အိုးထဲက ရေ…..

hmeeApril 6, 20111min16419

လူသားတိုင်း အသက်ရှင် နေထိုင်ရပ်တည်ဖို.အတွက်  အသက်မွေးဝမ်းကျောင်း တခုကိုတော့ဖြင့် မဖြစ်မနေ လုပ်ကိုင်ကြပါတယ်။  တချို.ကတော့ သမာအာဇီဝနဲ. စီးပွားရှာသလို တချို.ကတော့ ဝိသမလောဘနဲ. ရှာကြပါတယ်။ သမာအာဇီဝနဲ. စီးပွားရှာတိုင်းလည်း မိမိရဲ.ပင်ကိုယ် စိတ်ဓါတ်မကောင်းလျှင် ကောင်းသော်အသက်မွေးခြင်းလို. မဆိုနိုင်ပါဘူးလို. ကျွန်မကတော့ ယူဆမိပါတယ်။

မိမိရဲ. အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ရန်အတွက် မိမိကိုယ်တိုင်သာ ကြိုးစားရမှာ မလွဲပါဘူး။  ကျွန်မလည်း ဘွဲ.လေးတခုရတော.ဖြင့် ကျောင်းသားဆိုပြီး မိဘပိုက်ဆံ လက်ဖြန်.တောင်းလို. မရတော.တာနဲ. ဝင်ငွေရမဲ. အလုပ်တခုလောက် လုပ်ဖို. စဉ်းစားရပြီပေါ့။ ဘယ်လိုအလုပ်လုပ်ရမလဲလို. စဉ်းစားရတာရယ် မဖြစ်နိုင်ဘူး၊ အင်း…ငါနဲ.တော. ရမယ်မထင်ဘူး  စသည်ဖြင့် တွေးလိုက် ကိုယ်.ဖာသာပြန်ငြင်းလိုက်နဲ. ခေါင်းတွေပူပြီး တခါတခါ ခေါင်းကမီးခိုးတောင် ထွက်ပြီလား ထင်မိပါတယ်။  ဘယ်အလုပ်ကများ ရေရှည်အတွက် ကောင်းလဲလို.  တိုင်ပင်တော.လည်း  အကြံပေးတာကို မကြိုက်လို. ပယ်ချလိုက်တာ များလာတဲ့အခါမှာတော. သူငယ်ချင်းများ၊ ဆွေမျိုးများက  ပြောလည်းလုပ်မှာမှ မဟုတ်တာလို. တညီတညာတည်း  အသံတူထွက်လာကြပြီး  ထပ်ပြီး အကြံကို မပေးကြတော.ဘူး။ သူတပါး အထက်ကလားဆိုတော. မဟုတ် လက်အောက်ခံလားလို. မေးရင်လည်း  လယ်ပိုင်ယာပိုင်ရှိတဲ. အဆင်ပြေတဲ့ မိဘကမွေးပြီး တောသူစိတ်ရှိလို. သူတပါးလက်အောက်ခံလည်း မလုပ်နိုင်နဲ. အထက်မရောက် အောက်မရောက်  ဇော်ကန်.လန်. ဖြစ်နေတော.လည်း ခက်သားလား။  နိုင်ငံဝန်ထမ်းဖြစ်ဖြစ်  ကုမ္ပဏ္ဍီ ဝန်ထမ်းပဲဆိုဆို အထက်လူကြီး အမိန်.ကို နာခံရပြီး “ပညာရှာ ပမာသူဖုန်းစား” ဆိုသကဲ.သို. ဘယ်လိုပဲဖြစ်ဖြစ် အောက်ကျကတော. ခံရမယ်ဆိုတော. အောက်မကျို.ချင်တဲ. ဆောင်.ကြွားကြွားမို. ဝန်ထမ်းကလည်း မလုပ်လိုပြန်နဲ. ရွေးရဆယ်ရ အတော်ခက်နေတာပေါ့။ အဲ..တနေ.တော. အထက်တန်းမှာ အတူတူ ကျောင်းတက်ခဲ.တဲ. သူငယ်ချင်းနဲ. အမှတ်မထင်ပဲ ပြန်တွေ.လို. သူပေးတဲ.အကြံကိုတော.ဖြင့်  အတော်သဘောကျပြီး ကျွန်မနဲ.လည်း အဆင်ပြေမဲ့ အလုပ်လို. တွေးမိပြီး သူ.အကြံကို အကောင်အထည်ဖော်ပါတော.တယ်။

