alinsettAugust 26, 20151min1808
                          ဟဲဟဲ… .ဘာရယ်မဟုတ်…  Facebook  ပေါ်မှာ တစ်ရက် တစ်ပုဒ်နှစ်ပုဒ်နှုန်း တင်နေတဲ့ .ပေါက်တတ်ကရ သတင်းတိုထွာတွေကို စုစည်းလိုက်တာ… ။ .ဒီသတင်းတွေကို မနက်တိုင်း ကျနော့် မေးလ်ထဲ ရောက်လာတဲ့ VOA နဲ့  7 Day သတင်းဌာနတွေဆီက သတင်းကိုဖတ်ပြီး… ပြန်ရေးတာပါ။ .ပြန်ရေးရာမှာ… Facebook  ပေါ်မှာ အပျော်သဘော ပြန်ရေးတာမို့.. .ပေါတောတော သတင်းတိုထွာတွေ ဖြစ်သွားပါတယ်။ .အတည်အခန့်ပုံစံတော့ မပေါက်ပေမဲ့… အခြေခံသတင်းက အမှန်တွေပါ…လို့..။ .သူကြီးရဲ့ သတင်းစာထဲ.. မြန်မာပြည်သတင်းဒိုင်ယာရီ ရေးခဲ့တာကိုလည်း လွမ်းပြီး…. .ရတတ်သလောက် ပြန်ရေးထားတာ.. […]


alinsettAugust 24, 20151min24311
                          လမ်းဟောင်းပေါ်က ခြေထောက်အဟောင်းများ   ——— .မနေ့တုန်းကပေါ့— .အတောင်ပံတွေ တဖျတ်ဖျတ်ခတ်ပြီး ပျံသွားတဲ့ ငှက်တစ်အုပ် .ခပ်အုပ်အုပ်ပြောသွားတယ်၊၊ “ငါတို့ အသစ်တွေ လုပ်တော့မယ်”တဲ့— .ရယ်ချင်လိုက်တာ— .စကားအဟောင်းကြီး ကြားရလို့…  ဘေထုပ်စော် နံသွားတယ် အဟုတ်… ———————-     Alinsett @ မောင်သူရ ဩဂုတ်လ ၂၃ ၊ ၂၀၁၅  


alinsettAugust 22, 20151min1818
  ဘယ်သူမှ မရှိဘဲ ထင်နေတဲ့အရိပ်   =================   .ဒီလိုပါ… .နဖူးဆီက ချွေးတစ်စက်… .ခြေမဆီ ကျသွားရာကနေ…ပြန်ကန်ထွက်လာပြီး… .နဖူးပေါ် ပြန်ရောက်…. .အသားထဲ ပြန် စိမ့်ဝင်သွားတဲ့အဖြစ်မျိုး… .ကြုံခဲ့ရစဉ်ကလို့…. ဆိုပါစို့… …… ….. …. … .. . ================= .မောင်သူရ @ Alinsett .ဩဂုတ်လ ၂၁ ။ ၂၀၁၅ ။  


alinsettAugust 20, 20151min18711
                            ”ဇာတ်ကောင်များ၏ ဇာတ်ကောင်များ” ——————————————–   ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါ မြင်၏ ။ အဘယ်သို့နည်း ဟူမူကား… ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ…. (ဓမ္မသစ် ဆာလံနှင့် သုတ္တံကျမ်း၊ စာမျက်နှာ ၃၃ဝ ၊ ဗျာဒိတ်ကျမ်း-အခန်း ၂၁၊ အပိုဒ် ၁ )     >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>   တိတ်ဆိတ်ခြောက်သွေ့သော နွေမနက်ခင်းတစ်ခုကို တောင့်တနေရသည့် မိုးသည်းထန်သော ဝါခေါင်နေ့ရက်တစ်ခုတွင် … သူတို့ ထိပ်တိုက်ဆုံဖြစ်ကြသည်။ သူတို့သည် လွန်းထားထား(ဆေးတက္ကသိုလ်)တို့ ၊ ပုညခင်တို့ရေးသော […]


