ဂျီမေးလ်နှင့် ဝက်ဘ်ဆိုက် လုပ်ကြံခံရခြင်း

manawphyulayApril 6, 20111min13320

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဂျီမေးလ် သူများ လုပ်ကြံတာ ခံခဲ့ရသလို ခုတစ်ချိန်လည်း ဂျီမေးလ်ကို သူများ အသုံးပြုခြင်း ခံခဲ့ရပြန်ပါတယ်။ ၂၀၀၆ ခုနှစ်ကတော့ သုံးနေကြအင်တာနက်ဆိုင်မှာ လာသုံးနေကျဖြစ်တဲ့ ဗရုတ်သုတ်ခ ကောင်လေးအဖွဲ့ရဲ့ လက်ချက်ဖြစ်မှန်း သိခဲ့ရတယ်။ ဂျီမေးလ်ထဲမှာက ကျွန်မနဲ့ ခင်တဲ့သူတွေရဲ့ အကောင့်တွေရယ်၊ ဆရာတော်ကြီးများရဲ့ အကောင့်တွေနှင့် ဘလော့ရေးသားတဲ့ မောင်နှမတွေရဲ့ ဂျီမေးလ်ပဲ ရှိခဲ့တာဆိုတော့ မေးလ်ထဲမှာ ရှိတဲ့သူတွေက ဘယ်သူလဲ ဘယ်ကလဲ ဝိုင်းမေးခဲ့ပေမယ့် ဟိုပြော ဒီပြောနဲ့ လုပ်ခဲ့တဲ့အပြင် ဂျီတော့မှာ အတော်မိုက်ရိုင်း ယုတ်ညံ့တဲ့ ပုံကို တင်ပြီး လုပ်ခဲ့တာကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။ ကျွန်မဆီကို မေးလ်ထဲက သူငယ်ချင်းတွေက ဖုန်းဆက်လာပြီး နင့် ဂျီမေးလ်ကို ပတ်စဝေါ့ ပြန်ချိန်းလိုက်ပါ သူများ သုံးနေတယ်လို့ ပြောလာတုန်းက တစ်ခါမှလည်း မဖြစ်ဖူးတော့ မယုံကြည်ခဲ့ပါဘူး။ နောက်ဘုန်းဘုန်းတွေကပါ ဒကာမကြီး မေးလ်က ဘာပုံတွေတင်ထားတာလဲလို့ အပြင်မှာ မေးခံရမှ လုပ်ကြံခံရမှန်း သိခဲ့ရပါတယ်။ အဲဒီဆိုင်ကတော့ ပန်းဆိုးတန်းလမ်းနားက ဆိုင်တစ်ဆိုင်ပါပဲ။ နောက် မေးလ်ကိုလည်း ဘယ်သူကမှ မသုံးခိုင်းတော့တဲ့အတွက် ဒီတိုင်းပဲ ထားခဲ့လိုက်ပါတယ်။ နောက်တစ်ခါ ဖြစ်တဲ့ အဖြစ်အပျက်ကတော့ ကျွန်မနာမည်နဲ့ ဝက်ဘ်ဆိုက်တွေမှာ ဆိုက်တွေရဲ မကောင်းကြောင်းကို အပုပ်ချတဲ့အသုံးအနှုန်းတွေနဲ့လိုက်ရေးတာကို ခံလိုက်ရပြန်ပါတယ်။ ဝက်ဘ်ဆိုက်ဆို အွန်လိုင်းပေါ်မှာ လူတိုင်းက ဘလော့စရေးနေတဲ့အချိန်ဆိုတော့ ဘယ်သူတွေက ဘယ်လိုဆိုတာ ကိုယ်တိုင်က မသိသေးတဲ့အချိန်မှာ ကိုယ့်နာမည်နဲ့ဆိုက်တွေမှာ အတော်ကို အကျင့်မကောင်းတဲ့ အသုံးအနှုန်းတွေနဲ့ လိုက်ရေးထားတာ၊ ဆိုင်ကို တစ်ပတ်မှ တစ်ခါပဲ သွားသုံးတဲ့ ကျွန်မ အနေနဲ့ မသိခဲ့ပါဘူး။ ဖြစ်ချင်တော့ ကျွန်မနဲ့ အပြင်မှာ အရမ်းခင်မင်ရင်းနှီးတဲ့ ညီမတစ်ယောက်ဆိုက်မှာလည်း ကျွန်မနာမည်ကို အသုံးပြုပြီး ရေးသားထားခဲ့တဲ့အတွက် အဲဒီညီမက ကျွန်မကို ဖုန်းဆက်လာပါတယ်။ အစ်မရေ အစ်မနာမည်နဲ့ ဆိုက်တွေမှာတော့ ဝင်မွှေနေပြီ။ ညီမဆိုက်မှာလည်း အပြင်မသိတဲ့ သူစိမ်းဆိုရင်တော့ အစ်မကို တွေ့တဲ့နေရာ သတ်မိမလားပဲဆိုတဲ့ အပြောနဲ့ ညီမတစ်ယောက်က ဖုန်းဆက်လာပါတယ်။ ကျွန်မရဲ့ စိတ်ဓာတ်၊ ကျွန်မရဲ့ အပြုအမူတွေကို သိတဲ့သူ အတော်များများကိုတော့ ကျွန်မ လိုက်ရှင်းပြစရာ မလိုပေမယ့် မသိတဲ့သူတွေကျတော့ ကျွန်မကတော့ ဒီလို စရိုက်ရှိပါလားလို့ တွေးမိမှာ အမှန်ပါပဲ။ ကိုယ်တိုင် လိုက်ဖတ်ကြည့်မိတော့ အတော့်ကို ကိုယ်တိုင်သာ တကယ်လုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ရွံ့မုန်းမိတဲ့ အနေအထားဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်မလည်း ကိုယ်ပိုင်ဆိုက်ကို ကော့မန့်တွေ၊ ဆီဗုံးတွေပိတ်ပြီး ဆိုက်မှာလည်း ဘယ်သူဆိုက်မှ ကော့မန့်မရေးသားပါလို့ တင်လိုက်ရပါတော့တယ်။ ဒါပေမယ့် အများအားဖြင့်က ဘလော့ရေးသားသူအချင်းချင်း အသိဉာဏ်နဲ့ ဆင်ခြင်နေကြတဲ့သူတွေဆိုတော့ လုပ်တယ် မလုပ်ဘူးဆိုတာကို ခွဲခြားနားလည်ပေးနိုင်ကြတဲ့ တကယ့်မောင်နှမတွေကို တွေ့ရှိခဲ့ရတဲ့အတွက်လည်း ဘလော့လောကကို ပိုမိုခင်တွယ်လာခဲ့မိတာ ယနေ့တိုင်အောင်ပါပဲ။ ကျွန်မ သူများကို မကောင်းကျိုးပေးဖို့ ဘယ်အချိန်ကမှ မရည်ရွယ်ခဲ့ပြန်ပါဘူး။ ကျွန်မမှာ သိတဲ့ အသိတရားကိုပဲ ဖြန့်ဝေခဲ့တာ ခုချိန်ထိပါပဲ။
ခုတစ်ခါကတော့ သူများ အသုံးပြုခံရတဲ့ ဂျီမေးလ်က ဝက်ဘ်ဆိုက်အတွက်ပဲ သုံးတဲ့မေးလ် ဖြစ်နေတာကိုက စဉ်းစားရခက်နေပါတယ်။ ဆိုင်လည်း နေမကောင်းလို့ မသွားဖြစ်ဘူး။ နေကောင်းတော့ အလုပ်က ငွေဆောင် လိုက်ပို့လို့ ၄ ရက် သွားနေတာနဲ့ ဆိုင်ကို မရောက်ခဲ့ပြန်ပါဘူး။ တစ်နေ့ညနေ ဆိုင်ကို သွားတော့ သုံးနေကြ မေးလ် ဖွင့်လိုက်လည်း ဖွင့်လိုက်ရော ဝက်ဘ်ဆိုက်အသုံးပြုတဲ့ မေးလ်က မီးလေး စိမ်းနေတာကို အံ့ဩစွာ တွေ့ရပါတော့တယ်။ ဟင် ငါလည်း ဘယ်သူမှ မပေးထားပါဘူး။ ငါလည်း မဖွင့်ပဲ ဘာလို့ ငါ့မေးလ်က မီးစိမ်းနေပါလိမ့်ပေါ့။ ဒါနဲ့ လှမ်းပြီး နှုတ်ဆက်လိုက်တော့ သူက ဟိုင်းတဲ့ ကိုယ်က ဘယ်သူလဲ မေးတော့ သူက ပြန်မေးပါတယ် ဘယ်သူလဲတဲ့ ဒုက္ခ၊ ကိုယ့်မေးလ်နဲ့ ကိုယ် ပြန်မေးခံရပါလား။ ကျွန်မလည်း အစ်မ မေးလ်ထဲကို ဘယ်လိုရောက်နေလဲလို့ မေးလိုက်ပြန်ပါတယ်။ ညီမလား မောင်လေးလားမသိဘူးနော်လို့ ပြောလိုက်တော့ သူ့နာမည်က ခေးတဲ့ ကောင်လေးတစ်ယောက်က ဒီအကောင့်ကို ဖွင့်ပေးတာပါတဲ့။ ညီမရေ ဒီမေးလ်က အစ်မ ဝက်ဘ်ဆိုက်ရေးတဲ့ မေးလ်ပါလို့ တကယ်လို့ လိုချင်ရင် ဒီပြင်မေးလ်ပေးပါမယ်လို့ အစ်မမေးလ်ကို ပြန်ပေးပါ ဝက်ဘ်ဆိုက်ဝင်တဲ့အကောင့်မို့လို့ ပြောလိုက်တော့ သူမသိဘူးတဲ့ ကောင်လေးတစ်ယောက် အကောင့်ဝင်ပေးတာတဲ့ ပြောပြီး ထွက်သွားပါတော့တယ်။ ဒီအကောင့်က ပြန်မရလို့ မဖြစ်ဖူးလေ။ ဝက်ဘ်ဆိုက်ရေးတဲ့အကောင့်ဆိုတော့ ပြန်ရမှဖြစ်မှာဆိုပြီး ပြန်ချိန်းထားတဲ့ ပတ်စဝေါ့အတွက် ပြန်ရအောင် ယူနေရင်းနဲ့ ကျွန်မဝင်တဲ့ ဝက်ဘ်ဆိုက်တွေမှာ ကျွန်မနာမည်နဲ့ စာတွေရေးထားပြန်တာကို တွေ့ရပြန်တယ်။ ရော ခက်ပြီ။ ကိုယ့်နာမည်နဲ့ လုပ်တာဆိုတော့ ဆိုက်တွေမှာ ဖြေရှင်းချက်တော့ လုပ်ရတော့မယ်ပေါ့ လုပ်နေရင်းနဲ့ ကိုယ့်နာမည်နဲ့မို့ ကိုယ်တိုင်တာဝန်ယူဖို့ ဆုံးဖြတ်ရင်း ဘာကြောင့်ဆိုတာ မရှင်းပြချင်တော့တဲ့အတွက် လူတွေ အလွယ်တကူ ဖော်ဝေါ့လုပ်နေကြလို့ ဖော်ဝေါ့က ရတာလို့ပဲ ပြောလိုက်တာ ပိုကောင်းမယ်ထင်တယ်လို့ တွေးမိပါတော့တယ်။ စဉ်းစားဉာဏ်ရှိသူတိုင်း စဉ်းစားမိမလားပဲ။ ဒီဆိုက်က စာကို ဒီဆိုက်မှာ ဖတ်ပြီး အမြဲထိတွေ့နေတဲ့သူတစ်ယောက်က ဒီဆိုက်မှာ ပြန်တင်ပါ့မလားဆိုတာ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်လိုက်ရင် သိနိုင်ပါလိမ့်မယ်။ ဘယ်သူမဆို ကိုယ်တိုင်စာရေးသားသူတွေရဲ့ ခံစားချက်ကို ခံစားဖူးသူတိုင်း နားလည်နိုင်မယ် ထင်ပါတယ်။ ကိုယ်ရေးတဲ့ စာက ဖော်ဝေါ့ကနေ တစ်ဆင့်ပြီးတစ်ဆင့်ရောက်လာတဲ့အခါ ကိုယ့်နာမည်မပါတော့ပဲ သူများ နာမည်နဲ့ဖြစ်နေတာကို တွေ့ရတော့ အတော်ကို ခံစားခဲ့ရဖူးပါတယ်။ နောက်ပိုင်း ကိုယ်ပိုင်ဆိုက်တစ်ခုကို ကော်ပီကူးခွင့်ကို ပိတ်ခဲ့ပါတယ်။ နည်းပညာဆိုက်ကတော့ ဖြန့်ဝေတဲ့သူတွေအတွက် ကူးယူခွင့်ကိုပေးထားခဲ့ပါတယ်။ ကိုယ့်နာမည်နဲ့မို့ ကိုယ်တိုင်တာဝန်ယူလိုက်တာပါ။ ကျွန်မ မှားတယ်လို့ ယူဆမိရင်လည်း တောင်းပန်ဖို့ ဝန်မလေးပါဘူး။ အမှားသိရင် အမှန်ပြင်ဖို့ လွယ်တာပေါ့နော်။ အပြစ်ရှိရင် ဒီအပြစ်ကို ခံယူဖို့ အသင့်ပါပဲ။ ကျွန်မ ရွာထဲမှာ ကျင်လည်နေခဲ့တာ နှစ်အတော်ကြာပါပြီ။ ကျွန်မရဲ့စိတ်ဓာတ် ဘယ်လိုရှိတယ်။ ဘယ်သူတွေအပေါ် ဘယ်လိုစိတ်ထားလဲဆိုတာ ရွာထဲမှာ ရှိတဲ့သူတွေနဲ့ ရွာထဲမဝင်ပဲ အပြင်ကပဲ စာဖတ်အားပေးတဲ့ စာဖတ်သူအပေါင်းလည်း အတော် သိကြမယ်လို့ ထင်ပါတယ်။ မှားတာတွေ့ရင် ပြုပြင်ပေးဖို့လည်း ကျွန်မကိုယ်တိုင် ပြောလိုက်ပါရစေ။ ဒီတော့ ဆိုင်တွေမှာ သွားသုံးသူတွေ နားလည်ခံစားနိုင်မယ်လို့ ထင်မြင်မိပါတယ်။ ဆိုင်မှာ သုံးတဲ့သူတွေအတွက် သတိပြုစရာ တစ်ခုအဖြစ်လည်း အားလုံး ဂရုစိုက်ကြပါလို့ ကျွန်မ ဒီနေရာကနေ ပြောကြားလိုက်ပါတယ်။