အဲဒါကတော. စတိုးဆိုင်လေး ဖွင့်ပြီး စီးပွားရှာမဲ. အလုပ်ပါ။  အိမ်ကိုပြောပြတော.  မိဘတွေကလည်း ငွေထုတ်ပေးမယ် ဒါပေမဲ့  အခက်အခဲ ကြုံလာတဲ့အခါ စိတ်မလျှော.ရဘူး အောင်မြင်အောင် ကြိုးစားရမယ်လို. ကတိတောင်းတဲ့အခါ ကိုယ်ကလည်း စိတ်ဓါတ် တက်ကြွနေတော. အာမဘန္တေ ခံတာပေါ့။ လုပ်ငန်းအောင်မြင်လာတဲ့အခါမှာ မတည်ငွေကို ပြန်ပေးနိုင်ရင် ဆိုင်ကို မိမိအပိုင် ယူနိုင်တယ်လို.ပါ ထပ်လောင်းပြောလိုက်တဲ့အခါမတော. အားတက်ပြီး လုပ်ကိုလုပ်မယ်လို. သံဓိဋ္ဌါန်ချပြီး ကြိုးစားပါတော.တယ်။

သူငယ်ချင်းက မိဘမျိုးရိုးကိုက ကုန်သည်မို. လုပ်ငန်း အတော်ကျွမ်းကျင်သူပါ။ ကျွန်မကိုလည်း လိုအပ်တာတွေ မှန်သမျှကို အစစအရာရာ နှုတ်၏ဆောင်မခြင်း လက်၏ဆောင်မခြင်း နှစ်မျိုးလုံးနဲ. စိတ်ရော ကိုယ်ပါ ကူညီပါတယ်။ လုပ်ငန်း လိုအပ်တာမှန်သမျှနဲ. လုပ်ကိုင်ရမှာတွေကို ပြောပြ လိုက်ပြနဲ. တော်တော်လည်း အားကိုးရတာပါ။ ဒါပေမဲ. တကယ်လက်တွေ. လုပ်ကိုင်ရတာက လုပ်ငန်းမကျွမ်းကျင်သေးတဲ. ကျွန်မ ကိုယ်တိုင် ဖြစ်နေတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲလေးတွေနဲ. အတော်ကို ကသီလင်တ ကြုံရတယ်။

ပထမဆုံး အခက်အခဲကတော. ဆိုင်နေရာပါပဲ။ လူသွားလူလာများတဲ. နေရာ ကိုယ်ရောင်းမှာကို ဝယ်နိုင်တဲ့ လူတန်းစား ခပ်များများ ရှိမဲ.နေရာ စသည်ဖြင့် ထည့်သွင်းစဉ်းစား ပြီး  အရမ်းချမ်းသာသူ၊ အရမ်းဆင်းရဲသူ မများတဲ့  လူလတ်တန်းစားများတဲ့ လူစည်ကားရာနေရာကို ရွေးရတော. တော်တော်နဲ. နေရာရှာမတွေ.ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းကပဲ တွေ.ပြီးပြောပြလို. ကိုယ်တိုင်သွားကြည့်တော.  နေရာလေးလည်းသန်.၊ ဆိုင်လေးကလည်းသန်. လူသွားလူလာများတဲ့ လမ်းဆုံလည်းဖြစ် ကိုယ်နဲ. ပစ္စည်းတူတဲ့ ဆိုင်ကလည်း ခပ်လှမ်းလှမ်းမှာ တဆိုင်တည်းရှိလို. အရမ်းကို သဘောကျမိတယ်။ ဒါနဲ. ဆိုင်ခန်းပိုင်ရှင်နဲ. တွေ.ပြီး အခန်းငှါးခ စကားပြောကြည့်တော့လည်း မိမိမှန်းထားသလောက်နဲ. သိပ်မကွာတာမို. ချက်ချင်းပဲ ငှါးဖို.ဆုံးဖြတ်ပြီး စာချုုပ်ချုပ်လိုက်ပါတယ်။