alinsettAugust 8, 20153min65517
  ပလို့တွေ ဂျိခဲ့တုန်းက….                                ။။။။။။။။။။။။။။။။။။။။။။။။။။                         ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                             ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                 […]


alinsettAugust 5, 20151min33921
.ဘေးဘယ်ညာက အိမ်အမိုးစွန်းတွေ ရပ်ထားတဲ့ဆိုက်ကားတွေ စက်ဘီးတွေ ဘာတွေညာတွေနဲ့ ကျနော်မောင်းတဲ့ကားရဲ့ ဘက်မှန်တွေနဲ့ လက်နှစ်လုံးစာလောက်ကလေးဘဲ ကပ်ကပ်သပ်သပ် လွတ်တယ်ဆိုရုံ အင်မတိအင်မတန် ကျဉ်းတဲ့လမ်း. . . အဲ့ဒီလို လမ်းကြိုကြားထဲအထိမှ  ဝင်မပေးရင် တစ်လမ်းလုံးစီးလာတဲ့အဖိုးအခ ပိုက်ဆံကို မပေးဘူးဆိုတဲ့အထာမျိုး. . . ချိုးရက်နိုင်တဲ့ ခရီးသည်တွေကိုလည်း အံ့ဩတယ်။ အဲ့ဒီလောက် ကျပ်သပ်နေတဲ့လမ်းထဲမှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း လမ်းမအလည်ဘက် ခြေဆင်းထိုင်နေတဲ့လူလည်းရှိသေးတယ်။ ဒါ့ထက် အံ့ဩတာက ကျနော်မောင်းတဲ့ကားရဲ့ ညာဘက်အခြမ်းမှာ ရှေ့ဆန့်ထုတ်ထားတဲ့ သူ့ခြေထောက်ကို မထိအောင် ရှောင်လိုက်ရင် ကားရဲ့ဘယ်ဘက်အခြမ်းက ဘက်မှန်နဲ့. . .  လမ်းပေါ်ချထားတဲ့ အုတ်တိုင်ကီကြီးနဲ့ ထိမှာ သေချာသမို့ သူ့ခြေထောက်ကလေးကိုလည်း ထိမရ/ ဟိုဘက်က အုတ်တိုင်ကီကိုလည်း ပွတ်ဆွဲမရနဲ့. . . .ရှေ့ဆက် မောင်းလို့မရတာကို […]


alinsettAugust 1, 20152min25718
#ရွှေခေတ်မှာတောင် ရွှံ့စော်နံတယ်# (A) ခါးသက်ကြမ်းရှ … ကိုယ့်လက်ထဲက ကံကြမ္မာများ တခွမ်းခွမ်း ကျကွဲတဲ့ညကပေါ့ကွယ်… (B) ဝှက်ဖဲတစ်ချပ်ကို ဝှက်သည်ထက်ဝှက်ရင်း…. နောက်ဆုံးမှာ… ကိုယ်ကိုယ်တိုင် ပျောက်ဆုံး… ဟောဒီ – ခမ်းနားကြီးကျယ်လှပါသော အညတရလူသားရဲ့ မလှမပ-ညဆိုးများ… ဘယ်ဆီမှာ အနားသတ်သွားပါသလဲ…. (C) အမှောင်မိုက်ဆုံးတိမ်တိုက်မှာတောင် ငွေရောင် အနားကွပ်လေး ရှိသေးသတဲ့… ဟေ့အေး… အဲဒါက ကြည့်သောသူနှင့်သာ ဆိုင်ပါတယ်…. ရွှေခေတ်မှာတောင် ရွှံ့စော်နံတဲ့သူ.. ငါလိုလူ ဤဇဗ္ဗူမှာ ထပ်မရှိနိုင်ဘူးရယ်လို့… (D) ဒီလိုပဲပေါ့ကွယ် … ဖတ်ခဲ့ဖူးတဲ့ စာသားတစ်ပိုဒ်အတိုင်း … ဘဝဆိုတာကိုက လက်ဖက်ရည်ခွက်ထဲ ကျသွားရတဲ့ ယင်ကောင်လို… ရုန်းရင်းကန်ရင်း ချိုမြိန်လိုက်ရတာပါပဲ… (E) ဝင်္ကပါသာ ဆန်ပြီး ထွက်ကမ္ဘာမဆန်ပါသော … လမ်းတချို့မှာ … […]


