“နွေပုံပြင်ထဲက ………………စိန်ပန်းနီနီ” ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝမှာ ပလေးဘွိုင်မိသားစုထဲက အကြွေစောခဲ့တဲ့ အဆိုတော်”စိန်လွင”်သီဆိုခဲ့တဲ့ “နွေပုံပြင်”ဆိုတဲ့သီချင်းလေးခေတ်စားလာပါတယ်။ (ဒီသီချင်းကိုနောက်ပိုင်းမှာ မေဆွိ ပြန်ဆိုပါတယ်) “နွေစိန်ပန်းလေးတွေပွင့်တဲ့………….ကျောင်းပိတ်ချိန်၊ အချစ်ကျောင်းပြန်တက်ရန်လဲမလိုတော့ဘူး? သူမရှိတော့တဲ့နေရာလေးမှာ………………………………” “အော်ကျောင်းတံခါးဝ မှာ နာမယ်လေး နှစ်ခုမြင်ရင် နွေဟာအချစ်ပုံပြောလိမ့်မယ် ရင်ခုန်ဘွယ်နွေအလွမ်းလေးကွယ်”ပါတဲ့။ ကျနော်တို့ အတော်လေးစွဲမက်ခဲ့ရတဲ့ သီချင်းလေးပါဘဲ။ နွေကျောင်းပိတ်ရက်ရောက်တာနဲ့ မန်းလေးတက္ကသိုလ်ထဲမှာစိန်ပန်းတွေရဲနေအောင်ပွင့်ပါတယ်။ ကျောင်းပိတ်လို့ချစ်သူတွေခဏခွဲရတဲ့အချိန်ပေါ့။ သူ့အရင် မင်းမင်းလတ်ကြီးက လဲ စိန်ပန်းတွေနဲ့လွမ်းခဲ့ဘူးပါတယ်။ “စိန်ပန်းကြွေချိန် ဒီလမ်းတွေကို ကိုယ်လွမ်းတယ်…………ချောရယ်……………” လို့ဆိုပြီးတော့ပေါ့။ ဟောသူထက်စောတဲ့သူတစ်ယောက်လဲရှိပါသေးတယ်။ မြန်မာ့ကျေးလက်အဆိုတော် တွံတေးသိန်းတန်ပါ။ “ကျောင်းဖွင့်ချိန်စိန်ပန်းတွေလဲမြေမှာကျဲပြန်နေ……………. သူနဲ့တွေ့ရာနယ်မြေ တက္ကသိုလ်သို့မဟုတ် မြကျွန်းသာ အင်းလျားဒီနယ်မြေ” လို့ ချစ်ရက်ရှည်ရှည်အင်းလျားမြေ ဆိုတဲ့သီချင်းလေးနဲ့လွမ်းဘူးပါတယ်။ စိန်ပန်းနဲ့ပါတ်သက်တဲ့ခံစားချက်ကြောင့်ဖြစ်တည်လာခဲ့တဲ့ သီချင်းတွေ ကဗျာတွေလဲအများကြီးရှိပါတယ်။ နွေရယ်စိန်ပန်းရယ်ကတော့ ခွဲခြားလို့မရတဲ့သင်္ကေတ တစ်ခုပါဘဲ။ အခုစိန်ပန်းပွင့်တွေကိုမြင်တော့ […]