20 comments

  • myuemyue

    April 6, 2011 at 9:52 am

    သူများအကောင့်ကိုသုံးပြီး အဲဒီလိုတွေလိုက်လုပ်တာမျိုး ကြားရတာတော်တော်များပြီ.. စိတ်ပျက်စရာကောင်းတဲ့ စရိုက်တွေပါပဲ..

  • dream

    April 6, 2011 at 9:55 am

    ဪ ဒါမျိုးကြီးလဲ ရှိတတ်သကိုး
    သတိပေးတဲ့အတွက် ကျေးဇူးပဲ မမ မနောရေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 6, 2011 at 10:08 am

    တကယ်တော့ ကိုယ်ကိုယ်တိုင်ကလည်း
    တာဝန်ကျတဲ့နေရာမှာ နေနေရသေးလို ့ပါ
    နောင်များကြုံရင်
    ဘော်ဒါတွေကို နည်းပညာတွေဝေငှပေးပါမယ်
    ကိုယ့်ရဲ ့တည်နေရာကို ကိုယ်ဝင်ကြည့်တဲ့ ဆိုက်က မသိအောင်လုပ်တဲ့နည်းပါ
    ဥပမာ
    ခုနေကိုယ်ကဆိုက်တစ်ခုထည်းကိုဝင်လိုက်ပြီဆိုပါစို ့
    ဆိုက်ရဲ ့သဂျီးက ဧည့်သည်စာရင်းကြည့်လိုက်ရင် ကိုယ်က တစ်ခြားနိုင်ငံတစ်ခုကဖြစ်နေတယ်လေ
    တစ်ခါတစ်လေတော့လည်း
    အမေရိကန်က လူတွေကို ပညာပြရတာပေါ့ 🙂 🙂 🙂
    နောင်များမှပါ

  • draungkyawkyawoo

    April 6, 2011 at 10:09 am

    ဆန်းတော့ ဆန်းသလိုပဲနော် … ဒီလောက် လူအများကြီး ရှိတာကို မနောဖြူကိုမှ သက်သက်လိုက်လုပ်နေတာ အံ့ဩစရာပါပဲ … ။:D
    ကိုယ့်စာ ကိုယ် နှစ်ခါတင်တယ်ဆိုတာကလည်း သာမန်အားဖြင့် မဖြစ်နိုင်ဘူး ထင်ရပေမဲ့ … တခြား ဘက်က စဉ်းစားရင်မထူးဆန်းသလိုပါပဲ … ဘာလို့လည်း ဆိုတော့ ပြည်ပရောက် သူငယ်ချင်းဖြစ်ဖြစ် ၊ ချစ်သူကိုဖြစ်ဖြစ် ကိုယ့်အကောင့်တွေပေး သုံးပြီး စာတွေ တင်ခိုင်းမယ် ၊ ဝင်မန်းခိုင်းမယ်ဆိုရင် နှစ်ခါထပ်နေတာတွေ ဖြစ်တတ်ပါတယ် … ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး ဒါပေမဲ အတော်များများ ဒီလို လုပ်နေတာ တွေ့လို့ ပါ … ။

