လူငယ်များ ခန့်ငြားသပ်ရပ်သော ကိုယ်ရည်ကိုယ်သွေး ရစေရန်

လင်းဝေMarch 25, 20111min662

ကိုယ့်ကိုကိုယ် သပ်ရပ်ခန့်ငြားမှုမရှိဘူးလို့ထင်ရင် နည်းနာယူဖို့ ဆက်ဖတ်ပါ။ မခန့်ငြားမသပ်ရပ်လည်း ဘာမှ မဖြစ်ဘူး လို့ ထင်ရင်လည်း ဆက်ပြီး ဖတ်ပေးပါဦး။ သပ်ရပ်ခန့်ငြားပြီးသား လူများလည်း ကိုယ့်သူငယ်ချင်း၊ ညီ၊ညီမ နဲ့ တူ၊တူမ များကို သွန်သင်ဖို့ ဆက်ဖတ်သင့်ပါသေးတယ်။ ဘယ်လိုမျိုး စတိုင်ကျကျ(ပဲများတာ ဟန်များတာ၊ အပေါ်ယံဆန်ဆန် ရှိုးထုတ်တာမျိုးကို မဆိုလို) နဲ့ သပ်ရပ်ခန့်ငြားပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတည် ဆောက်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ…

ရုပ်မချောလည်း ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်အောင်လုပ်လို့ရတယ်။
ကိုယ်ရည်ကိုယ်သွေးဆိုတာ စိတ်ဓါတ်နဲ့ မိမိကိုယ်ကို ယုံကြည်မှုအပေါ်တည်ပါတယ်။ ဝတ်စားဆင်ယင်မှုသပ်ရပ်သန့်ရှင်းဖို့ ကောင်မွန်စွာဝတ်စားဖို့လည်းပါတာပေါ့။ ကောင်းမွန်သပ်ရပ်သန့်ရှင်းဖို့ဆိုတာ ပိုက်ဆံများများပေးပြီးမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ငွေကြေးတတ်နိုင်မှုအပေါ်မူတည်ပြီး အဝတ်အစား အသုံးအဆောင်ကို ရိုသေစွာ သိမ်းဆည်းတာ။ သေချာ လျှော်ဖွပ် မီးပူတိုက်ပြီး ဝတ်ဆင်တာက စလို့ နေရာထိုင်ခင်းနဲ့ လိုက်ဖက် သင့်တော်တာကို ဝတ်တာအထိပါပဲ။ ပထမဦးစွာ ကိုယ်က သန့်ရှင်းသပ်ရပ်စွာနဲ့ လိုက်ဖက်ညီစွာဝတ်ထားရင် စိတ်လုံပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလေး စရမယ်။ ဒီစိတ်ကလေးကနေ သူများကို မနာလိုခြင်း ကြောက်ရွံ့သိမ်ငယ်ခြင်း မဖြစ်စေပဲ စိတ်မှာကြည်လင်သော အနေအထားကိုရလာစေမယ်။ ဒီနောက် အဲဒီစိတ်ကလေးတွေကနေ ကြည်လင်သော အတွေးနဲ့ ကြည်လင်သော မျက်နှာကို ဖော်ပြပေးနေမှာပါပဲ။ ကြည်လင်သော စိတ်နဲ့ ကြည်လင်မှန်ကန်သော အတွေးတွေက လုပ်ရပ်တွေကို အမှားနည်းစေပြီး ကိုယ့်ကိုကိုယ် ပိုမိုယုံကြည်စေမှာဖြစ်ပါတယ်။
သို့သော် အခြေခံဖြစ်သော ကိုယ်ကျင်လည်ရာ အသိုင်းအဝန်းမှာ ကိုယ်ရပ်တည်တဲ့ အနေအထားနဲ့ လိုက်ဖက်စွာ အသိဉာဏ်နဲ့ ဗဟုသုတကိုလည်းရှိမှတော့ဖြစ်မှာပေါ့။ မဟုတ်ခဲ့ရင်တော့ စိတ်မှာ သိမ်ငယ်ကြောက်ရွံ့ပြီး သူများကို အားကျစွာနဲ့ မနာလိုဖြစ်နေတဲ့ စိတ်ဆိုးတွေပေါ်လာနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးကို ဖျက်ဆီးပစ်ကြလိမ့်မယ်။ ဒါကြောင့် အချိန်ကို အကျိုးရှိစွာနဲ့ အသုံးချဖို့လိုပါတယ်။ အသုံးအဆောင် အဝတ်အစားတွေကို သေချာ လျှော်ဖွတ်သိမ်းဆည်းဖို့လိုသလို သွားလာစရာရှိရင်လည်း အချိန်မီကြိုတင်ပြင်ဆင်နိုင်ဖို့လိုပါတယ်။ နောက် ကိုယ်လေ့လာသင့်တာ သိသင့်တာ ကျွမ်းကျင်သင့်တာတွေကိုလည်း တကယ်သိရှိနားလည်အောင်လုပ်ဖို့လိုပါတယ်။ စိတ်ထားတည်ငြိမ်လန်းဆန်းအောင်လည်း ဆိုင်ရာဘာသာတရားအရ ဝတ်ပြုခြင်း သမထ ထိုင်ခြင်းတို့ကို အခြေခံအဖြစ်လုပ်ဆောင်သင့်ပါတယ်။ အောက်မှာ အချို့အချက်တွေကို ပိုပြီးရှင်းအောင် အသေးစိတ်ပြောပြထားတယ်။