ဆိုင်ခန်းလည်းရပြီမို.  လိုအပ်တာတွေဝယ် ဆိုင်ကိုပြင်ဆင်ပြီးတဲ့အခါ လိုင်စင်လည်း လျှောက်ထားပြီမို. ဆိုင်စဖွင့်လိုက်တဲ့ အခါမှာတော. ပြသာနာက စတော.တာပါပဲ။ ဆိုင်ကိစ္စနဲ. လိုအပ်တာတွေကို ဘယ်လိုရောင်းရ ဝယ်ရတယ် ဆိုတာရယ် လူမှုဆက်ဆံရေးရယ် ကိုတော.ဖြင့် သူငယ်ချင်းက ပြောပြပေမဲ. အခုကြုံရတဲ့  အဖြစ်ကိုတော့ဖြင့်  သူလည်းမကြုံဘူးလို.  အကြံမပေးတတ်ဘူးလေ။  ကျွန်မလည်း  တသက်နဲ.တကိုယ်  တခါဆိုတခါမှတောင် ရန်လည်းမဖြစ်ဘူး ကြုံလည်းမကြုံဘူးတော. လန်.သွားပေမဲ့ မှင်သေသေနဲ. ခပ်တည်တည် မမှုသလို နေနေရတယ်။ အဖြစ်ကတော. ကျွန်မနဲ. ကုန်ပစ္စည်း တူတဲ. တဆိုင်ဆိုမှ တဆိုင်တည်းသော ဆိုင်က ဆိုင်ပိုင်ရှင်က ကျွန်မကို ဒီနားမှာ  မရောင်းပါနဲ.  တခြားရပ်ကွက် (သို.) တခြားနေရာမှာ ပြောင်းပြီးရောင်းပေးပါတဲ့ ပြောလို.မရရင် ရုံးတိုင်မယ် လို.ပါ ဆိုင်ရှေ.ကနေ ချဲလင်းလုပ်ပါတော.တယ်။ ကဲ…တရားပါသလားရှင်။  သမုဒ္ဒရာရေပဲ ဘယ်သူသောက်သောက် ကုန်နိုင်ရိုးလား  ကိုယ့်မိတ်နဲ.ကိုယ် ရောင်းတာပဲ သူကလူဟောင်း ကျွန်မလို လူသစ်တယောက်ကို ကြောက်စရာလား။

တခုတော. ပြောစရာရှိတာပေါ့ ကျွန်မက ရောင်းတဲ့အခါမှာ ကိုယ်ခြင်းစားစိတ်ရယ်၊ စေတနာရယ်၊ အပြုံးချိုချိုရယ်ပါ  အပိုထည့်ပေးတော. နေ.ခြင်း ညခြင်း ဖောက်သည်တွေက ကျွန်မဆိုင်ကိုပဲ တကူတက လာဝယ်ကျတယ်လေ။  ကျွန်မဆိုင်မဖွင့်သေးရင်လည်း တခြားဆိုင်မှာ မဝယ်သေးပဲ ကျွန်မ ဆိုင်ဖွင့်တာကို စောင့်ပြီးမှ လာဝယ်တတ်တာက ကျွန်မရဲ.နှုတ်ချိုချိုကို သဘောကျလို. လာဝယ်တယ် ဆိုပေမဲ့ သူ.အတွက်တော. မျက်စေ.ဆံပင်မွှေးစူးစရာ ဖြစ်ပြီး ကျွန်မ အသံက သူ.အတွက်တော. နားဝင်မချိုနိုင်တဲ့ အသံ ဖြစ်နေပုံ ရပါတယ်။ ကျွန်မဆိုင်မှာ ဝယ်သူများပြီ ဆိုရင်ဖြင့် ဆိုင်ရှေ.ကနေ  ကိုယ်အမူအရာရော နှုတ်အမူအရာပါ ရိုင်းရိုင်းပြပြ လာပြောတော.တာပဲ။ ဘေးပတ်ဝန်းကျင်ဆိုင်တွေ နဲ. ဝယ်နေကျဖောက်သည်တွေ၊ ဝန်ထမ်းကလေးတွေက ကျွန်မကိုယ်စား သည်းမခံနိုင်အောင် ဒေါသထွက်လို. ပြန်တုန်.ပြန်ဖို. ကျွန်မကို အကြံပေးကြပေမဲ.  ကျွန်မကတော. ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ်.ထံပြန်လာမည်  ဆိုတဲ့စကားလေးလို သူပြုတဲ့ကံ သူ.ထံပြန်သွားပါလိမ့်မယ် ကျွန်မ မယူရင် သူ.ထံမှာသာ ကျန်မှာပါလို. ပြန်လည် ဖျောင်းဖျ ပြောဆိုရပါတယ်။  တခါတခါတော. လူငယ်ပီပီ အတော်ခံပြင်းပေမဲ့ သူဒီလိုဖြစ်ပြီး ပြုမူနေလို. တခြားသူတွေက ကိုယ့်အပေါ် ဂရုဏာသက်ပြီး ပိုရောင်းကောင်းသလားလို.လဲ တဆက်တည်း တွေးမိပြီး စိတ်သက်သာရာ ရသွားပြီး နေသာထိုင်သာ ရှိသွားပြန်ရော။