    • kai

      April 6, 2011 at 5:42 pm

      အဲဒါနဲ့ပါတ်သက်ပြီး… အကောင့်တခုထဲကို..မျှဝေမသုံးရဆိုတဲ့ စည်းကမ်းထုတ်ဖို့စဉ်းစားထားပါတယ်..
      ကိုယ့်အိုင်ဒတတီ တခုကို ..မျှဝေဖို့လည်း မသင့်တော်ပါဘူး..။ ကလောင်နာမယ်နဲ့ရေးနေတာမို ့… ကလောင်နာမယ်ကို တန်ဖိုးထားကြစေချင်တာပါပဲ..။
      တကယ်လို့.. တင်တဲ့စာ..သတင်း.. ဓါတ်ပုံကို ..ဝယ်မယ်ဆိုရင်.. စာမူခနဲ့ ခရက်ဒစ်က စကားပြောလာမှာပါ..။
      မနေ့ကပဲ.. ဓါတ်ပုံကိစ္စနဲ့ မူပိုင်ခွင့်ကို နယူးယောက်တိုင်းမ်က လှမ်းမေးခံရပြီးပြီ..။
      နည်းနည်းအားရင်.. သတင်းနဲ့… ဓါတ်ပုံမူပိုင်ခွင့်တွေအတွက်.. နောင်ပြသနာမတက်အောင်.. လုပ်စရာတွေလုပ်ပါမယ်..။

      ဆိုတော့..
      ကိုယ်မတင်ပဲ.. ကိုယ့်နာမယ်နဲ့ ပို့စ်တက်လာရင်..ချက်ချင်းအကြောင်းကြားပါ..။
      စစ်ဆေးပေးပါ့မယ်..။

      • etone

        April 7, 2011 at 2:14 am

        သဂျီးရေ ကလောင်နာမည်ကို တန်ဖိုးထားလွန်းလို့ တအိမ်လုံးကပါ အိမ်နာမည် ပြောင်းခေါ်နေပြီလေ … ။ မားသားကြီးကလည်း တချိန်လုံး etone ပဲ စွဲသွားပြီ …။ ဘဲကလည်း ဖုန်းဆက်ရင် စမေးကတည်းက E ဘာလုပ်နေလဲတဲ့ … ဟွန့် … ။ ငိုရမလို ရယ်ရမလိုပါပဲ ။ etone ဆိုတာ ကိုယ့် အဓိပါ္ပယ်နဲ့ ကိုယ်ပေးတာ ကို နောက်စရာ ကျနေတာ ပဲ 😀

      • eros

        April 7, 2011 at 3:41 am

        နယူးယောက်တိုင်းမ်က ဘာအတွက်လှမ်းမေးတာလဲဗျ။ အကြောင်းသိရအောင်လင်းစမ်းပါဦး။

        • kai

          April 7, 2011 at 8:13 am

          တင်ထားတဲ့ ဓါတ်ပုံတချို ့က… သူတို့မူပိုင်ဖြစ်တဲ့အကြောင်းလှမ်းပြောတာပါ..။
          အဲဒါ နိုင်ငံခြားဓါတ်ပုံတွေတင်ရင် .. လုပ်ရမဲ့အချက်တွေ .. ပြန်ရှာနေတယ်..။
          တတ်နိုင်ရင်တော့ မတင်တာ အကောင်းဆုံးပါပဲ..။
          ဒါမှမဟုတ်.. print screen လုပ်ပြိး.. ပုံအပြင် ဘေးကစာတွေပါတင်ရင်တော့ ဖြစ်နိုင်တယ်..။
          အောက်ကပုံလိုပေါ့..
          http://myanmargazette.net/36849/education/attachment/sadd7

