Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“နာဒယ် ကွာ”မှတစ်ပါးပြောကြားရန်စကားလုံးမရှိ

“နာဒယ် ကွာ”မှတစ်ပါးပြောကြားရန်စကားလုံးမရှိ

 

 

၂၀၁၃ တပေါင်းလကတော့ စိတ်မချမ်းသာစရာတွေကိုသယ်ဆောင်လာသောလ လို့ဘဲဆိုချင်ပါသည်

လက်ပန်းတောင်အစီရင်ခံစာထွက်လာခဲ့။

ဒီအစီရင်ခံစာ ဆောင်ရွက်ဘို့ ဒေါ်အောင်ဆန်းစုကြည်ကို စတာဝန်ပေးကတည်းက အများစုစိတ်ထဲမှာ

ထိုးအကျွေးခံရတယ်လို့ သတ်မှတ်ထားခဲ့ကြတာကလဲ နစ်နာမှာကိုကြိုတင်မြင်ကြသောကြောင့်ပင်။

အများကြိုတင်ထင်ထားသလိုဘဲ ဖြစ်လာခဲ့။

အခက်အခဲများကြားမှ မအားလပ်သောတာဝန်များကြားမှ တာဝန်ယူ၍ရေးသားခဲ့သော

အစီရင်ခံစာကို ဖတ်မကြည့် ဘဲ လက်မခံဟု ပြောရက်သူများ ပေါ်ထွက်လာခဲ့။

သူတို့အားလုံး၏ အသိစိတ်ထဲတွင် ရို်က်သွင်းခံထားရသည်မှာ

“စီမံကိန်းလုံးဝဖျက်သိမ်းရေး”မှလွဲရင် ဘာမှလက်မခံဟု ဖြစ်နေခြင်းက အားလုံးကိုအခက်အခဲဖြစ်စေသည်မှာလဲအမှန်။

အရင်က ဒေါ်အောင်ဆန်းစုကြည်ကို သဲသဲလှုပ်ခဲ့ကြသောဒေသခံများမှ

အစီရင်ခံစာထွက်အပြီး လာရောက်ချိန်တွေ သဲသဲမဲမဲဆန့်ကျင်ခဲ့ကြသည်မှာ အံ့အားသင့်စရာ။

ဂျာနယ်များမှာတွေ့ရတဲ့ ကားပြူတင်းဘောင်ပေါ်မှာ ငေးကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်ပုံမြင်ရ

သည်မှာ ကျနော့်အတွက်တော့ စိတ်မချမ်းမြေစရာ။

အများစု၏ရေရှည်အကျိုးကို မျှော်ကိုပြီး အပင်ပန်းခံကာ စိတ်နှစ်၍လုပ်ဆောင်ထားသော

ကိစ္စအတွက ်ပြန်လည်ရရှိလာသော စိတ်ပျက်ဘွယ်ရာ ရလဒ်အတွက် ရင်ထဲမှာနာကျင်နေမည်မှာ

အသေအချာဖြစ်ပါသည်။

အများအတွက် ဟုခံယူထားသောခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်၍သာ မိမိရင်တွင်းခံစား

ချက်များကို ထိန်းချုပ်နိုင်သည်ကတော့ သေချာလှပေသည်။

မည်သို့ပင်ဖြစ်စေကာမူ ရင်ထဲမှာ စိတ်မချမ်းမြေ့ ဖြစ်သွားသည်က တော့ အမှန်ပင်။

ရာဇဝင်လာ စကားတစ်ခုဖြစ်သော

“ရန်သူလက်တွင်ခွေးသေ ဝက်သေ သေရစ်ပေတော့”ဟူသောကျန်စစ်မင်း၏စကားကို

သာမန်လူတစ်ယောက်သာဆိုလျင်ပြောမိမှာ ဧကန်မုချ။

ဘဝတွင်အေးချမ်းစွာ နေသင့်သောအသက်အရွယ်ရောက်သော်လည်း မငြိမ်းချမ်းနိုင်သေးသော

တိုင်းပြည်အတွက် ရတက်မအေးစွာနှင့် အခက်အခဲပေါင်းများစွာကြားမှလုပ်ဆောင်နေရသော

ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းနည်းမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။

ထိုးကျွေးလျင်တောင်မှ တိုင်းပြည်ကောင်းကျိုးအတွက် ခံယူနိုင်ပါသည်ဆိုသော

စကားရပ်ကတော့ ခေါင်းဆောင်ကောင်းဖြစ်ကြောင်းအတွက်အကောင်းဆုံးသောသက်သေခံလက်မှတ်ပင်။

ယခင် အချုပ်အနှောင်များကြားမှလွတ်ကင်းလာချိန်မှစ၍ မနေမနားလုပ်ဆောင်နေသူ၏

လမ်းခရီးကား ယခုမှ ပြန်လည်စတင်နေရသူအတွက်တော့ အားလျော့စရာ ကိစ္စပင်။

သို့သော် လူအများစုက ယခင်ထက်ပင် ပိုမိုလေးစားလာခြင်းကတော့ အရှံးထဲမှအမြတ်ဟုဆိုချင်ပါသည်။

 

**********************************************************************

ပူပူနွေးနွေး မိတ္ထီလာကိစ္စကလည်း စိတ်မချမ်းမြေ့စရာ။

မဖြစ်စလောက်သောအကြောင်းတရားလေးမှစတင်လာသော အဖြစ်အပျက်များက

ရင်နင့်စရာကောင်းလှပါသည်။

မည်သူ့ကြောင့်ဖြစ်စေ ဖျက်ဆီးခံရ၍ပျက်စီးသွားသော အရာများကား

များပြားလှပေသည်။

ပစ္စည်းများအတွက် ပြန်လည်အသစ်တည်ဆောက်၍ရနိုင်သောလည်း ယိုယွင်းသွားသော

နာကျင်ခံစားသွားရသော စိတ်ပိုင်းဆိုင်ရာဆုံးရှုံးမူ့အတွက်ကတော့  ပြန်လည်ကောင်းလာဘို့

အချိန်များစွာယူရပေအုံးမည်.။

၎င်းမြို့တွင်နေထိုင်သော မိတ်ဆွေများကို ဆက်သွယ်ကြည့်မိသောအခါ ပျက်စီးဆုံးရှုံးမူ့များအတွက်

ဝမ်းနည်းစကားထက် မလုံခြုံသောဘဝများအတွက် ညည်းညူသံများက ပို၍စိတ်ထိခိုက်စေပြန်ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ မျက်စေ့တစ်မှိတ်လျပ်တစ်ပျက်အတွင်း ပေါ်ပေါက်လာခဲ့သောပျက်စီးမူ့များကို ပြန်လည်တည်ဆောက်ရန်အတွက် ငွေကြေး အချိန် လူအင်အား မြောက်များစွာပြန်လည်ပေးဆပ်ရပါအုံးမည်။

