“ချုပ်စေသင့်၏ မသင့်၏ သိမ်းစေသင့်၏မသင့်၏”     အခုတလော ဂျာနယ်ကောက်မကိုင်လိုက်နဲ့ ကိုင်လိုက်ပြီဆိုတာနဲ့ တွေ့ရမြင်ရတဲ့သတင်းတွေက စိတ်မချမ်းမြေ့စရာ။ ဟိုနားမှာ သပိတ်မှောက် ဒီနားမှာ ဆန္ဒဖော်ထုတ် စိတ်ရှုပ်စရာနဲ့ စိတ်မကောင်းစရာမြင်ကွင်းတွေ။ တစ်ခါ မြေအသိမ်းခံရလို့ လယ်အသိမ်းခံရလို့ အသနားခံစာတင်ရတဲ့သတင်းတွေ ဘဲဖတ်နေရတော့ အေးချမ်းသာယာဘို့ လိုသေးတယ်ဆိုတာ ကို ပြောပြနေသလိုပါဘဲ။ ဂျာနယ်တစ်စောင်မှာ ကျူးကျော်ဆိုပြီးမြေအသိမ်းခံရလို့ ငိုယိုပြီးတောင်းပန်နေတဲ့ ဓါတ်ပုံကိုမြင်ရတော့ ကျုပ် စိတ်ထဲမှာအတော်လေးမကောင်းပါဘူး။ ကိုယ်တိုင်လဲ လက်လွတ်ဆုံးရှုံးဘူးတော့ ကိုယ်ချင်းစာမိတာလဲ ပါသပေါ့။ သူတို့ဝယ်ထားတာ တရားဝင်တာ မဝင်တာအပထား ပိုင်ဆိုင်မူ့လေးတစ်ခု ပျောက်ဆုံးသွားတော့ စိတ်ထဲမှာ ထိခို်က်နာကျင်ရမှာကတော့အမှန်ပါဘဲ။ တရားမဝင်မှန်းသိပါရဲ့နဲ့ ဝယ်သူတွေမရှိသလို စည်းတွေဘောင်တွေကို ဥပဒေတွေကို နကန်းတစ်လုံးမှမသိဘဲ ဝယ်လိုက်တဲ့သူတွေလဲပါမှာတော့ ဧကန်မလွဲပါဘဲ။ ဒီလိုမြေယာ ပိုင်ဆိုင်မူ့နဲ့ပါတ်သက်ပြီး ကျုပ်တို့ လဲ လက်လွတ်ဆုံးရှုံးဘူးတော့ ဒီလိုအသံများကြားရင် […]


“တစ်နည်းအားဖြင့်  ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”         ၁၉၈၃ခုနစ်ဖေဖော်ဝါရီလ က စလို့ရန်ကုန်ကို ကျနော်မရောက်ခဲ့တာ ၂၀၁၁ခုနှစ် ဇူလိုင်လ ရောက်မှဘဲရန်ကုန်ရောက်ခွင့်ကြုံခဲ့ပါတယ်။ အပွင့်လင်းဆုံးပြောရရင်တော့ အဲကွန်းဘတ်စ် ဆိုသဟာကြီးကို အဲဒီတော့ မှ စစီးဘူးတာပါဘဲ။ တစ်ညလုံးလေအေးတွေလွှတ်ထားပြီး မောင်းတဲ့ကားပေါ်မှာ စောင်ခြုံပြီးလိုက်ရတော့တာပါဘဲ။ ဒါတောင် ကျနော်ရုံးက ကလေးတွေက “လေးလေး စောင်ထည့်သွားနော်”လို့ပြောလို့ပါ။ နို့မဟုတ်ရင်တော့ ခရီးသွားရင် ဘာမှ မသယ်ချင်တဲ့ကျနော်တစ်ယောက် အေးစိမ့်နေတဲ့ကားပေါ်မှာ  အတော်လေး ဒုက္ခရောက်မှာသေချာပါတယ်။ ၂၀၁၂ခုနှစ်ရဲ့နောက်ဆုံးရက်မှာ မင်္ဂလာဆောင်ပွဲတစ်ခုတက်စရာရှိတော့ ခါတိုင်းလိုဘဲ ကားနဲ သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်ရန်ကုန်သွားမှာကို သိတဲ့ သူငယ်ချင်း တစ်ယောက်က ဖုန်းလှမ်းဆက်ပါတယ်။ “ခိုင်မန္တလေး”နဲ့လိုက်ပါလား ကားအသစ် ပရိုမိုးရှင်းလဲရှိတယ် လို့ပြောပေမယ့် ကျနော်က လက်မှတ်ဝယ်ပြီးပါပြီ။ လက်မှတ်တစ်စောင် ၁၃၈၀ဝကျပ်။ ပုံမှန်ကားကား […]