alinsettJuly 28, 20153min17911
  အခု ကျနော် ကဗျာနှစ်ပုဒ်နဲ့ သီချင်းတစ်ပုဒ်ကို တို့ထိ ခံစားပြထားပါတယ်။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>   နာမည် ကျန်နေရစ်မယ် – ဖြူဖြူကျော်သိန်း =============================== သိုးတစ်ကောင် သေသွားခဲ့ရင် အကောင်းဆုံးအနွေးထည်နဲ့ ဟင်းတစ်ခွက်ပဲ… သစ်တစ်ပင်သေသွားခဲ့ရင် ပရိဘောဂများနဲ့ ထင်း အသုံးဝင်ဆဲ… လူတစ်ယောက်သာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ… ခင်ဗျားသာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ… စပါးကြီးမွေ သေသွားခဲ့ရင် အကောင်းဆုံး ခါးပတ် ၊ ဖိနပ် ဆေးတစ်ခွက်ချန်ခဲ့ … နွားတစ်ကောင်သေသွားခဲ့ရင် သားရေပြားချပ်များနဲ့ အသား အသုံးဝင်ဆဲ… လူတစ်ယောက်သာ သေရင် …. ဘာတွေ ကျန်နေရစ်မလဲ … ခင်ဗျားသာ သေရင်… ဘာတွေ ကျန်နေရစ်မလဲ… ခင်ဗျားတို့ ကျုပ်တို့ ခေါင်းချ […]


alinsettJuly 20, 20154min2089
အဲဒီညဟာ ညရယ်လို့ စတင်ချိန်ကတည်းက မသင်္ကာစရာ အငွေ့အသက်တွေ ခံစားလို့ ရနေတဲ့ညပဲ။ မကောင်းတာ တစ်ခုခု ဖြစ်လာလိမ့်မယ်ဆိုတဲ့  မလုံခြုံသောစိတ်ခံစားမှုကို တငွေ့ငွေ့ ပေးနေတဲ့ည များလားလို့။ တစ်ခါတစ်ခါမှာ ကိုယ် ထင်တာတွေ ဖြစ်မလာဘူးဆိုပေမဲ့ တစ်ခါတစ်ခါကျတော့ ကိုယ် ထင်မထားတာတွေက မထင်မှတ်တဲ့ထောင့်ကနေ ဘွားခနဲ ရောက်လာတတ်တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ညတစ်ညဟာ မင်္သာစရာ ညှီစို့စို့အငွေ့အသက်တွေ ရှိနေပြီလို့ တွေးမိလိုက်ချိန်မှာ ကိုယ့်ဘက်က သတိမလွတ်အောင် အမှားမရှိအောင် ကြို တွေး ပြင်ဆင်ရမှာပဲ။ အဲ့လိုနဲ့ ကျနော့်ကားကို တားတဲ့သူတွေကို အကဲခတ်ရတယ်။ သွားမယ့် လမ်းကြောင်းဟာ ရွှေပြည်သာ၊လှိုင်သာယာ ဒါမှမဟုတ် တောင်ဒဂုံ ၊မြောက်ဒဂုံ စတဲ့ နေရာတွေဘက်ဆိုရင် လူလည်းပြတ် နာမည်ဆိုးလည်း ထွက်နေတာမို့ မလိုက်ဖို့ တွေးထားတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ […]