ပိုဆိုးသည်ကား လူငယ်များအတွက် ဘဝလမ်းခွဲမှတ်တိုင်တစ်ခုဖြစ်သော ဆယ်တန်းစာမေးပွဲဖြေဆိုနေချိန်တွင်

ဖြစ်ပွားခဲ့သည့်အတွက် ပြန်လည်၍ အပင်ပန်းခံကြရအုံးမည်မှာဧကန်မလွဲ။

နှစ်ပေါင်းများစွာအတူနေကြသော ဒုက္ခသုက္ခကို အတူတစ်ကွခံစားနေထိုင်ခဲ့ကြသော မိတ်ဆွေအချင်းချင်း

နာရီပိုင်းလေးအတွင်းမှာ ရန်သူဖြစ်သွားကြသည်ကတော့ အံ့ဩဝမ်းနည်းစရာ။

မသိနားမလည်ခြင်းများ ၊တစ်ကိုယ်ကောင်းဆန်ခြင်းများ၊ဝေဖန်ပိုင်းခြားခြင်းမပြုဘဲနားယောင်ခဲ့ခြင်းများ၊

အရိုင်းစိတ်ကို အလိုလိုက်မိခဲ့ခြင်းများ၏ ဆိုးဝါးသောရလာဒ်ကို ၎င်းမြို့တွင်နေထိုင်သူများကသာပိုမို

ခံစားကြရမည်မှာ ကလည်းအမှန်မလွဲ။

 

*********************************************************************

လက်ပန်းတောင်းတောင်ကိစ္စနှင့် ယခုမိတ္ထီလာကိစ္စတွင်ပါ ဆိုးဝါးသောအခြေအနေသို့ရောက်အောင်

တွန်းပို့ခဲ့ကြသော အစွန်းရောက်များလည်း ဆင်ခြင်သင့်ပြီဟုထင်ပါသည်။

မသိမမြင်မကြားဘူးသူတစ်ယောက်က ရမ်းသန်းဖွလိုက်သော အကြောင်းအရာလေးအပေါ်တွင်

တုန့်ပြန်လိုက်ကြသော ဝေဖန်ဆွေးနွေးမူ့များက အမုန်းတရားများကို ပိုမိုတိုးပွားစေခဲ့သည်အမှန်။

မည်သူမဆို မြန်မာပြည်တွင်းနေထို်င်သူတိုင်း ဖြစ်ပေါ်လာသည့်အကြောင်းတရား၏ ရလာဒ်ဆိုးများ

ကို အတူတူ ခံစားရမည်ကိုတော့ သတိပြုသင့်သည်ဟုထင်မိပါသည်။

တိုင်းပြည်ကောင်းဘို့အတွက်ဦးမော့စပြုလာချိန်တွင် ယခုကဲ့သို့သော အဖြစ်ဆိုးများကြောင့်

ပြန်လည်ပြင်ဆင်ရသောကြောင့် တိုးတက်မူ့ နှောင့်နှေးမည်ကတော့ အသေအချာ။

ယခုအဖြစ်အပျက်များအတွက် “ နာဒယ်ကွာ……………….”ဟူသောစကားရပ်မှအပ

ရွေးချယ်ရန်စကားလုံးမရှိ။

ကျနော်တို့အားလုံး ဖွင့်ထားသောစိတ်တံခါးများဖြင့် မိမိကိုယ်မိမိပြန်လည်သုံးသပ်ဘို့လိုပြီဟု ယုံကြည်မိပါသည်။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

22-3-2013

49 comments

  • အဂျစ်

    March 22, 2013 at 11:55 pm

    ပြောမတတ်တော့ဘူး လေးပေါက်ရေ… မကြားသလို မသိသလိုပဲနေချင်တယ်… နတ်ပြည်မှာကျွန်ပဲလုပ်တော့မယ်…

  • kai

    March 23, 2013 at 4:19 am

    တကယ်က.. တဦးချင်းစီက ပြင်ယူလို့ရပါတယ်..
    အဖြေက.. တလံလောက်ရှိတဲ့.. မြန်မာတဦးချင်းစီရဲ့ခန္ဓာထဲရှိနေတာပါ..။

    ပြောကြည့်မယ်နော..
    ၁။ ကိုယ့်ကိုယ်ကိုယ် “ကျွန်တော်/ကျွန်မ” လို့ နာမ်စားအဖြစ်မသုံးပါနဲ့.။ သင်ဟာ.. “ကျွန်”မဟုတ်ပါ..။ သင့်ကိုယ်ထဲမှာ မြင့်မြတ်တဲ့သူတဦး ရှိနေပါတယ်။ ကိုယ်စောင့်နတ်ကို.. နှိမ်မချပါနဲ့..။
    သင့်ကိုယ်ထဲမှာ မြင့်မြတ်တဲ့သူတဦးရှိနေတယ်ဆိုတာ.. စိတ်ဓါတ်ရေးရာပိုင်းအင်မတန်အရေးကြီးပါတယ်..။ ဒေးလ်ကာနယ်ဂျီက.. အဲဒီအတိုင်းပြောခဲ့တယ်..။

    လွန်ခဲ့တဲ့နှစ် ၂၀၀ဝကျော်က.. ရောမမှာ.. အဲဒီ သခင်-ကျွန်စနစ်ကိုတော်လှန်ခဲ့ကြဖူးတယ်..။
    အခေါ်အဝေါ်ကစလို့ပေါ့..။ သူတို့တွေက.. အရေပြားမှာ ကျွန်အဖြစ်တံဆိပ်ရိုက်ခံခဲ့ကြရတယ်..
    မြန်မာတွေက.. အသည်းထဲ.. အတွင်းဖက်ကနေ.. တံဆိပ်နှိပ်ထားခံနေရတယ်..။
    ဖြည်းဖြည်းချင်းပြင်ယူပါ..။ သူတပါးကိုတိုက်တွန်းပါ..။
    သူတပါးကိုလည်း.. တန်းတူဆက်ဆံပါ.။ နှိမ်မချပါနဲ့..။ နှိမ့်မချပါနဲ့..။ မြှင့်မတင်ပါနဲ့.။ ပင့်မတင်ပါနဲ့..။

    ၂။ …

    • ကိုခိုင်ရေ
      ကျွန်တော် ကျွန်မ ဆိုတဲ့စကားလုံးလေးအပေါ်မှာ တော့ ထူးပြီး မခံစားကြတော့ပါ။
      အခေါ်အဝေါ်ကြောင့် ဖြစ်နေတာမဟုတ်ပါ။
      အပေါ်ယံသာသိနေပြီး ရင်ထဲမှာ မျှတသောအတွေးတွေမရှိကြလို့ ကိုယ်ချင်းစာတရားနည်းပါးကြလို့
      ဖြစ်နေတယ်လို့ခံယူပါတယ်။.

