“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းတစ်) (တိမ်းနွယ်……………….) အခုလိုဆောင်းဝင်စတစ်ရက်မှာကျမတို့သူငယ်ချင်းတစ်တွေ မင်းကွန်းဘက်ကိုသွားကြဘို့ အကြောင်းဖန်လာပါတယ်။ အဝေးမှာရှိနေတဲ့မိတ်ဆွေတစ်ယောက်က မင်းကွန်းမှာသီလရင်ဝတ်နေတဲ့ သူ့မိတ်ဆွေဆီကို အလှုငွေနဲ့ ပစ္စည်းတချို့ကိုသွားပို့ခိုင်းတာပါ။ မင်းကွန်းဆိုတဲ့အရပ်မှာလူကြုံဘို့ဆိုတာကမဖြစ်နိုင်တာရယ် ကိုယ်တိုင်ကလဲမရောက်တာကြာလို့ သွားချင်နေတာရယ်ဆိုတော့ အလုပ်ပိတ်ရက်ဖြစ်တဲ့ဥပုဒ်နေ့တစ်နေ့မှာ ကျမရယ် မိုးစနလို့ခေါ်တဲ့ မိနှင်းရယ် ၊နာမယ်ရင်း အိအိတုန်ဆိုတဲ့ နာမည်ပျောက်သွားလောက်အောင် စွာလွန်းတဲ့ ဂွဲဂွဲ ရယ်သုံးယောက်သား မင်းကွန်းသွားဘို့ အစီအစဉ်တွေဆွဲခဲ့ကြပါတယ်။ ဆိုင်ကယ်နှစ်စီးနဲ့သွားကြမယ်။ ဆိုင်ကယ်ကိုမရမ်းခြံဆိပ်က အသိအိမ်ကိုထားခဲ့မယ်။ ပြီးရင်အများသွားတဲ့မော်တော်လေးနဲ့လိုက်ကြမယ်။ ဟိုရောက်ရင် အရင်ဆုံးမင်းကွန်းဆရာတော်ကြီးရဲ့ကျောင်းကိုလှည်းငှားပြီးသွားမယ်။ ပစ္စည်းပါးလိုက်တဲ့ သီလရှင်ချောင်ကိုသွားမယ်။ အဲဒီကပြန်လာမှ ပုထိုုးတော်ကြီး၊မင်းကွင်းခေါင်းလောင်း၊မြသိန်းတန်စေတီကိုသွားမယ်။ အစီအစဉ်တွေကတော့ ဟုတ်လို့ပါဘဲ။ ဒါနဲ့မနက် ရှစ်နာရီလောက်မှာ ရေဆိပ်ရောက်လို့ သာယာလှတဲ့ မြစ်တွင်းက မြင်ကွင်းကိုခံစားရင်း မင်းကွန်းဘက်ရောက်တော့ ဆွဲထားတဲ့အစီအစဉ်အတိုင်းသွားကြပါတယ်။ ဥပုဒ်ရက်ဖြစ်တာကြောင့် မင်းကွန်းဘက်မှ လူကတော့ အသင့်အတင့်စည်ပါတယ်။ ဒါနဲ့ဘဲ မင်းကွန်းခေါင်းလောင်းနံဘေးက အကြော်ဆိုင်မှာအကြော်တွေစားပြီး မြသိန်းတန်ဘုရားဘက်ကို […]


“အသစ်အသစ်သော…………” တစ်ရက်မှာတော့ ကိုကြီးဆီက ဖုန်းဝင်လာပါတယ်။ မေမေကြီးကို မြို့တော်ဆေးရုံ မှာတင်ထားရတယ်ဆိုတာကိုလှမ်းပြောတာပါ။ ကျမကိုလာပါလို့ ကိုကြီးက မခေါ်ပေမယ့် စကားပြောတဲ့လေသံကိုကြည့်ရတာလာစေချင်သလိုပါဘဲ။ ကိုကြီးနဲ့ပြောနေတုန်း “ကိုကို ပြီးရင်လင်းပြောမယ်နော်”ဆိုတဲ့အသံလေးကြားရတော့ ကျမ ရင်တွေခုန်သွားပါတယ်။ ကိုကြီးကို “အလုပ်တွေဖြတ်ပြီးဆင်းလာခဲ့မယ်”လို့ပြောလိုက်တော့မှ “မေမေကြီးက သမီးငယ်လို့ ပါးစပ်လှုပ်ပြီးနင့်ကိုတနေတာဟ”လို့ကိုကြီးကပြောလိုက်တော့ ရင်ထဲမှာလှိုက်ကနဲဖြစ်သွားပြီး မျက်ရည်တွေတောင်လည်လာပါတယ်။ ခဏနေတော့ “ပိုပို ညည်းနွေးသီးလေးရဲ့အသံနားထောင်လိုက်အုံး”လို့လင်းလင်းပြောတဲ့အသံ အဆုံးမှာ “မေပို မေပို”လို့ခေါ်လိုက်တဲ့ချစ်စရာ့အသံလေးကြားလိုက်ရပါတယ်။ နောက်မှ “လင်းကရော မေမေကြီးကရော ပိုပိုဓါတ်ပုံကိုပြပြီး မေပိုခေါ်ရမယ်လို့သင်ပေးထားတာလေ” လို့ပြောသံလဲကြားရော ကျမရှိုက်ကြီးတငင်ငိုမိပါတယ်။ ဝမ်းလဲသာတယ် ဝမ်းလည်းနည်းတယ်။ “လင်းရေ နက်ဖြန်ဆင်းလာမယ်”လို့ပြောလိုက်တဲ့ကျမရဲ့ငိုသံပါကြီးကို ဟိုဘက်ကနားထောင်ရတဲ့သူ့အဖို့ဘလုံးဗထွေးနဲ့ ုဖြစ်နေမှာအမှန်ပါဘဲ။ ဒါနဲ့ဘဲကျမ မိသားစုနဲ့တိုင်ပင်ရပါတယ်။ တိုင်ပင်တယ်ဆိုတာထက်အသိပေးတယ်ဆိုရင်ပိုမှန်ပါမယ်။ ကျမတာဝန်ယူထားတဲ့အလုပ်တွေကိုလွှဲသင့်တာလွှဲမှာသင့်တာမှာပေါ့။ မေမေကတော့ကျမကို ဟိုမှာသုံးဘို့ပိုက်ဆံလုံလောက်အောင်ယူသွားဘို့မှာပါတယ်။ မေမေက “သမီးမေမေကြီးနေကောင်းရင်တော့ပြန်လာခဲ့နော်”လို့မှာပါတယ်။ “ပြန်လာမှပေါ့ မေမေရယ် ဒီကအိမ်ကမှ ပိုပိုအိမ်အစစ်လေ” ပြန်ဖြေတော့ […]