မြသဲ ( 17082011 )November 21, 20131min44733
မနေ့က passport သက်တမ်းသွားတိုးပါတယ်။ မသွားခင်ရက်ကတဲက စိတ်ဖိစီးမှု့အတော်များပါတယ်။ အဲဒီရုံးကတခါသွားစည်းကမ်းတခါပြောင်းမို့ ဘာတွေဘယ်လိုဖြစ် လာမယ် မသိတော့ စိတ်မအေးဖြစ်ရပါတယ်။ ဒါပေမဲ့လဲ မတိုးမဖြစ်ဆိုတော့ ဘုရားတရားတသွားရပါတယ်။ အတော်လေးဖြေလျှော့လာတဲ့စည်းကမ်းတွေကြောင့်တရက်နဲ့ပြီးခဲ့ပါတယ်။ ခါတိုင်းလို ရုံးပေါင်းစုံပြေး ဖောင်တင် စလစ်ထုပ်နဲ့ရက်တွေအလီလီသွားစရာမလိုတော့ပါဘူး။ လက်မောင်းပြုတ်မတတ်ဖောင်တွေလဲဖြည့်စရာမလိုတော့ပါဘူး။ နောက် ပိုက်ဆံ အိပ်တွေလဲရုံးထဲယူလို့ရပါပြီ။ အရင်ကဆိုအပေါက်မှာအိပ်တွေအပ်ပစ်ခဲ့ရတာစိတ်ညစ်စရာပါ။ အခုတော့ယူခွင့်ရှိပါပြီ။ အခုလုပ်မဲ့သူတွေအတွက် လုပ်ငန်းစဉ်နဲ့သိသင့်သိထိုက် တာလေးတွေပြောပြချင်လို့ပါ။ မခက်ပေမဲ့ပိုမြန်အောင်လို့ပါ။ တခါရွာသားတယောက်တင်ဖူးတယ်ထင်ပါတယ်။ အခုကတော့ ယနေ့အခြေအနေလေးပြန်တင်ပေးပါ့မယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ အသစ်လုပ်မယ်ဆိုရင် ၁. အိမ်ထောင်စုစာရင်းမိတ္တူ ( ၃ ) စုံ နှင့် မူရင်း ၂. မှတ်ပုံတင်မိတ္တူ ( ၃ ) စုံ နှင့် မူရင်း သက်တမ်းတိုးမယ်ဆိုရင် ၁. မှတ်ပုံတင်မိတ္တူ ( ၂ ) […]


may flowersOctober 8, 20121min63130
မြန်မာပြည်ရဲ့ အခြားနေရာဒေသတွေတော့ အိမ်တွင်းနတ်ကို ကိုးကွယ်လား ၊ မကိုးကွယ်လား ကျွန်မအသေအ ချာမသိပေမဲ့ ကျွန်မမွေးဖွားကြီးပြင်းခဲ့ရာအရပ်ဒေသမှာတော့ အိမ်တိုင်းလိုလိုအိမ်တွင်းနတ်စဉ်ကို အိမ်ရဲ့အတွင်း ဘက်ထောင့်ကျကျလေးမှာ လိုက်ကာလေးကာရံပြီးထားရှိတတ်ကြပါတယ်။ ကျွန်မအဖေနဲ့အမေအိမ်ထောင်စ ကျတော့ အမေကအိမ်တွင်းနတ်စဉ်ထားဖို့ပြောတော့ အဖေကခါးခါးသီးသီးငြင်းပါတယ်တဲ့.။ သူတို့တောင်သူ တစ်ပါးသတ်တာခံရပြီး သေကြလို့နတ်စိမ်းဖြစ်နေတာ ငါမကိုးကွယ်နိုင်ဘူးလို့ခါးခါးသီးသီးငြင်းတော့ အမေ  လည်းနတ်စဉ်မထားဖြစ်တော့ပါဘူးတဲ့။ အဲဒီတစ်နယ်လုံး အိမ်တွင်းနတ်စဉ်မရှိတဲ့ အိမ်ဆိုလို့ ကျွန်မတို့အိမ်နဲ့ ကျန်ဘာသာခြား အိမ်အနည်းငယ်သာရှိမယ်ထင်ပါရဲ့။ (ဘာပဲပြောပြော ကျွန်မကတော့ ကျွန်မအဖေကြောင့် ကျွန်မတို့ လည်းနတ်ယုံကြည်ကိုးကွယ်မှုမှ လွတ်လာလို့ ကျွန်မအဖေကိုတကယ့်ကို ကျေးဇူးတင်မိပါတယ်)။   ဒီလို ဒီလို ကျွန်မအဖေနဲ့အမေ အိမ်ထောင်ကျကာစကတည်းက အိမ်မှာဘုရားစဉ်ထားပြီး ကိုးကွယ်တာကလွဲလို့ ဘာနတ်မှ မရှိမမြင်ဖူးတာကြောင့် ကျွန်မတို့မောင်နှမတွေလည်း နတ်အကြောင်းနဲ့ပါတ်သက်ပြီး ရှောင်ရန် ဆောင်ရန် ဗဟုသုတကတော့ တော်တော်လေးနည်းပါးခဲ့ပါတယ်။ အဲ..ဆိုခဲ့ပြီးသလို ကျွန်မအမေသာ အဖေ့ […]