    • ကထူးဆန်း

      March 23, 2013 at 12:02 pm

      သူများတော့ မသိဘူး ။ကျွန်တော့် အတွက်ကတော့ ကျွန်တော် ဆိုတဲ့ ပေါ်မှာ ဘာမှ ခံစားချက် မရှိဘူး ။
      ငယ်ငယ်လေးထဲ ကသုံးစွဲလာပြီး သံတူ ကြောင်းကွဲ တစ်ခု လောက် အနေနဲ့ ဘဲ ယူဆတယ် ။
      တကယ်တန်း အသံထွက်တော့ ကျနော် ကျမ နဲ့သာ ထွက်ကြတာမို့ သူကြီးတု့ိလို သေသေချာချာတွေး ပြောမှဘဲ နာစရာ အဖြစ် မှတ်ယူကြမလားတော့ မသိဘူး ။
      ကျွန်တော့် အတွက်ကတော့ ပြဿနာ အဖြစ် မမြင်ပါဘူး …
      xxxxxxxxxxxx

      တကယ်တော့ စဉ်းစားကြည့်ရင် ကျွန်တော် တစ်သက် ဗမာ တရုတ် အရေးအခင်း တစ်ခါ ၊ ကုလား ဗမာ ပြဿနာ ဆိုတာ ကျောက်ဆည်ဖြစ်လိုက် ။ တောင်ငူဖြစ်လိုက် ။ ပြည်မှာ ဖြစ်လိုက် နဲ့ ဖြစ်လာတာတော့ ကြာပါပြီ။ သတင်း မြန်ဆန်မှု့ တွေ ဖြစ်လာတဲ့ အခါမှာ မီးလောင်ရာလေပင့် ပိုလာ ပိုထိတွေ့လာလို့ ပိုပြီး သတိထားမိ ကြမ်းတမ်းလာကြတယ် လို့ မြင်ပါတယ် ။ နောက် ကုလား မုန်းတီးရေးက တရုတ်မုန်းတီးရေးထက် ရင်ထဲရောက်နေကြတာ ကြာပါပြီ ။ နဂိုကတည်း က မကြည်လင်တဲ့ အမြင် တွေက ဖိနှိပ်ထားတာ မရှိတော့ ထွက်ကျလာတာပါဘဲ ။

      ဒါကို ဘယ်လို သင့်မြတ်အောင် နေမလဲ ဆိုတာက ကုလားတွေ ပေါ်မှာလည်းအများကြီးမှုတည်ပါတယ် ။
      လက်ခုတ် တဘက်ထဲ တီးလို့ မရပါဘူး။

      ဗမာတွေ က သွေးဆူလွယ်တယ် ။ ဒါကို အသုံးချတာ ခံနေရတာလည်း မှန်တယ် ။

      အဘက်ဘက် က လာတ်စား ခဲ့ တဲ့ ဒါဏ်တွေ ခံ ရတာလည်း ပါတယ် ။ ဗမာ တွေ စစ်အုပ်ချူ့ပ်ရေး နဲ့ မေ့လျော နေတဲ့ အချိန်မှာ ကုလားတွေက အကြီးအကျယ် နေရာယူထားလိုက်ပါပြီ ။

      အစိုးရ အနေနဲ့ နိုင်ငံတစ်ကာ ဖိအား ရင်ဆိုင်ပြီး ဂျပန် လို ဗလီ ထိန်းချု့ပ်မှုှုှု့ ကို ပြတ်ပြတ်သားသားလုပ်ရတော့မယ် ထင်ပါတယ် ။ (ဂျပန်မှာ နေခဲ့ဘူးသူ တစ်ဦး အဆိုအရဆို ကိုဘေး တစ်မြို့ မှာဘဲ ရှေး ပလီ တစ်လုံး ရှိခဲ့ပြီးနောက်ပိုင်း ဆောက်ခွင့် မပြုဘူးလို့ သိရပါတယ် ။ မှန်မမှန်တော့ သူကြီးတို့ နေခဲ့ဖူးသူများ ပိုသိမယ် ထင်ပါသည် )

      ထို့ အတူဘဲ စီးပွားရေးမှာ ပါ ထိန်းချု့ပ်မှုှု ့ တွေ လိမ်မာပါးနပ်စွာ မလုပ်သရွေ့ ကတော့ ကုလား ဗမာ အရေးအခင်းဆိုတာ ဆက်ပေါ်လာဖို့ ဖြစ်နိုင်ခြေတွေ အရမ်းများနေပါတယ် ။
      ကိုယ့် အတွေးနဲ့ ကိုယ်ပေါ့ ..

      • kai

        March 23, 2013 at 4:00 pm

        ပထမမြန်မာနိုင်ငံကလက်ထက်ကစပြီး.. ဇတ်ခွဲတာကနေ.. လူချင်းအတန်းခွဲခဲ့တာ..။
        မြေရှင်ပဒေသရာဇ်၊ ကိုလိုနီ၊ ဦးနု၊ စစ်အစိုးရဆိုရှယ်လစ်..။အခုအစိုးရလက်ထက်..စနစ်အမျိုးမျိုးအောက်မှာ.. မြန်မာတွေက.. အချင်းချင်းလှည့်ပါတ်.. တံဆိပ်ကပ်”ချ”နေကြတာကို မြင်အောင်ကြည့်ပြီး… ဘာမှားသလည်း.. ဘာပြင်ရမလည်း.. လိုက်ဖို့လိုပါတယ်..။
        ဒါတွေဖြစ်နေတာ.. စနစ်ကြောင့်မဟုတ်ပါ..။
        ဒီပြသနာမျိုးတွေက..အခုမှစတာမဟုတ်သလို.. နောင်လည်း.. ဆက်နေဦးမှာပါ..။

        ကျုပ်ပြောတဲ့စာသားလေးပြင်သုံးကြည့်ပါ..။ စိတ်ဓါတ်ကိုပြင်ကြည့်ကြပါ..။
        သခင်ဘသောင်းက.. အဲဒီခေတ်က အိုင်ယာလန်ရဲ့ရှင်ဖိန်းစိတ်ဓါတ်ကနေ… “သခင်”အမည်ယူလိုက်တာမှာ.. ကိုလိုနီလက်ကလွတ်.. လွတ်လပ်ရေးရသွားခဲ့တဲ့အထိ.. အမြုတေ.. တည်နိုင်ခဲ့တယ်..။ စကားအသုံးအနှုန်းအင်မတန်အရေးကြီးပါတယ်..။
        အခုလို.. ကျွန်စိတ်ဖျောက်ရင်.. မြန်မာတွေ.. တိုးတက်ပြောင်းလဲလာတာ.. မြင်ရပါလိမ့်မယ်..။
        ဒါက..
        အမေရိကပြည်ထောင်စုစတည်ထောင်မယ်ဆိုတုံးက.. Founding Fathers တွေရဲ့.. အရေးအကြီးဆုံးစကားတလုံး”All men are created equal” ကို.. မြန်မာဟန်ပြုထားခြင်းတမျိုးပါပဲ..။