“ညည်းတို့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲအေ့”     တစ်ရက်မဒမ်ပေါက်ဈေးသွားမယ်ဆိုတော့ ဈေးလိုက်ပို့ပေးရပါတယ်။ အဲတော့သူဈေးဝယ်နေတုန်း ကျနော်က ဈေးအပြင်ဘက် နားကအရိပ်ရတဲ့ ဗာဒံပင်လေးအောက်ကနေစောင့်ပါတယ်။ ဘေးဘက်မှာတော့ လက်ဖက်ရည်ဆိုင်အကြီးကြီး။ ဆိုင်ကတော့ သိပ်ကြီးကြီးမားမား မဟုတ်ပေမယ့် ဈေးနားကဆိုင်ဆိုတော့စည်ပါတယ်။ ဒီတော့ ဆိုင်ရှေ့မှာ ဆိုင်ကယ်တွေ စက်ဘီးတွေရှုပ်ယှက်ခပ်လို့နေတတ်ပါတယ်။ ကျနော်ရပ်စောင့်တဲ့ နေရာလေးနားမှာ ထီးတွေသော့တွေပြင်တဲ့ဆိုင်လေးရယ်၊ဘုရားပန်းဆိုင်လေးရယ်၊ ငှက်ပျောသီးကြော်ရောင်းတဲ့ဆိုင်လေးရယ်ရှိပါတယ်။ နောက်ပြီး တံမျက်စည်းတွေ သံပုံးတွေ မီးဖိုတွေရောင်းတဲ့ဆိုင်လေးလဲရှိပါတယ်။ အဲဒီဆိုင်လေးတွေက သူတို့ဆိုင်ရှေ့ရပ်ရင် သိပ်မကြိုက်ပါဘူး။ ကွယ်နေရင်ဈေးဝယ်မဝင်မှာစိုးလို့ပါ။ ရပ်စရာနေရာကလဲ မရှိပြန်တော့ ဟိုနားရပ် ဒီနားရွှေ့နဲ့ဈေးစောင့်ရပါတယ်။ အဲလိုကျနော်စောင့်နေတုန်း “ဦးလေးဆိုင်ကယ် ဟိုးဘက်နားရွှေ့ပေး”ဆိုတဲ့အမိန့်ပေးတာလိုလို ပြောလာတာကြားရတော့ လေသံကို မကျေနပ်ပေမယ့် မလှမ်းမကမ်းကို ရွှေ့ပေးလိုက်ရပါတယ်။   ခဏနေတော့ ကလစ်ဆိုင်ကယ်လေးတစ်စီးက ကျနော်ဖယ်တဲ့နေရာမှာရွှပ်ကနဲဝင်ရပ်လိုက်ပါတယ်။ ဆိုင်ကယ်မောင်းလာတဲ့ကောင်လေးက အသက်နှစ်ဆယ်စွန်းစွန်းအရွယ်။ အရိုးခေါင်းတွေပုံပါတဲ့ အနက်ရောင်တီရှပ် လက်မှာက တက်တူးရောင်စုံ။ ကောင်လေးခါးကို […]


     “ခန့်စေ ကောင်း၏ မကောင်း၏”     တစ်ရက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ခုံပေါ်ချထားတဲ့ ဂျာနယ်ကောက်ဖတ်လိုက်တော့ လုပ်ငန်းအတွက်  ဝန်ထမ်းခေါ်တာနဲ့ပါတ်သက်လို့ဖတ်လိုက်ရပါတယ်။ အဲဒီထဲက အင်တာဗျုးလေးတစ်ခုမှာ အခုခေတ်အလုပ်ခေါ်တဲ့အခါ နီးစပ်ရာတွေကိုသာ ခန့်တဲ့အကြောင်းရေးထားတာကိုဖတ်လိုက်ရပါတယ်။ လက်ဖက်ရည်ဆိုင်က အပြန်အလုပ်ထဲရောက်တော့ ကျနော်မမြင်ဘူးတဲ့ ကောင်လေးနှစ်ယောက် “ကိုယ်ရေးမှတ်တမ်း” ဖောင်လေးတွေ ကိုယ်စီနဲ့ကျနော့်ရှေ့ရောက်လာပါတယ်။ ကျနော်တို့ ပရိုမိုးရှင်းချထားတဲ့ဆိုင်မှာတာဝန်ကျတဲ့ ကလေးတွေက ကျနော်တို့ဆီမှာလူလိုတယ်ပြောလို့ လာလျှောက်တာလို့ပြောပါတယ်။ ဒါနဲ့ဘဲ လောလောဆယ်မခေါ်သေးတဲ့အကြောင်း “ကိုယ်ရေးမှတ်တမ်း”ထားခဲ့မယ်ဆိုရင် လူခေါ်တဲ့အခါ မှာဆက်သွယ်မယ့်အကြောင်းပြောပြရပါတယ်။ အဲဒီမှာကောင်လေးတစ်ယောက်က ဘယ်လောက်ကြာအုံးမလဲလို့မေးလာတော့ လကုန်လောက်မှ ခေါ်မယ်လို့ ပြောတဲ့အခါ “ကိုယ်ရေးမှတ်တမ်း”တော့ထားခဲ့မယ် အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံချက်ကိုတော့ပြန်ယူသွားချင်တယ်လို့ပြောပါတယ်။ အဲဒီမှာကျနော်သဘောပေါက်လိုက်တာက သူတို့က ဒီပြင့်နေရာတွေလဲ လိုက်လျောက်မယ်၊ အရင်ရတဲ့အလုပ် အရင်ဝင်လုပ်မယ်ဆိုတဲ့သဘောပါဘဲ။ ဒါနဲ့ဘဲ သူတို့ဆီက “ကိုယ်ရေးမှတ်တမ်း” နဲ့ ပညာအရည်အချင်းမိတ္တူကလွဲရင် အကုန်ပြန်ပေးလိုက်ပါတယ်။ ကျနော်အလုပ်လုပ်ချင်လို့လိုက်ရှာနေရတဲ့ကလေးတွေကို မြင်ရတော့ […]


“ကောက်စားသော တတိယလူ  ဘာသာပြန်မှားသော ရွှေဖော့လုံးနှင့်  အရောက်နောက်ကျသောမဏိမေခလာ”     မနေ့ညက ကိုအေးတို့အိ်မ်ဘက်က မကြားစဘူး ဆူဆူညံညံအသံတွေထွက်လာတော့ ကျုပ်လဲအတော်လေးကိုအံ့ဩသွားပါတယ်။ အဲဒီအိမ်က ကိုအေးရယ် သူမိန်းမ မချိုပုရယ် ကို်အေးရဲ့အဖေကြီး ဦးပေစိရယ်သုံးယောက်ထဲဘဲရှိတဲ့အိမ်ကိုးဗျ။ ကိုအေးက ကုမ္ပဏီဝန်ထမ်း။ သူ့မိန်းမကလဲ ဈေးထဲက သူုတို့နဲ့အမျိုးမကင်းတဲ့ဆိုင်မှာအလုပ်လုပ်တယ်။ ဦးပေစိကြီးကတော့ မှီခို  မျက်စေ့မမြင်ရှာဘူး။   သူတို့လင်မယားအလုပ်သွားတယ်ဆိုရင်ခြံတံခါးကိုစေ့ထားလိုက်ရုံပါဘဲ။ မီးရေးထင်းရေးရှိတတ်တော့ အိမ်တံခါးတော့ ပိတ်မသွားပါဘူး။ အိမ်မျက်နှာစာတွေကတော့ သွားကြလာကြနဲ့လူလဲ မပြတ်ပါဘူး။ နောက်ဘက်ကတော့ အထက်တန်းကျောင်းဝင်းကြီးကို ကျောပေးထားတာပေါ့။ နောက်ဘေးကျောင်းဝင်းဘက်ကသာ ခြံစည်းရိုး ခနော်ခနဲ့ ဆိုတော့ တစ်ခါတစ်လေခွေးတွေဘာတွေတိုးဝင်တတ်တာမျိုးဘဲရှိတတ်တာပါ။   မနက်ဆို ထမင်းချိုင့်ကို်ယ်စီနဲ့ သူတို့နှစ်ယောက်က အလုပ်သွား ။ ဦးပေစိကြီးအတွက် ထမင်းဟင်းကိုစားပွဲပေါ်မှာ အုပ်ဆောင်းနဲ့အုပ်ပြီး ထားသွားပေါ့။ ဦးပေးစိစားချင်တဲ့အချိန်ဝင်စားပြီး ဒီအတိုင်းထားခဲ့ရုံပါဘဲ။ ဦးပေစိကြီးက […]


“တစ်ကျော့ပြန်        …………………..”     ကျုပ်ဆိုတဲ့အကောင်က သူများပြောတိုင်းမယောင်ဘူးဗျ။ ကျုပ်လုပ်ချင်တာကျုပ်လုပ်တာဘဲ။ ကျုပ်ဆေးလိပ်သောက်တုံးကလဲ တစ်ရက်တစ်ဘူးတော့အေးဆေးဘဲ။ အဆုပ်ကင်ဆာတွေ နီကိုတင်းတွေ ပါတ်ဝန်းကျင်လေထု ညစ်ညမ်းတာတွေလာမပြောနဲ့။ ကျုပ်တို့သောက်တဲ့ဆေးလိပ်ကမီးခိုးမထွက်လဲဒီပြင်နေရာတွေက ကျုပ်ဆေးလိပ်မီးခိုးထက်မကတာတွေထွက်နေတာ။ ဟိုဟာဒီဟာတွေနဲ့စာလာမဖတ်နဲ့ ။ မိုးအေးအေးမှာ တစ်ယောက်ထဲရှိနေချိန်မှာ စီးကရက်လေးခဲရင်း တွေးနေရတဲ့အရသာ ဘာနဲ့မှမတူဘူးလေ။ ကျုပ်သောက်ချင်သောက်မှာဘဲ။   ကွမ်းစားတုံးကလဲဒီလိုဘဲ။ ပါးစပ်ထဲကွမ်းလေးတစ်မြုံ့မြုံ့နဲ့နေရတာ ဖီလင်ဘဲ။ ထမင်းစားပြီးတာနဲ့ ပါးစပ်ထဲကွမ်းလေးတစ်ယာလောက်ပစ်ထဲ့ပြီး တမြုံ့မြုံ့နဲ့နေရတာ ဘယ်လောက်ကောင်းတယ်ဆိုတာ စားဘူးတဲ့သူမှသိတာ။ ပါတ်ဝန်းကျင်ညစ်ညမ်းတာတွေကျောက်တည်တတ်တယ်ဆိုပြီးလာမခြိမ်းချောက်နဲ့။ ကျုပ်တို့ကွမ်းတံတွေးမထွေးလဲ ညစ်ပတ်ပေရေနေတဲ့နေရာတွေက အနှံ့။ ကျုပ်စားချင်စားမှာဘဲ။ အရက်လဲဒီအတိုင်းဘဲ။ ကျုပ်သောက်ချင်သောက်မယ် မသောက်ချင်မသောက်ဘူး။ စိတ်တူရာမိတ်ဆွေလေးတွေနဲ့ သူတစ်ခွက်ကိုယ်တစ်ခွက်လှည့်ရင်း ဟိုပြောဒီပြော ပြောရတာ တယ်အရသာရှိသကိုးဗျ။ အရက်သမားလူမလေးစားတို့ အသဲခြောက်တာတို့ ဘာတို့လာမရွှီးနဲ့။ လူဆိုတာ တစ်နေ့တော့သေမှာပဲ။ အရက်မသောက်ဘဲနဲ့အကျင့်ပျက်နေတဲ့ကောင်တွေလဲတစ်ပုံကြီး   ပိုက်ဆံကုန်တဲ့အကြောင်းလဲလာမပြောနဲ့ ဟိုလိုမကုန်လဲ ဒီလိုကုန်မှာဘဲ။ […]


“လွှတ်ချစရာတွေအများကြီး”     တစ်ခါကလို့ဘဲဆိုလိုက်ပါတော့မယ်။ ကျနော်တို့အလုပ်လုပ်တဲ့ဆိုင်ရှေ့ကို  နေ့လည်ခင်း သုံးနာရီလောက်ဆိုရင် လက်သုတ်စုံသယ်တို့ ကြာဇံကြော်သယ်တို့လာတတ်ပါတယ်။ ကျနော်တို့ကလဲ အဆာပြေဝယ်စားကြတာပေါ့။ တစ်ရက် မှာတော့ ကျနော်တို့အဲလိုစားကြတာကို ပိုင်ရှင်ဆရာကြီးကတွေ့သွားပါတယ်။ နောက်ရက်မှာ မုန့်ပုံးကြီးတစ်ပုံးဝယ်လာပါတယ်။ နေ့လည်ဆာရင်အဆာပြေစားဘိုု့ပေါ့။ ကျနော်တို့ ပိုက်ဆံမကုန်စေချင်တာလဲပါသလို ဆရာကြီးကအပြင်အစားအစာ “ပူစီပါစာ”တွေစားတာကိုလဲမနှစ်သက်တာပါ ပါတယ်။ အဲဒီတုန်းက မုန့်ပုံးက လေးဒေါင့်ဆယ်ဝင်ပုံးအကြီးကြီးပါ။ မိသားစုစားမယ်ဆိုရင်တောင် အတော်ကြာကြာ စားနိုင်လောက်တဲ့ ဘီစကွတ်တွေပါ ပါတယ်။ မယုံနိုင်စရာ အဲဒီမုန့်ပုံးက တစ်ပါတ်တောင်မပြည့်သေးဘဲကုန်သွားပါတယ်။ ကုန်ဆို မုန့်ပုံးရောက်တဲ့နေ့ကစလို့ လူတော်တော်များများ က နောက်ဖေးဝင်တိုင်း ထွက်ခလုတ် ဝင်ခလုတ်နိူက် နိူက်စားကြတာကိုးဗျ။ မဆာလဲစား ဆာလဲစား ဆိုတော့ ရေရှည်ဘယ်ခံနိူ်င်ပါ့မလဲနော့။ အဲဒီမုန့်ပုံးလဲကုန်ရော နောက်ဘယ်တော့မှ ဝယ်မကျွေးတော့ပါဘူး။ ဆရာကြီးကတော့ ပြောပါတယ်။ “အခွင့်ပေးလိုက်လျောတာနဲ့ ရပိုင်ခွင့်ကို ခွဲခြား မသိကြဘူး […]


