“နွေးသီး” ကျမလွိုင်ကော်ကနေ အောင်ပန်းကို ပြန်တဲ့နေ့က “ဆောင်းပြောင်း”ဈေးနေ့နဲ့ဆုံနေတော့ကားက လူအရမ်းကျပ်ပါတယ်။ လွိုင်ကော်တောင်ကြီး မနက်စောစောထွက်တဲ့ကားဆိုတော့လည်း တစ်လမ်းလုံးတက်လိုက်ဆင်းလိုက်နဲ့ လူပြတ်တယ်လို့ကိုမရှိပါဘူး။ ဒါတောင်ပါလဲတဲ့ ဒေသထွက်အသီးအနှံတွေ၊ပန်းတွေက ကားဗိုက်ထဲမှာထည့်ထားလို့တော်သေး တယ်ပြောရမှာပါ။ မိုးဗြဲရောက်တော့ ကားတံခါးဝမှာ တစ်နှစ်ခွဲလောက်ရှိတဲ့ ကလေးကိုချီထားတဲ့သားအမိကိုတွေ့ရပါတယ်။ ကလေးအမေက ဘေးမှာပါလာတဲ့အဖော်နဲ့စကားတွေပြောလာတော့ ကလေးကတော့ ဟိုငေးဒီငေးလုပ်လိုက်၊ အိပ်ငိုက်လိုက်ပေါ့။ ကားပေါ်ကိုခရီးသည်တွေက တက်လိုက်ဆင်းလိုက်လုပ်နေတော့ တိုးရင်းခွေ့ရင်း ကလေးသားအမိက ကျမထို်င်တဲ့ခုံနား ကိုရောက်လာပါတယ်။ ကျမနားရောက်တော့ အစကတော့ ကျမလဲအမှတ်တမဲ့ ။ “ဝူးဝူူး ဝါးဝါး”အသံကြားလို့ သတိထားကြည့်မှ ကလေးလေးက သူ့အမေအပေါ်ကနေအသံတွေပေးရင်း ကျမကို ပြုံးပြုံးပြနေတာ တွေ့ရပါတယ်။ အဲဒါနဲ့မတ်တတ်ရပ်နေတဲ့ကလေးအမေဆီက ကလေးကို ကျမချီထားပေးမယ်လို့ပြောပြီးလက်လှမ်းလို်က်တော့ ကလေးလေးက ကျမလက်ထဲကို အသာတကြည်ဘဲရောက်လာပါတယ်။ ကလေး လေးကိုပွေ့ထားရင်းက မန်းလေးမှာကျန်နေခဲ့တဲ့ “နွေးသီး”လေးကို သတိရလို့လာတော့ ကျမမှာမျက်ရည်များတောင် လည်လာပါတယ်။ “နွေးသီး” […]