        တည့်တည့်ပြောရရင်..
        လူလူချင်း.. ဘုရားထူးရန်မလို..။ ဦးနှိမ်ဦးချရန်မလို..။ သင်လည်း ဘုရားဆုပန်နိုင်တယ်..။
        ငါလည်းဘုရားဆုပန်နိုင်တယ်.။ သင်လည်းဘုရားမျိုး..။ ငါလည်းဘုရားမျိုး..။ သင်လည်းဘုရားဖြစ်နိုင်တယ်.။ ငါလည်းဘုရားဖြစ်နိုင်တယ်..။
        လူသားအချင်းချင်း.. လူသားဆန်စွာ.. ထိုက်သင့်တဲ့ အပြန်အလှန်လေးစားမှုပေးမယ်..။
        ဒါပါပဲ..။

        “ဘုရားမျိုးဟေ့.. ဒို့ဘားမန်င်း…”

        • ဘုရားမျုးိဟေ့ ဒို့ဘားမန်းဆိုလို့
          ဟိုအရင်က ဇာတ်လမ်းဟောင်းပြန်ပေါ်လာအုံးမယ်။.
          “မြန်မာအစ ကျောက်ဆည်က နဲ့
          ဘုရားနဲ့မှဆွေမျိုးတော်ချင်သူ” တွေပြန်ထပြီးငြင်းနေအုံးမယ်။

          တကယ်တမ်းပြောရင်တော့ ဘာသာတရားကို အခြေခံလွန်းတာရယ်
          ဟိုက ဒီက ကူးလာတဲ့ မလိုအပ်တဲ့ရိုးရာယဉ်ကျေးမူ့တွေရယ်
          ကိုလွန်ကဲစွာလိုက်နာကြခြင်းက အဓိကအကြောင်းအခြင်းအရာဖြစ်နေပါတယ်။

          မေတ္တာတရားကို အခြေခံတဲ့ ဘာသာကိုကိုးကွယ်သူများသာ တရားအဆုံးအမကို
          အတိအကျလိုက်နာမယ်ဆိုရင် လူလူချင်းအပေါ်ရှိသင့်သောမေတ္တာထားတဲ့စိတ်။
          လူလူခြင်းမခွဲခြားဘဲ လေးစားစွာဆက်ဆံတတ်တဲ့စိတ်ကောင်းစိတ်မြတ်
          (ဗုဒ္ဓဘာသာ ပင်ရင်းက လူတန်းစားခွဲခြားရေးကို ဦးစွာတိုက်ဖျက်ခဲ့တဲ့ဘာသာကောင်းတစ်ခုဆိုတာအမှန်တရား)
          တွေကိန်းအောင်းနေမယ်ဆိုရင် အခုလိုပြဿနာတွေ လျော့ပါးသွားမှာပါ။
          မိမိထက်ကြီးမြင့်သူကို လေးစားစိတ်ရှိခြင်းနဲ့ အလကားနေရင်းကြောက်လို့ ဘုရားထူးချင်နေတဲ့သူရဲ့စိတ်ဓါတ်အများကြီးကွာခြားပါတယ်။
          သေချာတာတစ်ခုကတော့ မြန်မာပြည်မှာနေသူတွေထဲမှာလဲ စိတ်ဓါတ်မြင့်သော
          သူများကို ဘုရားထူးရန်ဆန္ဒမရှိသောလူတွေရှိနေသေးတာအသေအချာပါဘဲ။
          ဒီလိုလူတန်းစားတွေ များလာဘို့ ဘဲလိုပါတယ်။

          လက်ရှိ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေကြတဲ့သူတွေအကြောင်းပြောရရင်တော့ အခုအချိန်မှာပြောနေရုံနဲ့မပြီးတဲ့ခေတ်ကာလ
          လက်တွေ့လုပ်ပြရမယ့် ကာလတစ်ခုဆိုတာကို သူတို့လဲသဘောပေါက်ဘို့ လိုတဲ့ခေတ်လို့ထင်ပါတယ်။
          ဖြစ်သင့်တာ လက်ပန်းတောင်းကိစ္စမျုးိမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သူလက်တွဲပြီး ဆောင်ရွက်ပေးဘို့သင့်တယ်လို့ ထင်မြင်မိပါတယ်။

        • kai

          March 24, 2013 at 6:09 am

          ဘုရားမျိုးဆိုလို့.. သကျသာကီဝင်ဆိုပြီး.. ရှေးရာဇတွေပေါက်တတ်ကရလုပ်လွှတ်ထားတာကြီး.. ဝင်ချလာမယ်ထင်လိုက်သေးတဲ့အတိုင်း.. ထင်ကုန်ကြတာပဲကိုး..

          မြန်မာ့ဆိုရိုးမှာ..” ကြိုးစားကဘုရားဖြစ်နိုင်သည်” ဆိုတာ.. ရှိပါတယ်..။
          လူတိုင်းဘုရားဖြစ်ခွင့်ရှိတယ်ဆိုတဲ့အထိ.. စိတ်ဓါတ်.. အရည်အချင်းမြှင့်ပေးထားတာပါ…။
          လူသားတိုင်း.. ဘုရားဖြစ်ခွင့်ရှိသော.. ဘုရားအမျိုးများဖြစ်ကြပါသည်ခင်ဗျား..

          ဆိုတော့..
          ဘုရားဖြစ်(နို်င်)သူတဦးက.. အခြားဘုရားဖြစ်(နိုင်)သူတဦးကို.. ဘုရားထူးခေါ်ပြောပြရန်မလိုပါ..။

          စစ်သားခေါင်းဆောင်ပိုင်းတွေက.. အဲဒီနေရာတော်တော်”နပ်”တယ်..။
          သူတို့က.. “ဗိုလ်”ဘွဲ့ခံပြီး.. သာမန်လူတွေကို.. “မင်း/ငါ”နဲ့ သုံးနှုန်းပြောတယ်..
          အရာရှိအချင်းချင်းကျ.. အကိုကြီး.. ညီလေး..အဘနဲ့သွားတယ်..။ အရာရှိအကြီးက.. အငယ်ကို.. မင်း/ငါနဲ့သွားတယ်..။

          အဲလို..။ :hee:

  • Foreign Resident

    March 23, 2013 at 7:41 am

    တိုင်းပြည် ရှေ့ရေး ကတော့ ၊
    တကယ် စိတ်မကောင်း / စိတ်ဓါတ်ကျ ရပါတယ် ကိုပေါက် ရေ ။