  “ဂရုမစိုက်ဘူးကွာ”   ပြီးခဲ့တဲ့စနေနေ့ ကျနော် မြို့သစ်ဘက်ကိုသွားတော့ သိပ္ပံလမ်းကနေ ၇၃လမ်းထဲကိုချိုးကွေ့လိုက်ပါတယ်။ အဲဒီလမ်းကလေးက သစ်ရိပ်ဝါးရိပ်နဲ့ဆို နေပူသက်သာလို့ပါ။ မရောက်တာလဲ အတော်ကြာတော့ဖြတ်သွားချင်တာလဲ ပါပါတယ်။ ဝင်ဝင်ချင်း လမ်းဒေါင့်မှာ အရင်ကရှိတဲ့ ဘီယာဆိုင်ရော လက်ဖက်ရည်နဲ့တွဲထားတဲ့ အကြော်ဆိုင်လေးရောမရှိတော့။ သူတောင်ဘက်က မြေကွက်လပ်ကတော့ သံဇကာ ကာထားပြီး တပ်မတော်စိုက်ခင်းလို့ရေးထားပါတယ်။ အထဲမှာတော့ ကြံပင်တွေနဲ့စိမ်းစိမ်းစိုစို။ ဟိုးတုန်းကတော့ကြက်ဆူခင်းတွေပေါ့။ အဲဒီကနေ နည်းနည်းလေးရှေ့ဆက်သွားလိုက်တော့  အရင်ရှိတဲ့ကျောက်လမ်းနဲ့ သစ်ပင်ခင်တန်းလေးကြားမှာ မြေနီလမ်းအသစ်ဖောက်ထားတာကိုတွေ့ရပါတယ်။ အရင်တုန်းက မြေကွက်လပ်ကြီးမှာ အကာအရံတွေနဲ့ဖြစ်နေပါတယ်။ အဲဒီက နံရံပေါ်မှာတော့ကုမ္ပဏီတွေရဲ့ကြော်ငြာပေါင်းစုံကပ်ထားပါတယ်။ အော်မြိုသစ်တည်ဆောက်ရေး အဆင့်မြင့် လူနေအိမ်ယာစီမံကိန်းလို့ထင်ပါရဲ့လို့တွေးနေတုန်းအဲဒီအနောက်ဘက်က မြေလမ်းကနေ ကားအကြီးအပြာရောင်တစ်စီးဖြတ်လဲမောင်းလိုက်ရော ပါတ်ဝန်းကျင်တစ်ခုလုံး လေနီကြမ်းဝင်မွှေ့လိုက်တဲ့အတိုင်းဖုံတွေလုံးတက်သွားပါတော့တယ်။ ဖြစ်ဖြစ်ခြင်းတော့ ဓါတ်ပုံမရိုက်နိုင်။ မျက်နှာကို အုပ်ထားရလို့ပါ။ ကားလဲလွန်သွားရော ဒီပုံလေးတွေရလိုက်ပါတယ်။ အဲဒီကားကတော့ ဂိတ်-2 ဆိုတဲ့အထဲကိုဝင်သွားပါတယ်။ လမ်းဘေးက […]


                                 “မှန်ကြည့်မိခြင်း…………………..” ဟိုးတစ်နေ့က  စိန်မောင်ရယ် အောင်မောင်းရယ် ကျုပ် ရယ် အလုပ်ပိတ်တဲ့ ဥပုဒ်နေ့ဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြပါတယ်။ ကျနော်တို့ရောက်တာစောသေးတော့ကျန်တဲ့သူတွေကမလာကြသေးပါဘူး။ ခဏနေတော့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာတော့ စာပွဲတောင်နှစ်လုံးဆက်လိုက်ရပါတယ်။ အလုပ်ဖွင့်တဲ့ရက်ကတော့ သိတဲ့အတိုင်း ကိုယ့် အစီအစဉ်နဲ့ကိုယ် ဟိုပြေးဒီလွှားဆိုတော့ အခုလိုပိတ်ရက်မှာသာ သူငယ်ချင်းတွေ စုဖြစ်ကြပါတယ်။ ကျနော် တို့သူငယ်ချင်းတွေကလည်း ဥပုဒ်နေ့ဆိုရင် ထိုင်နေကျ စုရပ်ကို အလျှိုလျှိုရောက်လာတတ်ကြပါတယ်။ ဒီလိုစုပြီးလက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်ဆိုရင် လူမူ့ရေးစီးပွားရေး ဘာအရေးညာအရေး ရောက်တတ်ရာရာ ဟိုပြောဒီပြောပေါ့။ ကျုပ် တို့အရွယ်တွေက ကိုယ်အလှည့်တုံးကသာ  ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူများလုပ်ထားကိုင်ထားတာကို ဟိုလိုဒီလို ဝေဖန်ရရင်တော့ သိပ်အရသာရှိတာကိုးဗျ။ ဟိုအရင်ကတော့ ဒီလိုများလက်ဖက်ရည်ဆိုင်ထိုင်ပြီး ဝေဖန်လေကန်ရေးလုပ်ရင် ကိုယ့်ဘေးဘီကို ဟိုကြည့်ဒီကြည့်  အရိပ်အကဲကြည့်ပြီးမှ  တိုးတိုး တိုးတိုးနဲ့ပြောရတာကိုးဗျ။ အဲဒါကလဲ တစ်မျုးိတော့အရသာရှိပြန်တာပါဘဲ။   အခုအချိန်မှာတော့ […]


        “ရွှေ့လို့ရွေ့…..ရွေ့တော့ရွှေ့”     ဒီဖက်ခေတ်ထဲမှာ အရွှေ့အပြောင်းများသထက်များလာသလိုပါဘဲ။ သချိုင်းတွေရွှေ့တယ်။ ဆိုင်တွေရွှေ့တယ်။ ဈေးရွှေ့တယ်။ အိမ်တွေရွှေ့တယ်။ ရွာတွေရွှေ့တယ်။ လယ်တွေရွှေ့တယ်။ လူတွေရွှေ့တယ်။ သစ်ပင်တွေရွှေ့တယ်။ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တောရောမြို့ပါ။ နိုင်ငံအဝှမ်းမှာအရွှေ့ပေါင်းစုံ ကိုတွေ့နေမြင်နေကြားနေရပါတယ်။   ကျနော်တို့ငယ်စဉ်ဘဝကတော့ ရွှေ့တယ်ပြောင်းတယ်ဆိုတာမရှိသလောက်။ ကျနော်ကြီးပြင်းခဲ့တဲ့အရပ်မှာနှစ်ပေါင်းများစွာအပြောင်းအရွှေ့မရှိဘဲနေခဲ့ကြတဲ့ အိမ်နီးနားခြင်းမိသားစုအချင်းချင်းမှာ ဆွေမျိုးရင်းခြာပမာ.။ အိမ်ပိုင်ဖြစ်ဖြစ်အိမ်ငှားဖြစ်ဖြစ် တစ်နေရာထဲမှာအကြာကြီးနေခဲ့ကြတာပါ။ ပြောင်းဟယ်ရွှေ့ဟယ်ဆိုတာမှာ အစိုးရဝန်ထမ်းတွေမှာသာတစ်နေရာကတစ်နေရာ ပြောင်းပြီး တာဝန်ထမ်းဆောင်ရတာကို တွေ့ရပါတယ်။   ဟိုအရင်ကလူဦးရေကနည်းနည်းလေး။ အခုတော့ထပ်ညွှန်းကိန်းလိုပေါက်ဖွားလာတဲ့လူဦးရေကြောင့် နေစရာထိုင်စရာက ကျပ်တည်းကျဉ်းမြောင်း။ လုပ်ကိုင်စားစရာနေရာကလဲ မရှိသလောက်။ အဲတော့ရှိတဲ့နေရာကို အထပ်အမြင့်တွေဆောက်လို့ နေစရာကိုဖြေရှင်းကြပါတယ်။ မြို့ကလူဦးရေ တိုးသထက်တိုးလာတဲ့အခါ မြို့ကို မြေလွတ်မြေရိုင်းရှိတဲ့ဘက်ကို ထပ်ချဲ့ မြိုသစ်တွေထပ်တည်လုပ်ရပါတယ်။ အဲတော့အရင်က ဆင်ခြေဖုံးဆိုတဲ့အရပ်တွေက အလိုလိုနေရင်းမြို့လည်ခေါင်လိုဖြစ်လာပါတယ်။ အဲဒီမှာ ပထမဆုံး အနှောင့်အယှက်ဖြစ်လာတာက မရှိမဖြစ်သချိုင်းတွေပါဘဲ။ အရင်ကတော့ […]


