“တောင်ဘက်ကို မျှော်ကြည့်ခြင်း” ဟိုတစ်ရက်ကတော့ ယူနီဗာစ်ဟိုတယ်ခေါင်မိုးကနေ မြောက်ဘက်နဲ့အရှေ့ဘက်ကို လှမ်းကြည့်ခဲ့ပါတယ်။ နောက်နေ့တော့ ပိတ်ထားတဲ့တံခါးလေးကိုဖွင့်ပြီး သိပ်မလင်းတဲ့နေ့လေးမှာ မြို့တောင်ဘက်ခြမ်းကို လှမ်းကြည့်မိပါတယ်။ ဟိုးအနောက်ဘက်ဒေါင့်လေးမှာအရောင်လက်လက်ကလေးမြင်လို့သေချာကြည့်တော့ မြစ်မင်းဧရာကို တစွန်းတစ်မြင်ရတာပါ။ သူ့ဘက်ကနေ အနောက်ဘက်ကို စောင်းကြည့်တော့ မင်းဝံတောင်ရိုးကို တစ်ဝက်တစ်ပျက်မြင်ရပါတယ်။ ဒီဟော်တယ်ကအရင်ကတော့ အမြင့်ဆုံးလို့1997လောက်ကဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပုသွားပါပြီ။ တောင်ဘက်တည့်တည့်မှာတော့ မဟာမုနိဘုရားကြီးရှိပါတယ်။ ညနေစောင်းနေဖြစ်တဲ့အတွက်အနောက်ဘက်နေရောင်က ဆလိုက်ထိုးထားသလိုရှိနေပေမယ့် ဆောင်းညနေခင်းမြူမူံမူံဆိုပြန်တော့ မြင်ကွင်းက မထင်မရှား။ ပြွတ်သိပ်ပြည့်ကျပ်လာတဲ့ ရတနာပုံရွှေမန်းလေးမှာ အိမ်ခြေတွေကများများ။ ဒါပေမယ့်မြို့ခံအရင်လူကတော့ မရှိသလောက် အသစ်အသစ်ကိုကြိုက်တတ်တယ် လို့ယူဆရတဲ့မန်းလေးသားတွေက မြို့သစ်ကို စည်ကားအောင်ပြောင်းလို့နေကြ ပါတယ်။ ၂၈လမ်းဘက်ငုံ့ကြည့်လိုက်တော့ မြင်ရတာမူံတိမူံမွှား။ သေချာတာကတော့ ဆိုင်ကယ်စီးလာသူများကဦးထုပ်ဆောင်းမထားတာပါဘဲ။ အပေါ်ဘက်က အသံကြားလို့မော့ကြည့်လိုက်တော့ ခိုလေးတစ်ကောင်။ မန္တလေးရှေးဟောင်းမြို့ရဲ့အခင်းအကျင်းတွေကတော့ ၁၉၈၄ ဦးကျားကြီးမီးအပြီးမှတော့ အပြောင်းလဲကြီးပြောင်းလဲလို့သွားပါတယ်။ အဆောက်အဦး ပုံစံလဲသွားသလို ပိုင်ရှင်တွေလဲပြောင်းလဲလို့သွားပါတယ်။ မမြဲသောအကြောင်းတရားဆိုတာ […]