    • ရှေ့တစ်လှမ်းတို့ဘို့ နောက်နှစ်လှမ်းဆုတ်တာမဟုတ်ဘူး။
      လျောကျသွားတယ်လု့ိခံစားရပါတယ်။

  • MaMa

    March 23, 2013 at 7:55 am

    ချင့်ချင့်ချိန်ချိန် သုခမိန် ဆိုတဲ့ စကားလေး နှလုံးသွင်းကြစေဖို့ သတိပေးချင်မိတယ်။
    လေသေနတ်နဲ့ ပစ်တာလည်း ထိရောက်မှုတွေ ရှိနေတာမို့ ရမ်းသမ်းမပစ်ကြစေလိုပါ။ :buu:

    • ဟုတ်ပါ၏။
      အဓိက ကတော့ ဘာဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ဒီမြန်မာနိုင်ငံအတွင်းမှာ အတူတူနေရသူ
      တွေဘဲ ထိခိုက်နစ်နာရမှာ အမှန်တရားပါဘဲ။
      နုတ်ကပြောတာလွယ်ပြီး လက်တွေ့ကျင့်သုံးဘို့ခက်ပါတယ်။
      ကိုယ်ချင်းစာတရားနဲ့ဘဲရှေ့ဆက်သွားကြဘု့ိိုလိုအပ်ပါတယ်။

  • kyeemite

    March 23, 2013 at 8:34 am

    မိတ္ထီလာကိစ္စတွင်သာမက
    ရခိုင်အရေးကိစ္စတွင်ပါ…လူမျိုးရေး၊ ဘာသာရေး
    ခွဲခြားတဲ့ အစွန်းရောက်စိတ်ဓါတ်တွေကြောင့်
    ဒုက္ခဖြစ်ကုန်ရတာ……
    ဗိုလ်ချုပ်အောင်ဆန်း ပြောသွားသလို“တလွဲဆံပင်ကောင်းနေကြတာ”
    အဲဒီ အမျိုးချစ်ပါတယ်ဆိုတဲ့ လူတွေ သေချာစစ်ကြည့်..
    တိုင်းပြည်ကောင်းစားရေး ဘာတစ်ခုလုပ်ဖူးလဲလို့…
    အလကား အာနဲ့ချစ်နေကြတာ…လူကို “လူ” လို့ပဲမြင်ကြဖို့လိုတယ်..
    တကယ်က မြန်မာပြည်မှာ Discrimination လုံးဝ ရှိနေသေးတယ်ဆိုတာဖေါ်ပြတာပဲ :chee:

    • ကို ငြိမ်းမောင်

      March 23, 2013 at 4:24 pm

      ကိုကြီးမိုက်ရေ ဗရာဗိုပါဗျာ။
      လူ ကို လူ လို့ဘဲမြင်သင့်တဲ့ အခြေခံအကျဆုံး စိတ်တွေရှိကြရင် လူတန်းစားခွဲခြားမှု့
      အသားအရောင်ကွဲလွဲမှု့တွေကင်းကာ အခုပြောနေကြတဲ့ လူသားချင်းစာနာမှု့တွေ ကောင်းမွန်လာမှာ အသေအချာဘဲဗျာ။

  • ကောင်းနေတာကို ဖျက်လိုဖျက်ဆီးလုပ်လိုသောသူများရှိနေသေးတယ်
    တတိယလူရှိနေတယ်ဆိုတာကို သက်သေပြလိုက်တယ်လို့ ယူဆပါတယ် ကိုမိုက်ရေ

  • အဂျစ်

    March 23, 2013 at 1:53 pm

    အနှိမ်ခံအဖိခံရရင် ပိုကြိုးစားတတ်ကြတာသဘာဝဆိုတော့…. တချိန်က နစ်ဂါတွေ လိုပေါ့….နောင်အနာဂတ်သမိုင်းတကွေ့တော့ စောင့်ကြည့်ချင်သေးတယ်ဗျာ….

  • KZ

    March 23, 2013 at 2:05 pm

    မသိတော့ဘူး။
    ဘာသီတင်းမှ မကြည့်တော့ဘူး။ 🙁

    စု အန္တရာယ်ကင်း ပြီးတာပဲလို့မှတ်တယ်။
    ဦးအောင်ဆန်းလို သမိုင်းမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်ရင် ရှက်လွန်းလို့။
    ကမ်ဘာမှာ အရှက်ကို ကွဲချင်လှလို့ ဆိုရင်လည်း မတတ်နိုင်တော့ ဘူး။
    🙁

    • kai

      March 23, 2013 at 3:02 pm

      မင်းကိုနိုင်ကတော့.. ခပ်ရဲရဲပဲ… မြန်မာမွတ်ဆလင်တွေကို သွားတွေ့တယ်..
      အစွန်းရောက်တွေကတော့.. တော်တော်မုန်းမယ်..။
      ဒါပေမယ့်..။
      အဲဒါ.. ခေါင်းဆောင်ပါ…။

      • KZ

        March 23, 2013 at 3:14 pm

        တဂျီးရယ်။
        မပြောချင်တော့ပါဘူး။
        လူလူချင်းကိစ္စတို့။
        ကိုယ်ချင်းစာတစ်ရားတို့၊
        အမျိုးသားရေးနဲ့ လူမျိုးရေး၊ ဘာသာရေးရောထွေးမှုတို့ သွားပြောမိလို့
        နေရင်းထိုင်ရင်း အဟွာမယား အပြောခံလာရတာ။
        စိတ်ကုန်လွန်းလို့။
        :buu:

        :byae:

      • မင်းကိုနိုင်ကို မမုန်းကြပါဘူး။
        ဒါပေမယ့် သူကလဲ ထိထိရောက်ရောက်လုပ်ပြဘို့ လိုနေပါပြီ။
        အခုအချိန်မှာသူလဲ လူတွေကို လိုက်တွေ့နေတဲ့အဆင့်ထက်မကျော်လွန်သေးဘူးဖြစ်နေပါတယ်။

  • ရာမည

    March 23, 2013 at 3:24 pm

    လူကို လူလို ့မြင်တဲ ့နေ ့မှာ
    ဒီပြဿနာတွေ ပြေလည်သွားပါလိမ့်မယ် ။
    ဒါပေမဲ ့ ……
    နောင်နှစ်ပေါင်း ကုဋေ…..?..?…..