          “အစွယ်လိုသူမိဖုယား ဆိုတဲ့ ဇာတ်တော်ထဲက အဓိက ဇာတ်ပို့……………….”   တစ်ရက် ဆိုင်ကယ်နဲ့သွားနေတုံး ဘယ်ကဖွင့်နေမှန်းမသိတဲ့  ရွေဘိုတင်မောင်ရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထုတ်ကို ကြားလိုက်ရတဲ့အခါ ကျနော်ငယ်ငယ်က တွေးမိတဲ့အတွေးရူးလေးက ခေါင်းထဲကိုရောက်လာပါတယ်။ အဲဒီတုန်းကတွေးမိခဲ့တာလေးကဒီလိုပါ။ တကယ်လို့သာဆဒ္ဒါန်ဆင်မင်းကသာ တစ်လင်တစ်မယားစံနစ်ကျင့်သုံးခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းဖြစ်မလာနိုင်ဘူး။ နောက်တစ်ချက်က အင်ကြင်ပန်းဆိုတာမရှိခဲ့ရင်လဲ ဆင်မင်းက ခူးမပေးဘူး။ ခူးပေးပြန်ရင်လဲ ခါချဉ်ကောင်ဆိုတာမရှိခဲ့ဘူးဆိုရင် စူဠသုဘဒ္ဒါကိုအကိုက်မခံရဘူး။ ဒါဆိုရင်လဲ ဒီဇာတ်လမ်းမဖြစ်ဘူးလို့ ငယ်ငယ်က ရှာကြံပြီးပေါက်ကရတွေးမိခဲပါတယ်။     ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ဆိုတာ ကျနော်တို့နဲ့မစိ်မ်းတဲ့ဇာတ်လမ်းလေးပါ။ ဖြစ်နိုင်တာမဖြစ်နိုင်တာအပထား လူ့သဘောသဘာဝတွေကို ကွင်းကနဲရှင်းကနဲမြင်အောင် ပြနိုင်တဲ့ဇာတ်လမ်းလို့ဆို်နိုင်ပါတယ်။ ရတနာပုံရွှေမန္တလေးက စာဆိုတော် စလေဦးပုညရဲ့စာအရေးအသား ပြောင်မြောက်တာကြောင့် ပိုအသက်ဝင် ပိုပြီး နှစ်သက်တယ်ကြတယ်လို့ထင်မိပါတယ်။ အဲဒီထဲက လူအသိဆုံးအသုံးအများဆုံးဆိုတဲ့စကားလေးတွေကတော့ “မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး” “အစွယ်လိုသူမိဖုယား […]


ဒီပိုစ်လေးကတော့ အရင်က မပြင်စကောင်းပြင်စကောင်းနာမယ်နဲ့ဖော်ပြဘူးပါတယ်။ 2010 ကျနော်စာရေးစကပါ။ အခု မြနန္ဒာဂျာနယ်အတွက် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးရေးသားလိုက်ပါတယ်။ တူလဲတူတယ် မတူလဲမတူဘူးပေါ့။ ဩဂုတ်လ (8)ရက်နေ့ထုတ် အတွဲ့(1) အမှတ်စဉ်(29)နဲ့ မြနန္ဒာဂျာနယ်မှာပုံနှိပ်ပြီးဖြစ်ပါတယ်။ ခါတိုင်းဆိုရင် မန်းလေးဂေဇက်မှာ တင်ပြိးမှ ပုံနှိပ်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ပြောင်းပြန်ပေါ့။ “ဘယ်သူ့ဘက်က ပြင်ပါ့မယ်”     တစ်နေ့အလုပ်သွားဘို့အိမ်ကထွက်အလာ “ဘိုအိမ် “လို့ကားစပယ်ယာတွေခေါ်တဲ့ မန္တလေး-စစ်ကိုင်းလမ်း နဲ့လမ်းသစ်ဆုံတဲ့နေရာ လမ်းထိပ်မှာယာဉ်ထိန်းအဖွဲနဲ့တာဝန်ရှိတဲ့အဖွဲ့တွေပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးနေတာကိုတွေ့လိုက်ရပါတယ်။ မနက် (၈)နာရီပါတ်ဝန်းကျင်ဆိုတော့ကျောင်းသွားအလုပ်သွားနဲ့အရမ်းကိုအသွားအလာများတဲ့ အချိန်လေးလဲဖြစ်ပါတယ်။ သူတို့စစ်ဆေးရေးလုပ်တဲ့နေရာရဲ့အရှေ့ဖက်ပလက်ဖောင်းမှာချထားတဲ့ စာပွဲလေးတစ်လုံးအနားမှာ လူတွေအများကြီးဝိုင်းအုံစုပြုံနေကြတာကိုမြင်လို့ စပ်စုလိုက်တော့ စည်းကမ်းဖောက်ဖျက်လို့ ဒဏ်ငွေဆောင်ကြရမယ့်သူတွေဖြစ်နေပါတယ်။ မစည်ကားအပ်တဲ့အရပ်ထဲမှာနောက်တိုးအနေနဲ့ စည်းကမ်းဖောက်ဖျက်လို့ဒါဏ်ငွေဆောင်ရတဲ့နေရာကိုထပ် တိုးလိုက်ချင်ပါတယ်။ သတင်းစာတွေထဲမှာ စည်းကမ်းဖောက်ဖျက်သူတွေကို ဖမ်းဆီးပြီးဒဏ်ငွေဆောင်လို့ရတဲ့နိုင်ငံတော်ဘဏ္ဍာငွေ ဘယ်လောက်ရှိပြီဆိုတာမျိုး ကိုသတင်းအဖြစ်ဖတ်ရတဲ့အခါမျုးိမှာ စိတ်မကောင်းမိပါဘူး။ ဘဏ္ဍာတော်ငွေများတယ်လို့ သိရလေလေ ကျနော်တို့လူမျိုးတွေစည်းကမ်းမဲ့တဲ့လူများလေလေဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ဖော်ပြနေတယ်လို့ခံစားရပါတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းကို […]


“သေသည့်တိုင်အောင်ဇာတ်လမ်းမပြီးသေးသောဆိုင်းဘုတ်များ” မနေ့မနက်ကအလုပ်ထဲရောက်တော့ ကလေးတွေကြွက်စီကြွက်စီနဲ့ပြောနေကြတာကို မသဲမကွဲကြားနေရ။ “အကျီအပြာနဲ့ကောင်မလေးသနားပါတယ်အေ” “ဟိုကောင်က အကျီတောင်ပါဘူး ပြဲလာတာနေမှာ” အဲဒီတုန်းကတော့ သူတို့ဘာပြောမှန်း မသိခဲ့ဘူး။ ဒီနေ့မနက် ကျောက်တော်ကြီးဘုရားသွားတော့ 35လမ်းနဲ့73လမ်းမှာတစ်ခု။ နန်းရှေ့ 19လမ်းနဲ့ 66လမ်းဆုံတဲ့ထိပ်မှာတစ်ခုဆိုင်းဘုတ်အကြီးကြီးတွေထောင်ထားတာကိုမြင်တော့မှ ရုံးက ကလေးတွေပြောတာကို သဘောပေါက်ပါတော့တယ်။ တစ်ပုံကတော့ အကျီဗလာ ဂျင်းဘောင်းဘီအပြာနဲ့ ကောင်လေးတစ်ယောက်သွေးအိုင်ထဲမှာ။ နောက်တစ်ပုံကတော့ အကျီအပြာနဲ့ ကလေးမလေးတစ်ယောက်သွေးအိုင်ထဲမှာ။ ဆိုင်ကယ်အချင်းချင်း ဆိုင်ကယ်နဲ့ကား တိုက်မိလို့ သေဆုံးသွားသူတွေရဲ့ဆေးရောင်စုံ ပုံကိုတင်ထားတာပါ။ ကြည့်ရတာနဲ့ တင်သွေးပျက်စရာ ။ ကျနော်ခပ်ငယ်ငယ်ကပေါ့။ မော်တော်ယဉ်ထိန်းသိမ်းရေးက ထုတ်တဲ့စာအုပ်လေးတစ်အုပ်ကို အမှတ်မထင်ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာမော်တော်ယဉ်တိုက်မှု့အမျိုးမျိုးကြောင့်လမ်းပေါ်မှာသေဆုံးတဲ့ပုံတွေကို ဓါတ်ပုံရိုက်ထားတာပါ။ အတော်လေးကို ပိုးစိုးပက်စက်နိုင်တဲ့ပုံလေးတွေပါဘဲ။ အဲဒီနေ့ညလဲရောက်ရော ကျနော်တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။ နေ့လည်က ကြည့်ထားတဲ့ပုံတွေကို ပြန်မြင်နေလို့ပါဘဲ။ ကလေးဘဝဆိုတော့ စိတ်က စွဲမိစွဲရာကိုးဗျ။ ကျနော်အမြင်ပြောရမယ်ဆိုရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့ဘဲ တင်တင် အခုလို […]