လင်းဝေMarch 25, 20111min672
ကိုယ့်ကိုကိုယ် သပ်ရပ်ခန့်ငြားမှုမရှိဘူးလို့ထင်ရင် နည်းနာယူဖို့ ဆက်ဖတ်ပါ။ မခန့်ငြားမသပ်ရပ်လည်း ဘာမှ မဖြစ်ဘူး လို့ ထင်ရင်လည်း ဆက်ပြီး ဖတ်ပေးပါဦး။ သပ်ရပ်ခန့်ငြားပြီးသား လူများလည်း ကိုယ့်သူငယ်ချင်း၊ ညီ၊ညီမ နဲ့ တူ၊တူမ များကို သွန်သင်ဖို့ ဆက်ဖတ်သင့်ပါသေးတယ်။ ဘယ်လိုမျိုး စတိုင်ကျကျ(ပဲများတာ ဟန်များတာ၊ အပေါ်ယံဆန်ဆန် ရှိုးထုတ်တာမျိုးကို မဆိုလို) နဲ့ သပ်ရပ်ခန့်ငြားပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတည် ဆောက်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ… ရုပ်မချောလည်း ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်အောင်လုပ်လို့ရတယ်။ ကိုယ်ရည်ကိုယ်သွေးဆိုတာ စိတ်ဓါတ်နဲ့ မိမိကိုယ်ကို ယုံကြည်မှုအပေါ်တည်ပါတယ်။ ဝတ်စားဆင်ယင်မှုသပ်ရပ်သန့်ရှင်းဖို့ ကောင်မွန်စွာဝတ်စားဖို့လည်းပါတာပေါ့။ ကောင်းမွန်သပ်ရပ်သန့်ရှင်းဖို့ဆိုတာ ပိုက်ဆံများများပေးပြီးမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ငွေကြေးတတ်နိုင်မှုအပေါ်မူတည်ပြီး အဝတ်အစား အသုံးအဆောင်ကို ရိုသေစွာ သိမ်းဆည်းတာ။ သေချာ လျှော်ဖွပ် မီးပူတိုက်ပြီး ဝတ်ဆင်တာက စလို့ […]