ကျွန်မက ဘာမှ မတုန်.ပြန်တော. သူက တဆင့်တက်လာပြန်ပါတယ်။ ရပ်ကွက်ရုံးက ဆင့်ခေါ်စာ ရောက်လာတော.မှ   ဟ…ဒီလူကြီးတော. လုပ်ချလိုက်ပြန်ပြီလို. တွေးရင်းနဲ. သူ.ကိုလည်း တော်တော်လေး သနားစိတ်ဝင်မိသွားတယ်။  မနာလို ဝန်တိုစိတ်မီးဟာ သူ.ကို အတော် တောက်လောင် နေပုံရတယ်လို. စဉ်းစားမိပြီး တသက်နဲ.တကိုယ် တခါမှ ပြစ်မှုနဲ. မရောက်ဘူးတဲ့ ရုံးက ဆင့်ခေါ်ခြင်း ခံရတာတောင် ဒေါသစိတ်မထွက်မိပဲ ဝန်တိုခြင်းဒေါသနဲ. အမှားအမှန် မဆင်ခြင်နိုင်ပဲ  လုပ်မိလုပ်ရာလုပ်နေတဲ့ သူ.ကိုပဲ သနားဂရုဏာ ဝင်မိနေတာပါ။ ငါနဲ. ကုန်ပစ္စည်းတူ ရောင်းသူ ငါ့ရန်သူလို.သတ်မှတ်ပြီး  ဝန်တိုခြင်းစိတ်နဲ. လုပ်လေ မှားလေမို.  တခြားသူတွေကလည်း  သူ.ရဲ.လောဘ၊ ဒေါသ တွေကို မြင်ပြီး ဆက်ဆံဖို. ရွံလာပြီး သူ.ကို ပိုရှောင်လာတာပေါ့။ အဲဒါတွေ ထားပါတော.  ရုံးကချိန်းတဲ့အချိန် ကျွန်မနဲ. ကျွန်မအစ်ကိုကြီး ၊ ကျွန်မ မောင်လေး သုံးယောက်သား သွားခဲ့ပါတယ်။ ရုံးရောက်တော. ရပ်ကွက်လူကြီးက ဖြစ်နေတဲ. ပြသာနာကို ပြေလည်အောင် မျက်နှာခြင်းဆိုင် ညှိုနှိုင်းဖြေရှင်း ပေးပါတယ်။ ကျွန်မတို. မောင်နှမသုံးယောက်လုံး လူငယ်ဖြစ်ပေမဲ့  ပြေပြေလည်လည် ဖြစ်အောင် ချိုချိုသာသာနဲ. သေချာရှင်းပြတော. ရပ်ကွက်လူကြီးလည်း ပြသာနာရင်းမြစ်ကို သဘောပေါက် နားလည်လာပါတယ်။ တဘက်က လူကြီးကိုလည်း ကျွန်မတိုု.လည်း တရားဝင် ရောင်းခွင့်နဲ. ရောင်းတာမို. ဥပဒေမဲ့ နှင်ထုတ်ခွင့် မရှိသလို  နှင်ထုတ်လို.လည်း မရပါဘူးလို. ပြောပြပြီး အဆင်ပြေအောင် ညှိုနှိုင်းပေးပေမဲ့ တယူသန်ကြီးနဲ. ဆိုင်ဖယ်ပေးရမယ် ဒိနေရာမှာ မရောင်းရဘူးပဲ တွင်တွင်ပြောနေတာမို. ပြသာနာက မကြေလည်ပါဘူး။ ဘယ်လိုမှ ပြောမရတာ နောက်ဆုံးတော. ရပ်ကွက်လူကြီးက ပြောပါတယ် “ ခင်ဗျားကလည်းဗျာ သမုဒ္ဒရာရေပဲ  ဘယ်သူသောက်သောက် မကုန်နိုင်ပါဘူး” လို. ပြောလိုက်တယ် ဆိုရင်ပဲ ဟိုလူကြီး ပြန်ပြောလိုက်တဲ့ ခွန်းတုန်.ပြန် စကားကြားလိုက်ရလို. ရပ်ကွက်လူကြီးခမျှာ  ပါးစပ်ဟပြီး မျက်လုံး အဝိုင်းသားနဲ.ခဏမျှ ကြောင်သွားသလို ကျွန်မတို. မောင်နှမတွေလည်း အံ့ဩလွန်းလို. တော်တော်နဲ. စကားပြန်ပြန်မပြော နိုင်တော့ပါဘူး။ သူက ဘာပြောလဲ ဆိုတော. “ဘယ်ကလာ သမုဒ္ဒရာရေ ဖြစ်ရမလဲ  အိုးထဲကရေဗျ ကျုပ်တယောက်ပဲ သောက်မယ် ဘယ်သူမှ မသောက်ရဘူးတဲ့” ရှင်။

