“စိတ်အလင်းဆောင်တဲ့ ပိတ်ချင်းမြောင်လှိုဏ်ဂူတော်အတွင်း…………….. ” လှိုဏ်ဂူထဲကို ဝင်တာနဲ့ ရေကျသံတွေ ကြားနေရပါတယ်။ အထဲမှာ မှောင်မနေအောင်လျှပ်စစ်မီးတွေသွယ်တန်းလို့ထားပေးပါတယ်။ အထဲမှာတော့ ခေါင်မိုးက ကျနေတဲ့ ကျောက်စက်ရေတွေက တစ်တောက်တောက်။ မြင်မြင်သမျှ ကို လက်ဆော့နေတော့ ကင်မရာပေါ်ရေကျလာမှာလဲ အတော်ကြောက်။ အထဲမှာရေတွေရှိနေတော့ ခပ်ဝဝကျနော် ချော်လဲမှာလဲ ဂရုစိုက်ရ ပုံတွေရိုက်ရနဲ့တကယ် ကို မအားရတာပါ။ အထဲမှာမီးထွန်းပေမယ့် နည်းနည်းလေးမှောင်တော့ပုံရိုက်ရတာခက်ပါတယ်။ ထူးဆန်းတာကတော့ အမြဲတမ်းကျောက်စက်ရေတွေနဲ့ထိနေတဲ့ကျောက်တုံးတွေက ကျောက်စိမ်းရောင်ထနေ။ အပေါ်မော့ကြည်တော့ကျောက်ပန်းဆွဲ။ ဘေးပါတ်ဝန်းကျင်မှာတော့ ဘုရားဆင်းတုတော်တွေ။ အောက်မှာတော့စမ်းချောင်းလေးတွေ။ အထဲကိုတော်တော်လေးဝင်မိတော့ အသက်ရှုကျပ်လာပါတယ်။ နောက်တစ်ဆင့်ထပ်တက်စရာ တစ်နေရာတွေ့တော့ မဒမ်ပေါက်ကတော့ ပြန်လှည့်သွားပါတယ်။ ကျနော်ကတော့ ထပ်ပြီးဆက်တက်သွားပါတယ်။ အပေါ်တက်ရတာ လှေခါးက နည်းနည်းတော့မတ်တဲ့အပြင်ကျဉ်းလာတော့မောပါတယ်။ ဒါပေမယ့် အတွင်းထဲမှာ စေတီပုထိုးတွေ ကို ခက်ခက်ခဲခဲ့တည်ထားတာမြင်ရတော့ […]