ကျနော်တို့ငယ်ငယ်တုံးက အဖေ့ရဲ့အမေဘက်ကအဖွားရဲ့အမွေဆိုင်ခြံထဲမှာ အမျုးိတွေအားလုံး စုနေခဲ့ကြပါတယ် တော်တော်လေး ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ တစ်မိသားစုကို အိမ်တစ်လုံးစီနဲ့ပေါ့။ အိမ်ထောင်အသစ်ထူထောင်လို့ မိသားစုတစ်ဖွဲ့တိုးရင် လွတ်နေတဲ့ ကွက်လပ်မှာ အိမ်တစ်လုံးထပ်ဆောက်ပေါ့။ မှတ်မှတ်ရရ ရှစ်အိမ်ကိုးအိမ်လောက်တောင် ရှိမယ်ထင်ပါတယ်။ အဲတော့ကျနော်တို့ခြံကြီးထဲမှာ လူတွေအများကြီး ရှိသလို အဖိုးအဖွားတွေ ဦးကြီးဒေါ်ကြီးတွေ ဦးလေး ဒေါ်လေးတွေနဲ့ အတူတူ သိုက်သိုက်ဝန်းဝန်းကြီးနေရတာပေါ့။ မကောင်းတာကတော့ လူများတော့ ဇာတ်လမ်းများတယ် ။ လူကြီးတွေနဲ့ နေရတော့ ဟိုလိုမလုပ်နဲ့ ဟိုဟာမလုပ်နဲ့လို့ အချုပ်ချယ်ခံရတော့ လွတ်လပ်တာကို နှစ်သက်တဲ့လူငယ်အတွက် စိတ်တွေညစ်တာပေါ့။ ကျနော်တို့များ သူတို့မျက်စေ့ထဲမတွေ့တဲ့ အဝတ်အစားဝတ်တာ အပြုအမူကိုတွေ့တော့ ပြီဆိုလို့ကတော့ အဆူခံရတဲ့အပြင် အမြဲကြားရတဲ့စကားလေးတစ်ခွန်းကတော့ ” ငါတို့တုံးကနဲ့များ ကွာပါ့”ဆိုပြီး ခေတ်တစ်ခေတ်နဲ့တစ်ခေတ်ကို နုှိင်းယှဉ်တဲ့စကားလေးပါဘဲ။ စစ်ပြီးခေတ်ကရှေးဟောင်းရုပ်ရှင်ထဲကလို တစ်ခါတစ်ရံဘောင်းဘီအတို ဖော့ဦးထုပ် အောက်က ဘွတ်ဖိနပ်စီးတဲ့အခါစီးပြီး (ဆောင်းတွင်းဆိုရင်တော့ကုတ်အကျီအရှည်ကြီးနဲ့) […]


zeoJuly 20, 20101min1922
လူအများစုက ဂိမ်းကစားခြင်းဟာ ကောင်းကျိုးမပေးဘူးလို့ပြောကြတယ်…ဒါကိုကန့်ကွက်သူတွေမှ အများကြီးပဲလေ..ဘယ်သူတွေလဲဆိုတော့… အသက်၁၈အောက်ကလေးတွေကအများဆုံးပေါ့…သူတို့ကဂိမ်းကိုထွက်ပေါက်တစ်ခုအနေနဲ့အသုံးချကြတယ်…မယုံရင်မေးကြည့်လေ…မင်းတို့ဂိမ်း ဆော့ဘာများကောင်းလဲလို့?…ရိုးရိုးတန်းတန်းပဲမေးနော်…မဟုတ်ရင်ခင်ဗျားကို ရန်သူတစ်ယောက်လိုဆက်ဆံလိမ့်မယ်ဗျ…မယုံရင်မရှိနဲ့.. ဒါကျွန်တော့်ကိုယ်တွေ့ပဲ…(ဒီအကြောင်းကိုတော့ နောက်မှသီးသန့်ရေးတော့မယ်ဗျာ…)ပြောချင်တဲ့အကြောင်းက ဂိမ်းဆိုတာအခုလို ITခေတ်မှာ လူငယ်တွေရဲ့အဓိကထွက်ပေါက်တစ်ခုပဲဗျ…PS1,PS2 ဆိုပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခေတ်စားခဲ့ပါတယ်(သုူတို့ထက်အရင် family game လေးတွေ ပေါ်ခဲ့ပါသေးတယ်)…အခုဆိုရင် Nintendo,PS3,X-box,PC Gameတွေခေတ်စားလာပါတယ်…တိုးတက်လာတဲ့နည်းပညာထဲမှာ လူငယ်တွေအတွက် ရွေးချယ်စရာတွေအများကြီးပါဖြစ်လာပါတယ်…ပြောချင်တာကတော့ လူကြီးတွေအနေနဲ့ အလွန်အကျွံ မတားမြစ်ဖို့ပါပဲ… တားလို့လည်းရမှာမဟုတ်ပါဘူး…တချို့တွေက ဂိမ်းဆော့ပြီဆိုရင် အဲဒီလူကိုနှာခေါင်းရှူံ့ချင်ကြတယ်…ဘာဖြစ်လဲဗျာ…လူငယ်ပဲ…အဲဒီလိုမှမဟုတ်ရင် ကျွန်တော့်တို့ဘာလုပ်ရမှာလဲ? စိတ်အပန်းဖြေဖို့အတွက် အရက်သောက်ရမှာလား?ဆေးခြောက်ရှူရမှာလား?…နည်းနည်းလေးစဉ်းစားပေးကြပါလို့… ဆေးသမား၊အရက်သမားထက်တော့ အများကြီးသာပါတယ်ဗျာ…စိတ်မချဘူးဆိုရင်လည်း ဘေးကနေ ထိန်းသိမ်းပေးပေါ့…. နောက်ဆုံး ပြောချင်တာက စာရေးသူကိုယ်တိုင် Gamer တစ်ယောက်ပါ…ကျွန်တော်အသက်(၂၀)ရှိပြီင်္…အခုချိန်ထိ အရက်၊ဆေးလိပ်၊မူးယစ်ဆေးဝါး၊ကွမ်း မသုံးစွဲဘူးပါဘူး…နောက်လည်းသုံးမှာမဟုတ်ပါဘူး…ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ Second life ရှိနေပြီလေ…အဲဒါကတော့ Game ပဲ…Game ကလူဘဝကိုစိုးမိုးစေတယ်ဆိုတာ….မဖြစ်နိုင်ပါဘူး…ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်မှာ စိတ်ကသာအရေးကြီးဆုံးပါ…… ကိုယ့်စိတ်ကိုယ်သာ ထိန်းချုပ်နိုင်ဖို့ပဲလိုပါတယ်…ကျွန်တော့်လူငယ်ဘဝအချိန်တော်တော်များများကို Gameနဲ့ပဲကုန်လွန်ခဲ့တာပါ….PC […]


ကျနော်သည်ပိုစ်ကို ရေးမယ်လို့စစိတ်ကူးတဲ့အခါ ကိုယ်နှစ်သက်သောသီချင်းလေးတွေအကြောင်းရယ် ကိုယ်သိခဲံတဲ့အဖြစ်အပျက်လေးတွေရယ်ကိုစုလို့ ထုံးစံအတိုင်းပါးပါးလေးတို့ထိပြီးရေးမယ်လို့စိတ်ကူးခဲ့ပါတယ်။ နောက်ပေးထားတဲ့ခေါင်းစဉ်လိုပေါ့ ဦးနှောက်ထဲမှာရပ်တန့်နေသော ဆိုတဲ့အတိုင်းကျနော်မှတ်ဉာဏ်ထဲမှာကျန်နေတဲ့အတိုင်းဘယ်စာအုပ်ဘယ်မှတ်တမ်းကိုမှ လုံးဝမဖတ်ဘဲ ရေးလိုက်မိပါတယ်။ နောက် ကျနော်စာရေးတဲ့ထုံးစံအတိုင်းအပြင်မှာစာကြမ်းမရေးဘဲ စဉ်းစားထားတာကို