ကဲ.. ့ကျွန်မ မပြောခဲ့ဘူးလား ဒီလိုလူမျိုးတွေကိုဆို သမာအာဇီဝနဲ. စီးပွားရှာပေမဲ့ ပင်ကိုယ်စိတ်ကမှ ငါနဲ. စီးပွားတူသူ ငါ့ရန်သူလို. မှတ်ယူပြီး သူတပါး အကျိုးပျက်စီးရာ ပျက်စီးကြောင်းပါ ကြံစည်လုပ်ကိုင်တဲ့ အထိ အတ္တကြီးနေမှတော. ကောင်းသော အသက်မွေးခြင်းလို. ဆိုနိုင်ပါဦးမလားရှင်။

19 comments

  • noob

    April 6, 2011 at 1:01 pm

    ဒီဘဲကြီး အကျင့်လဲမကောင်းဘူး ကလေးကျနေတာပဲ

  • eros

    April 6, 2011 at 1:23 pm

    hmee ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်ပါလား။ တော်တော် ဆိုးရွားတာပဲ။

  • ဆူး

    April 6, 2011 at 1:29 pm

    လမ်းမပေါ် ချထားတဲ့ အိုးထဲက ရေ ဆို လူတိုင်း သောက်ခွင့် ရှိတာဘဲ။
    စိတ်ဓါတ်ကောင်းရင် အလိုလို ကံတရား လိုက်လာ ကြာတာပါဘဲ။

  • nature

    April 6, 2011 at 3:13 pm

    တအိုးလုံးတခါတည်းကုန်အောင်သောက်ခိုင်းလိုက်ပါလား၊

  • ငှက်ကြီး

    April 6, 2011 at 3:45 pm

    ဒီလိုလူမျိုးတွေ အပြင်မှာ အများကြီးရှိပါတယ်။
    တစ်ချို့တွေဆို အသားတွေပါ ဆပ်ဆပ်တုန်နေပြီး မျက်လုံးတွေက ကျွတ်ထွက်တော့မတက် လူကိုဝါးစားတော့မလို လောက်ထိ မနာလိုဖြစ်တဲ့သူတွေတောင် တွေ့ဖူးပါတယ်။
    အမှန်တော့ သူတို့တွေဟာ မိသားစုနဲ့နီစပ်သူတွေဆီက ကူးစက်လာတဲ့ စိတ္တဇဝေဒနာသည်တွေပါ။

  • padonmar

    April 6, 2011 at 5:32 pm

    ကောက်သော်စားမလောက်၊ဖြောင့်သော်စားမကုန်။

  • kai

    April 6, 2011 at 6:30 pm

    ယူအက်စ်မှာတော့.. ဘစ်ဇနက်တူနေရင်.. အနီးအနားအချင်းချင်း(သတ်မှတ်ထားတဲ့.. လူဦးရေ.နယ်နမိတ်)ဆို.. လိုင်စင်ချပေးဖို့တော်တော်စဉ်းစားတယ်..။
    ရီတေး လက်လီအရောင်းမျိုး(ကြီးကြီး)ဆိုရင်.. ဘေးကပ်ရပ်အလုပ်တွေ..အိမ်တွေဆီကပါ မှတ်ချက်လှမ်းတောင်းတယ်..။
    စတိုးဆိုင်အကြီးစားကြီးဆိုရင်တော့.. မြို ့နယ်အထိ.. ပတ်ဗလစ်လုပ်ပြီး ..မှတ်ချက်..ကန့်ကွက်စာတွေတောင်းတယ်..။