          ပြောရရင်… မန္တလေးဂေဇက်ကနေ..ဓါတ်ပုံတွေ.. ရောင်းပေးလို့ ရနိုင်ပါတယ်..။
          ဓါတ်ပုံဆိုတာမှာ.. ရှုခင်းပုံ..ခွေးပုံကြောင်ပုံ… ဂျိုပါတဲ့ကလေးပုံ.. ရေတွင်ရေကန်ပုံ…ဘာဖြစ်ဖြစ်ပေါ့..။ သတင်းဓါတ်ပုံရယ်လို့ ဆိုလိုတာမဟုတ်ပါဘူး..။
          အဲဒါကို ဘယ်လိုလုပ်ရမလည်း စဉ်းစားနေပါတယ်..။

  • nozomi

    April 6, 2011 at 10:57 am

    အဲဒီတုန်းက ပြန်တောင်းပန်ထားတာ ဘယ်သူလဲ ခိုးသုံးတဲ့လူလား မနောကိုယ်တိုင်ပဲလား
    ကိုယ်ကြောင့်ဖြစ်တာမဟုတ်ဘူးဆိုရင်တော့ ဝန်ခံပြီး မတောင်းပန်သင့်ဘူး အဲဒီကတဲက အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ အကျိုးအကြောင်းရှင်းပြသင့်တယ်

  • intro

    April 6, 2011 at 11:21 am

    “သူငယ်ချင်းတစ်ယောက် ပြောတာကြားဖူးတယ်၊ လူတော်တွေ ဆိုးလာမယ်ဆိုရင် တကယ့် လူမိုက်လူဆိုးတွေတောင် လိုက်လို့ မမှီဘူး၊ လူမိုက်လူဆိုးတွေက ဆိုးတတ်၊ မိုက်တတ်ရုံပဲ ရှိတာ၊ လူတော်လူဆိုးတွေလောက် ကောက်ကျစ်တဲ့ နေရာတွေမှာ၊ ရှောင်တတ်တိမ်းတတ်တဲ့နေရာတွေမှာ မတော်ကြဘူး” လို့ပြောတာ ကြားဖူးပါတယ်။ ယနေ့ အိုင်တီခေတ်မှာ ကိုယ့်အတွက် mail password လုံခြုံမှုရှိဖို့ အရေးကြီးပါတယ်။ mail password ဆိုတာ blogger တစ်ယောက်အတွက် အသက်လောက် အရေးကြီးပါတယ်၊ ဒါကြောင့် အကြံပြုချင်တာက လွယ်လွယ်ကူကူ တွေ့တဲ့ဆိုင်တိုင်းကို ဝင်မသုံးပါနဲ့၊ သုံးမယ်ဆိုရင်လဲ၊ password ရိုက်ခါနီးကျရင် တစ်လုံးကျော်ဖြစ်ဖြစ်၊ ရိုက်လိုက် ဖျက်လိုက်နဲ့ ဖြစ်ဖြစ်၊ အတတ်နိုင်ဆုံး ခိုးယူလို့ မလွယ်အောင် လုပ်ပြီး သုံးသင့်ပါတယ်…

  • chindwinsayargyi

    April 6, 2011 at 12:36 pm

    မနောဖြူရေ.
    လောကကိုကောင်းအောင်လုပ်တာလဲလူတွေဘဲ.ဆိုးအောင်လုပ်တာလဲလူတွေဘဲ.
    ကိုယ်လောကလေးကိုမပျက်စီးအောင်တော့ကိုယ်လဲသတိလေးထားပြီးလုပ်ပေါ့
    ဗျာ.ဆရာကြီးဆိုတော့ဆရာလုပ်ကြည့်တာပါ.စိတ်ဆိုးနဲ့

  • မမလေး

    April 6, 2011 at 1:48 pm

    မနောဖြူလေး ဆိုင်နာမည်ကို ပြောရင်ပိုကောင်းမယ်ထင်တယ် မမရဲ့ … ဘာလို့လဲဆိုတော့ သူများတွေသွားသုံးရင် သူများတွေလည်း ထပ်ဖြစ်နေမှာစိုးလို့ပါ …

