manawphyulayApril 6, 20111min13720
လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဂျီမေးလ် သူများ လုပ်ကြံတာ ခံခဲ့ရသလို ခုတစ်ချိန်လည်း ဂျီမေးလ်ကို သူများ အသုံးပြုခြင်း ခံခဲ့ရပြန်ပါတယ်။ ၂၀၀၆ ခုနှစ်ကတော့ သုံးနေကြအင်တာနက်ဆိုင်မှာ လာသုံးနေကျဖြစ်တဲ့ ဗရုတ်သုတ်ခ ကောင်လေးအဖွဲ့ရဲ့ လက်ချက်ဖြစ်မှန်း သိခဲ့ရတယ်။ ဂျီမေးလ်ထဲမှာက ကျွန်မနဲ့ ခင်တဲ့သူတွေရဲ့ အကောင့်တွေရယ်၊ ဆရာတော်ကြီးများရဲ့ အကောင့်တွေနှင့် ဘလော့ရေးသားတဲ့ မောင်နှမတွေရဲ့ ဂျီမေးလ်ပဲ ရှိခဲ့တာဆိုတော့ မေးလ်ထဲမှာ ရှိတဲ့သူတွေက ဘယ်သူလဲ ဘယ်ကလဲ ဝိုင်းမေးခဲ့ပေမယ့် ဟိုပြော ဒီပြောနဲ့ လုပ်ခဲ့တဲ့အပြင် ဂျီတော့မှာ အတော်မိုက်ရိုင်း ယုတ်ညံ့တဲ့ ပုံကို တင်ပြီး လုပ်ခဲ့တာကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။ ကျွန်မဆီကို မေးလ်ထဲက သူငယ်ချင်းတွေက ဖုန်းဆက်လာပြီး နင့် ဂျီမေးလ်ကို ပတ်စဝေါ့ ပြန်ချိန်းလိုက်ပါ သူများ […]