“ရန်ကုန်မြို့ပိတောက်ပွင့်တဲ့နေ့”   မိုး ဆိုတာ ရွာချင်ရင်ရွာမယ် မရွာချင်လဲမရွာဘူး။ ဘယ်သူတွေဘယ်လိုမျှော်မျှော် သူပေါ်ချင်မှာပေါ်လာတတ်ပါတယ်။   တစ်နှစ်မှာ တလ တစ်လမှာတစ်ရက်ထဲ ဆိုရိုးစွဲစကားနဲ့ မာန်ထည်သူ မရွှေပိတောက်ကတော့ ပွင့်ချိန်ဘယ်လိုရောက်ရောက် ကိုရွှေမိုးရောက်မလာသေးသမျှ ပွင့်လို့မရပြန်ဘူး။   ကဲ ဒီကနေ့မတော့ မျှော်ရသူနဲ့ပေါ်တော်မူ အဆင်ချောလေတော့ ”  ဟော ပိတောက်တွေပွင့်ပြန်ပါပြီကွယ် ”   ကိုပေါက်လက်ဆောင်အတွေးစဉ်        


“ကျနော်ဓါတ်ဖမ်းသမား” (၄) (ကြုံရဆုံရ ဓါတ်ဖမ်းသမားဘဝ)   တကယ်တော့ ဓါတ်ဖမ်းသူတစ်ယောက်က ပေါင်းသင်းဆက်ဆံရေးနပ်ဘို့လိုပါတယ်။ ပြုံးပြတတ်ဘို့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ ခပ်တည်တည်ကြီးလုပ်ရင်တော့ အဆော်ခံထိဘို့များပါတယ်။ နောက် ကိုယ်ဓါတ်ပုံသွားရိုက်တဲ့အခါမှာ ကိုယ့် အနားပါတ်ဝန်းကျင်ကလူတွေရဲ့ အရိပ်အကဲအလုပ်အကိုင်ကိုလဲသိဘို့လိုပါတယ်။ တစ်ခါက ရန်ကုန်ကလာတဲ့ဓါတ်ဆရာက နေဝင်ချိန်လေးမှာဧရာဝတီမြစ်နံဘေးက ဖောင်တွေကိုရိုက်ချင်တယ်ဆိုတာနဲ့ ကျောက်သပိတ်ဘက်ကိုသွားကြပါတယ်။ အဲနားရောက်တော့ ပက်လက်ကုလားထိုင်ပေါ်ထိုင်နေတဲ့တစ်ယောက်က “ဆရာကြီးသွားမှာလား” လို့ လှမ်းမေးတဲ့အခါ ကျနော်ကပြုံးပြီး “ဟိုရက်ကမှ သွားထားတာ”လို့ခပ်တည်တည်နဲ့ ပြောလိုက်ပါတယ်။ ရန်ကုန်သားကတော့ ကျနော်တို့အထာကိုနားမလည်ပါဘူး။ ပြီးမှ “ဖောင်တွေ ကို ဓါတ်ပုံရိုက်မလို့ ဆိုင်ကယ်ခဏထားခဲ့မယ်နော်”လို့ ပြောပြီး အောက်ဖက်ကိုဆင်းခဲ့ကြပါတယ်။ အဲဒီကနေဖောင်ပေါ်ရောက်တော့ ဓါတ်ပုံတွေရိုက်ကြပါတယ်။ ကျနော်တို့ရိုက်နေတုန်းအသိတစ်ယောက်ကထပ်ရောက်လာပြီး ကျနော်တို့နဲ့အတူ ဝင်ပြီးဓါတ်ဖမ်းတဲ့အချိန် ဖောင်တစ်ခုပေါ်မှာ ဟော့နေအောင်ပြင်ဆင်ဖီးလိမ်းထားတဲ့ ကောင်မလေး တွေ လှေပေါ်တက်နေတာကို မြင်တော့သူကလှမ်းရိုက်လိုက်ပါတယ်။ အဲလိုလဲလှမ်းရိုက်ရော ဟိုဘက်ဖောင်က  လူတစ်ယောက်က “ဟေ့လူတွေ […]