    ပြီးမှ.. လိုင်စင်ပေးတာ..။
    ဆိုတော့..
    လိုင်စင်ရပြီးမှ ..အခုလိုကြုံရင်တော့.. ဗီဒီယိုရိုက်ပြီး ..တရားစွဲရုံပဲ..။
    မီဒီယာကို ပို ့ပေးလိုက်လည်းရတယ်..။ သူ့ဘစ်ဇနက် ပြုတ်သွားမှာပေါ့..။

  • MaMa

    April 7, 2011 at 1:01 am

    ပါမောက္ခချုပ်ဆရာတော် ဟောထားတဲ့ တရားတစ်ပုဒ်မှာ လူရယ်လို့ ဖြစ်လာရင် စီးပွားရှာတတ်တဲ့ မျက်လုံးတစ်လုံးရယ်၊ ကုသိုလ် အကုသိုလ်ဆိုတဲ့ တရားသိတဲ့ မျက်လုံးတစ်လုံးရယ် ရှိတဲ့ နှစ်ဖက်မြင်ပုဂ္ဂိုလ် ဖြစ်ဖို့လိုတယ်တဲ့။ စီးပွားရှာတတ်သော်လည်း တရား၏ မတရား၏ဆိုတာ မသိပဲ စီးပွားရှာရင် ဒီဘဝအတွက်တော့ ကောင်းပါရဲ့၊ နောင်သံသရာအတွက် ကြောက်စရာကောင်းတယ်။

  • လင်းဝေကျော်

    April 7, 2011 at 3:28 am

    တကယ် စိတ်ဓါတ်အောက်တန်းကျတဲ့ လူကပ်တွေပါလား။
    တကယ်ပါပဲ အဲသလိုလူတွေများတယ်။ အရူးတွေလေ။
    ရပ်ကွက်လူကြီးက မှန်နေလို့တော်သေးတယ်။

  • bigcat

    April 7, 2011 at 3:54 am

    ့နာမည်အတိုကောက် ‘မှီ’ ဆိုတာ့ မယွန်းမှီမှီ ၊ မမြမှီ လားတခုခုပဲ။
    စာထဲမှာပါတဲ့အတိုင်း ကိုယ်နဲ့ပစ္စည်းတူရောင်းသူက ကန့်ကွက်နိုင်ဖို့ဆိုရင် ခိုင်လုံတဲ့အကြောင်း ရှိရပါမယ်။ ဥပမာ – သူ့နဲ့မှီ့ဆိုင်ခန်းပိုင်ရှင်က တဦးထဲဖြစ်တယ်။ သူ့ဆိုင်ခန်းငှားစဉ် (သို့) ဝယ်စဉ်မှာ အခန်းပိုင်ရှင်ကို သူဆိုင်အကြောင်း တိတိကျကျပြောပြီး ဒါ့အတွက် ငှား (သို့) ဝယ်ခဲ့မယ်၊ ပုံစံတူဆိုင်မျိုးကို နှစ်အကန့်အသတ် တခုအတွင်း ဘယ်သူ့ကိုမှထပ်ဖွင့်ဖို့ အခန်းမငှား (သို့) ကိုယ်တိုင်လည်း မလုပ်ပါဘူးလို့ တားမြစ်ထားခဲ့မယ်ဆိုရင် ဥပဒေအရ သူ့မှာလုပ်ခွင့် ရှိသည်။
    ဒါပေမဲ့ တကယ်တမ်း သက်ဆိုင်ရာက အရေးယူပေးဖို့တော့ တော်တော်ခက်မယ် ထင်ပါတယ်။ မြန်မာပြည်မှာကတော့ ခက်ချင်လည်း ဗိုလ်ချုပ်မှူးကြီးအထိ တင်ပြရမှာမိုလို့ မလွယ်နိုင်၊ လွယ်ရင်လည်း ခုချက်ခြင်း ရဲနဲ့လာဆွဲချနိုင်တာမိုလို့ မေတ္တာစိတ်လေး မွေးထားတဲ့အပြင် နားစွင့်ဖို့ပါ လိုမယ်ဖြစ်ကြောင်း အကြံပြုလိုက်သည်။ စီးပွားရေးလုပ်ငန်း ဥပဒေအတိုင်ပင်ချ သီရိပျံချီ အဂ္ဂမဟာ သတိုးရာဇာ မင်းလှကျော်ခေါင် ဦးကြောင်ကြီး (ဘီအီး ဘီပိုး၊ အာတကေ အာရွှီး)