  • Mr. MarGa

    March 23, 2013 at 4:04 pm

    ဖြစ်ခဲ့တာတွေကတော့ ပြန်ပြင်လို့ မရတော့
    ထိုဖြစ်ရပ်များ၏ ဆိုးမွေကို မကြာမီ တွေ့မြင်ရလိမ့်မည်။
    တိုင်းပြည် တိုးတက်ရေးတွင်လဲ အဟန့်အတားတစ်ခု ဖြစ်သွားပေသည်။
    ရှေ့ဆက် ထိုဖြစ်ရပ်မျိုး မဖြစ်အောင်၊ ဖြစ်လာလျှင်ပင် မကြီးထွားအောင်
    ကြိုတင် ကာကွယ်ရန် နည်းလမ်းများ ရှာသင့်ပေသည်။
    မည်သည့်အရာကို ခုတုံးလုပ်သည် ဖြစ်ပါစေ
    အဓိက အထိနာသည်ကတော့ ပြည်သူသာ ဖြစ်သည်ကိုး

    • kai

      March 23, 2013 at 4:12 pm

      စိတ်ပြေလွယ်ကြအောင်.. လက်ညိုးထိုးလွှဲချလုပ်နေကြတာပါ..။
      ဒီအဖြစ်မျိုးက.. အနော်ရထာလက်ထက်ကတည်းကရှိတာလေ..
      အဲဒီတုံးကတော့.. ပျူနဲ့..မွန်နဲ့..ဗမာနဲ့..ရှမ်းနဲ့ပေါ့..
      ဂျီနိုဆိုက်(မျိုးဖြုတ်သတ်) လုပ်တာပါပဲ..။

      အင်္ဂလိပ်တက်အုပ်ချုပ်တော့လည်း.. ကုလား-ဗမာရိုက်ပွဲတွေဆင့်ဆင့်ဖြစ်တာပဲ..
      ဗမာ-တရုတ်လည်း.. သတ်ကြတာပဲ..
      အခုလည်း.. ကချင်မှာသတ်နေသေးတာပဲလေ..
      လက်ပံတောင်းတောင်မှာလည်း.. ဗမာ-ဗမာ ချနေတာပဲ..။
      တကမ္ဘာလုံးကလေးစားရတဲ့.. ဘုရားပေးတဲ့ခေါင်းဆောင်ကိုတောင်.. “ချ”ကြတာပဲ..။

      မြန်မာတွေရဲ့.. အတွေးအခေါ်တို့ရဲ့.. ဦးဆောင်ရာဖြစ်တဲ့..ဘာသာရေး..တရားတွေပြန်စိစစ်ဖို့လိုတယ်..
      ပြသနာက. အဲဒီမှာ..။

      • အရီးခင်လတ်

        March 23, 2013 at 8:52 pm

        သူကြီးမင်းရှင့်
        ဘုရားပေးတဲ့ခေါင်းဆောင် ဆိုလို့ ဘယ်ဘုရားက ပေးတယ် ဆိုတာလေးလဲ ရှင်းရှင်းလင်းလင်းပြောပါဦး။
        မဟုတ်ရင် သူ့ဘုရားကပေးတာ၊ ငါ့ဘုရားက ပေးတာ ငြင်းနေကြမှာစိုးလို့။

        ဒါနဲ့
        ဘုရားပေးလို့ အဲဒီခေါင်းဆောင်တော်နေတာလို့ ဆိုလိုချင်တာတော့ မဟုတ်ပါဘူးနော်။
        (နောက်တာ) 😉

  • စိတ်အတက်အကျမြန်တဲ့လူမျုးိထဲမှာ မြန်မာပါ ပါတယ်။
    ဒါကိုအခွင့်ကောင်းယူပြီး ဘာသာရေးတိုက်ပွဲဖြစ်အောင်ဖန်တီးခဲ့ကြတာပါ။

    အင်္ဂလိပ်လက်ထက်မှာအဆိုးဆုံးလို့ပြောချင်ပါတယ်။
    မြန်မာပြည် ကိုစနစ်တကျနဲ့သွေးခွခဲ့တာ ဘာသာတရားကိုအခြေခံပြီး ရန်ပွဲဖြစ်အောင်လုပ်ခဲ့တာ
    အင်္ဂလိပ်လက်ထက်က စတာပါဘဲ။။
    နောက် ဘာသာတရားမိူင်းကိုလွန်ကဲစွာရိုက်သွင်းခဲ့တဲ့ခေါင်းဆောင်လက်ထက်မှာလည်း
    ဘာသာရေးကိုအခြေခံတဲ့ ရန်ပွဲတွေဖြစ်ခဲ့တာပါဘဲ။

    တိုင်းပြည်နိုင်ငံရေး အကျပ်အတည်းဖြစ်နေရင် လူမျိုးရေး ဘာသာရေးအခြေခံတဲ့ပြဿနာတွေ
    အချိန်ကိုက် တက်တက်လာတာကလည်း စဉ်းစားစရာတစ်ချက်ပါဘဲ။

    အခုအချိန်မှာတော့ အီးဘယ်သူပေါက် မောင်ပေါက် နဲ့မပြီးတော့ပါဘူး။.
    အီးပေါက်တဲ့တရားခံကို ပြတ်သားစွာဆွဲထုတ်ပြသင့်ပါပြီ.

    • အရီးခင်လတ်

      March 23, 2013 at 8:54 pm

      “အီးဘယ်သူပေါက် မောင်ပေါက် ” မဟုတ် တော့ဘူး။
      “အီးဘယ်သူပေါက် ကိုပေါက် / ဦးပေါက်” အရွယ်ရှင့်။
      စိတ်ညစ်စရာကြားမှာ ပြုံးမိလိုက်လို့ပါ ကပေါက်ရေ။ 😆

  • နေဝန်းနီ

    March 23, 2013 at 8:31 pm

    အီးပေါက်တဲ့ တရားခံကို ပြတ်သားစွာဆွဲထုတ်ပြရုံနဲ့မပြီးသေးဘူး ဘာကြောင့် အီးပေါက်တာလဲ (လူလည်ခေါင်မှာ) အဲဒိလိုနောက်မပေါက်နိုင်အောင် ကာကွယ်ဖို့လည်းလိုသေးတယ်

  • ဖွဘုတ်က ကိုဖွ၊မဖွတွေကြောင့်လဲခက်တယ်ရှင်…
    အကောင်းအဆိုး၊အကြောင်းအကျိုးကို သင့်မသင့် မချင့်ချိန်တတ်သေးတဲ့အရွယ်တွေမို့လားမသိဘူး
    ရှေ့နောက်မဆင်မခြင် ဖွဖို့လောက်ပဲ အားသန်နေကြသလိုပဲ။
    ရှေ့လျှောက် မနေဝံ့စရာနေရာတွေများလာမှာပဲစိုးရတယ်ဥပေါက်ရေ……..