လက်တန်းချရေးပြီး တစ်ခါထဲတင်ပါတယ်။ ဒီတော့လဲ ရေးတုန်းက သတိမရဘဲ နောက်မှပြန်ပေါ်လာတာတွေ ဦးနှောက်ထဲမှာလုံးဝရောက်မလာဘဲ ကျနော်ရေးတာကိုဖတ်ပြီး ကော်မင်တွေပေးတာကိုပြန်ဖတ်မှ ကျန်နေတာကို သတိရပေမဲ့ လူနာမယ်ကိုသိတယ်သူဆိုတာကိုပြန်အမှတ်မရတာလဲ ရှိပါတယ်။ ဘီလီထွန်။ခရစ်တိုဖာ။ သာထက်အောင်။ထီးဆိုင်းရဲ ့တုူမ နန်းနောင့်နောင်။ရန်ကင်းမှာနေတယ်ဆိုတဲ့ နီနီလေး မီမီခို်င်မင်းညီအမနှစ်ယောက်။ ရဲဘော်ခင်မောင်လှရဲ ့သား တာရာ။ပီတာဘသိန်း ။ဘိုနီ။ ။ နေရည်။။မင်းထွန်း(မြင်းရိုင်းမလေး) ။ အရင်က မင်းသိန်းဦးနာမယ်နဲ့ကျေးလက်သီချင်းတွေဆိုခဲ့ပြီး အခုတော့ (ဟေ ဟေ ဝက်မ ဟေဟေ့ဝက်မလို့အော်ခဲ့တဲ့ အခုနာမယ်ကျော် ဘီဗာဟိန်းရဲ့အဖေ ဘိုမယောက်ျားဗိုဟိန်း)။ဟာသသီချင်းတွေဆိုတဲ့ အသံတုကြယ်တစ်လုံး။တို့ကတော့ ကျန်နေခဲ့တယ်လို့ပြောရမှာဖြစ်ပြီး စောခူဆဲ(ခင်မြတ်မွန်ရဲ့ခင်ပွန်းဟောင်း ။ရုပ်ရှင်ထဲမှာလဲပါဘူးပြီးမြန်မာပြည်မှာအဆင့်မြင့်လူကြမ်းမင်းသားဖြစ်ချင်တယ်လို့ပြောပြီး သီချင်းတွေရေးလို့ အခုအချိန်မှာ […]


စတီရီယိုတေးဆိုတဲ့ ဂီတထဲမှာလည်း ကိုယ်ပိုင်သံစဉ် ရယ် ကော်ပီရယ်ဆိုပြီးလိုင်းကွဲ ကြပါသေးတယ်။ တစ်ချို့ကတေ့ာ ကော်ပီသက်သက် တစ်ချို့ကတော့ နှစ်မျိုးလုံး တစ်ချို့ကတော့ ကိုယ်ပိုင်သံစဉ်ကလွဲရင် နိုးပါပေါ့၊ ဒီအထဲမှာမှ တစ်ချို့ကတော့ စတီရီယိုရော မိုနို်ရောပါ အကုန်နှစ်မျုိုးလုံး ဆိုနို်င်တဲ့သူတွေပေါ့။ ဒီကော်ပီဆိုတာနဲ့ပြောစရာလေးတစ်ခုကတော့ “မြဝတီမင်းကြီး ဦးစ “တို့ ” ပြင်စည်မင်းသား”တို့လို မြန်မာသီချင်းကြီး အစကနဦးက လူတွေရေးတဲ့သီချင်းမှာလဲ ” ယိုးဒယား ဖိန်းချားသီချင်း”ဆိုတဲ့ သံစဉ်အလိုက်တို့ “ခရစ်ယာန်ဓမ္မတေး “အလိုက်တွေကိုယူလို့ သုံးဘူးပါတယ်။ နောက် စစ်ပြီးခေတ်မှာရော လွတ်လပ်ရေးရပြီးခေတ်မှာရော သီချင်းတွေမှာလဲ ကော်ပီသီချင်းတွေကိုတွေ့ရပါတယ်။ ဥပမာပြောရရင် “ပန်းမြိုင်လယ် ယိုးဒယား ” ၊” မြပန်းခွေ” ၊” စကားတက္ကသို်လ်”၊ ” တစ်နေဝင်သော်” ၊ ” လွမ်းငွေ့ဝေဝေ(ရွှေပြည်အေး)”၊ပယင်းရောင် ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး […]


