“ငါးဒုက္ခနဲ့ ငါ့ဒုက္ခ” ငါးကလေးရဲ့ ရင်ကိုခွဲ၊ ကလီစာတွေဆွဲထုတ် ဟောင်းလောင်းဖြစ်သွားတဲ့ ဗိုက်ကလေးထဲကို အမွှေးနံ့သာ အဆာပလာတွေ ထိုးသိပ်လို့ထည့်။ ပြီးရင်နှီးကြိုးနဲ့ပြန်တုပ်၊ မလှူပ်နိုင်ဘူးဆိုမှ ဝါးတံစို့ထိုးလို့ ဖိုပေါ်တင် မီးအေးအေးနဲ့ ကင်လိုက်တော့ “ငါးဒုက္ခ” လို့အမည်တွင်ပါတယ်။ စကတည်းက ဘာမှမရှိတဲ့ ငါ့ဦးနှောက်ထဲကို အယူဝါဒ အပုတ်အဆွေးတွေ ထိုးသိပ်ထည့်လိုက်တာများ ပြည့်နှက်လို့ မကျိုးရုံတမယ်။ ပြီးရင် မဆုံးနိုင်သော ကတိစကားများနဲ့နှောင်တုပ် မရုန်းနိုင်တော့ပါဘူးဆိုမှ အသပြာနဲ့တံစို့ထိုး ကျေးဇူးတရားပေါ်မှာတင်ပြီး မရူး မချင်းကင်နေတော့ တော်ပါတော့ “ငါ့ဒုက္ခ” လို့သာ အော်လိုက်ချင်ပါတယ်။ ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ 24-1-2012