သန့်ရှင်းသပ်ရပ်မှုရှိခြင်း
သန့်ရှင်းသပ်ရပ်မှုရှိတဲ့သူကိုဘယ်သူမဆိုသတိမပြုမိဘဲ မနေပါဘူး။ မွေးရာပါ ရုပ်ကလေးပြေပြစ်ပေမယ့် ညစ်ပတ်နေရင်တော့ လူတွေက နှာခေါင်းရှုံ့ကြမှာပါပဲ။ ဒါကြောင့်မို့ ကိုယ်နံ့ ချွေးနံ့မနံအောင်လုပ်။ခြေအဆုံးခေါင်းအဆုံးသပ်သပ်ရပ်ရပ ်ရှိအောင်လုပ်။ ဒီအဓိပ္ပါယ်က လက်သည်းမှာ ချေးတွေကင်းစင်နေရုံမဟုတ်ဘ ဲ လက်သည်းကိုညီညီညာညာနဲ့ တိထားရမှာဖြစ်ပါတယ်။ ဆံပင်ကလည်း ချေးညှော်ကင်းစင်နေရမယ်။ မရှုပ်ပွနေရဘူး။ ခေါင်းကအနံ့ဆိုးထွက်မနေရဘူး။

ကိုယ်နေဟန်နဲ့ ကိုယ်ကာယ
ကျားဖြစ်စေ၊ မဖြစ်စေ သင့်တင့်တဲ့ကိုယ်ခန္ဓာရှိရပါမယ်။ အရမ်းကြီးထွားကျိုင်းေ တာင့်တင်းစရာတော့မလိုပါဘူး။ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကာယလေးတွေရှိထားသင့်ပ ါတယ်။ ကိုယ်နေဟန်ထားကလည်း လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကိုကောင်းစွာဖော်ြ ပတတ်ပါတယ်။ ပျင်းရိပျင်းတွဲထိုင်နေတာ၊ ရပ်နေတာ၊ လေးတိလေးကန်လမ်းလျှောက်ပုံ တွေကစလို့ လူက ကုပ်ချောင်းချောင်းပုံစံဆိုရင်တော့ လူတွေက အထင်သေးတာ နှိမ်ပြီးဆက်ဆံတာကို ခံရတတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်လာရင် လူမှာလည်းဒေါသစိတ်ကစလို့ အကုသိုလ်စိတ်တွေ ပေါ်လာပြီး ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်တတ်ပါတယ်။ တစ်ခုရှိတာက ကိုယ့်ရဲ့ကိုယ်နေဟန်ထားတမင်လုပ် ယူထားသလိုမျိုးမဖြစ်စေဖို့ ပဲ လုပ်ယူထားတဲ့ ကိုယ်နေဟန်ထားက ရီစရာပဲကောင်းတယ်။ ဟန်ကြီးတာမြင်ရင် လူတွေက အမြင်ကပ်ကြတာလူတိုင်းသိမှာပဲလေ။

ဗဟုသုတနဲ့ ကျွမ်းကျင်သင့်တာ
ကိုယ်လုပ်တဲ့အလုပ် ကိုယ်သင်ယူတဲ့ ဘာသာရပ်ကို တကယ်ပိုင်နိုင်အောင်လေ့လာမှုလုပ်ရပါမယ်။ ဖြီးတာ ဖြန်းတာတွေမလုပ်သင့်ပါဘူး။ အဲဒီအပြင် သက်ဆိုင်ရာ ဗဟုသုတ တွေကို အခါအားလျှော်စွာလေ့လာဖို့ ပညာရှိသူလေးစားတုယူဖွယ်ကောင်းသူများထံဆည်းကပ် နာယူမှတ်သားဖို့လည်းလိုပါတယ်။

ရုပ်ချောတယ်၊ မချောဘူးဆိုတာအမှန်အားဖြင် ့ လူရဲ့ စိတ်နေစိတ်ထား ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ဟန်အနေအထားနဲ့ ဝတ်စားဆင်ယင်မှုအားလုံးပေါင်းစပ်ထားတာပါ။ ဒီထဲမှာ ပြုပြင်လို့မရတာ တိုးတက်လာအောင်လုပ်လို့မရတာ တစ်ခုမှ မရှိပါဘူး။ ပြောင်းလဲဖို့သာခက်တာပါ။ ယုံကြည်ချက်မြင့်မားစွာနဲ့ ပျော်ရွှင်သာယာနိုင်ကြပါစေ။

2 comments

  • Shwe Tike Soe

    March 25, 2011 at 9:13 am

    မှန်လိုက်လေဗျာ..
    လူငယ်တွေ သိသင့်သိထိုက်ပါတယ်..
    အခုက ရှုပ်ပွ နေမှ စတိုင်လ်ဖြစ်နေတာ

  • shweminthar

    March 25, 2011 at 11:30 am

    မှန်ပါ့
    ကိုယ်ဟန် အနေအထား၊ အနေအထိုင် အပြော အဆို ကိုကြည့်ပြီး ယေဘူယအား လူတစ်ယောက် ကို လေ့လာ နိုင်ပါတယ်။
    ဟန်ပြလုပ်ဖို့ မဟုတ်ပေ့မယ့် ကောင်းသော အမူ အကျင့် ရအောင်သင်ယူ သင့်ပါတယ်။
    လူကြည့် ကောင်းအောင်ဟန် လုပ်ပြတာ မျိုးကို မနှစ်သက်ပေမယ့်…
    ကောင်းသော အမူအကျင့် ရအောင် အတုယူ သင့်ပါတယ်

Leave a Reply