စပြောမယ်ဆိုရင် “ဗစ်တာခင်ညို ” နဲ့ ” တူးတူး ” တို့ရဲ့ဦးလေး အဆိုတော်”ရီလေး ” ရဲ့ခင်ပွန်းဖြစ်တဲ့ ” ကိုမင်းနောင် “ကဘဲစပြောရပါမယ်။ သီချင်းဆိုရင် အမူအယာပို်င်ပို်င်လေးနဲ့ အခုခေတ်လိုပြောရင် ပါဖော့မင့်အပြည့်နဲ့ဆိုတတ်သူပေါ့။ သူက ရုပ်ရှင်မင်းသားလဲလုပ်ဘူးတယ်လို့သိရပါတယ်။ ” မုန်းရစ်လေဦး “၊ ” ဇရာ “၊ ” ထန်းတက်သမား ” ၊” ဂျင်မလေးဂျမ်း” ၊” တကမ္ဘာခြားလဲချစ်နေမယ် ” အစရှိတဲ့နာမယ်ကျော်သီချင်းများရဲ့ပိုင်ရှင်ဖြစ်တဲ့အပြင် သီချင်းပေါင်းများစွာကိုသီဆိုထားပါတယ်။ နောက်သူနဲ့ခေတ်ပြိုင်ဖြစ်တဲ့ အဆွဲအငင် အရစ်အဖွဲ့အကောင်းဆုံး တီးလုံးတီးကွက်အကောင်းဆုံးလို့ဆိုနိုင်တဲ့ “မိုး “သီချင်းပိုင်ရှင်ဖြစ်တဲ့အပြင်သူ့ခေတ်က နာမယ်ကျော်ခဲ့တဲ့ ” မခင်နှင်းဆီ “သီချင်းသုံးပုဒ်က လွှင့်ခွင့်အပိတ်ခံရတယ်လို့လဲကြားရဘူးတဲ့ ” ဒီသူငယ်မ အလှဆုံး ” “မေ “၊” ငွေနှင်းစိုစို “၊” […]


ကျွန်တော်တေးသံသွင်းဆိုင်မှာ သီချင်းကူးတဲ့သူအဖြစ်အလုပ်ပြောင်းလဲလို့လုပ်ပါတယ်။ ကျနော်သည်လောကကိုရောက်တဲ့ အချိန်က မန်းလေးမှာ ကက်ဆက်ဆိုတာ အိမ်တိုင်းရှိတဲ့အချိန်လေးပါ။ အခုအချိန်အိမ်တိုင်းအိမ်တိုင်းမှာ evd ,dvd မရှိတဲ့အိမ်မရှိသလောက်ဖြစ်နေတဲ့ အနေအထားလေးနဲ့ တော်တော်လေးကိုတူပါတယ်။ ဒီတော့လဲ တေးသံသွင်းလုပ်ငန်းက အတော်လေးကိုခေတ်စားတဲ့အချိန် အလုပ်ဖြစ်တဲ့အချိန်ပါ။ ကျနော်အလုပ်ကတော့ သီချင်းကူးချင်တဲ့လူက သူနားထောင်ချင်တဲ့သီချင်းလေးတွေ ရွေးပြီးစာရွက်လေးနဲ့ရေးလာပါတယ်။ ကျနော်တို့က သူယူလာတဲ့တိတ်ခွေထဲဖြစ်ဖြစ် တိတ်ခွေအသစ်ထဲကိုဖြစ်ဖြစ် ရီကော်ဒါ တိတ်ခွေအကြီးထဲကနေ တပုဒ်ခြင်းပြောင်းထဲ့ပေးရတာပါ။ ဒီလိုသီချင်းကူးပေးရတယ်ဆိုတော့ ကျနော်အနေနဲ့ နားထောင်ချင်လဲ နားထောင် နားမထောင်ချင်လဲနားထောင် ပါဘဲ။ အလုပ်သဘောပါလာပြီကိုးဗျ။ ကျနော်ဒီအလုပ်ကိုလုပ်ပြီဆိုတော့မှသီချင်းတွေနဲ့ထဲထဲဝင်ဝင်ထိတွေ့ရပါတော့တယ်။ ဟိုအရင် ကျနော်တို့အိမ်ဘေးက “လေးလေးမောင်ကို” မနက်မိုးလင်းတာနဲ့ဖွင့်တဲ့ ယောက်ျားက ဆောင်းဘောက်ရဲ့တစ်ဖက်က အသံထွက် မိန်းမက အခြားတစ်ဖက်က အသံထွက်တဲ့ ဝင်းဦး နဲ့ တင်တင်မြ ရဲ့ “ကဆုန်လပြည့် “တို့ “တာနောယက္ခ”တို့ “ရွှေအင်းဝ”တို့ကို သေသေချာချာနားထောင်ဖြစ်လာပါတယ်။ သီချင်းလာကူးတယ်ဆိုတာက […]


ကျနော် တို့ငယ်ငယ်က လူကြီးတွေက ဘယ်လောက်ဆူဆူ ဘယ်လောက်ဘဲတားတား သူတို့က လမ်းသူရဲသီချင်းလို့ အမည်တတ်ထားတဲ့သီချင်းတွေကို ကျနော်တို့ က မက်မက်စက်စက်ကိုနားထောင်တာပါဘဲ။ ဒီသီချင်းတွေကလဲ သတင်းစာတွေ ဂျာနယ်တွေက ဘယ်လောက်ဘဲဝေဖန် ဝေဖန် မကောင်းဘူးဘဲပြောပြော လူတွေက နားထောင်တာပါဘဲ။ အဲဒီတုန်းက ခေတ်စားတဲ့သီချင်းလေးတွေကတော့ ကုလားကားနာမယ်ကြီး ” ပဲရစ်ညနေခင်း “ဆိုတဲ့ကားထည်းက သီချင်းကို “ဇော်မင်းလေး” ပြန်ဆိုထားတဲ့ ” သာယာလှတဲ့ ညနေ သည်အချိန်ကိုယ်တစ်ယောက်ထဲ”ဆိုတဲ့ “ညနေ”သီချင်း ဘယ်ကုလားကားလဲလို့မမှတ်မိပေမဲ့နာမယ်ကြီးခဲ့ဘူးတဲ့ သီချင်းလေး ဇော်မင်းလေး ဆိုပါတယ် ဆိုတဲ့ “တစ်ယောက်တည်းကွယ် တစ်ယောက်ထည်း တစ်ယောက်ထဲဘယ်များလျှောက်သွားနေတယ်”ဆိုတဲ့သီချင်းတွေ နောက် အခုတစ်ကျော့ပြန်ခေတ်စားနေတဲ့ “စိန်ဝင်းထွန်း”ရဲ့ ကုလားသီချင်းအလိုက်တွေက တော်တော်လေးကို လူကြိုက်များ နေရာတကာမှာကြားခဲ့ရပါတယ်၊ “အရက်ကိုကြိုက်လို့သောက်တဲ့သူ စိတ်ပျော်တတ်လို့သောက်တဲ့သူ” ဆိုတဲ့ “စိတ်ညစ်တဲ့အမူးသမား” ” မောင့်နှလုံးသားကို ခွဲ […]


မန္တလေးဂေဇက်ထဲက နေပူလို.သတိထားကြဘို.နှိုးဆော်တဲ.စာလေးကိုဖတ်လိုက်ရတော. ချွေးအထွက်လွန်လို.ကျနော်ကိုယ်.တွေ.ခံလိုက်ရတာလေးကိုရေးချင်စိတ်ပေါ်လာပါတယ်။ ကျနော် က မဖျားမနာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိသွားပြီ။ ဖျားရင်လဲ ဗမာဆေးလေးကိုရေနွေးနဲ.သောက်လိုက်တာနဲ.ပျောက်သွားတာပါဘဲ။ ဖြစ်ချင်တော.2009 ဩဂုတ်လလောက်မှာနည်းနည်းစပြီးတုတ်ကွေးဖြစ်သလိုမျိုးဖျားပါတယ်။ ဒါပေမဲ.ခါတိုင်းလိုဘဲ 3ရက်လောက်အတွင်းသွားရင်းလာရင်းနဲ.