  • padonmar

    March 23, 2013 at 9:42 pm

    ကိုပေါက်ရေ
    စိတ်ပျက်လွန်းလို့ ဒီအကြောင်းတွေ ပြောချင်စိတ် ရေးချင်စိတ်တောင်မရှိတော့ပါဘူး။
    ဘာသာရေးနဲ့ သွေးအခွဲခံနေကြတဲ့ထဲ အင်တာနက်သုံးတတ်တဲ့ ပညာတတ်တွေပါ ပါနေတော့ ပိုပြီး အရှိန်ကောင်းနေပါတယ်။
    သင့်ကြောင့် မီးမလောင်ပါစေနဲ့ ဆိုတဲ့ မီးသတိပေး ကြေငြာပဲ မြင်ယောင်မိပါတော့တယ်။

  • နန်းတော်ရာသူနဲ့ မမာရေ
    စိတ်ပျက်ပေမယ့်လဲ ရပ်ထားလို့မရ။
    ထိန်းထိန်းသိမ်းသိမ်းနေတတ်ကြအောင် တတ်နို်င်သလောက်တော့ အော်ပေးနေကြဘို့လိုတယ်နော့်

  • Fall Guy

    March 24, 2013 at 12:59 am

    ကိုပေါက်ရေ
    ငယ်သူငယ်ချင်းတွေထဲမှာ လဲ ဘာသာခြားတွေရှိတယ်…။ ဘယ်တုန်းကမှဘာသာရေးနဲ့ပတ်သက်ပြီးအငြင်းမပွားဖူးဘူး….။ ရခိုင်ပြဿနာတုန်းက အခြားနိုင်ငံသားနဲ့
    ဖြစ်တာဆိုပြီးဖြေလို့ရပေမယ့် အခုတော့ စိတ်လဲမကောင်းဘူး ရှက်လဲရှက်မိတယ်…။ သဂျီးပြောတဲ့ စနစ်
    ကြောင့်မဟုတ်ဆိုတာကို လက်ခံလို့ရလာပြီဗျာ……….။

  • uncle gyi

    March 24, 2013 at 9:25 am

    မှန်လိုက်လေကိုပေါက်
    ဒေါ်စုကိုချကျွေးတာဒေါ်စုကဘာဖြစ်လို့အကျွေးခံသလဲ
    ရှင်းပါတယ်တိုင်းပြည်အတွက်မှတပါးအခြားမရှိ
    မင်းကိုနိုင်လိုရှောင်ထွက်သွားရင်ရသား
    သူ့ချစ်တဲ့သူတွေအမုန်းခံပြီးလုပ်သွားတာ
    ဒါခေါင်းဆောင်
    ခိုးဝင်သူတွေကိစ္စပြတ်သားစွာကိုင်တွယ်တာထောက်ခံသလို
    ရွာနေပြည်ထိုင်တွေကိုအခုလိုလုပ်တာပြတ်သားစွာဆန့်ကျင်ပါတယ်
    နောင်အခုလိုမဖြစ်ဖို့အရေးကလည်းပြည်သူတွေအသိအမြင်ကျယ်
    လာအောင်ဝိုင်းဝန်းပညာပေးဖို့စာနယ်ဇင်းတွေ
    စာရေးဆရာတွေ ကျောင်းစာသင်ခန်းတွေကအရေးကြီးဆုံးလို့ပြောပရစေ

  • ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို …
    လက်ဖက်ရည်ဆိုင် ရန်ပွဲကစ တံတားနီ ဖြစ်လာတယ် ဆိုသလိုပေါ့ …
    ((အကြောင်း ဆင်တူတာကိုပဲ ပြောတာပါ))
    မိတ္ထီလာ မှာလည်း ရွှေဆိုင် ရန်ပွဲကစ …
    ဘာသာရေး အထိကရုဏ်း ဖြစ်လာတယ်လို့ ဆိုရလေမလားပဲ …
    ဒါမယ့် .. မကြီးထွားလိုက်ပါဘူး ….
    အခုတော့ ပြန်ငြိမ်သွားပြီလို့ ပြောထားတယ် ….
    ဖေ့ဘုတ်စ် ပေါ်မှာတော့ မငြိမ်သေးဘူး …..

  • mobile

    March 24, 2013 at 2:12 pm

    ဝင်ရောက်လေ့လာဖတ်ရှု့သွားပါတယ်ကိုပေါက်ရေ……………..
    လေ့လာဆဲလူသားမို့လို့ ဘာမှမမန်းနိုင်ခဲ့တာ ခွင့်လွှတ်ပါဗျာ……………

  • မောင် ပေ

    March 24, 2013 at 7:13 pm

    တစ်ကယ်တမ်းပြောရရင်
    ဗုဒ္ဓဘာသာဝင်မြန်မာတွေ ခံရတာနဲ ့ပတ်သက်ပြီး ရင်နာလွန်းလို ့မျိုးချစ်စိတ် ပေါက်ဖွားလာပြီး အားမလို အားမရ ဖြစ်ရတာ မှန်ပေမယ့်
    ပြဿနာ ဖြစ်ပြီဟေ့ ဆိုရင် ၊ ကျုပ်အပါအဝင် အရောင်းအဝယ်သမားတွေ ပဲ အရင်ဆုံး ကျောကော့အောင် ခံရတာပါ ။
    ၂၀၀ဝ ပတ်ချာလည်လောက်တုန်းက ၊ နယ်မှာ မြန်မာ နဲ ့ကုလား ဖြစ်ကြတုန်းက ၊ ကိုယ့်ဆီက အကြွေးယူထားတဲ့ ကုလားတစ်ယောက် ဆိုင်ဖျက်ခံလိုက်ရတာ နဲ ့ ၊ ကိုယ့်ငွေ ဆုံးရော
    အခု မိတ်ထီလာ ကိစ္စမှာ ၊ ကိုယ့် ဈေးဝယ် ကုလား မရှိလို ့ ၊ အထိအခိုက်နဲရပါတယ်
    ဒါပေမယ့် ကောင်းရောင်းကောင်းဝယ် လုပ်နေတဲ့ စီးပွားသမားတွေ အတွက်တော့ ကိုယ်ချင်းစာပါတယ်

  • အလင်းဆက်

    March 24, 2013 at 7:58 pm

    အိမ်းးးးးးးးးးးးးးးးးးးးးးး

    မှ တပါး…
    ဘာပြောရပါ့မလဲ…

  • အဂျစ်

    March 24, 2013 at 11:10 pm

    FB မှာတော့ တော်တော် ရှုပ်နေတယ် နော် … acc သစ်တွေလဲမနဲ…. ကြိုဖွင့်ထားသလားပဲ…အဟောင်းတွေလဲ အရင်က share တာလေးတစ်ခုနှစ်ခုပဲရှိတာ ကနေခုတော့ မနားတမ်း use နေပုံပဲ…မကြည့်လဲ မနေနိုင် ကြည့်တော့လဲ စိတ်ရှူပ်…. 🙁