“နာဒယ် ကွာ”မှတစ်ပါးပြောကြားရန်စကားလုံးမရှိ     ၂၀၁၃ တပေါင်းလကတော့ စိတ်မချမ်းသာစရာတွေကိုသယ်ဆောင်လာသောလ လို့ဘဲဆိုချင်ပါသည် လက်ပန်းတောင်အစီရင်ခံစာထွက်လာခဲ့။ ဒီအစီရင်ခံစာ ဆောင်ရွက်ဘို့ ဒေါ်အောင်ဆန်းစုကြည်ကို စတာဝန်ပေးကတည်းက အများစုစိတ်ထဲမှာ ထိုးအကျွေးခံရတယ်လို့ သတ်မှတ်ထားခဲ့ကြတာကလဲ နစ်နာမှာကိုကြိုတင်မြင်ကြသောကြောင့်ပင်။ အများကြိုတင်ထင်ထားသလိုဘဲ ဖြစ်လာခဲ့။ အခက်အခဲများကြားမှ မအားလပ်သောတာဝန်များကြားမှ တာဝန်ယူ၍ရေးသားခဲ့သော အစီရင်ခံစာကို ဖတ်မကြည့် ဘဲ လက်မခံဟု ပြောရက်သူများ ပေါ်ထွက်လာခဲ့။ သူတို့အားလုံး၏ အသိစိတ်ထဲတွင် ရို်က်သွင်းခံထားရသည်မှာ “စီမံကိန်းလုံးဝဖျက်သိမ်းရေး”မှလွဲရင် ဘာမှလက်မခံဟု ဖြစ်နေခြင်းက အားလုံးကိုအခက်အခဲဖြစ်စေသည်မှာလဲအမှန်။ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို သဲသဲလှုပ်ခဲ့ကြသောဒေသခံများမှ အစီရင်ခံစာထွက်အပြီး လာရောက်ချိန်တွေ သဲသဲမဲမဲဆန့်ကျင်ခဲ့ကြသည်မှာ အံ့အားသင့်စရာ။ ဂျာနယ်များမှာတွေ့ရတဲ့ ကားပြူတင်းဘောင်ပေါ်မှာ ငေးကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်ပုံမြင်ရ သည်မှာ ကျနော့်အတွက်တော့ စိတ်မချမ်းမြေစရာ။ အများစု၏ရေရှည်အကျိုးကို မျှော်ကိုပြီး အပင်ပန်းခံကာ စိတ်နှစ်၍လုပ်ဆောင်ထားသော ကိစ္စအတွက ်ပြန်လည်ရရှိလာသော […]


“လိုအပ် တောင့်တ ……..မျှော်လင့်…….ကြောင့်ကျ” 2011 ဇူလိုင်26 ကျနော်နဲ့ကိုအောင်မောင်း အလုပ်ကိစ္စနဲ့မိုးကုတ်ကို တက်ခဲ့ကြပါတယ်။ ရတနာမြေ ဒယ်အိုးထဲက မြို့ကလေး ဓါတ်ပုံတွေထဲမှာသာ ငေးခဲ့ရပေမယ့်တစ်ခါမှတော့မရောက်ဘူးခဲ့။ အကွေ့ပေါင်း 999 ကွေ့ရှိတယ်လို့ ကြံကြံဖန်ဖန်မှတ်သူက မှတ်ထားပါသေးတယ်။ မန်းလေးမြို့မြောက်ဘက် မန်းလေးတောင်ကြီးကိုပတ်လို့ထွက်၊ အိုးဘို ရွှေကျင်ကို ကျော်လိုက်ပြီဆိုတာနဲ့ ရိတ်သိမ်းချိန်နီးနေတဲ့အဝါရောင် စပါးခင်းတွေမှာတွေ့ရတာ စိတ်ကြည်နူးစရာကောင်းလှပါတယ်။ မန္တလေးမြို့မြောက်ဘက်ကိုထွက်တဲ့လမ်းဘက်ကို မရောက်တာ ကြာပြီလို့ဆိုနိုင်ပါတယ်။ ကြာနီကန်သုဿန်ကို နာရေး လိုက်ပို့တာကလွဲရင် သူ့ရဲ့မြောက်ဘက်ကိုကျော်လွန်လို့မသွားဖြစ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့မြို့ပြင်ကိုရောက်လေ ကျယ်ပြန့်လွတ်လပ်တဲ့မြင်ကွင်းတွေကို တွေ့ရလေပါဘဲ။ မတ္တရာကိုကျော်တာနဲ့အရှေ့ဘက်မှက တောင်စဉ်တန်း တွေ၊ အနောက်ဘက်မှာတော့ စိမ်းတချို့ဝါတစ်ချို့စပါးခင်းတွေထဲမှာနေပူတာတောင်ဂရုမထားနိုင်အားဘဲလုပ်ငန်းခွင်ဆင်းနေကြ။ ကားလေးက မြောက်ဘက်ကိုသွားရင်း ဟိုး အနောက်ဘက်ဝေးဝေးမှာဖြူဖွေးနေတဲ့ကျောက်ဆောင်ကြီးတွေ့လို့မေး ကြည့်တော့ “ စကျင်တောင်”လို့ဖြေပါတယ်။ မျက်စေ့တစ်ဆုံးရှိနေတဲ့လယ်ကွင်းတွေရဲ့အလွန်မှာ ထီးထီးကြီးရှိနေတဲ့ဖြူဖွေးမြင့်မားတဲ့တောင်ကြီးမြင်ရတာတမျိုးလှပ၊ တဖြည်းဖြည်းနဲ့နီးလာမှ ဖြူဖွေးနေတဲ့စကျင်ကျောက်တွေကိုထမ်းထားတဲ့အကြီးအသေးတန်းစီနေတဲ့ တောင်ကြီးလေးလုံးကိုမြင်ရပါတယ်။ ဟိုငေးဒီငေးနဲ့လိုက်သွားလိုက်တာ 11နာရီလက်ပန်လှရောက်တော့ထမင်းစား။ […]