ပျောက်သွားပါတယ်။ ခက်တာက ချောင်းဆိုးတာလေးကျန်နေပါတယ်။ အဲဒီတုန်းက ကျနော်စီးကရက် တစ်ရက်ကို တစ်ဘူးနုန်းလောက်သောက်ပါတယ်။ ဩဂုတ်လထဲက မှတ်မှတ်ရရ ဖြစ်တဲ.နေ.လေးမှာ ဆေးလိပ်ကိုစဖြတ်လို်က်ပါတယ်။ ဒါပေမဲ.ဆေးလိပ်ဖြတ်လိုက်လဲချောင်းဆိုးတာကမပျောက်ပါဘူး။ တစ်ပါတ်လောက်နေလို. ချောင်းဆိုးတာမရပ်တော.အိမ်နားလေးက လူငယ်လေးတွေဖွင်.ထားတဲ.ဆေးခန်းကိုသွားပြလိုက်ပါတယ်။ အဲဒီအချိန်တုံးက သွေးနည်းနည်းတိုးပါတယ် စိတ်ပူလို.မေးတော.ယာယီတိုးတာပါလို.တော.ပြောပါတယ်။ နောက်ကြီးကြီးမားမား စိတ်ပူရလောက်တဲ.ရောဂါမရှိဘူးလို.လဲပြောပါတယ်။ ကလေးတွေက ပြောပါတယ် သူတို.ကတကယ်ကိုလိုအပ်မှဆေးထိုးပါမယ်။ သောက်ဆေးဘဲပေးမယ်လို.ပြောပါတယ်။ ကျနော်ကလည်း တတ်နိုင်သလောက်ဆေးမထိုးဘဲနေချင်တဲ.သူပါ။ ဒါနဲ.ဘဲ နှလုံးခုန်တာကတော. ပုံမှန်ထက်နည်းနည်းမြန်တယ် ဒါပေမဲ.မစိုးရိမ်ရဘူး။ သောက်ဆေးနဲ.ဘဲ ရတယ်။ သွေးမတိုးအောင်သွေးကျဆေး တစ်ရက်တစ်လုံးသောက်ရမယ်။ ချောင်းဆိုးပျောက်ဘို.လည်းဆေးပေးလိုက်ပါတယ် ဆေးကတော.ပိုးသတ်ဆေးပါတယ်လို.ပြောပါတယ်။ သည်ဆေးက ပိုးသေမသေတော.မသိဘူး လူကတော.ဘာမှစားလို.မရလောက်အောင်ပါးစပ်ပျက်သွားပါတယ်။ အရင်က အစားသိပ်မက်တဲ.ကျနော်မှာဘာစားစားခါးသက်ပြီးအံချင်လို.နေပါတယ်။ အလုပ်ကလဲမသွားလို.မဖြစ်ဆိုတော.နေ.စဉ်သာအလုပ်သွားနေပါတယ် လူကတော.အရင်လောက်မလန်းဘူးပေါ.။ […]


တစ်ရက် ကိုဆွေတို.အိမ်ကို ရောက်လို.ထိုင်စကားပြောနေကြတုန်း ကိုဆွေအမျိုးသမီး မနွယ်ရယ် သူ.သားမောင်ဇော်တို.က အထုပ်အပိုးတွေနဲ.ပြန်လာကြတာကိုတွေ.ရပါတယ်။ မနွယ်က “ကိုပေါက်ကြီး ရောက်တာကြာပြီလား သားအတွက် အကီင်္ျလုံချည်တွေလိုက်ဝယ်ပေးရတာလေ “လို.နှုတ်ဆက်ပြောပြောပါတယ်။ ကျနော်စိတ်ထဲမှာ တော. ဘွဲ.ရလို. အလုပ်တောင်လုပ်ရမယ်.အရွယ်ရောက်နေတဲ. လူငယ်တစ်ယောက်ကို မိဘက ကလေးပေါက်စတစ်ယောက်လို အဝတ်အထည်လိုက်ဝယ်ပေးတာ ကို ဘဝင်မကျပါဘူး။ သူတို.နဲ.မာကြောင်းသာကြောင်း စကားစမြည်ပြောပြီးအိမ်ပြန်လာခဲ.ပါတယ်။ ဒါနဲ.အိမ်ပြန်ရောက်လို.ထမင်းစားပြီး စာဖတ်မယ်လို.