  • ဦးကြောင်ကြီး

    March 25, 2013 at 10:39 am

    သဂျီးပြောတာလေး ပြန်မျှချင်တယ်။ တိုင်းသူပြည်သားဆိုတာ ဒီလိုအစီရင်ခံစာတွေ လိုက်သိနေစရာမလိုဘူး။ ယူအက်စ်လို အလွယ်သိခွင့် ရှိတဲ့နေရာမှလည်း ဘယ်သူမှ အရေးလုပ် ဖတ်မနေဘူး။ သူတို့နားလည်အောင် လိုတိုရှင်း နည်းပေါင်းစုံနဲ့ အားထုတ်ဆက်သွယ်ဖို့က သက်ဆိုင်ရာ အဖွဲ့အစည်းများတာဝန်။ အစီရင်ခံစာလွှတ် ဗလွတ် လုပ်လို့မရဘူး။ ပြီးခဲ့တဲ့ လက်ပံတောင်းမှာ ဘွားဒေါ်ဂျီးပြောပုံ လက်လွတ်စပယ်နိုင်လွန်းတယ်။ ပြည်သူတွေက စိတ်ရှုပ်မခံချင်လို့ ခေါင်းဆောင်ရှာ ဦးဆောင်ခိုင်းတာ…။ ဒါကို ဘာညာအပြစ်ပြောသူများ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံများမှာ လုပ်ကိုနေကြပုံနဲ့ ဝေးလွန်းလို့ စာတွေ့ဖတ် ပြောနေကြတာဖြစ်မယ်…။

  • ကိုကြောင်ပြောတာ မှန်ပါတယ်။
    ဒါပေမယ့် ထူးခြားတာတစ်ခုက ဒီလက်ပန်တောင်းကိ်စ္စမှာ
    စီမံကိန်း အပြီးရပ်တာကလွဲလို့ ဘာမှလက်မခံ ဘူးဆိုတဲ့အဖြေက အရင်ကကတည်း က ချထားပြီးသားလေ။.

    • ဦးကြောင်ကြီး

      March 26, 2013 at 9:32 am

      ဒါက ကြွေးကြော်သံလေ.. ဦးပိုင်နဲ့ တရုတ်ကလည်း မဖြစ်မနေ ဆက်လုပ်မယ် ကြိမ်းတာပဲ မဟုတ်လား။ အစိုးမရကရော တရုတ်ကို ကြောက်ရပါတယ် ပြောထားပြီးသား.. အဲလိုလေးလဲ မြင်ကြည့်စမ်းပါအုံး.. ဘွားဒေါ်ဝိတ် တခုခထဲနဲ့ မျက်မှန်စိမ်း တပ်မပစ်လိုက်နဲ့။
      အယာတိုလာ မာမွတ်ခိုမ် အပေါ်မှာ မန်းတာကိုပါ တခါထဲ ပြောချင်တယ်။
      ****kai says: မင်းကိုနိုင်ကတော့.. ခပ်ရဲရဲပဲ… မြန်မာမွတ်ဆလင်တွေကို သွားတွေ့တယ်..
      အစွန်းရောက်တွေကတော့.. တော်တော်မုန်းမယ်..။ ဒါပေမယ့်..။ အဲဒါ.. ခေါင်းဆောင်ပါ…။****
      မြန်မာနဲ့ မွတ်စ်တွေအကြား တင်းမာမှု ရှိထားနေတာ ငြင်းမရဘူး၊ အခုပွဲမှာ မင်းကိုနိုင် မွတ်စလင် ဒုက္ခသည်တွေကို တွေ့ဆုံအားပေးတယ်။ သူ့ကို ဝေဖန်တဲ့အသံ ကြားရသလား..၊ ဒါနဲ့ဗျောင်းဗျံ လက်ပံတောင်းအရေးမှာ ဘွားဒေါ် ဘယ်လိုကြုံရသလဲ။ ရှင်းပါတယ်.. မိတ္ထီလာ ကိစ္စမှာ ပြည်သူအများစုက အကြမ်းဖက်မှုကို လက်မခံဘူး.. လက်ပံတောင်းမှာကြတော့ အသံတွေ ဆူညံပွက်သွားတယ်၊ ပြည်တွင်းပြည်ပ နေရာစုံက ဝေဖန်တယ်။ သူ့ပါတီတွင်းမှာတောင် ဝေခွဲမရဖြစ်ကုန်တယ်။ ဒါဆို သဂျီး မက္ကာမြို့ ဘုရားဖူးတဲ့အခါ ပထမတန်း လေယဉ်လက်မှတ် အလဂါးရဖို့ မဆီမဆိုင်ပြောတာ လယ်ပြင် ဂေါ်ဇီလာဘိုးအေ သွားသလို ထင်ရှားပြီ…။

  • Mလုလင်

    March 25, 2013 at 11:59 pm

    ကျုပ်ကတော့ စောင့်ကြည့် ချင်သေးတယ် . . . . အစီရင်ခံ စာကို အကောင်အထည် ဖော်တဲ့ နေရာ မှာ ဖြစ်မယ့် (ဖြစ်နိုင်တဲ့) အတိမ်းအစောင်း တွေကို ဘယ်လို ကိုင်တွယ် ကြမလဲ . . . . ဆိုတာ မျိုး ကိုပါ။

  • ကိုကြောင်ကြီးရေ
    ကျနော်အမြင်ကတော့ ပြီးထားတာ နှစ်ပေါင်းများစွာ လုပ်စားလာခဲ့တဲ့နေရာကို
    ဗြုန်းစားကြီးရပ်လိုက်တာထက်စာရင် ကိုယ်ရသင့်တာအမြင့်ဆုံးရအောင်တောင်းယူသင့်တယ်ထင်ပါတယ်။

  • nozomi

    April 2, 2013 at 1:26 pm

    ဒီ ပို့စ် လေးကို ဒီနေ့ထွက်တဲ့ ကုမုဒြာဂျာနယ် ( အတွဲ ၃ ၊ အမှတ် ၂ ) မှာ ဖတ်လိုက်ရပါတယ်
    ကိုပေါက်ကြီး နဲ့ ရွာအတွက် ဝမ်းသာဂုဏ်ယူကြောင်းလေး ပြောခွင့်ပြုပါနော

  • ကျေးကျေးပါ ကိုနိုရေ
    ကျနော်က စာရေးရင်အရှည်တွေရေးပါတယ်။
    ဒီအတိုလေးကတော့ ကုမုုဒြာကနှစ်သက်ကောင်းတယ်ထင်လို့ အီးမေးလ်ကနေပို့လိုက်တာ
    ပါမယ်တောင်မထင်ပေမယ့်ပါလာပါတယ်။
    ဆက်လက်ကြိုးစားပါအုံးမည်။

  • weiwei

    April 2, 2013 at 4:03 pm

    ကိုပေါက်ကြီးလဲ ဂျာနယ်လစ်တစ်ယောက်ဖြစ်သွားပြီပဲ …
    ဝမ်းသာဂုဏ်ယူပါတယ် ..

Leave a Reply