  • aprilfool

    April 6, 2011 at 2:15 pm

    မေးအကောင့်ကျန်ခဲ့ယုံနဲ့ password ကိုမသိနိုင်ပါဘူး သိနိုင်အောင်လုပ့်မယ်ဆိုရင်တောင် တော်တော်လေးအချိန်ယူရမှာပါ ……သက့်သက့်မဲ့ကိုလုပ့်ကြံခဲခဲ့ရတယ်လို့ဘဲပြောရမလိုပေါ့ …ကိုယ်ကိုတိုင်ကလည်း မေ့လျော့လို့မရပါဘူး…ဒါတွေက
    ဖြစ်တတ်တဲ့သဘောတွေပါ .G talk ,Gmail ,လောကတွေမှာပေါ့..ကိုယ်ကိုတိုင်ကလည်း မမေ့ဖို့လိုအပ့်တယ်လိုထင်ပါတယ်…(၄,၅)ရက်ဆက်တိုက်လုပ့်နေတယ်ဆိုရင်တော့….သူစိမ်းတစ်ယောက့်အနေနဲ့ကတော့ ဒီလောက့်ထိ့လိုက်လုပ့်လိမ့်မယ်လို့မထင်ဘူး..အသိတွေထဲကလုပ့်တာမျိူးလည်းဖြစ်နိုင်မယ်လို့ထင်ပါတယ်…ကိုယ့်နာမည်နဲ့ဆိုဒ်တွေလုပ့်ထားတာတို့..နာမည်ရင်းနဲ့အကောင့်လုပ့်ထားတာတို့ဆို ပိုလို့တောင် ကိုယ့်ကိုကာကွယ်မှု့တွေလုပ့်ထားရမှာပေါ့နော်.လုပ့်တဲ့သူတွေအနေနဲ့ကလည်း အဲလိုမျိူးတော့မလုပ့်သင့်ပါဘူး တော်တော်လေးကို ရိုင်းဆိုင်းလွန်းပါတယ်.အထူးသဖြင့် မိန်းကလေးအကောင့်တွေပေါ့ သတိထားရဖို့ ပညာပေးရသွားပါတယ်.တင်ပြလို့ကျေးဇူးလည်းတင်ပါတယ်၊ပြောကြည့်တာပေါ့နော် ပြောမှားတာရှိရင်လည်း sorry ပါနော်…..

  • PaukPhaw

    April 6, 2011 at 2:21 pm

    သူငယ်ချင်းဘလော့ဂ်ဂါ တစ်ယောက်လဲ Password ခိုးခံခဲ့ရဖူးတယ်.နေပြည်တော်ကဆိုင်တစ်ဆိုင်မှာ..ဒါပေမဲ့ အဲသူခိုးက ပို ့စ်တွေတော့လျှောက်တင်၊လျှောက်ပြောတာတော့ ဟုတ်ဘူး..သူ ့ဘလော့ဂ်ထဲက ပို ့စ်တွေလျှောက်ဖျက်၊လျှောက်ကလိတာ..
    ဟီးဟီး……….အဲသလို..

    ခုမနော Password ခိုးတဲ့သူကျတော့ စာရေးဝါသနာပါတယ်နဲ ့တူတယ်..မဖျက်ပဲ လျှောက်လျှောက်ရေးလို ့..
    😛

    ဖြစ်နိုင်ရင် ဆိုင်နာမည်လေးပါပြောကြည့်ပါလား.အဲဒီဆိုင်ကို ရှာင်ရှားပြီးသုံးရအောင်လို ့

    အင်မတန်ဉာဏ်တိမ်တဲ့ သူခိုးလေးဆီက မနောရဲ့ Gmail,Blog Password တွေပြန်ယူထားလိုက်နိုင်တာပဲ ဝမ်းသာရပါမယ်ဗျာ

  • weiwei

    April 6, 2011 at 2:23 pm

    ဒီကိစ္စကရှင်းပါတယ် … မနောက အကောင့်နဲ့ ပက်ဝေါ့ကို သူငယ်ချင်းတစ်ယောက်ကို ပေးမိပြီးမှ အဲဒီလူက သစ္စာဖောက်တာပဲ ဖြစ်ပါလိမ့်မယ် …
    ဂျီမေးလ်ပက်စ်ဝေါ့ကို သိသွားအုန်းတော့ ဆိုဒ်တွေက အကောင့်နဲ့ ပက်ဝေါ့ကိုပါ သိပြီး ပို့စ်ဝင်တင်ဖို့ မဖြစ်နိုင်ပါဘူး …. သူများတင်တယ်လို့ ချက်ခြင်းသိလိုက်တာနဲ့ ပက်ဝေါ့ချက်ခြင်းပြောင်း … သူကြီးဆီတိုင်ကြားလဲရပါတယ် …
    ဂေဇက်ကပြသနာကတော့ သူကြီးက ပိုသိမှာမို့ သူကြီးကိုယ်တိုင် ရှင်းပြပေးပါလို့ တောင်းဆိုချင်ပါတယ် …