alinsettJuly 16, 20151min26411
အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ … ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ပြန်လည် ပြင်ဆင်ပေးဖို့အရေး တောင်းဆိုချက်သတင်း၊ ကျောင်းသားသပိတ် ၊ အရေးအခင်းကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူအပါအဝင် ဝန်းရံပြည်သူတချို့ကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့သတင်း၊ မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လက်မှတ် (PR) စတင်း ထုတ်ပေးလိုက်တဲ့သတင်း၊ တပ်မတော် ကိုယ်စားလှယ် ၁၄ဝ ကျော်ရဲ့ ရွေးကောက်ပွဲ ဝင်မယ့်အရေးနဲ့                           သမ္မတ ဦးသိန်းစိန်ရဲ့ ရွေးကောက်ပွဲ ဝင်ခြင်း ဆိုင်ရာ သတင်းအခြေအနေများ၊ မြန်မာ စစ်တပ်အပေါ်ပြည်သူလူထုက အထင်အမြင်လွဲမှားစေနိုင်တဲ့ အပြုအမူ အပြောအဆိုများ ပြုမူပြောဆိုရင် အရေးယူမယ့်အကြောင်း သတင်းထုတ်ပြန်ချက်၊ လက်ရှိ ဖြစ်ပွါးနေတဲ့ မြန်မာတိုင်းရင်းသားဒေသတွေအတွင်းက စစ်ဘေးအခြေအနေသတင်းများ၊ မြန်မာပြည်ဟာ အခုလက်ရှိကာလအတွင်း သွေးလွန်တုပ်ကွေး […]


alinsettJuly 11, 20152min49829
    အိုးးးးးးဗျ. . . ရလဲ့. . . .ရှေ့မှာ Taxi ငှားဖို့ တားနေပြီ။ ဘက်မှန်ကနေ ဘေးဘယ်ညာကို လှမ်းshow လိုက်တော့လည်း ကျနော်ထက်အရင်ဦးအောင် .ပြေးဝင် ခေါ်တင်မယ့် Taxi ဆိုလို့ တစ်စီးတလေတောင် မမြင်ရ။   ဒါဖြင့် ကျနော် စစထွက်ချင်း .ဈေးဦးပေါက်ဖို့ သေချာသလောက်ပေါ့။ အဟော့။   အင်း။ တားနေတာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ ပေါင်း နှစ်ယောက်။ သူတို့ ပုံစံက ချမ်းသာတဲ့ လူတန်းစားပုံတော့ မပေါက်ဘူး။ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်မထားဘူး။ ခပ်နွမ်းနွမ်းပဲ။   ဒါပေမဲ့ အဲ့ဒီနှစ်ယောက်ထဲက  အမျိုးသမီးဖြစ်သူကို မြင်ရတာ တစ်ခုခု ပိုပိုကဲကဲ ဖြစ်နေသလားလို့။ ဘာပိုနေသလဲဆိုတော့ အပြင်အဆင် […]


alinsettJuly 9, 20152min2973
    အခုတစ်ပါတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone ကနေ …တင်ပြပေးမယ့် သတင်းတွေကတော့ … အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ရက် အတိအကျ သတ်မှတ်လိုက်တဲ့သတင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရ သတင်းများ ၊ လွှတ်တော်အတွင်းအတွင်းမှာ အကြိတ်အနယ် ဆွေးနွေးနေကြတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သတင်းများ ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယစစ်တပ်အကြီးအကဲတို့ရဲ့ သတင်း၊ အငြင်းပွါးဖွယ်ရာ ဖြစ်နေတဲ့ ရွှေတိဂုံစေတီ အနီးက ဒဂုံ စီးတီး အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ ကြေညာချက်သတင်း၊ 7 July အထိမ်းအမှတ် အခမ်းအနားကြီးကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ကျင်းပကြတဲ့သတင်းနဲ့..ကျောင်းသားများရဲ့ နိုင်ငံအရေး ပညာအရေး တက်ကြွလှုပ်ရှားမှုသတင်းများ၊ အရှေ့တောင်အာရှ ဒေသတွင်းမှာ အကြီးဆုံး ရေကာတာ စီမံကိန်းတစ်ခု ဖြစ်လာမယ့်  […]