  • etone

    April 7, 2011 at 6:57 am

    အလကားပါ အစ်မရေ … ဂရုစိုက်မနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ် … ။
    အစ်မတို့ဘက်က အေးလို့ ဒီလူ ယောက်တက်လာတာ … ။ ကိုယ်ကလည်း ထိရဲထိကြည့် မီးပွင့်သွားမယ်ဆိုလျှင် ဒီကောင်များ နည်းနည်းဖြုံမလား မသိဘူး … ။ ဈေးရောင်းတာ ဘာဖြစ်လဲ သူ့ဆိုင်နဲ့ မျက်နှာချင်းဆိုင်သွားဖွင့်တောင် သူ့မှာ ပြောပိုင်ခွင့်မရှိဘူး … ။ ဒီအတွက် ဘာမှ စိတ်သောက ဖြစ်စရာမလိုဘူး အနေကြပ်စရာလည်း မလိုဘူးနော် … ။ လေနဲ့ ပြောတာ ပြောပါစေ … တခုခု ချောင်းလုပ်ကြံတာတို့ ကိုယ်ထိလက်ရောက် လာလုပ်လျှင်တော့ ဂရုဏာ မထားပဲ ပြတ်ပြတ်သားသား ထိထိမိမိ ဖြေရှင်းပါလို့ပဲ အကြံပေးလိုက်ချင်ပါတယ် ။

  • hmee

    April 7, 2011 at 7:20 am

    @ ကိုခိုင် လိုင်စင်လျှောက်တော. ဆိုင်ရဲ. ဘေးဖက်တဘက်ကို ၁ဝဆိုင် ထံမှ ထောက်ခံကြောင်း လက်မှတ်တောင်းရပါတယ်။ အဲဒါပါမှ ရပါတယ်။ နောက်တခု ဗဟုသုတအဖြစ် ပြောပေးတာပါ လိုင်စင်လျှောက်ရင် တလပိုင်းလောက်လျှောက်တာအဆင်ပြေပါတယ်။ ၄လပိုင်းဆို ချပေးတယ်။ အဲဒီလိုမဟုတ်ပဲ ဆိုင်ငှါးတာက ၉ လ ၁ဝလ ပိုင်းကစငှါးတယ်ဆို လိုင်စင်မကျသေးတာ စောင့်နေရင် ဆိုင်လခ အလကား ကုန်ပါတယ်။ လစာအများကြီး ပေးရတာဆို ၆လလောက် အလကားပေးနေရတာပါ။ တကယ်ကို စိတ်သောက ရောက်ရပါတယ်။ @ကိုကြောင်ကြီးရေ သူက ဘယ်နေလိမ့်မလဲ ရဲခေါ်လာပြီး ဆိုင်ပေါ်တက် မွှေသေးတာ ဆိုင်လိုင်စင်က သပ်သပ် ယမကာလိုင်စင်က သပ်သပ် အခွန်ဆောင်ရတယ်လေ။ အဲဒီမှာမှ နိုင်ငံခြားအရက် ပါတယ်ဆို သပ်သပ် အခွန်ဆောင်ရတယ်။ ဆိုင်မှာက သူငယ်ချင်းအကူအညီနဲ. အားလုံးတရားဝင် လိုင်စင်ရှိတယ်။ တကယ်လို. မှီ တို.မှာသာ အဲဒီလို လိုအပ်တာတွေ မပြည့်စုံရင် ဆိုင်ပိတ်ရအောင်ကို လုပ်တာ အဲဒီအကြောင်းတွေ ထည့်ရေးရင် ဇာတ်နာနေမှာ စိုးလို. ထည့်မရေးတာပါ။ တချိုနေရာမှာဆို ဆိုင်ခြင်းကပ်လျှက် ပစ္စည်းလည်းတူတူပဲ ဒါပေမဲ့ ချစ်တာမှ ကုန်တောင် အတူတူ သွားဝယ်တာပါ။ လူအမျိုးမျိုး စိတ်အထွေထွေပါ။ စိတ်ထားတာခြင်း မတူလို.ဖြစ်မယ်။ လူတိုင်းမှာ လောဘ ရှိပေမဲ့ အများလူသူ မြင်မကောင်းအောင် လောဘ အပြင်မထွက်သင့်ပါဘူး။ လောဘရှိနေရင်တောင် အများအမြင်မှာ မရိုင်းအောင် ပညာန.ဲ ထိန်းသင့်တယ်လို. ထင်ပါတယ်။ ဒါမှလည်း လူပီသမှာပေါ့။