  • unclegyi1974

    April 6, 2011 at 3:22 pm

    ဟုတ်တယ်မနောအနေနဲ့မဖြစ်နိုင်ဖူး
    ဒါပေသိကိုယ့်အကောင့်ဖြစ်နေတယ်
    ကိုယ်ဖြေရှင်းရမယ့်တာဝန်ဖြစ်သွားပြီ
    အခုတော့အားလုံးရှင်းသွားပြီ

  • etone

    April 7, 2011 at 1:50 am

    etone အမြင်ကတော့ ဆန်းသစ်တဲ့ ပုံပြင် တပုဒ် နားထောင်နေရသလိုပါပဲ …. ။ ပေါက်ဖော်ပြောတာလည်း သဘာဝကျတယ် … ။ ဟက်ကာတွေ အများစုက နှောင့်ယှက်ချင်လို့ ပဲ သူများ အကောင့်ဝင်သုံးတာပါ… ဒါဆို ဘာလို့များ စာတွေ မဖျက်ခဲ့မိပါလိမ့် …. စာရေးဝါသနာပါတဲ့သူပဲ ဖြစ်ရမယ်ဆိုတာလည်း ဖြစ်နိုင်တယ် … ။ ဒါနဲ့ သဂျီး … IP address တူ တာတွေ ကြည့်မယ်ဆို ဘယ်လို လုပ်မလဲ … ကျမတို့ ရုံးက ဂေဇက်ဝင်သုံးနေတာ ချည်းပဲ 6 ယောက်မက ရှိတယ် … ။ အချိန်ပိုင်း Dr. တယောက်ကလည်း တခါ တလေ ဝင်သုံး လေ့ရှိတယ် … ။ အိုင်ပီတွေ တူနေတာ သတိထားမိတာ ကြာပြီလေ ။

  • nigimi77

    April 7, 2011 at 8:43 am

    ကိုနိုဇိုမီ ပြောတာကို ထောက်ခံပါတယ်။

    “ကိုယ့်နာမည်နဲ့မို့ ကိုယ်တိုင်တာဝန်ယူလိုက်တာပါ။ ” ဆိုတာဟာ လုံးဝ မဖြစ်သင့်ပါဘူး။

    ဒါဟာ ဓါးခုတ်ရာ လက်ဝင်ရှိုသလိုဖြစ်နေပါမယ်။ သူတပါးက အသုံးချခဲ့တယ်လို ့ ဆိုရင်တောင်

    မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို ့ ဆိုလိုရင်တောင် အဲဒီ ကိစ္စ အပေါ်မှာ မိမိ ကြိုးစားခဲ့တဲ့

    ဂုဏ်သိက္ခာ အတွက် ဂဂ နန ရှင်းပြခဲ့သင့်ပါတယ်။ အဲလို မဟုတ်ခဲ့ပဲ ကြားဝင် ကိုယ်စားခံကာ တောင်းပန်ခြင်း

    ဟာ စာပေ မာန ရှိမရှိ ဆိုတဲ့ သံသယကို ဝင်လာစေပါတယ်။ တပါးသူရဲ ့ အသုံးချခြင်းကို ခံလိုက်ရတယ် ဆိုတာ

    ကို သိသိချင်း မူရင်း Post တင်သူအား ၎င်း၊ ဆိုင်ရာ အယ်ဒီတာသို ့ ၎င်း ချက်ချင်း Action ယူ အသိပေးသင့်

    ပါတယ်။ ယခု လက်ရှိ Post ဟာလဲ မနောဖြူလေး အစစ်က တင်တာလား ဆိုတာကို တော့…….:)

    သဂျီးရေ။ လုပ်ပါဦး။ ဘယ်က သကောင့်သားလဲ မသိပါဘူး ကျုပ် Account နဲ ့ ကွန်မန် ့တွေ လျှောက်ရေးနေ

    တာ အလွန် လူချစ်လူခင်ပေါတဲ့ ကျုပ်ကို ဩဘာတွေ ပေးနေကျတယ် ခည… အဟင့်…အဟင့်….။

    🙁

  • nigimi77

    April 7, 2011 at 8:47 am

    အထက်ပါ ကွန်မန် ့သည် ကျွန်တော် နိဂိမိ ၇ရ အစစ် ကိုယ်တိုင် ရေးသားကြောင်း တင်ပြအပ်ပါသည်။ 🙂

Leave a Reply