေ၍ အတိတ်ကို တိတ်တဆိတ်သတိရနေမိ၏။ ကျနော့် အခန်းငယ်လေးဟု သုံးနှုန်းရခြင်းမှာ ကျနော်နေသောအခန်းငယ်လေးသည် ၁ဝပေပတ်လည်မျှရှိသော အခန်းလေးဖြစ် ခြင်းကြောင့်ပင်…။ ဒီအခန်းငယ်လေးကို ကျနော်အိပ်ချိန်နှင့် စိတ်ဖိစီးမှုများချိန်မှသာ နေလေ့ရှိသည်။ ဒီအခန်းငယ်လေးထဲမှာ ခုတင်တစ်လုံး၊ စာအုပ်စင်လေးတစ်ခု၊ စာကြည့်စားပွဲ တစ်လုံး၊ စာအုပ်သေတ္တာနှစ်လုံးမှအပ ကျန်ပစ္စည်းများဘာဆိုဘာမျှမရှိချေ။ ဒီည ကျနော် ၁၁နာရီထိုးမှအခန်းသို့ပြန်ရောက်ခဲ့သည်။ တစ်နေ့လုံး အလုပ်များနေသည့်အတွက် အားပါးတရ အိပ်စက်ပစ်မည်ဟုကြံရွယ်သော်လည်း လဲလျောင်းလိုက်ခါမှ အိပ်ချင်စိတ်တို့က လွင့်ပါးပျောက်ကွယ်သွားကြလေ၏။ တောင်စဉ်ရေမရ အတွေးများကြားမှ ဆယ်စုနှစ်တစ်ခုကျော် က နေထိုင်ခဲ့ရသော မြို့လေးဆီသို့ အတွေးများရောက်ရှိသွားပေတော့သည်။ အတိတ်မှ နေ့ရက်များသည် ကျနော့်အား ကလူကျီစယ်နေကြ၏။ မြို့လေးမှာ နေထိုင်ခဲ့ရသော သုံးနှစ်တာကာလအပိုင်းအခြားလေးသည် အပူပင်မဲ့သော နေ့ရက်များဟု အမည်တပ်မရသော်လည်း မွန်းကြပ်မှုများနည်းပါးသောနေ့ရက်များဟုဆိုလျှင်မှားအံ့မထင်။ မြို့လေးဆိုပေမယ့် မြန်မာပြည် မြောက်ပိုင်းမှာတော့ […]


kotun winlattDecember 15, 20111min43617
ကျုပ်ကိုလူတွေ နားမလည်ကြဘူးဗျာ…ငပျင်းတဲ့ .. ပျင်းတယ်ဆိုတာ ကြားရတာဆိုးပြီး အလွန်သက်သာသကိုးဗျ .. ဪ..ကျုပ်လား နာမည်က တင်ဝင်း …အရက်မူးလာရင် မဟုတ်မဟတ် လုပ်ဇာတ် တွေခင်းတတ်လို့ ရွာကလူတွေက ကျုပ်ကို ရွှေငန်းတင်ဝင်းတဲ့ .. ကျုပ်ကို လူတွေကအရေးမလုပ်ကြဘူး …ကျုပ်ကလည်းဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး .. ကိုယ့်ထမင်းကိုယ်စားနေတာပဲ …ဘယ်သူ့ဂရုစိုက် ရမှာလဲ .. ကျုပ်မိန်းမလား … ဆုံးသွားပြီဗျ…ငွေမရှိတော့ ရောဂါဖြစ်တာ မကုနိုင်လို့ဆုံးသွားတာလေ…. ကျုပ်မှာကလေးတွေ ကျန်ခဲ့တာပေါ့ … သမီးက ( ၄ ) ယောက် သားက ( ၅ )ယောက် ဒါတောင် နှစ်ယောက်က ဆုံးသွားလို့ …အပြည့်တာဆိုဘော့လုံးတစ်သင်းစာ ကွက်တိရယ်… သမီးတွေတော့ အိမ်မှာမရှိကြတော့ပါဘူး ..လင်ယူကုန်ပြီလေ…… မိဘကို မလုပ်ကျွေးချင်ကြပါဘူးဗျာ… ကျုပ်အသက်လား… […]