    • kai

      April 7, 2011 at 7:49 am

      ပြန်စာအတွက်ကျေးဇူးပါ..။
      စကားမစပ်… အခုဆိုင်ဖွင့်တယ်လို့ပြောတာ.. မြန်မာပြည်ပါနော..။
      မှီမမ ရဲ့…အိုင်ပီက ပြနေတာ.. ဂျူးတွေတိုင်းပြည်ဖြစ်နေလို့..။

      • etone

        April 8, 2011 at 3:05 am

        ဗျို့သူကြီး အီးတုံး အိုင်ပီကိုရော ကြည့်ပါဦး လကမ္ဘာပေါ်ကရေးနေဒယ် … 😀

    • eros

      April 7, 2011 at 9:34 am

      ဆိုင်ရဲ. ဘေးဖက်တဘက်ကို ၁ဝဆိုင် ထံမှ ထောက်ခံကြောင်း လက်မှတ်တောင်းရပါတယ်။

      ဆိုတာက အခြား၁ဝဆိုင်ဆီက လက်မှတ်တောင်းခဲ့တယ်ပေါ့။ သူ့ဆိုင်မပါဘူးပေါ့နော်။ အင်း သူ့ဆိုင်ကသာတောင်းခဲ့ရင် လိုင်စင်မရခင် ကတည်းက ဒန်တန့်တန်ဖြစ်မှာ သေချာတယ်။

      မြန်မာတွေ တိုးတက်မှုနှေးကွေးတာလဲ မပြောနဲ့။ ပိုကောင်းအောင် ယှဉ်ပြိုင်မယ် မရှိဘူး သူတပါးကို ဘယ်လို အကျင့်ယုတ် တိုက်ခိုက်ရမယ်ပဲ စဉ်းစားတယ်။ မြန်မာပြည်က service တွေကလည်း တကယ့် poor service တွေပဲ။ အသိနိုင်ငံခြားသားပြောဘူးတယ် တကယ်လွတ်လွတ်လပ်လပ် နဲ့ ဒလဟော ဝင်လုပ်လို့ ရတဲ့ အခြေအနေမျိုးဆိုရင် နိုင်ငံခြားက နိုင်ငံတကာ ဝန်ဆောင်မှုနဲ့ ငွေအရင်းအနှီးများများ နဲ့ ဆိုရင် မင်းတို့တိုင်းပြည်ကို အကုန်လက်ဝါးကြီးအုပ်လို့ရတယ်တဲ့။ အကုန် နိုင်ငံခြားသားဆီမှာ လခစားလုပ်ရမယ်တဲ့။ အခုအချိန်မှာ ကိုယ်က တိုးတက်အောင်လုပ်ထားရမယ်တဲ့။ တိုးတက်အောင်ဆိုတာက good customer service, ways of marketing, investment, management, human resource ပါ။ အခုပဲကြည့် mhee ရဲ့ customer service ကောင်းလို့ market lost ဖြစ်သွားပြီ။ မဟုတ်တရုပ် တိုက်ခိုက်နေလို့ သူ့ market ပြန်ရလာမလား ဝေးသေးတယ်။

  • hmee

    April 7, 2011 at 7:59 am

    ဟုတ်တယ် ခဏရောက်နေတာပါ။ နှစ်ပြည့်ရင်တော. ပြန်ရမယ်။

    • bigcat

      April 8, 2011 at 1:27 am

      ဦးမော့ဆက်ဆီမှာ သင်တန်းတက်နေတာထင်တယ်။ လေးစားပါတယ်။

  • nigimi77

    April 7, 2011 at 8:06 am

    ဒါဆို ပဝေသဏီက ဇာတ်လမ်းပေါ့။

Leave a Reply