လုပ်တော. နေ.လည်က ကိုဆွေတို.အကြောင်းစိတ်ထဲကိုထပ်ရောက်လာပါတယ်။ မနွယ်တို.ကိုဆွေတို.မှာက သည်သားလေး တစ်ယောက်ထဲရှိပါတယ်။ ချစ်လွန်းလို. အရိပ်တကြည်.ကြည်.နဲ.ပါ။ ငယ်ငယ်လေးထဲက သူတို.မျက်စေ.အောက်မှာဘဲ နေရ ရှာတာပါ။ သည်ကလေးခမျာမှာ အိမ်ထဲမှာဝယ်ပေးထားတဲ. သက်မဲ.အရုပ်တွေနဲ.ဘဲကြီးပြင်းရပါတယ်။ ရွယ်တူ သူငယ်ချင်းတွေနဲ.ပေးမကစားပါဘူး ထိခိုက်မှာ စိုးတာရယ် အပေါင်းအသင်းမှားပြီးပျက်စီးမှာစိုးတာနဲ .ဘဲ ကလေးလေးမှာသူငယ်ချင်းဆိုတာကိုမရှိတော.တာပါ။ ကျောင်းတက်ပြန်တော.ရော မနွယ်ကိုယ်တိုင်စာသင်ခန်းထဲ လိုက်ဝင်ပြီးစာမသင်တာဘဲရှိတယ် သားကိုကျောင်းအပြင်ကနေစောင်.တာ ဆယ်တန်းအောင်အထိပါဘဲ။ တက္ကသိူလ်တက်ပြန်တော.လဲ အိမ်က […]


ထွေးတော့ ထွေးပါဘဲ………………………….ဒါပေမယ့်………………………..”(အပိုင်းနှစ်) နောက်တစ်ယောက်ကတော့ “ထား”ဆိုတဲ့ ကျနော်နဲ့ ကျောင်းနေဖက်ငယ်သူငယ်ချင်းမလေးပါ။ အလွန်အေး အလွန်ရိုးတဲ့ ခပ်အအသူငယ်ချင်းမလို့တောင်ပြောရင်ရပါတယ်။ တက္ကသိုလ်သာလေးနှစ်နေပြီး ဘွဲ့တစ်ခုရသွားတယ် ဘယ်သူနဲ့မှ ဘာမှ ဇာတ်လမ်းမရှိလိုက်ဘူး။ ကျောင်းပြီးတော့လဲ သူတို့မိဘလုပ်ငန်းဖြစ်တဲ့ ဈေးထည်တွေချုပ်တဲ့ လုပ်ငန်းကို ဝင်ပြီးဦးစီးရတာပါ။ သူတို့က နန်းရှေ့မှာနေတာပါ။ သူတို့ခြံက အကျယ်ကြီးဆိုတော့ အိမ်ဝို်င်းထဲမှာ မိသားစုသန့်သန့်လေးတွေကို အိမ်ငှားထားပါတယ်။ သူတို့အိမ်ဝိုင်းထဲမှာ ကိုထွေးအောင်နဲ့ မခင်စိုး ဆိုတဲ့ လင်မယားနှစ်ယောက်လည်းငှားနေပါသတဲ့။ ကိုထွေးအောင်က ကောက်ပဲသီးနှံအရောင်းအဝယ်လုပ်တဲ့ပွဲရုံမှာ အဝယ်တော်လုပ်ပြီး မခင်စိုးကတော့ ကျောင်းဆရာမ လေးပါ။သူတို့ မှာ လေးနှစ်အရွယ်စကား တီတီတာတာပြောတတ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။သူတို့ လင်မယားအလုပ်သွားရင် ကလေးကို “ထား”တို့အိ်မ်မှာအပ်ထားခဲ့ပါတယ်။“ထား”တိုုုုုုုုုုုုုု့မိသားစုကလဲ ဒီကလေးကို အတော်လေးကို ချစ်ကြပါတယ်။ ကလေးက လဲ “ထား”ကို “မေမေထား” ထားတိုအမေအဖေကို ဖွားဖွားကြီး ဖိုးဖိုးကြီး လို့ […]