“တောင်ဘက်ကို မျှော်ကြည့်ခြင်း”

“တောင်ဘက်ကို မျှော်ကြည့်ခြင်း”
ဟိုတစ်ရက်ကတော့ ယူနီဗာစ်ဟိုတယ်ခေါင်မိုးကနေ မြောက်ဘက်နဲ့အရှေ့ဘက်ကို လှမ်းကြည့်ခဲ့ပါတယ်။
နောက်နေ့တော့ ပိတ်ထားတဲ့တံခါးလေးကိုဖွင့်ပြီး သိပ်မလင်းတဲ့နေ့လေးမှာ
မြို့တောင်ဘက်ခြမ်းကို လှမ်းကြည့်မိပါတယ်။

မန်းလေးမြို့အနောက်တောင်ဘက်ခြမ်း

ဟိုးအနောက်ဘက်ဒေါင့်လေးမှာအရောင်လက်လက်ကလေးမြင်လို့သေချာကြည့်တော့
မြစ်မင်းဧရာကို တစွန်းတစ်မြင်ရတာပါ။
သူ့ဘက်ကနေ အနောက်ဘက်ကို စောင်းကြည့်တော့ မင်းဝံတောင်ရိုးကို တစ်ဝက်တစ်ပျက်မြင်ရပါတယ်။

တစ်ဝက်တစ်ပျက်မင်းဝံတောင်တန်း

ဒီဟော်တယ်ကအရင်ကတော့ အမြင့်ဆုံးလို့1997လောက်ကဖြစ်ခဲ့ပေမယ့်
အခုအချိန်မှာတော့ ပုသွားပါပြီ။
တောင်ဘက်တည့်တည့်မှာတော့ မဟာမုနိဘုရားကြီးရှိပါတယ်။

တောင်ဘက်တည့်တည့်မှာ မဟာမြတ်မုနိ

ညနေစောင်းနေဖြစ်တဲ့အတွက်အနောက်ဘက်နေရောင်က
ဆလိုက်ထိုးထားသလိုရှိနေပေမယ့် ဆောင်းညနေခင်းမြူမူံမူံဆိုပြန်တော့
မြင်ကွင်းက မထင်မရှား။
ပြွတ်သိပ်နေတဲ့မန်းလေးက အိမ်လေးတွေ

ပြွတ်သိပ်ပြည့်ကျပ်လာတဲ့ ရတနာပုံရွှေမန်းလေးမှာ အိမ်ခြေတွေကများများ။
ဒါပေမယ့်မြို့ခံအရင်လူကတော့ မရှိသလောက် အသစ်အသစ်ကိုကြိုက်တတ်တယ်
လို့ယူဆရတဲ့မန်းလေးသားတွေက မြို့သစ်ကို စည်ကားအောင်ပြောင်းလို့နေကြ
ပါတယ်။
၂၈လမ်းကို အပေါ်စီးကမြင်ရတာလေ

၂၈လမ်းဘက်ငုံ့ကြည့်လိုက်တော့ မြင်ရတာမူံတိမူံမွှား။
သေချာတာကတော့ ဆိုင်ကယ်စီးလာသူများကဦးထုပ်ဆောင်းမထားတာပါဘဲ။
အပေါ်ဘက်က အသံကြားလို့မော့ကြည့်လိုက်တော့ ခိုလေးတစ်ကောင်။
ဒါကတော့ အရှေ့ဖက်ခြမ်းကမြင်ကွင်း ခိုကလေးပျံနေတယ်လေ

မန္တလေးရှေးဟောင်းမြို့ရဲ့အခင်းအကျင်းတွေကတော့ ၁၉၈၄ ဦးကျားကြီးမီးအပြီးမှတော့
အပြောင်းလဲကြီးပြောင်းလဲလို့သွားပါတယ်။
မူရီရီ နေရောင်အောက်က ကျပ်ကျပ်တည်းတည်းမန်လေး

အဆောက်အဦး ပုံစံလဲသွားသလို ပိုင်ရှင်တွေလဲပြောင်းလဲလို့သွားပါတယ်။
မမြဲသောအကြောင်းတရားဆိုတာ ဒါပဲထင်ပါတယ်။
မြို့အရှေ့တောင်ဘက်ကို လှမ်းမြင်ရချိန်မှာတော့တိုက်တာအိမ်ခြေတွေက ထင်ထင်ရှားရှား။
မြင့်မြင့်မားမား။
တောင်ဘက်တည့်တည့်ကမြင်ကွင်းလေး

ဘာဘဲပြောပြောတိုးတက်တယ်ဆိုပါစို့။

ကိုပေါက်လက်ဆောင် ပုံစာတွဲ
(24-11-2011)

9 comments

  • ပထမတစ်ခါက မြောက်ဘက်နဲ့အရှေ့ဘက်။
    ဒီတစ်ခါတော့ တောင်ဘက်တည့်တည့်၊
    အသစ်သွားရိုက်ထားတာပါ။

  • Diamond Key

    November 25, 2011 at 4:22 pm

    ကိုပေါက်ရေ၊ ပုံတွေ တစ်ချိန်ကျရင် ဒီလိုရိုက်ထားနိုင်တာတွေက သမိုင်းဝင်တွေဗျနော်။

  • Moe Z

    November 25, 2011 at 4:46 pm

    ဓာတ်ပုံထဲမှာပြန်ကြည့်တော့ မျက်စိလည်သွားပြီ
    အဲဒီနေရာတွေမမှန်းတတ်တော့ဘူး 🙁

  • ဒီသမိုင်းဝင်မယ်ဆိုတဲ့ပုံလေးတွေကို အခုလိုရိုက်ပြီးရင် မပျောက်ပျက်အောင်ဘယ်လိုထိန်းသိမ်းမလဲလို့
    တွေးမိရင် ရင်မောပါသဗျာ။

    ကိုစိန်သော့ရေ ကျနော်ခင်ဗျားနောက်လိုက်လုပ်ထားတဲ့ပိုစ်လေးတက်လာမယ်နော်။
    နောက်ရက်။

    • Diamond Key

      November 26, 2011 at 9:29 am

      စောင့်မျှော်လျှက်ပါဗျာ

  • inz@ghi

    November 25, 2011 at 5:47 pm

    နေအလင်းတန်းတွေ ဖျာနေတဲ့ပုံလေးတွေ ကြိုက်တယ်လေးပေါက်
    ကင်မလာ ခလုပ်ပျက်အောင် ဆော်တယ်ဆိုတာတော့ ယုံတွားပါဘီ

  • ကိုကိုအင်ရေ မမနဲ့တော့ တွေ့တော့မယ်။
    နေအလင်းတန်းလေးတွေဖြာနေတဲ့ပုံလို့ပြောပါကွယ်။
    တစ်ခါတစ်ခါ တစ်နေရာထဲကိုအများကြီးရိုက်ထားရော။
    စက္ကန့်ပိုင်းလေးပဲကွာတတ်ပါတယ်။
    ပြန်တင်မယ်လဲလုပ်ရော ဘယ်ဟာရွေးရမှန်းမသိဖြစ်တာ ခဏခဏ။
    တစ်ခါတစ်လေတော့လဲကြိုက်လို့တင်မိတော့ ထပ်သွားရော.

  • windtalker

    November 26, 2011 at 11:29 am

    တောင်ဘက် ၊ မောင်တက်
    ပြောင်ချက် ၊ အောင်နက်
    ကြောင်အထွက် ၊ မှောင်ချက်
    ဆောင်ဖွက် ၊ လောင်လျှက်

Leave a Reply