ကထူးဆန္းMarch 27, 20131min21525
( ကျွန်တော် တို့ ရွာသားကြီး ကိုထွန်းဝင်းလတ် မှ တင်ပေးဖို့ အကူ အညီတောင်းလာသော ကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါသည် ။) ရွာကလေးက အနာဂတ်ကြယ်လေး၏ ရင်ဖွင့်သံ…. ကျနော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဖားပန်အေးချမ်းကျေးရွာက ကျောင်းသားလေးတစ်ယောက်ပါ… ကျနော်ဒီနှစ် ဂရိတ်တူးခေါ်တဲ့ ပထမတန်းစာမေးပွဲကို ဖြေဆိုထားပါတယ်…ကျနော့်နာမည်လေးကတော့ မောင်အောင်ဘုပါ… ကျနော်မှာ ညီလေးတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်…ညီလေးကတော့ ဒီနှစ် ဂရိတ်ဝမ်းခေါ်တဲ့ သူငယ်တန်းပေါ့…ညီမလေးကတော့ ငယ်သေးတယ်.. အဖေ့နာမည်ကတော့ ဦးပျဉ်းမောင်ပါ နာမည်ကြောင့် ဦးဦးဒေါ်ဒေါ်တို့က ကျနော့်အဖေကို လူပျင်းကြီးလို့ မထင်ကြပါနဲ့နော်…သားအဖေက ရွာမှာ ကျုံရာကျပန်းအလုပ်တွေလုပ်ပါတယ်…မိုးရာသီမှာ သူများလယ်တွေမှာ သူရင်းငှားလုပ်တယ်..လယ်တွေစိုက်ပြီးရင် တောထဲတောင်ထဲမှာ ဖားရှာငါးရှာတာပေါ့..အမေ့နာမည်ကတော့ ဒေါ်ပုလို့ခေါ်ပါတယ်…အမေကတော့ ကျနော်တို့ မောင်နှမသုံးယောက်နဲ့ အဖေအတွက် ချက်ရေးပြုတ်ရေးကို တာဝန်ယူတဲ့အပြင် အားလပ်တဲ့ အချိန်တွေမှာ တောထဲကို […]