“ဘယ်စာဝါ ဘယ်နှစ်ဝါ မောင်သင်မတုံးးးးးးးးးးးးး”     ဒီရန်ကင်းရွာဦးကျောင်းက ရွာအရှေ့ဘက်ထိပ်မှာရှိပါတယ်။ ရွာမြောက်ဘက် မတ္တရာဘက်သွားတဲ့ပေတစ်ရာလမ်းမကနေတောင်ဘက် ရွာလမ်းမအတိုင်းတည့်တည့်ဝင်လာရင် ရွာတော်ရှင်ဘိုးဘိုးကြီးရဲ့နတ်ကွန်းလေးကို ဖြတ်ပြီးရင်ဘုန်းကြီးကျောင်းအဝင်ဝကိုရောက်လာပါတယ်။ ဘုန်းကြီးကျောင်းဝတ္တကမြေကိုတော့ စည်းရိုးရယ်လို့သတ်သတ်မှတ်မှတ်ခတ်မထားပေမယ့် အနောက်ဘက်က အိမ်တွေရယ် ကျောင်းရယ်ကိုတော ့ သဘာဝခင်တန်းလေးက ပိုင်းခြားလို့ပေးထားပါတယ်။ ကျောင်းအဝင်စ အရှေ့ဘက်ခြမ်းမှာတော့ ကျောင်းအိုအိုလေးတစ်ကျောင်းရှိပါတယ်။ ဦးဇင်းတစ်ပါး တည်းသီတင်းသုံးပါတယ်။ အဲဒီဦးဇင်းရဲ့ အများနဲ့မတူတဲ့ထူးခြားချက်ကတော့ တစ်နှစ်ပါတ်လုံးရေမချိုးဘဲ မြန်မာနှစ်ဆန်းတစ်ရက်နေ့ တစ်ရက်ထဲဘဲ ရေချုးိတယ်လို့ သိရတာပါဘဲ။ သူ့ကျောင်းခြံဝင်းတံခါး ကိုအမြဲပိတ်ထားပြီး တသီးတသန့်နေတဲ့ ရဟန်ုးဖြစ်ပါတယ်။   ဘုန်းကြီး ကျောင်းဝင်းကြီး က အတော်လေးကျယ်ဝန်းပါတယ်။ ကျောင်းဝင်းထဲကို ဝင်လာခဲ့ရင် ကျောင်းဝင်းအလည်လောက်မှာ ဘုရားတစ်ဆူနဲ့ဇရပ်တစ်ဆောင်ကိုတွေ့ရပါမယ်။ ဆက်လာလိုက်ရင်တော့ နှစ်ရင့်မန်ကျည်းပင်နဲ့ သရက်ပင်တွေဝိုင်းနေတဲ့ ကြီးမားတဲ့နှစ်ထပ်ကျောင်းဆောင်ကြီးကို ဘွားကနဲတွေ့နိုင်ပါတယ်။ ကျောင်းအပေါ်ထပ်ကတော့ ကြမ်းခင်းပြီးအောက်ထပ်ကတော့ အကာအရံမရှိဘဲ ခုံတန်းလျားလေးနဲ့စားပွဲတစ်လုံးတော့ချထားပါတယ်။ ကျောင်းအနောက်ဘက်မှာတော့ […]


“စည်စည်ကားကား ရွှင်ရွှင်ပျော် ကျေးရွာအလှူတော်” ဒီအလှူပွဲမှာ သူများနားချိန် အိပ်ချိန်မှာတောင် မနားဘဲလုပ်ရတာကတော့အိုးသူကြီးအဖွဲ့ ပါဘဲ။ သူတို့အဖွဲ့ က တစ်ညလုံးမနားရပါဘူး။ မနေ့ညနေစောင်းကတည်းက စလို့ မီးတရဲရဲမှာ မိုးဗြဲဒယ်ကြီးတွေနဲ့ ကြက်သွန်တွေဆီသတ် ငရုတ်သီးတွေဆီသတ် အသားဟင်းတွေကို မသိုးအောင် လုံးနဲ့လုပ်ကြရတာပါ။ ညရောက်ပြန်တော့လဲ အလှည့်နဲ့ အိပ်တာတောင်မှ ကြက်အိပ်ကြက်နိုး။ လူသာအလှည့်နဲ့ခဏမှေးလိုက်ရမယ် မီးဖိုကြီးကတော့ ညလုံးပေါက် မီးမပြတ်အောင်ထုိုးရပါတယ်။ မနက်လေးနာရီထုးိတာနဲ့ ဓါတ်စက်ဆရာက “ဌေးဌေးမြင့်”ရဲ့ အင်မတန်ကျက်သရေရှိလှတဲ့ “အစိန္တေယျ”သီချင်းနဲ့ စလိုက်ပါတယ်။ အဲဒီသီချင်းပြီးတာနဲ့ အလှူသီချင်းတွေမှာပြိုင်စံရှားတဲ့ ကိုထွန်းရွှေရဲ့ “လင်းကြက်ဖြင့်တွန်သံသာ…………………”တို့ “တို့တောကအလှူ တို့တောကအလှူ စည်သံဗျောသံညံဆူ ခြိမ့်ခြိမ့်သဲလို့အောင်ပွဲခံမယ်တမူ”တွေဘာတွေပါတဲ့ အိုးစည် ဒိုးပတ် အလှူသီချင်းတွေ ကို ဆက်တိုက်ဖွင့်ပါတော့တယ်။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ အော်လံသံမကြားခင်ကတည်းက အားလုံးကလှူပ်လှူပ်ရွရွဖြစ်နေပါပြီ။ ထမင်းချက်တဲ့အဖွဲ့ကလဲ ထမင်းတွေကို ပုတ်ကြီးထဲမှာ ငှက်ပျောဖက်တွေခံလို့ထည့်။ ဟင်းချက်တဲ့အဖွဲ့ကလဲ […]


“လှုပ်လှုပ်ရွရွ အလှူဝင်တဲ့ည ” (ငယ်လွမ်းချင်း အမှတ်သုံး)     ကျနော်မှတ်မိသလောက် မြန်မာပြည်မှာ TV ဆိုတာကြီးပေါ်လာမှ “ရုပ်မြင်သံကြား”ဆိုတဲ့စကားလုံးက လူသိများလာခဲ့တာပါ။ ၁၉၈၃ခုနှစ်ပါတ်ဝန်းကျင်မှာမှ မြန်မာပြည်တနံတလျား သုံးခဲ့တဲ့ ဒီရုပ်မြင်သံကြား ဆိုတဲ့စကားလုံးလေးကို ၁၉၇ဝခုနှစ်ပါတ်ဝန်းကျင်လောက်မှာကတည်း မတ္တရာနယ်ဘက်မှာတော့ သုံးခဲ့ကြတာပါ။ ရုပ်မြင်သံကြားဆိုတာကို မျက်စေ့ထဲမြင်လာအောင်ပြောရရင် “တေးသရုပ်ဖော်ကပွဲ”ပါဘဲ။ အဲဒီခေတ်က ကက်ဆက်ဆိုတာ ဘယ်နေမှန်းမသိ။ တိတ်ရကော်ဒါဆိုတာ မြို့က သူဌေးအိမ်မှာ မှ သုံးတဲ့ ဂုဏ်ဒြပ်ခံတဲ့အရာတစ်ခု။ တောမှာတော့ ဓါတ်စက်နဲ့လော်ကြီးတွဲလိုက်ရင် ဒီရွာတင်မကဘဲ ဟိုဘက်ရွာကလူတောင်နားထောင် နိုင်လောက် အောင်အသုံးတည့်လှပါတယ်။ အလှူရှိရှိ မင်္ဂလာဆောင်ရှိရှိ ဒီလော်ကြီး ဖွင့်လိုက်ရမှပြည့်စုံတာတော့အမှန်ပါဘဲ။ ဒီရန်ကင်းရွာလေးရောက်မှ ကြားဘူးမြင်ဘူူးတာတော့ရုပ်မြင်သံကြားတဲ့။ အသံကြားရမယ် ဓါတ်စက်ဖွင့်ထားလို့ပါ။ ရုပ်မြင်ရမယ် လူတွေက သရုပ်ဆောင်ပြကြတာကိုး။ ဖွင့်ထားတဲ့ သီချင်း ပြဇာတ်တွေထဲကပြောဆိုငိုတဲ့အတိုင်း လိုက်ပြီး အမူအယာလုပ်လို့ […]